မြွေအကောင် တစ်ထောင်နဲ့ အတူတူနေတဲ့ မြွေဟောက်ဘုရင်မ

မြွေအကောင် တစ်ထောင်နဲ့ အတူတူနေတဲ့ မြွေဟောက်ဘုရင်မ(Cobra Queen)။ တရုတ်နိုင်ငံမှာ မြွေဟောက်ဘုရင်မဆိုပြီး နာမည်ကြီးနေတဲ့ အမျိုးသမီးတစ်ယောက် ရှိပါတယ်။တရုတ်ရဲ့ Cobra Queen လို့ခေါ်ကြတဲ့ လူသိများရတဲ့ အကြောင်းအရင်းကတော့ မြွေတွေအများကြီး မွေးမြူထားလို့ပါ။

သူမရဲ့ နာမည်ကတော့ Hu Xiaoxia ပါ။ Hu Xiaoxia ဟာ Chongqing ဆိုတဲ့မြို့မှာ ကိုယ်ပိုင်မြွေသားဖောက်မွေးမြူထားတဲ့ ခြံတစ်ခြံပိုင်ဆိုင်ထားသူပါ။ အဲ့ဒီမှာ မြွေတွေအများကြီးကို မွေးမြူစောင့်ရှောက်ထားတာပါ။ မြွေတွေကို (၂၀၁၄) တည်းက မွေးလာခဲ့တာဖြစ်ပြီး အကောင်ရေ တစ်ထောင်လောက်ရှိတယ်လို့ သိရပါတယ်။

မြွေတွေနဲ့ပတ်သက်ပြီး အများကြီး သင်ယူလေ့လာခဲ့ပါတယ်။ သူမမွေးမြူထားတဲ့ မြွေတွေက အမျိုးအစားတစ်ခုတည်းမဟုတ်ပါဘူး။ အမျိုးအစား မျိုးစုံဖြစ်ပြီး မြွေဟောက်လည်း ပါပါတယ်။ မြွေတွေမွေးထားတဲ့ အခန်းကို သန့်ရှင်းရေး လုပ်တဲ့ အလုပ်နဲ့ သူမရဲ့တစ်နေ့တာမနက်ခင်းကို စတင်သူပါ။မြွေတွေ နေဖို့အတွက် အပူချိန်နဲ့စိုထိုင်းဆ အဆင်ပြေ၊မပြေ စစ်ဆေးပေးရတယ်လို့ Hu ကပြောပါတယ်။

Hu က မြွေဝိုင်ဆိုပြီးတော့လည်း ထုတ်ရောင်းပါတယ်။ အဲ့ဒီဝိုင်ဟာ ဆေးဖက်ဝင်တယ်။ ကျန်းမာရေးအတွက် အထောက်အကူဖြစ်တယ်ဆိုပြီး ဒေသခံတွေကတော့ ဆေးဖြစ်ဝါးဖြစ် မှီဝဲကြပါတယ်။ မြွေဟောက်အရေပြားဟာ ရေပူတွေကို သန့်စင်ပေးနိုင်တဲ့ (hot-water purifier)လို့ တရုတ်တိုင်းရင်းဆေးလောကမှာ ယူဆထားကြပါတယ်။

မြွေဟောက်ဟာ အဆိပ်အရမ်းပြင်းတဲ့ မြွေအမျိုးအစားဆိုပေမယ့် သူမကတော့ နေ့စဉ်ထိတွေ့ ဆက်ဆံကြောင်း မြွေဟောက်ကိုက်ရင် ဘာလုပ်ရမလဲဆိုတာကို သိသင့်ကြောင်း ကိုယ့်ကိုယ်ကို ဘယ်လိုကာကွယ်ရမယ်ဆိုတာကိုလည်း သိထားသင့်တယ်လို့ Hu ကပြောပါတယ်။

Nyo Nyo (boomnews)

Zawgyi

ေႁမြအေကာင္ တစ္ေထာင္နဲ႔ အတူတူေနတဲ့ ေႁမြေဟာက္ဘုရင္မ(Cobra Queen)။ တ႐ုတ္ႏိုင္ငံမွာ ေႁမြေဟာက္ဘုရင္မဆိုၿပီး နာမည္ႀကီးေနတဲ့ အမ်ိဳးသမီးတစ္ေယာက္ ရွိပါတယ္။တ႐ုတ္ရဲ႕ Cobra Queen လို႔ေခၚၾကတဲ့ လူသိမ်ားရတဲ့ အေၾကာင္းအရင္းကေတာ့ ေႁမြေတြအမ်ားႀကီး ေမြးျမဴထားလို႔ပါ။

သူမရဲ႕ နာမည္ကေတာ့ Hu Xiaoxia ပါ။ Hu Xiaoxia ဟာ Chongqing ဆိုတဲ့ၿမိဳ႕မွာ ကိုယ္ပိုင္ေႁမြသားေဖာက္ေမြးျမဴထားတဲ့ ၿခံတစ္ၿခံပိုင္ဆိုင္ထားသူပါ။ အဲ့ဒီမွာ ေႁမြေတြအမ်ားႀကီးကို ေမြးျမဴေစာင့္ေရွာက္ထားတာပါ။ ေႁမြေတြကို (၂၀၁၄) တည္းက ေမြးလာခဲ့တာျဖစ္ၿပီး အေကာင္ေရ တစ္ေထာင္ေလာက္ရွိတယ္လို႔ သိရပါတယ္။

ေႁမြေတြနဲ႔ပတ္သက္ၿပီး အမ်ားႀကီး သင္ယူေလ့လာခဲ့ပါတယ္။ သူမေမြးျမဴထားတဲ့ ေႁမြေတြက အမ်ိဳးအစားတစ္ခုတည္းမဟုတ္ပါဘူး။ အမ်ိဳးအစား မ်ိဳးစုံျဖစ္ၿပီး ေႁမြေဟာက္လည္း ပါပါတယ္။ ေႁမြေတြေမြးထားတဲ့ အခန္းကို သန႔္ရွင္းေရး လုပ္တဲ့ အလုပ္နဲ႔ သူမရဲ႕တစ္ေန႔တာမနက္ခင္းကို စတင္သူပါ။ေႁမြေတြ ေနဖို႔အတြက္ အပူခ်ိန္နဲ႔စိုထိုင္းဆ အဆင္ေျပ၊မေျပ စစ္ေဆးေပးရတယ္လို႔ Hu ကေျပာပါတယ္။

Hu က ေႁမြဝိုင္ဆိုၿပီးေတာ့လည္း ထုတ္ေရာင္းပါတယ္။ အဲ့ဒီဝိုင္ဟာ ေဆးဖက္ဝင္တယ္။ က်န္းမာေရးအတြက္ အေထာက္အကူျဖစ္တယ္ဆိုၿပီး ေဒသခံေတြကေတာ့ ေဆးျဖစ္ဝါးျဖစ္ မွီဝဲၾကပါတယ္။ ေႁမြေဟာက္အေရျပားဟာ ေရပူေတြကို သန႔္စင္ေပးႏိုင္တဲ့ (hot-water purifier)လို႔ တ႐ုတ္တိုင္းရင္းေဆးေလာကမွာ ယူဆထားၾကပါတယ္။

ေႁမြေဟာက္ဟာ အဆိပ္အရမ္းျပင္းတဲ့ ေႁမြအမ်ိဳးအစားဆိုေပမယ့္ သူမကေတာ့ ေန႔စဥ္ထိေတြ႕ ဆက္ဆံေၾကာင္း ေႁမြေဟာက္ကိုက္ရင္ ဘာလုပ္ရမလဲဆိုတာကို သိသင့္ေၾကာင္း ကိုယ့္ကိုယ္ကို ဘယ္လိုကာကြယ္ရမယ္ဆိုတာကိုလည္း သိထားသင့္တယ္လို႔ Hu ကေျပာပါတယ္။

Nyo Nyo (boomnews)