မူလတန်းကျောင်းသားလေးတွေကို အဝတ်လျှော်တတ်အောင် ကျောင်းမှာသင်ပြပေးခဲ့တဲ့ဆရာမ

The teacher who taught elementary school students to do laundry. Elementary school students are usually the right age to learn to read, write and do arithmetic correctly. I will play. I will eat bread. Sports training is often taught in schools.

However, a teacher in Thailand taught the children how to do the laundry that children need in their daily lives. The teacher herself shared photos of the children happily washing clothes on social media.

The children change into blue clothes and wash their uniforms. When they return home, they have to put on their own clothes. Some students were very active and happy to wash their clothes without worrying that they would get wet.

Today’s children are forced to work hard for an education and are no longer able to do other interesting and important activities in life. That’s why many wrote congratulatory comments on the teacher who taught a really important life lesson for children.
Nyo Nyo (boomnews)

မူလတန်းကျောင်းသားလေးတွေကို အဝတ်လျှော်တတ်အောင် ကျောင်းမှာသင်ပြပေးခဲ့တဲ့ဆရာမ။ မူလတန်းအရွယ် ကျောင်းသားလေးတွေဟာ ပုံမှန်အားဖြင့် စာဖတ်၊စာရေးနဲ့ သင်္ချာကိန်းဂဏာန်းတွေ မှန်ကန်စွာတွက်ချက်တတ်ဖို့ သင်ကြားရမဲ့အရွယ်ပါ။ ကစားမယ်၊ မုန့်စားမယ်၊ အားကစားလုပ်မယ် စဝာတွေကို ခန္ဓာကိုယ်ကြံခိုင်ဖို့ စာသင်ကျောင်းတွေမှာ သင်ကြားပေးလေ့ရှိပါတယ်။

သို့ပေမဲ့လည်း ထိုင်းနိုင်ငံက ကျောင်းဆရာမကတော့ ကလေးငယ်တွေ နေ့စဉ်ဘဝအတွက်လိုအပ်မဲ့ အဝတ်လျှော်ခြင်း သင်ခန်းစာကို သင်ကြားပေးခဲ့ပါတယ် ။ ဆရာမကိုယ်တိုင်ကလည်း ကလေးငယ်တွေ တက်ကြွပျော်ရွှင်စွာ အဝတ်လျှော်နေကြတဲ့ ဓာတ်ပုံတွေကို social media ပေါ်ဝေမျှခဲ့ပါတယ် ။

ကလေးငယ်တွေဟာ အပြာရောင်ဝတ်စုံကိုလဲဝတ်ပြီး သူတို့ဝတ်လာတဲ့ ယူနီဖောင်းကို လျှော်ဖွတ်ရတာပါ ။ အဲတာမှ သူတို့အိမ်ပြန်ရင် ကိုယ်တိုင်လျှော်ထားတဲ့ အင်္ကျီကိုဝတ်ပြန်ကြရမှာဖြစ်ပါတယ် ။ အချို့ကျောင်းသားတွေဆိုရင် သူတို့အဝတ်တွေစိုသွားမှာကို မစိုးရိမ်ဘဲ အဝတ်လျှော်ရတာကို အရမ်းတက်ကြွပျော်ရွှင်လွန်းနေခဲ့တာပါ ။

အခုခေတ်ကလေးငယ်တွေက ပညာရေးအတွက်သာ ဖိအားပေးကြိုးစားနေကြရပြီး အခြားစိတ်ဝင်စားစရာကောင်းပြီး ဘဝအတွက်အရေးပါတဲ့ လှုပ်ဆောင်ချက်တွေကို မပြုလုပ်ကြရတော့ပါဘူး ။ ဒါကြောင့် ကလေးငယ်တွေအတွက် အမှန်တကယ်အရေးပါတဲ့ ဘဝသင်ခန်းစာကို သင်ကြားပေးတဲ့ ကျောင်းဆရာမကို အတော်များများက ချီးကျူးဝမ်းမြောက်စကားများ comment တွင် ရေးသားပေးခဲ့ကြကြောင်း သိရှိရပါတယ်။

Nyo Nyo (boomnews)

Zawgyi





Nyo Nyo (boomnews)