ပျံကျဈေးထဲက လက်သည်းညှပ်သည်ဘဝမှ ကမ္ဘာကျော် ရုပ်ရှင်သရုပ်ဆောင်ဖြစ်လာသူ စတီဗင်ချောင်ရဲ့ ဘဝကြမ်းကြမ်း

ပျံကျဈေးထဲမှ လက်သည်းညှပ်သည်ဘဝမှ ကမ္ဘာကျော်ရုပ်ရှင်သရုပ်ဆောင်ဖြစ်လာသူ စတီဗင်ချောင်ရဲ့ ဘဝကြမ်းကြမ်း။

”သူတောင်းစားဘဝကနေ ဘုရင်ဖြစ်တာ ပုံပြင်စာအုပ်ထဲမှာပဲရှိတယ်လို ခင်ဗျားယုံကည်နေသ၍ သူတောင်းစားပဲ ခင်ဗျားလုပ်နေရဦးမှာပဲ။ မဖြစ်နိုင်တာတွေကိုယုံကြည်ပါ။ ကမ္ဘာကြီးမှာမဖြစ်နိုင်တာတွေကပဲ ယနေ့ခေတ်မှာဖြစ်နေလို့ပါ။”စတီဗင်ချောင်

၁၉၆၂ ခုနှစ်၊ ဇွန်လ၂၂ရက်နေ့ တရုတ်နိုင်ငံ ဟောင်ကောင်မြို့ကသာမာန်မိသားစုတစ်စုမှာ ကလေးတစ်ယောက်ကို မွေးဖွားခဲ့ပါတယ်။ ဖခင်ဖြစ်သူ လောင်းကစားသမားရဲ့ အကြွေးဒဏ်တွေက အလူးအလဲခံနေရတဲ့ ဇနီးဖြစ်သူ Chi အတွက်တော့ သားသမီ း၅ ယောက်နဲ့ စားဝတ်နေရေးက ကြပ်တည်းလွန်းလှတယ်။ အစ်မ ၄ ယောက်ကပဲ ဒီကလေးကို ထိန်းကျောင်းခဲ့ရပြး မိခငဖြစ်သူကတာ့ ယောက်ျားဖြစ်သူရဲ့ဒဏ်တွေကြာင့်စိတ်ဝေဒနာရောဂါ စတင်ခံစားနေရချိန်ပေါ့။

ဒီကလေးကလဲ ဒီလောက်သားသမီးများတဲ့ မိသားစုမှာမှ လူဖြစ်ရပါ့မလားဆိုတဲ့ ဖခင်ရဲ့စကားတွေက နောက်ဆုံးတော့ မိခင်ဖြစ်သူနကွာရှင်းဖို့ ဖြစခဲ့ပါတော့တယ်။ ထိုကလေး ၅ နှစ်တောင်မပြည့်သေးခင်အရွယ်မှာပေါ။

အစ်မ ၄ ယောက်ကပဲ အမြဲလိုလို ကြောင်တောင်တောင်ဖြစ်နေတတ်တဲ့ မိခင်နဲ့မောငဖြစ်သူ လူမမယ်ကလေးကိုခေါ်ပြီး ထအချိန်ကဟောင်ကောင်ရ စရိုက်ကျတဲ့အခွန်လွတ်ဈးတစ်ခုနောက်ကအ ပေါစားအိမ်ခန်းတစ်ခုမှာပြောင်းရွှေ့နေထိုင်ခဲ့ကြပါတယ်။အစ်မကြီးဖြစ်သူကမိန်းကလေးတန်မဲ့ခေါက်ဆွဲဆိုင်တစ်ခုမှာအကူအနေနဲ့ဝင်လုပ်တယ်။

အစ်မလတ်ဖြစ်သူကလက်သည်းညှပ်လိုက်ရောင်းတယ်။အငယ်ဆုံးညီမနဲ့မောင်လေးအပြင်မိခင်ဖြစ်သူရောဂါသည်ကိုပါလုပ်ကိုင်ကျွေးမွေးခဲ့ကြတယ်။ဒါပေမယ့်မိခင်ဖြစ်သူကလဲဒီတိုင်းတော့မနေခဲ့ဘူး။

သူရူးသွားရင်တောင်သားဖြစ်သူကိုအစ်မတွေလိုပညာမတတ်သူများခိုင်းဖက်မဖြစ်စေချင်တဲ့အတွက်ကျရာအလုပ်လုပ်ပြီးပြုစုစောင့်ရှောက်ပေးခဲ့ပါတယ်။မိန်းမသားတွေနဲ့ချည်းနေရတဲ့ ယေက်ျားလေးတယောက်အဖို့တော့အခက်အခဲရှိလှတာပေါ့။အစ်မတွေကအရမ်းချစ်တော့မောင်ဖြစ်သူကိုပိုးမွေးသလိုမွေးထားကြတယ်။

ဒါကြောင့်လဲမောင်ဖြစ်သူဟာစကားနည်းခြင်းတခုခုဆိုငိုတတ်ခြင်းကနွဲ့ကလျဖြစ်ခြင်းတွေအကျင့်ပါလာခဲ့တယ်။ဒီလိုနဲ့ မူလတန်းကိုအစ်မငယ်နဲ့အတူစတက်ချိန်မှာတော့ပြဿနာစတာပါပဲ။ကျောင်းမှာညီမတွေကျောင်းလာပြီတို့အခြောက်စသဖြင့်အစခံရတယ်။

ဒါပေမယ့်ငိုပြီးပြန်လာတာကလွဲရင်ဘာမှပြန်မတုန့်ပြန်တတ်ခဲ့ဘူး။အစ်မဖြစ်သူတွေကကျောင်းထိလိုက်ရန်တွေ့ရတာလဲအခါမနည်းပေါ့။ဒါပမေယ့်မောင်ဖြစ်သူကတော့ပြောင်းလဲမသွားခဲ့ပါဘူး။

နောက် ပိုင်းအမြဲလိုလိုအားငယ်နေတတ်တဲ့သားဖြစ်သူစိတ်အပြောင်း အလဲဖြစ်အောင်တီဗီတစ်လုံးဝယ်ဖို့ဆုံးဖြတ်လိုက်တော့တယ်။ ဆင်းရဲသားမိသားစုအတွက်ဖို့တီဗီတစ်လုံးတန်ဖိုးကမသေးလှပါဘူး။

ဘရုစ်လီတီဗွီအိမ်ကိုစရောက်ပြီးမကြာခင်သားဖြစ်သူစတင်စိတ်ဝင်စားသွားသူကဘရုစ်လီပါပဲ။ဘရုစ်လီကားတွေကို အမြဲကြည့်အမြဲအားပေးတတ်တဲ့သားဖြစ်သူဟာထိုအချိန်ကစပြီး ”အမေသားသူ့လိုမင်းသားဖြစ်ချင်တယ်”ဆိုတဲ့စကားကိုစတင်ဖွင့် ပြောခဲ့ပါတော့တယ်။ဒါကမိခင်ဖြစ်သူသားကိုပြုပြင်ပြောင်းလဲဖို့လမ်းစရခဲ့တာပါပဲ။

”စိတ်ကူးယဉ်မှုတိုင်းဟာလက်တွေ့ဖြစ်လာဖို့လမ်းစပါပဲ။ ”မင် းသားတစ်ယောက်ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့စိတ်ကူးယဉ်မှုကသူ့ငယ်ဘဝကိုလွှမ်းမိုးထားလိုက်ချိန်ပေါ့။ဒါပေမယ့်အစ်မဖြစ်သူမတော် တဆကားတိုက်မိရာကအိမ်ရဲ့စားဝတ်နေရေးအတွက်သူပါပါဝင်ရုန်းကန်ဖို့ဖြစ်လာခဲ့တယ်။

၇ နှစ်သားဘဝမှာလက်ညည်းညှပ်အိတ်ကြီးကိုလွယ်ပြီးဟောင်ကောင်ဈေးလမ်းတစ်ခုမှာသူ့ဘဝရဲ့ပထမဆုံးရုန်းကန်မှုကိုစတင်ခဲ့ပါတယ်။သူကမရှက်တတ်တော့ဘူး။အငယ်မဖြစ်သူကအမှတ်တရပစ္စည်းတစ်ချို့ရောင်းခဲ့သလိုသူကလဲလက်ညည်းညှပ်ရောင်းခဲ့တယ်။အလယ်တန်းကျောင်းသားဘဝမှာတော့ခေါက်ဆွဲဆိုင်မှာညပိုင်းစားပွဲထိုးပါလုပ်ရင်းဘဝကိုရုန်းကန်ခဲ့ပါတယ်။

အစ်မလတ်ဖြစ်သူကဓာတ်ပုံဆရာမသိပ်ဖြစ်ချင်တယ်။ဒါကိုသိတဲ့မောင်ဖြစ်သူကအစ်မဖြစ်သူအသက်၁၄နှစ်ပြည့်မွေးနေ့မှာ cameraအဟောင်းတစ်လုံးဝယ်ပေးနိုင်ဖို့စားပွဲထိုးအလုပ်ကိုကျောင်းတစ်ရက်အမြဲပျက်ပြီးပိုလုပ်ခဲ့ပါတယ်။ဒါကိုမိခင်ဖြစ်သူသိရိုက်ကြရန်ဖြစ်ကြနဲ့ထိုကလေးရဲ့ငယ်ဘဝဟာအလွန်ဒုက္ခ ရောက်ခဲ့ပါတယ်။

အထက်တန်းကျောင်းစတက်ချိန်မှာတော့သူဟာရုပ်ရှင်လောကကိုအရူးအမူးဖြစ်နေခဲ့ပါပြီ။အားရင်အားသလိုဘရုစ်လီရဲ့အခွေတွေကြည့်လမ်းဘေးကရောင်းတဲ့သိုင်းစာအုပ်တွေဝယ်ပြီးသိုင်းကျင့်ခဲ့တယ်။တစ်ဖက်မှာလဲစားပွဲထိုးအပြင်ကြွေ ထည်စက်ရုံတစ်ခုကအထမ်းသမားအဖြစ်ပါလုပ်ခဲ့တယ်။

သူကတော့နောင်တစ်ချိန်မှာအာရှရုပ်ရှင်အဆင့်အတန်းကိုကမ္ဘာအနှံ့ထိုးဖောက်ပြမယ့်အာရှရဲ့အက်ရှင်ဟာသKingအဖြစ်အ သိအမှတ်ပြုခံရမယ့်နောက်ပိုင်းအကောင်းဆုံးဒါရိုက်တာအကောင်းဆုံးဟာသသရုပ်ဆောင်Asia Pacific FilmFestivalရဲ့အကောင်းဆုံးမင်းသားအဖြစ်သတ်မှတ်ခြင်းခံလာရမယ့်ဟာသမင်းသားကြီးစတီဗင်ချောင်ပါပဲ။

မှတ်ဉာဏ်ဆိုတာနာကျင်မှုရဲ့အရင်းမြစ်ပဲ။အဲ့ဒီနာကျင်မှုကို မေ့ထားနိုင်မှုကဆုလာဒ်တစ်ခုပဲ။

”စတီဗင်ချောင်

Chowအထက်တန်းကျောင်းနောက်ဆုံးနှစ်မှာတော့ကျောင်းထွက်ပြီးအလုပ်လုပ်ရဖို့အထိမိသားစုစားဝတ်နေရေးဟာခက်ခဲခဲ့ပါပြီ။သူကျောင်းထွက်ခဲ့ပြီးတက္ကသိုလ်ဆိုတာကြီးနဲ့ဝေးတဲ့အလုပ် ကြမ်းသမားဘဝကိုရောက်ခဲ့ရတယ်။ဒါပေမယ့်သူ့စိတ်ကူးယဉ်မှုဖြစ်တဲ့သရုပ်ဆောင်မင်းသားဘဝကိုဘယ်တော့မှမေ့မထားခဲ့ပါဘူး။

၁၅နှစ်သားမှာအလုပ်ကြမ်းသမားဘဝနဲ့ရုန်းကန်နေစဉ် ရုံးတစ်ခုကအလုပ်သမားခေါ်တဲ့ကြော်ငြာစာစောင်တစ်ခုကိုသူရရှိသွားခဲ့တယ်။ဒါကြောင့်ပဲသွားလျှောက်ရင်းထိုရုံးရဲ့တောက် တိုမယ်ရပစ္စည်းထမ်းပစ္စည်းမတခုခုဝယ်ခိုင်းရင်သွားဝယ်ပေးရတဲ့ အလုပ်သမားအဖြစ်လုပ်ခွင့်ရခဲ့တယ်။

ဒါပေမယ့်သူစိတ်မပျက်ခဲ့ဘူး။ဘာကြောင့်လဲဆိုဒီရုံးကဝတ္ထုတွေကိုဖြန့်ချိပုံနှိပ်တည်းဖြတ်ပေးတဲ့ရုံးတစ်ခု။ဒီကနေChowဟာဝတ္ထုတွေရဲ့သဘောတရားချိတ်ဆက်မှုတွေကိုလေ့လာဖတ်ရှုခဲ့တယ်။အချိန်ကြာလာတော့ဒီအလုပ်မှာဆက်လုပ်နေခြင်းကသူ့အိမ်မက်အတွက်ဘာမှဖြစ်လာမှာမဟုတ်ကြောင်းကိုသိလာခဲ့တယ်။

ဒါကြောင့်အလုပ်ကထွက်ပြီးဟောင်ကောင်မြို့ပေါ်ကစားသောက် ဆိုင်တစ်ခုမှာစားပွဲထိုးထပ်လုပ်ခဲ့ပါတယ်။ဒီစားသောက်ဆိုင်ကပေးတဲ့အခန်းမှာနေရင်းနေ့လည်ပိုင်းတွေကိုTVBဆိုတဲ့ရုပ်သံလိုင်းတစ်ခုကဖွင့်တဲ့သရုပ်ဆောင်သင်တန်းကိုတက်ချင်လို့ပါပဲ။ဒါပေမယ့်၉ကြိမ်တိတိဖြေခဲ့သရုပ်ဆောင်ပြခဲ့တာတောင်အရည်အချင် းလုံးဝမရှိဘူးဆိုပြီးပယ်ချခဲ့ပါတယ်။

” ကိုယ်တိုင်မလုပ်ကြည့်ဘဲနဲ့မဖြစ်နိုင်ပါဘူးကွာလို့ဝေဖန်တတ်တဲ့သူတွေကိုကျွန်တော်ရယ်မိတယ်။မဖြစ်နိုင်တာထက်မလုပ်ချင်တာကလူတစ်ချို့အတွက်အဖော်ဖြစ်နေလို့ပါပဲ ”စတီဗင်ချောင်
၉ ကြိမ်အပယ်ခံရပြီးနောက်မှာတောင်ဇွဲမလျော့လို့TVB က ဘယ်တော့မှဖောင်လက်မခံဖို့အထိလုပ်ခဲ့ပါတယ်။

Chowဟာဒီနည်းလမ်းနဲ့ရုပ်ရှင်လောကထဲဝင်ဖို့မဖြစ်နိုင်တာကိုသိသွားခဲ့တယ်။ဒါပေမယ့်ဇွဲမလျော့ဘူး။TVBကရုပ်သံဇာတ်လမ်းတွေကို ရိုက် ကူးတဲ့ရိုက်ကူးရေးအဖွဲ့နောက်ကိုလိုက်ရင်းတစ်ဖွဲ့လုံးရဲ့လိုရာခိုင်းဖက်အဖြစ်ထပ်မံလုပ်ခဲ့ပါတော့တယ်။

မင်းသားခိုင်းတာအစစက်အဖွဲ့အထမ်းသမားခိုင်းတာအထိရိုက်ကွင်းတခုလုံးရဲ့ခိုင်းဖက်အဖြစ်လုပ်ရင်းသူရူးသွပ်တဲ့သရုပ်ဆောင်တစ်ဦးဘဝကိုလက် တွေ့ကျကျလေ့လာခွင့်ရခဲ့ပါတော့တယ်။ဒီအချိန်မှာသူသွားတွေ့တာကလီချီဟောင်ဆိုတဲ့အရံမင်းသားတစ်ယောက်ပါပဲ။

လီချီဟောင်ကိုတောက်တိုမယ်ရလုပ်ပေးရင်းခင်မင်လာခဲ့တယ်။လီချီဟောင်ကဒီလူငယ်ဟာရုပ်ရှင်အပေါ်အရမ်း ရူးသွပ်မှန်းသိရှိသွားခဲ့ပြီးTVBကညပိုင်းသင်တဲ့သက်ကြီးပိုင်းသရုပ်ဆောင်သင်တန်းတစ်ခုမှာသူတက်နိုင်ဖို့TVB ကိုပြောပေးခဲ့ပါတယ်။၁၉၈၀ခုနှစ်သူ့အသက်၁၈နှစ်မှာဒီသင်တန်းကိုတက်ရောက်ခွင့်ရခဲ့ပြီးအသက်၂၀ထိရုပ်ရှင်ရိုက်ကွင်းရဲ့တောက်တိုမယ်ရဘဝနဲ့လုပ်ခဲ့ရပါတယ်။

၁၉၈၂ခုနှစ်မှာတော့TVB ရဲ့ဇာတ်လမ်းတစ်ခုဖြစ်တဲ့Semi-Gods and Semi-Devilsဆိုတဲ့ဇာတ်လမ်းတွဲမှာစတင်ပါဝင်ခွင့်ရခဲ့ပါတယ်။ဒါပေမယ့်သေပေးရတဲ့လူတွေအခန်းနဲ့ဖြတ်လျောက် ၃ ၄ ခန်းပါပဲ။စကားပြောခန်းတစ်ခုမှမပါပါဘူး။

ဒီလိုနဲ့Chowဟာ The Legend of Master So/The Emissary/The Old Miao Myth/The Legend of the Condor/Final Justiceစတဲ့ဇာတ်လမ်းတွဲတွေမှာဖြတ်လျောက်တစ်ခန်းစနှစ်ခန်းစလူစားထိုးနဲ့မြို့သူမြို့သားနေရာတွေတခါတလေရဲတပ်ဖွဲ့ကရဲတစ်ဦးအဖြစ်သာပါဝင်ခဲ့ပြီး ၁၉၈၂ ခုနှစ်ကနေ ၁၉၈၈ ခုနှစ်အထိ၆နှစ်လုံးလုံးရုန်းကန်ခဲ့ပြီးသရုပ်ဆောင်တစ်ယောက်ရယ်လို့နေရာပြစရာသိပ်မရှိခဲ့တာတောင်ဇွဲမလျော့ခဲ့ပါဘူး။

တစ်ခါသူပါတယ်ဆိုတဲ့ဇာတ်လမ်းတွဲကိုအစ်မဖြစ်သူတွေကြည့်ချင်လွန်းလို့တီဗီံကဒီနေ့ပါနိုးနိုးဟိုနေ့ပါနိုးနိုးနဲ့စောင့်ကြည့်ခဲ့ကြတယ်။သူပါဝင်တဲ့အခန်းဟာဇာတ်လမ်းတွဲစပြပြီး၇လကြာမှ၁၃ စက္ကန့်စာသာပါဝင်ခဲ့ပါတယ်။

ဒါပေမယ့်ဒီလို၆နှစ်တာဘာနေရာမှမရတာတောင်အနုပညာလောကကိုမစွတဲ့Chowဟာရုပ်ရှင်နယ်ပယ်သားတစ်ချို့နဲ့တော့ခင်မင်ခွင့်ရခဲ့ပါတယ်။၁၉၈၃ခုနှစ်က သူပါဝင်ခဲ့တဲ့Space Shutt 40 ဆိုတဲ့(၅နှစ်ခွဲလောက်ကြာအောင်ပြသခဲ့တဲ့)အစီအစဉ်မှာလဲChowန့်ခဲ့ဟာဒါရိုက်တာတချို့နဲ့ ခင်မင်ခွင့်ရခဲ့ပါတယ်။

ဒါကChowရဲ့ပထမဆုံးရုပ်ရှင်ကားFinal Justiceမှာဒုတိယမင်းသားနေရာကနေယမင်းသားကြီးDanny Leeနဲ့အတူ ပါဝင်သရုပ်ဆောင်ဖို့ဖြစ်လာခဲ့ပါတော့တယ်။ဒီကားဟာဟောင်ကောင်ဒေါ်လာ၅သိန်းမျှသာသုံးပြီး၈သန်းအထိအမြတ်ငွေရခဲ့တဲ့ ကားဖြစ်သလို

25th Golden HorseAwards/Hong Kong Film Awards /Best New Performerနဲ့ဟောင်ကောင်ရုပ်ရှင်ရဲ့အကောင်းဆုံးဇာတ်ပို့ဆုရှင်အဖြစ်စတီဗင်ချောင်ဟာ ဒုတိယမင်းသားနေရာသာဖြစ်ပေမယ့်ဒီတစ်ကားလုံးရဲ့လူစိတ်ဝင်စားမှုအများဆုံးသရုပ်ဆောင်ဖြစ်ခဲ့ပါတော့တယ်။

တရုတ်ရုပ်ရှင်သမိုင်းမှာဒီလိုသာမာန်အောက်ကားတစ်ကားကနေတစ်နှစ်တာအတွက်အဓိကဆုကြီးတွေသိမ်းပိုက်ခဲ့တာအရမ်းထူးဆန်းခဲ့ကြတာပေါ့။လူအများအဖို့စတီဗင်ချောင်ရဲ့သရုပ် ဆောင်ချက်ကဘယ်မင်းသားနဲ့မှမတူတဲ့ဇာတ်ရုပ်တစ်ခုကိုမြင်တွေ့ခဲ့ရပါတယ်။

အဲ့ဒီနောက်တစ်ချို့ကားတွေဇာတ်လမ်းတွဲတွေမှာအရံအဖြစ်ထပ်ပါခဲ့ပြီးစတီဗင်ချောင်ဆိုပြီးထပ်မံတွေ့ရမယ့်ရုပ်ရှင်ကားတစ်ကားကို၁၉၈၈ခုနှစ်မှာပဲကြေငြာခဲ့ပါတယ်။ဒီကားကတော့၁၉၈၉ခုနှစ်စက်တင်ဘာလမှာရုံတင်ခဲ့တဲ့မင်းသားကြီး ဂျက်လီရဲ့Dragon Fightရုပ်ရှင်ကားကြီးပါပဲ။

ဒီကားမှာ စတီဗင်ချောင်ဟာဇာတ်ပို့နေရာကပါဝင်ခွင့်ရခဲ့ပါတယ်။ဒီကားက Chowခေါင်းဆောင်မင်းသားဖြစ်ဖို့လမ်းစရခဲ့ခြင်းပါပဲ။ဒီကားရုံမတင်မီကြေငြာလိုက်တည်းကChowဟာThe Final Combatကားရဲ့မင်းသားအဖြစ်TBLကရွေးချယ်ခဲ့ပါတယ်။

(၁၉၈၉ ခုနှစ်မှာပဲရုံတင်ပြသခဲ့တဲ့ဝူရှူးဟာသဇာတ်ကားပါ)။ဒီကားအပြီးမှာတော့စတီဗင်ချောင်ဆိုတဲ့နာမည်တစ်ခု ဟောင်ကောင်ရုပ်ရှင်လောကမှာသတိထားစရာဖြစ်လာခဲ့ပါတယ်။ကြည့်ကြည့်ရင်သာမာန်ငပေါရုပ်ပေမယ့်သူ့ကားကြည့်ပြီးမရယ်တဲ့လူမရှိသလိုသူဟာရုပ်ရှင်လောကရဲ့ဖြစ်ရိုးဖြစ်စဉ်ဟာသပြကွက်တွေထက်ထူးခြားတဲ့ဟာသလမ်းသစ်တခုကိုတီထွင်တဲ့သူဖြစ်လာခဲ့ပါတယ်။

” သူများဘာမှားလဲသူများဘာလုပ်လဲခင်ဗျားလိုက်ကြည့်ဝေဖန်နေသ၍ခင်ဗျားဘာဖြစ်လာမလဲဆိုတဲ့မေးခွန်းကကွက်လပ်ဖြစ်နေဦးမှာပဲ။”

စတီဗင်ချောင်

Fight Back To Schoolဒီကားကိုပြသခဲ့ချိန်ကဟောင်ကောင်ရုပ်ရှင်လောကပြာသွားခဲ့တယ်။၁၉၉၁ခုနှစ်မှာဟောင်ကောင်ရဲ့ Gordon Chanထုတ်လုပ်ရေးကဒီကားကိုအရှုံးပေါ်ခဲ့ရင်စတီဗင်ချောင်ကိုမင်းသားစာချုပ်ဖျက်သိမ်းမယ်ဆိုပြီးလုပ်ခဲ့ပေမယ့်ဟောင်ကောင်ဒေါ်လာ ၄၄ သန်းနီးပါးအထိအမြတ်ငွေရခဲ့ပါတယ်။

ဒီကားမှာရဲတစ်ယောက်ဖြစ်ပေမယ့်အမှုတစ်ခုကိုလိုက်ဖို့အတွက်မိမိတက်ခဲ့တဲ့ကျောင်းတော်ကြီးထံကျောင်းသားအ ယောင်ဆောင်ရင်းတစ်ဖန်ပြန်လာခဲ့ချိန်ဆရာမတစ်ဦးနဲ့ဆုံတွေ့ခဲ့ပုံသာမာန်ဟာသကားတွေကနေခွဲထွက်လာတဲ့ဟာသအက်ရှင်ကားသစ်တခုအဖြစ်မြင်တွေ့ရမှာပါ။

”အသစ်တစ်ခုကိုပြောင်းလဲဖန်တီးဖို့ဘယ်တော့မှမပြောင်းလဲတဲ့အရာသင့်မှာလိုအပ်တယ်။အဲ့ဒါကကိုယ့်ရည်မှန်းချက်ပဲ”

စတီဗင်ချောင်

”ကိုယ့်ကိုယ်ကိုယ်နှိမ့်ချပြီးရည်မှန်းချက်ကိုကြိုးစားပါ။အောင်မြင်မှုဆိုတာမြင့်တက်လာပါလိမ့်မယ်။ ”

စတီဗင်ချောင်

”လောကမှာအစွန်းရောက်ဆိုတာဘယ်အရာမှမမြဲသလိုဘယ်အရာမှမကောင်းဘူး။ဘာသာရေးနိုင်ငံရေးလူမျိုးရေးအနုပညာဘယ်အရာမှအစွန်းမရောက်သင့်ဘူး။ဒါပေမယ့်အဆုံးထိကြိုးစားတတ်ဖို့တော့လိုတယ်။ ”

စတီဗင်ချောင်

ဒီလောက်ကောင်းတဲ့ဒဿနတွေကိုဒီလိုဟာသသရုပ်ဆောင်တစ်ယောက်ကဘာကြောင့်ပြောနိုင်ရေးနိုင်လဲလို့ကျွန်တော်အစကသံသယဖြစ်မိတယ်။သေချာလေ့လာကြည့်တော့မှစတီဗင်ချောင်ဟာမင်းသားတစ်ဦးအပြင်စာရေးဆရာတစ်ဦးပါလုပ်ခဲ့သူပါ။

Chowဆိုတဲ့ကလောင်နာမည်နဲ့စာအုပ်တွေထွက်ခဲ့သလိုနိုင်ငံရေးလူမျိုးရေးဆိုင်ရာစာတွေကိုရေးသားခဲ့ဖူးသူပါ။မကြာခင်ကထွက်ခဲ့တဲ့The Chow Collectionစာအုပ်ဟာလဲအမေရိကထိ ရောင်းချနိုင်ခဲ့သလိုဇာတ်ကားတွေရဲ့ဇာတ်ညွှန်းရေးဆရာတစ်ဦးလဲဖြစ်သူပါ။

”နင်ငါ့ကိုမချစ်လို့နင်ပျော်မယ်ဆိုနင်ပျော်ဖို့အတွက်ပဲနင်စဉ်းစားပါ။နင်ငါ့ကိုသစ္စာဖောက်လို့နင်ပျော်မယ်ဆိုနင်ပျော်ဖို့အတွက်ပဲ နင်စဉ်းစားပါ။ငါနင့်ကိုမရိုက်ဘူးငါနင့်ကိုရိုက်လိုက်ရင်ငါ့နှလုံးသားပဲနာကျင်ရမှာနင်ပျော်မှာမဟုတ်ဘူး”စတီဗင်ချောင် (The Chow Collection)

Chow ရဲ့ ၁၉၉၂ နောက်ပိုင်းကားအများစုဟာရုပ်ရှင်လောကကို အံ့အားသင့်စေခဲ့ပါတယ်။ဟာသကိုအက်ရှင်နဲ့ရောဖန်တီးတဲ့ကားတွေထဲChowရဲ့ကားအများစုဟာခွဲထွက်လာတဲ့ပုံစံတွေဖြစ်ခဲ့သလိုRating 6.9 နဲ့ 9ကြားအမြဲရခဲ့ပါတယ်။ဒါ့အပြင်နာမည်ကြီး Hollywoodရုပ်ရှင်ကားများကိုသရော်ရိုက်ကူးခဲ့တဲ့ ကားတွေမှာလဲChowဟာအောင်မြင်မှုများစွာရခဲ့ပါတယ်။

၁၉၉၂ ခုနှစ်ကထွက်ခဲ့တဲ့ King Of Beggars။ဒီကားဟာလဲ စတီဗင်ချောင်ရဲ့Dramaဇာတ်ရုပ်ပိုင်နိုင်မှုကိုဟာသတစ်ချို့နဲ့ ပေါင်းစပ်ပြီးပြသခဲ့ပါတယ်။ဒီကားမှာစာမဖတ်တတ်တဲ့လူကြီးသားထင်ရာစိုင်းတတ်တဲ့ဇာတ်ကောင်နေရာကပါခဲ့ပြီး

အချစ်ကိုတွေ့ရှိချိန်မှာတော့ချစ်သူကလူရည်ချွန်စာမေးပွဲအောင်မှစဉ်းစားပေးမယ်ဆိုရာကနေနောက်ပိုင်းသိုင်းလောကမှာကြုံတွေ့ရမှုတွေ ဝရုန်းသုန်းကားဖြစ်မှုတွေကြားDramaဆန်ဆန်Comedyပြကွက်များနဲ့ပြသခဲ့တဲ့ကားကောင်းတစ်ကားပါပဲ။ဒီကားဟာChowရဲ့ ၁၉၉၀ခုနှစ်ကAll Of The Winnerကားလိုပဲအောင်မြင်မှုများစွာရခဲ့ပါတယ်။

Tricky Brain–ဒီကားကလည်းကြည့်ရင်သာမာန်ဟာသကားလို့ထင်ရပေမယ့်လူလိမ်တယောက်ရဲ့ရိုးသားတဲ့စိတ်ရင်းဗီဇကို ပြသထားတဲ့ကားပါ။သူတတ်တဲ့ပညာနဲ့ပဲရာဇဝတ်ဂိုဏ်းကိုတိုက် ခိုက်မှုတွေနဲ့စတီဗင်ချောင်ရဲ့ထုံးစံအတိုင်းခွဲထွက်ထားခဲ့ပါတယ်။

$60 mil Man –ဒီကားကလည်းအထူးပြောစရာမလိုတဲ့ ၁၉၉၅ခုနှစ်လိုအချိန်ကတောင်အမေရိကအထိပြသခွင့်ရခဲ့တဲ့ စတီဗင်ချောင်ရဲ့ကားပါ။လက်ရှိဆိုစတီဗင်ချောင်ဟာရုပ်ရှင်ကား၄၀ ကျော်ရိုက်ကူးထားခဲ့ပြီဖြစ်ပြီးကားတိုင်းကအသွင်တစ်မျိုးစီ Action Drama Comedyအစုံအလင်ပါဝင်ပြီးဟာသကားတွေပေမယ့်ဘဝအတွက်Messageတစ်ခုအမြဲထည့်ထားတတ်ပါတယ်။

၁၉၉၉ ခုနှစ်မှာချောင်ကိုယ်တိုင်ဒါရိုက်တာလုပ်ရိုက်ကူးထားသော King of Comedyဇာတ်ကားကိုရုံတင်ပြသခဲ့ပြီးဟောင်ကောင်ဒေါ်လာသန်း၄၀ထိရခဲ့တဲ့ကားပါ။ဒါ့အပြင် Hong Kong Film Awardsဆုကြီးကိုပါရရှိခဲ့ပါတယ်။

Shaolin Soccerကားဟာစတီဗင်ချောင်ကိုယ်တိုင်ဇာတ်လမ်းဒါရိုက်တာမင်းသားအဖြစ်ပါဝင်ခဲ့တဲ့ကားတစ်ကားပါ။ဒီကားကိုရိုက်ကူးနေချိန်၁ပတ်အကြာမှာမှန်းထားတဲ့ငွေကြေးနဲ့သူလုပ်ချင်သလိုမဖြစ်နိုင်မှန်းသိလို့Chowကကားရိုက်နားလိုက်တယ်။

ဒါပေမယ့် Chowကိုစောင့်ကြည့်နေတဲ့ Universeထုတ်လုပ်ရေးမှ Rowanကကုန်ချင်သလောက်ကုန်ရိုက်မယ်ဆိုပြီးကမ်းလှမ်းလာခဲ့တယ်။Cameoနဲ့ EffectသုံးမှုSteel Stringအသုံးပြုမှု ရှောင်လင်သိုင်းကိုMagicနဲ့ရောစပ်မှုတော်တော်ပြည့်ဝတဲ့ကားတစ်ကားပါ။

ဒီကားရဲ့ Annimationပိုင်းကိုကိုင်ခဲ့တာကလည်းယနေ့ရုပ်ရှင်သမိုင်းတလျောက်ရုံတင်ဝင်ငွေအမြင့်ဆုံးကားအဖြစ်သမိုင်း ဝင်ခဲ့တဲ့Avatarကားကိုတာဝန်ယူခဲ့တဲ့Danteတို့သူငယ်ချင်းတစ်စုပါပဲ။ဒီကားဟာစာအုပ်အနေနဲ့ထွက်လာချိန်မှာပဲအမေရိကန်ရဲ့Best Seller Comedy Book ဖြစ်ခဲ့ပါတယ်။ထိုအချိန်ကအမေရိကန်ဒေါ်လာ၄၂သန်းထိဝင်ငွေရခဲ့သလိုယနေ့ထိဆန်းသစ်နေတဲ့အားကစားဟာသအက်ရှင်ကားတစ်ကားပါ။

”ကိုယ့်အပေါ် မကောင်းဘူးဆိုရင်တောင်ကိုယ်ကကောင်းပေးလိုက်ပါ။ကိုယ်ကောင်းရင်ဘာမှမဖြစ်ပေမယ့်ကိုယ်ပါ မကောင်းခဲ့ရင်တော့သင်ဟာဉာဏ်နည်းသူတစ်ယောက်ဖြစ်သွားလိမ့်မယ်။”
”မိသားစု =ကမ္ဘာပေါ်မှာအတိုဆုံးနဲ့အဓိပ္ပာယ်အရှိဆုံးကဗျာတစ်ပုဒ်”ခင်ဗျားဘယ်လောက်တော်ကြောင်းအခြားသူတွေကိုလိုက်ပြိုင်လိုက်ရန်တွေ့နေဖို့မလိုဘူး။ခင်ဗျားတော်တာမတော်တာသူတို့နဲ့မဆိုင်ဘူး။ခင်ဗျားကိုယ်တိုင်နဲ့ပဲသက်ဆိုင်တယ်။”

ဒီဒဿနသမားကြီးရဲ့စကားတွေကိုတစ်ကားချင်းပြောနေရင်တော့ ကုန်မှာမဟုတ်ဘူး။CJ7လိုသိပ္ပံကားတောင်သူကဒါရိုက်တာ ဇာတ်လမ်းမင်းသားလုပ်ရိုက်ပြီး Hollywoodထိတိုးနိုင်ခဲ့တယ်။သူ့ရဲ့Brainကသာမာန်ထက်ထူးခြားတယ်ပြောရမယ်။ဒါကြောင့်လဲအာရှရဲ့Top 10အနုပညာရှင်တွေထဲရှာရွတ်ခန်းဂျက်ကီချမ်းဂျက်လီတို့နဲ့အပြိုင်ကမ္ဘာကိုတိုးနိုင်ခဲ့တာပေါ့။

လက်ရှိထွက်ထားတဲ့သူဒါရိုက်တာလုပ်ထားတဲ့The Mermaidဇာတ်ကားဟာလည်းတရုတ်ရုပ်ရှင်သမိုင်းရဲ့ဝင်ငွေအကောင်းဆုံကားအဖြစ်အမေရိကန်ဒေါ်လာ ၅၅၃သန်းရထားခဲ့သလိုအာရှရဲ့ထိပ်တန်းကားတစ်ကားအဖြစ်သမိုင်းဝင်သွားခဲ့ပါပြီ။

ဒါ့အပြင်အာရှရဲ့အမြတ်အများဆုံးရကားရဲ့ဒါရိုက်တာအဖြစ် Chow ကဝါရင့်ဒါရိုက်တာကြီးတွေကိုကျော်ပြီးရပ်တည်လာခဲ့ပါတယ်။ပထမဆုံးရုံတင်တဲ့နေ့မှာတင်အမေရိကန်ဒေါ်ဟာ၄၀.၉ သန်းရရှိပြီးHollywoodရဲ့ဒိတ်ဒိတ်ကြဲကားတွေဖြစ်တဲ့F&F 7/ Star War/Jurassic Worldတို့ကိုကျော်ပြီးတရုတ်ရဲ့သမိုင်းတွင်သွားတဲ့ကားကြီးတစ်ကားပါပဲ။

စတီဗင်ချောင်ကိုလဲဝါရင့်အဘကြီးတွေဖြစ်တဲ့ဂျက်ကီချမ်းဂျက်လီတို့ကလေးစားချီးကျူးခဲ့ကြတယ်။Journey To The West–ဝူခုန်းလူပြန်ဝင်စားတဲ့ကားကြီးကလဲထုတ်လုပ်သူဒါရိုက်တာဇာတ်လမ်းစတီဗင်ချောင်ကအမေရိကန်ဒေါ်လာသန်း၂၁၅သန်းထိရယူပြနိုင်ခဲ့တဲ့ကားကြီးပေါ့။

၂၀၁၃ခုနှစ်ရဲ့အောင်မြင်မှုတွေကိုရယူထားနိုင်ခဲ့သလိုနောက်ပိုင်းဒါရိုက် တာဇာတ်ညွှန်းဇာတ်လမ်းနဲ့သာလုပ်ကိုင်လာတဲ့စတီဗင်ချောင်ကသူ့တုန်းကကြိုးစားမှုတွေကိုပါဝင်တဲ့သရုပ်ဆောင်တွေကိုပြောပြပြီးRehersalအကြိမ်၁၀၀မကပြုလုပ်တတ်လို့လဲသူနဲ့ရိုက်ချင်တဲ့မင်းသားမင်းသမီးခပ်ရှားရှားလို့တရုတ်မှာသတင်းကြီးနေတဲ့ဒါ ရိုက်တာကြီးပေါ့။

”ကမ္ဘာကြီးကအကျယ်ကြီးပါစကြဝဠာကပိုကျယ်တယ်။ဒါကြောင့်ဘယ်အလုပ်မဆိုရိုးရိုးလေးပဲတွေးပြီးလုပ်ပါ။””ကြေကွဲလို့ကုန်သွားတဲ့အချိန်ခံစားလို့ကုန်သွားတဲ့အချိန်တွေကနောင်တချိန်ပြန်တွေးရင်နှမြောစရာတွေဖြစ်သွားတတ်တယ်။ပိုင် ဆိုင်ထားချိန်မှာအကောင်းဆုံးပေးဆပ်ပါ။ဒါတောင်စွန့်ခွာသွားရင် ကံတရားကိုအပြစ်တင်လိုက်ပါ။ဆက်အသက်ရှင်ဖို့ကြိုးစားပါ။”

”ကိုယ့်ကိုယ်ကိုဘဝင်မမြင့်မိစေနဲ့။ကမ္ဘာမြေကြီးနဲ့ဖိနပ်နဲ့ကပ်နေသ၍ဘဝင်မြင့်တာနဲ့ကျရှုံးမှာပဲ”” အချစ်ကိုတွေ့တာနဲ့သတ္တိတွေရလိမ့်မယ်။လက်ရှိဘဝထက် ပိုကြိုးစားချင်စိတ်မဖြစ်လာဘူးဆိုသင်အချစ်ကိုမတွေ့သေးလို့ပါ။” လူတွေကမင်းကိုပစ်ပယ်လို့မင်းဘာမှမဖြစ်ဘူး။မင်းကိုယ်မင်းလူတွေရဲ့စကားကြောင့်ပစ်ပယ်မှကျရှုံးမှာ စတီဗင်ချောင်

Chow ဟာလက်ရှိမှာတော့မင်းသားအပြင်ဇာတ်လမ်းဇာတ် ညွှန်းရေးဆရာအနုပညာအကြံပေးထုတ်လုပ်သူစာရေးဆရာဒါရိုက်တာဟာသသရုပ်ဆောင်နည်းပြအပြင်တရုတ်အစိုးရရဲ့အကြံပေးအရာရှိအဖြစ်ပါခန့်အပ်ခြင်းခံထားရသူပါ။

တစ်ချိန်ကဟောင်ကောင်ပျံကျဈေးထဲလက်သည်းညှပ်တွေလိုက်ရောင်းရတဲ့ကောင်လေးတစ်ယောက်ရုပ်ရှင်ရိုက်ကွင်းကလူတကာခိုင်းဖက်တောက််တိုမယ်ရကောင်လေးကအာရှရဲ့ထိပ်တန်းမင်းသားတစဦးအာရှရဲ့ရုပ်ရှင်သမိုင်းမှာဝင်ငွေအကောင်းဆုံးကားတွေရဲ့ဒါရိုက်တာအစိုးရရဲ့အကြံပေးဖြစ်လာခဲ့ပါပြီ။

ဒါ့အပြင်Chowဟာ Jade Lifetime/Achievement Awardဆုကြီးအပြင်Best Actor/Best Director /Asia Pacific Film Best Actor/Blue Ribbon Awards /Amsterdam Fantastic Film Awards/ Golden Horse Awards /LasVegas Film Critics Society Awardsဆုတွေကိုပါရရှိထားသူပါ။

ဆုကြီးပေါင်း ၂၆ ခုကိုရရှိထားပြီးကမ္ဘာကပေးတဲ့ဆုများစွာလည်းရရှိထားခဲ့ပါပြီ။ဒါ့အပြင် Stephen Chow ဟာဂျက်ကီချမ်းဂျက်လီတို့ကိုပါကျော်ပြီးတရုတ်အနုပညာရှင်တွေထဲအနုပညာကြေးအမြင့်ဆုံး The highest paid star of Chinaအဖြစ်၂၀၁၆ သြဂုတ်လ ၂၂ ရက်နေ့ကတရားဝင်ကြေငြာခြင်းခံခဲ့ရပါတယ်။

”လူတွေကမင်းကိုကဲ့ရဲ့လှောင်ပြောင်လိမ့်မယ်။အထင်သေးကြလိမ့်မယ်။ဒါပေမယ့်မင်းကိုယ်မင်းမကဲ့ရဲ့မိစေနဲ့။အထင်မသေးမိစေနဲ့။မင်းရဲ့အိမ်မက်တွေကိုမင်းကိုယ်တိုင်မကဲ့ရဲ့သင့်ဘူး။ဒါဆို မင်းတစ်နေ့အောင်မြင်လာလိမ့်မယ်။

စတီဗင်ချောင်

Nyo Nyo (boomnews)

Zawgyi

ပ်ံက်ေဈးထဲမွ လက္သည္းညႇပ္သည္ဘဝမွ ကမာၻေက်ာ္႐ုပ္ရွင္သ႐ုပ္ေဆာင္ျဖစ္လာသူ စတီဗင္ေခ်ာင္ရဲ႕ ဘဝၾကမ္းၾကမ္း။

”သူေတာင္းစားဘဝကေန ဘုရင္ျဖစ္တာ ပုံျပင္စာအုပ္ထဲမွာပဲရွိတယ္လို ခင္ဗ်ားယုံကည္ေနသ၍ သူေတာင္းစားပဲ ခင္ဗ်ားလုပ္ေနရဦးမွာပဲ။ မျဖစ္ႏိုင္တာေတြကိုယုံၾကည္ပါ။ ကမာၻႀကီးမွာမျဖစ္ႏိုင္တာေတြကပဲ ယေန႔ေခတ္မွာျဖစ္ေနလို႔ပါ။”စတီဗင္ေခ်ာင္

၁၉၆၂ ခုႏွစ္၊ ဇြန္လ၂၂ရက္ေန႔ တ႐ုတ္ႏိုင္ငံ ေဟာင္ေကာင္ၿမိဳ႕ကသာမာန္မိသားစုတစ္စုမွာ ကေလးတစ္ေယာက္ကို ေမြးဖြားခဲ့ပါတယ္။ ဖခင္ျဖစ္သူ ေလာင္းကစားသမားရဲ႕ အေႂကြးဒဏ္ေတြက အလူးအလဲခံေနရတဲ့ ဇနီးျဖစ္သူ Chi အတြက္ေတာ့ သားသမီ း၅ ေယာက္နဲ႔ စားဝတ္ေနေရးက ၾကပ္တည္းလြန္းလွတယ္။ အစ္မ ၄ ေယာက္ကပဲ ဒီကေလးကို ထိန္းေက်ာင္းခဲ့ရျပး မိခငျဖစ္သူကတာ့ ေယာက္်ားျဖစ္သူရဲ႕ဒဏ္ေတြၾကာင့္စိတ္ေဝဒနာေရာဂါ စတင္ခံစားေနရခ်ိန္ေပါ့။

ဒီကေလးကလဲ ဒီေလာက္သားသမီးမ်ားတဲ့ မိသားစုမွာမွ လူျဖစ္ရပါ့မလားဆိုတဲ့ ဖခင္ရဲ႕စကားေတြက ေနာက္ဆုံးေတာ့ မိခင္ျဖစ္သူနကြာရွင္းဖို႔ ျဖစခဲ့ပါေတာ့တယ္။ ထိုကေလး ၅ ႏွစ္ေတာင္မျပည့္ေသးခင္အ႐ြယ္မွာေပါ။

အစ္မ ၄ ေယာက္ကပဲ အၿမဲလိုလို ေၾကာင္ေတာင္ေတာင္ျဖစ္ေနတတ္တဲ့ မိခင္နဲ႔ေမာငျဖစ္သူ လူမမယ္ကေလးကိုေခၚၿပီး ထအခ်ိန္ကေဟာင္ေကာင္ရ စ႐ိုက္က်တဲ့အခြန္လြတ္ဈးတစ္ခုေနာက္ကအ ေပါစားအိမ္ခန္းတစ္ခုမွာေျပာင္းေ႐ႊ႕ေနထိုင္ခဲ့ၾကပါတယ္။အစ္မႀကီးျဖစ္သူကမိန္းကေလးတန္မဲ့ေခါက္ဆြဲဆိုင္တစ္ခုမွာအကူအေနနဲ႔ဝင္လုပ္တယ္။

အစ္မလတ္ျဖစ္သူကလက္သည္းညႇပ္လိုက္ေရာင္းတယ္။အငယ္ဆုံးညီမနဲ႔ေမာင္ေလးအျပင္မိခင္ျဖစ္သူေရာဂါသည္ကိုပါလုပ္ကိုင္ေကြၽးေမြးခဲ့ၾကတယ္။ဒါေပမယ့္မိခင္ျဖစ္သူကလဲဒီတိုင္းေတာ့မေနခဲ့ဘူး။

သူ႐ူးသြားရင္ေတာင္သားျဖစ္သူကိုအစ္မေတြလိုပညာမတတ္သူမ်ားခိုင္းဖက္မျဖစ္ေစခ်င္တဲ့အတြက္က်ရာအလုပ္လုပ္ၿပီးျပဳစုေစာင့္ေရွာက္ေပးခဲ့ပါတယ္။မိန္းမသားေတြနဲ႔ခ်ည္းေနရတဲ့ ေယက္်ားေလးတေယာက္အဖို႔ေတာ့အခက္အခဲရွိလွတာေပါ့။အစ္မေတြကအရမ္းခ်စ္ေတာ့ေမာင္ျဖစ္သူကိုပိုးေမြးသလိုေမြးထားၾကတယ္။

ဒါေၾကာင့္လဲေမာင္ျဖစ္သူဟာစကားနည္းျခင္းတခုခုဆိုငိုတတ္ျခင္းကႏြဲ႕ကလ်ျဖစ္ျခင္းေတြအက်င့္ပါလာခဲ့တယ္။ဒီလိုနဲ႔ မူလတန္းကိုအစ္မငယ္နဲ႔အတူစတက္ခ်ိန္မွာေတာ့ျပႆနာစတာပါပဲ။ေက်ာင္းမွာညီမေတြေက်ာင္းလာၿပီတို႔အေျခာက္စသျဖင့္အစခံရတယ္။

ဒါေပမယ့္ငိုၿပီးျပန္လာတာကလြဲရင္ဘာမွျပန္မတုန႔္ျပန္တတ္ခဲ့ဘူး။အစ္မျဖစ္သူေတြကေက်ာင္းထိလိုက္ရန္ေတြ႕ရတာလဲအခါမနည္းေပါ့။ဒါပေမယ့္ေမာင္ျဖစ္သူကေတာ့ေျပာင္းလဲမသြားခဲ့ပါဘူး။

ေနာက္ ပိုင္းအၿမဲလိုလိုအားငယ္ေနတတ္တဲ့သားျဖစ္သူစိတ္အေျပာင္း အလဲျဖစ္ေအာင္တီဗီတစ္လုံးဝယ္ဖို႔ဆုံးျဖတ္လိုက္ေတာ့တယ္။ ဆင္းရဲသားမိသားစုအတြက္ဖို႔တီဗီတစ္လုံးတန္ဖိုးကမေသးလွပါဘူး။

ဘ႐ုစ္လီတီဗြီအိမ္ကိုစေရာက္ၿပီးမၾကာခင္သားျဖစ္သူစတင္စိတ္ဝင္စားသြားသူကဘ႐ုစ္လီပါပဲ။ဘ႐ုစ္လီကားေတြကို အၿမဲၾကည့္အၿမဲအားေပးတတ္တဲ့သားျဖစ္သူဟာထိုအခ်ိန္ကစၿပီး ”အေမသားသူ႔လိုမင္းသားျဖစ္ခ်င္တယ္”ဆိုတဲ့စကားကိုစတင္ဖြင့္ ေျပာခဲ့ပါေတာ့တယ္။ဒါကမိခင္ျဖစ္သူသားကိုျပဳျပင္ေျပာင္းလဲဖို႔လမ္းစရခဲ့တာပါပဲ။

”စိတ္ကူးယဥ္မႈတိုင္းဟာလက္ေတြ႕ျဖစ္လာဖို႔လမ္းစပါပဲ။ ”မင္ းသားတစ္ေယာက္ျဖစ္ကိုျဖစ္ရမယ္ဆိုတဲ့စိတ္ကူးယဥ္မႈကသူ႔ငယ္ဘဝကိုလႊမ္းမိုးထားလိုက္ခ်ိန္ေပါ့။ဒါေပမယ့္အစ္မျဖစ္သူမေတာ္ တဆကားတိုက္မိရာကအိမ္ရဲ႕စားဝတ္ေနေရးအတြက္သူပါပါဝင္႐ုန္းကန္ဖို႔ျဖစ္လာခဲ့တယ္။

၇ ႏွစ္သားဘဝမွာလက္ညည္းညႇပ္အိတ္ႀကီးကိုလြယ္ၿပီးေဟာင္ေကာင္ေဈးလမ္းတစ္ခုမွာသူ႔ဘဝရဲ႕ပထမဆုံး႐ုန္းကန္မႈကိုစတင္ခဲ့ပါတယ္။သူကမရွက္တတ္ေတာ့ဘူး။အငယ္မျဖစ္သူကအမွတ္တရပစၥည္းတစ္ခ်ိဳ႕ေရာင္းခဲ့သလိုသူကလဲလက္ညည္းညႇပ္ေရာင္းခဲ့တယ္။အလယ္တန္းေက်ာင္းသားဘဝမွာေတာ့ေခါက္ဆြဲဆိုင္မွာညပိုင္းစားပြဲထိုးပါလုပ္ရင္းဘဝကို႐ုန္းကန္ခဲ့ပါတယ္။

အစ္မလတ္ျဖစ္သူကဓာတ္ပုံဆရာမသိပ္ျဖစ္ခ်င္တယ္။ဒါကိုသိတဲ့ေမာင္ျဖစ္သူကအစ္မျဖစ္သူအသက္၁၄ႏွစ္ျပည့္ေမြးေန႔မွာ cameraအေဟာင္းတစ္လုံးဝယ္ေပးႏိုင္ဖို႔စားပြဲထိုးအလုပ္ကိုေက်ာင္းတစ္ရက္အၿမဲပ်က္ၿပီးပိုလုပ္ခဲ့ပါတယ္။ဒါကိုမိခင္ျဖစ္သူသိ႐ိုက္ၾကရန္ျဖစ္ၾကနဲ႔ထိုကေလးရဲ႕ငယ္ဘဝဟာအလြန္ဒုကၡ ေရာက္ခဲ့ပါတယ္။

အထက္တန္းေက်ာင္းစတက္ခ်ိန္မွာေတာ့သူဟာ႐ုပ္ရွင္ေလာကကိုအ႐ူးအမူးျဖစ္ေနခဲ့ပါၿပီ။အားရင္အားသလိုဘ႐ုစ္လီရဲ႕အေခြေတြၾကည့္လမ္းေဘးကေရာင္းတဲ့သိုင္းစာအုပ္ေတြဝယ္ၿပီးသိုင္းက်င့္ခဲ့တယ္။တစ္ဖက္မွာလဲစားပြဲထိုးအျပင္ေႂကြ ထည္စက္႐ုံတစ္ခုကအထမ္းသမားအျဖစ္ပါလုပ္ခဲ့တယ္။

သူကေတာ့ေနာင္တစ္ခ်ိန္မွာအာရွ႐ုပ္ရွင္အဆင့္အတန္းကိုကမာၻအႏွံ႔ထိုးေဖာက္ျပမယ့္အာရွရဲ႕အက္ရွင္ဟာသKingအျဖစ္အ သိအမွတ္ျပဳခံရမယ့္ေနာက္ပိုင္းအေကာင္းဆုံးဒါ႐ိုက္တာအေကာင္းဆုံးဟာသသ႐ုပ္ေဆာင္Asia Pacific FilmFestivalရဲ႕အေကာင္းဆုံးမင္းသားအျဖစ္သတ္မွတ္ျခင္းခံလာရမယ့္ဟာသမင္းသားႀကီးစတီဗင္ေခ်ာင္ပါပဲ။

မွတ္ဉာဏ္ဆိုတာနာက်င္မႈရဲ႕အရင္းျမစ္ပဲ။အဲ့ဒီနာက်င္မႈကို ေမ့ထားႏိုင္မႈကဆုလာဒ္တစ္ခုပဲ။

”စတီဗင္ေခ်ာင္

Chowအထက္တန္းေက်ာင္းေနာက္ဆုံးႏွစ္မွာေတာ့ေက်ာင္းထြက္ၿပီးအလုပ္လုပ္ရဖို႔အထိမိသားစုစားဝတ္ေနေရးဟာခက္ခဲခဲ့ပါၿပီ။သူေက်ာင္းထြက္ခဲ့ၿပီးတကၠသိုလ္ဆိုတာႀကီးနဲ႔ေဝးတဲ့အလုပ္ ၾကမ္းသမားဘဝကိုေရာက္ခဲ့ရတယ္။ဒါေပမယ့္သူ႔စိတ္ကူးယဥ္မႈျဖစ္တဲ့သ႐ုပ္ေဆာင္မင္းသားဘဝကိုဘယ္ေတာ့မွေမ့မထားခဲ့ပါဘူး။

၁၅ႏွစ္သားမွာအလုပ္ၾကမ္းသမားဘဝနဲ႔႐ုန္းကန္ေနစဥ္ ႐ုံးတစ္ခုကအလုပ္သမားေခၚတဲ့ေၾကာ္ျငာစာေစာင္တစ္ခုကိုသူရရွိသြားခဲ့တယ္။ဒါေၾကာင့္ပဲသြားေလွ်ာက္ရင္းထို႐ုံးရဲ႕ေတာက္ တိုမယ္ရပစၥည္းထမ္းပစၥည္းမတခုခုဝယ္ခိုင္းရင္သြားဝယ္ေပးရတဲ့ အလုပ္သမားအျဖစ္လုပ္ခြင့္ရခဲ့တယ္။

ဒါေပမယ့္သူစိတ္မပ်က္ခဲ့ဘူး။ဘာေၾကာင့္လဲဆိုဒီ႐ုံးကဝတၳဳေတြကိုျဖန႔္ခ်ိပုံႏွိပ္တည္းျဖတ္ေပးတဲ့႐ုံးတစ္ခု။ဒီကေနChowဟာဝတၳဳေတြရဲ႕သေဘာတရားခ်ိတ္ဆက္မႈေတြကိုေလ့လာဖတ္ရႈခဲ့တယ္။အခ်ိန္ၾကာလာေတာ့ဒီအလုပ္မွာဆက္လုပ္ေနျခင္းကသူ႔အိမ္မက္အတြက္ဘာမွျဖစ္လာမွာမဟုတ္ေၾကာင္းကိုသိလာခဲ့တယ္။

ဒါေၾကာင့္အလုပ္ကထြက္ၿပီးေဟာင္ေကာင္ၿမိဳ႕ေပၚကစားေသာက္ ဆိုင္တစ္ခုမွာစားပြဲထိုးထပ္လုပ္ခဲ့ပါတယ္။ဒီစားေသာက္ဆိုင္ကေပးတဲ့အခန္းမွာေနရင္းေန႔လည္ပိုင္းေတြကိုTVBဆိုတဲ့႐ုပ္သံလိုင္းတစ္ခုကဖြင့္တဲ့သ႐ုပ္ေဆာင္သင္တန္းကိုတက္ခ်င္လို႔ပါပဲ။ဒါေပမယ့္၉ႀကိမ္တိတိေျဖခဲ့သ႐ုပ္ေဆာင္ျပခဲ့တာေတာင္အရည္အခ်င္ းလုံးဝမရွိဘူးဆိုၿပီးပယ္ခ်ခဲ့ပါတယ္။

” ကိုယ္တိုင္မလုပ္ၾကည့္ဘဲနဲ႔မျဖစ္ႏိုင္ပါဘူးကြာလို႔ေဝဖန္တတ္တဲ့သူေတြကိုကြၽန္ေတာ္ရယ္မိတယ္။မျဖစ္ႏိုင္တာထက္မလုပ္ခ်င္တာကလူတစ္ခ်ိဳ႕အတြက္အေဖာ္ျဖစ္ေနလို႔ပါပဲ ”စတီဗင္ေခ်ာင္
၉ ႀကိမ္အပယ္ခံရၿပီးေနာက္မွာေတာင္ဇြဲမေလ်ာ့လို႔TVB က ဘယ္ေတာ့မွေဖာင္လက္မခံဖို႔အထိလုပ္ခဲ့ပါတယ္။

Chowဟာဒီနည္းလမ္းနဲ႔႐ုပ္ရွင္ေလာကထဲဝင္ဖို႔မျဖစ္ႏိုင္တာကိုသိသြားခဲ့တယ္။ဒါေပမယ့္ဇြဲမေလ်ာ့ဘူး။TVBက႐ုပ္သံဇာတ္လမ္းေတြကို ႐ိုက္ ကူးတဲ့႐ိုက္ကူးေရးအဖြဲ႕ေနာက္ကိုလိုက္ရင္းတစ္ဖြဲ႕လုံးရဲ႕လိုရာခိုင္းဖက္အျဖစ္ထပ္မံလုပ္ခဲ့ပါေတာ့တယ္။

မင္းသားခိုင္းတာအစစက္အဖြဲ႕အထမ္းသမားခိုင္းတာအထိ႐ိုက္ကြင္းတခုလုံးရဲ႕ခိုင္းဖက္အျဖစ္လုပ္ရင္းသူ႐ူးသြပ္တဲ့သ႐ုပ္ေဆာင္တစ္ဦးဘဝကိုလက္ ေတြ႕က်က်ေလ့လာခြင့္ရခဲ့ပါေတာ့တယ္။ဒီအခ်ိန္မွာသူသြားေတြ႕တာကလီခ်ီေဟာင္ဆိုတဲ့အရံမင္းသားတစ္ေယာက္ပါပဲ။

လီခ်ီေဟာင္ကိုေတာက္တိုမယ္ရလုပ္ေပးရင္းခင္မင္လာခဲ့တယ္။လီခ်ီေဟာင္ကဒီလူငယ္ဟာ႐ုပ္ရွင္အေပၚအရမ္း ႐ူးသြပ္မွန္းသိရွိသြားခဲ့ၿပီးTVBကညပိုင္းသင္တဲ့သက္ႀကီးပိုင္းသ႐ုပ္ေဆာင္သင္တန္းတစ္ခုမွာသူတက္ႏိုင္ဖို႔TVB ကိုေျပာေပးခဲ့ပါတယ္။၁၉၈၀ခုႏွစ္သူ႔အသက္၁၈ႏွစ္မွာဒီသင္တန္းကိုတက္ေရာက္ခြင့္ရခဲ့ၿပီးအသက္၂၀ထိ႐ုပ္ရွင္႐ိုက္ကြင္းရဲ႕ေတာက္တိုမယ္ရဘဝနဲ႔လုပ္ခဲ့ရပါတယ္။

၁၉၈၂ခုႏွစ္မွာေတာ့TVB ရဲ႕ဇာတ္လမ္းတစ္ခုျဖစ္တဲ့Semi-Gods and Semi-Devilsဆိုတဲ့ဇာတ္လမ္းတြဲမွာစတင္ပါဝင္ခြင့္ရခဲ့ပါတယ္။ဒါေပမယ့္ေသေပးရတဲ့လူေတြအခန္းနဲ႔ျဖတ္ေလ်ာက္ ၃ ၄ ခန္းပါပဲ။စကားေျပာခန္းတစ္ခုမွမပါပါဘူး။

ဒီလိုနဲ႔Chowဟာ The Legend of Master So/The Emissary/The Old Miao Myth/The Legend of the Condor/Final Justiceစတဲ့ဇာတ္လမ္းတြဲေတြမွာျဖတ္ေလ်ာက္တစ္ခန္းစႏွစ္ခန္းစလူစားထိုးနဲ႔ၿမိဳ႕သူၿမိဳ႕သားေနရာေတြတခါတေလရဲတပ္ဖြဲ႕ကရဲတစ္ဦးအျဖစ္သာပါဝင္ခဲ့ၿပီး ၁၉၈၂ ခုႏွစ္ကေန ၁၉၈၈ ခုႏွစ္အထိ၆ႏွစ္လုံးလုံး႐ုန္းကန္ခဲ့ၿပီးသ႐ုပ္ေဆာင္တစ္ေယာက္ရယ္လို႔ေနရာျပစရာသိပ္မရွိခဲ့တာေတာင္ဇြဲမေလ်ာ့ခဲ့ပါဘူး။

တစ္ခါသူပါတယ္ဆိုတဲ့ဇာတ္လမ္းတြဲကိုအစ္မျဖစ္သူေတြၾကည့္ခ်င္လြန္းလို႔တီဗီံကဒီေန႔ပါႏိုးႏိုးဟိုေန႔ပါႏိုးႏိုးနဲ႔ေစာင့္ၾကည့္ခဲ့ၾကတယ္။သူပါဝင္တဲ့အခန္းဟာဇာတ္လမ္းတြဲစျပၿပီး၇လၾကာမွ၁၃ စကၠန႔္စာသာပါဝင္ခဲ့ပါတယ္။

ဒါေပမယ့္ဒီလို၆ႏွစ္တာဘာေနရာမွမရတာေတာင္အႏုပညာေလာကကိုမစြတဲ့Chowဟာ႐ုပ္ရွင္နယ္ပယ္သားတစ္ခ်ိဳ႕နဲ႔ေတာ့ခင္မင္ခြင့္ရခဲ့ပါတယ္။၁၉၈၃ခုႏွစ္က သူပါဝင္ခဲ့တဲ့Space Shutt 40 ဆိုတဲ့(၅ႏွစ္ခြဲေလာက္ၾကာေအာင္ျပသခဲ့တဲ့)အစီအစဥ္မွာလဲChowန႔္ခဲ့ဟာဒါ႐ိုက္တာတခ်ိဳ႕နဲ႔ ခင္မင္ခြင့္ရခဲ့ပါတယ္။

ဒါကChowရဲ႕ပထမဆုံး႐ုပ္ရွင္ကားFinal Justiceမွာဒုတိယမင္းသားေနရာကေနယမင္းသားႀကီးDanny Leeနဲ႔အတူ ပါဝင္သ႐ုပ္ေဆာင္ဖို႔ျဖစ္လာခဲ့ပါေတာ့တယ္။ဒီကားဟာေဟာင္ေကာင္ေဒၚလာ၅သိန္းမွ်သာသုံးၿပီး၈သန္းအထိအျမတ္ေငြရခဲ့တဲ့ ကားျဖစ္သလို

25th Golden HorseAwards/Hong Kong Film Awards /Best New Performerနဲ႔ေဟာင္ေကာင္႐ုပ္ရွင္ရဲ႕အေကာင္းဆုံးဇာတ္ပို႔ဆုရွင္အျဖစ္စတီဗင္ေခ်ာင္ဟာ ဒုတိယမင္းသားေနရာသာျဖစ္ေပမယ့္ဒီတစ္ကားလုံးရဲ႕လူစိတ္ဝင္စားမႈအမ်ားဆုံးသ႐ုပ္ေဆာင္ျဖစ္ခဲ့ပါေတာ့တယ္။

တ႐ုတ္႐ုပ္ရွင္သမိုင္းမွာဒီလိုသာမာန္ေအာက္ကားတစ္ကားကေနတစ္ႏွစ္တာအတြက္အဓိကဆုႀကီးေတြသိမ္းပိုက္ခဲ့တာအရမ္းထူးဆန္းခဲ့ၾကတာေပါ့။လူအမ်ားအဖို႔စတီဗင္ေခ်ာင္ရဲ႕သ႐ုပ္ ေဆာင္ခ်က္ကဘယ္မင္းသားနဲ႔မွမတူတဲ့ဇာတ္႐ုပ္တစ္ခုကိုျမင္ေတြ႕ခဲ့ရပါတယ္။

အဲ့ဒီေနာက္တစ္ခ်ိဳ႕ကားေတြဇာတ္လမ္းတြဲေတြမွာအရံအျဖစ္ထပ္ပါခဲ့ၿပီးစတီဗင္ေခ်ာင္ဆိုၿပီးထပ္မံေတြ႕ရမယ့္႐ုပ္ရွင္ကားတစ္ကားကို၁၉၈၈ခုႏွစ္မွာပဲေၾကျငာခဲ့ပါတယ္။ဒီကားကေတာ့၁၉၈၉ခုႏွစ္စက္တင္ဘာလမွာ႐ုံတင္ခဲ့တဲ့မင္းသားႀကီး ဂ်က္လီရဲ႕Dragon Fight႐ုပ္ရွင္ကားႀကီးပါပဲ။

ဒီကားမွာ စတီဗင္ေခ်ာင္ဟာဇာတ္ပို႔ေနရာကပါဝင္ခြင့္ရခဲ့ပါတယ္။ဒီကားက Chowေခါင္းေဆာင္မင္းသားျဖစ္ဖို႔လမ္းစရခဲ့ျခင္းပါပဲ။ဒီကား႐ုံမတင္မီေၾကျငာလိုက္တည္းကChowဟာThe Final Combatကားရဲ႕မင္းသားအျဖစ္TBLကေ႐ြးခ်ယ္ခဲ့ပါတယ္။

(၁၉၈၉ ခုႏွစ္မွာပဲ႐ုံတင္ျပသခဲ့တဲ့ဝူရႉးဟာသဇာတ္ကားပါ)။ဒီကားအၿပီးမွာေတာ့စတီဗင္ေခ်ာင္ဆိုတဲ့နာမည္တစ္ခု ေဟာင္ေကာင္႐ုပ္ရွင္ေလာကမွာသတိထားစရာျဖစ္လာခဲ့ပါတယ္။ၾကည့္ၾကည့္ရင္သာမာန္ငေပါ႐ုပ္ေပမယ့္သူ႔ကားၾကည့္ၿပီးမရယ္တဲ့လူမရွိသလိုသူဟာ႐ုပ္ရွင္ေလာကရဲ႕ျဖစ္႐ိုးျဖစ္စဥ္ဟာသျပကြက္ေတြထက္ထူးျခားတဲ့ဟာသလမ္းသစ္တခုကိုတီထြင္တဲ့သူျဖစ္လာခဲ့ပါတယ္။

” သူမ်ားဘာမွားလဲသူမ်ားဘာလုပ္လဲခင္ဗ်ားလိုက္ၾကည့္ေဝဖန္ေနသ၍ခင္ဗ်ားဘာျဖစ္လာမလဲဆိုတဲ့ေမးခြန္းကကြက္လပ္ျဖစ္ေနဦးမွာပဲ။”

စတီဗင္ေခ်ာင္

Fight Back To Schoolဒီကားကိုျပသခဲ့ခ်ိန္ကေဟာင္ေကာင္႐ုပ္ရွင္ေလာကျပာသြားခဲ့တယ္။၁၉၉၁ခုႏွစ္မွာေဟာင္ေကာင္ရဲ႕ Gordon Chanထုတ္လုပ္ေရးကဒီကားကိုအရႈံးေပၚခဲ့ရင္စတီဗင္ေခ်ာင္ကိုမင္းသားစာခ်ဳပ္ဖ်က္သိမ္းမယ္ဆိုၿပီးလုပ္ခဲ့ေပမယ့္ေဟာင္ေကာင္ေဒၚလာ ၄၄ သန္းနီးပါးအထိအျမတ္ေငြရခဲ့ပါတယ္။

ဒီကားမွာရဲတစ္ေယာက္ျဖစ္ေပမယ့္အမႈတစ္ခုကိုလိုက္ဖို႔အတြက္မိမိတက္ခဲ့တဲ့ေက်ာင္းေတာ္ႀကီးထံေက်ာင္းသားအ ေယာင္ေဆာင္ရင္းတစ္ဖန္ျပန္လာခဲ့ခ်ိန္ဆရာမတစ္ဦးနဲ႔ဆုံေတြ႕ခဲ့ပုံသာမာန္ဟာသကားေတြကေနခြဲထြက္လာတဲ့ဟာသအက္ရွင္ကားသစ္တခုအျဖစ္ျမင္ေတြ႕ရမွာပါ။

”အသစ္တစ္ခုကိုေျပာင္းလဲဖန္တီးဖို႔ဘယ္ေတာ့မွမေျပာင္းလဲတဲ့အရာသင့္မွာလိုအပ္တယ္။အဲ့ဒါကကိုယ့္ရည္မွန္းခ်က္ပဲ”

စတီဗင္ေခ်ာင္

”ကိုယ့္ကိုယ္ကိုယ္ႏွိမ့္ခ်ၿပီးရည္မွန္းခ်က္ကိုႀကိဳးစားပါ။ေအာင္ျမင္မႈဆိုတာျမင့္တက္လာပါလိမ့္မယ္။ ”

စတီဗင္ေခ်ာင္

”ေလာကမွာအစြန္းေရာက္ဆိုတာဘယ္အရာမွမၿမဲသလိုဘယ္အရာမွမေကာင္းဘူး။ဘာသာေရးႏိုင္ငံေရးလူမ်ိဳးေရးအႏုပညာဘယ္အရာမွအစြန္းမေရာက္သင့္ဘူး။ဒါေပမယ့္အဆုံးထိႀကိဳးစားတတ္ဖို႔ေတာ့လိုတယ္။ ”

စတီဗင္ေခ်ာင္

ဒီေလာက္ေကာင္းတဲ့ဒႆနေတြကိုဒီလိုဟာသသ႐ုပ္ေဆာင္တစ္ေယာက္ကဘာေၾကာင့္ေျပာႏိုင္ေရးႏိုင္လဲလို႔ကြၽန္ေတာ္အစကသံသယျဖစ္မိတယ္။ေသခ်ာေလ့လာၾကည့္ေတာ့မွစတီဗင္ေခ်ာင္ဟာမင္းသားတစ္ဦးအျပင္စာေရးဆရာတစ္ဦးပါလုပ္ခဲ့သူပါ။

Chowဆိုတဲ့ကေလာင္နာမည္နဲ႔စာအုပ္ေတြထြက္ခဲ့သလိုႏိုင္ငံေရးလူမ်ိဳးေရးဆိုင္ရာစာေတြကိုေရးသားခဲ့ဖူးသူပါ။မၾကာခင္ကထြက္ခဲ့တဲ့The Chow Collectionစာအုပ္ဟာလဲအေမရိကထိ ေရာင္းခ်ႏိုင္ခဲ့သလိုဇာတ္ကားေတြရဲ႕ဇာတ္ၫႊန္းေရးဆရာတစ္ဦးလဲျဖစ္သူပါ။

”နင္ငါ့ကိုမခ်စ္လို႔နင္ေပ်ာ္မယ္ဆိုနင္ေပ်ာ္ဖို႔အတြက္ပဲနင္စဥ္းစားပါ။နင္ငါ့ကိုသစၥာေဖာက္လို႔နင္ေပ်ာ္မယ္ဆိုနင္ေပ်ာ္ဖို႔အတြက္ပဲ နင္စဥ္းစားပါ။ငါနင့္ကိုမ႐ိုက္ဘူးငါနင့္ကို႐ိုက္လိုက္ရင္ငါ့ႏွလုံးသားပဲနာက်င္ရမွာနင္ေပ်ာ္မွာမဟုတ္ဘူး”စတီဗင္ေခ်ာင္ (The Chow Collection)

Chow ရဲ႕ ၁၉၉၂ ေနာက္ပိုင္းကားအမ်ားစုဟာ႐ုပ္ရွင္ေလာကကို အံ့အားသင့္ေစခဲ့ပါတယ္။ဟာသကိုအက္ရွင္နဲ႔ေရာဖန္တီးတဲ့ကားေတြထဲChowရဲ႕ကားအမ်ားစုဟာခြဲထြက္လာတဲ့ပုံစံေတြျဖစ္ခဲ့သလိုRating 6.9 နဲ႔ 9ၾကားအၿမဲရခဲ့ပါတယ္။ဒါ့အျပင္နာမည္ႀကီး Hollywood႐ုပ္ရွင္ကားမ်ားကိုသေရာ္႐ိုက္ကူးခဲ့တဲ့ ကားေတြမွာလဲChowဟာေအာင္ျမင္မႈမ်ားစြာရခဲ့ပါတယ္။

၁၉၉၂ ခုႏွစ္ကထြက္ခဲ့တဲ့ King Of Beggars။ဒီကားဟာလဲ စတီဗင္ေခ်ာင္ရဲ႕Dramaဇာတ္႐ုပ္ပိုင္ႏိုင္မႈကိုဟာသတစ္ခ်ိဳ႕နဲ႔ ေပါင္းစပ္ၿပီးျပသခဲ့ပါတယ္။ဒီကားမွာစာမဖတ္တတ္တဲ့လူႀကီးသားထင္ရာစိုင္းတတ္တဲ့ဇာတ္ေကာင္ေနရာကပါခဲ့ၿပီး

အခ်စ္ကိုေတြ႕ရွိခ်ိန္မွာေတာ့ခ်စ္သူကလူရည္ခြၽန္စာေမးပြဲေအာင္မွစဥ္းစားေပးမယ္ဆိုရာကေနေနာက္ပိုင္းသိုင္းေလာကမွာႀကဳံေတြ႕ရမႈေတြ ဝ႐ုန္းသုန္းကားျဖစ္မႈေတြၾကားDramaဆန္ဆန္Comedyျပကြက္မ်ားနဲ႔ျပသခဲ့တဲ့ကားေကာင္းတစ္ကားပါပဲ။ဒီကားဟာChowရဲ႕ ၁၉၉၀ခုႏွစ္ကAll Of The Winnerကားလိုပဲေအာင္ျမင္မႈမ်ားစြာရခဲ့ပါတယ္။

Tricky Brain–ဒီကားကလည္းၾကည့္ရင္သာမာန္ဟာသကားလို႔ထင္ရေပမယ့္လူလိမ္တေယာက္ရဲ႕႐ိုးသားတဲ့စိတ္ရင္းဗီဇကို ျပသထားတဲ့ကားပါ။သူတတ္တဲ့ပညာနဲ႔ပဲရာဇဝတ္ဂိုဏ္းကိုတိုက္ ခိုက္မႈေတြနဲ႔စတီဗင္ေခ်ာင္ရဲ႕ထုံးစံအတိုင္းခြဲထြက္ထားခဲ့ပါတယ္။

$60 mil Man –ဒီကားကလည္းအထူးေျပာစရာမလိုတဲ့ ၁၉၉၅ခုႏွစ္လိုအခ်ိန္ကေတာင္အေမရိကအထိျပသခြင့္ရခဲ့တဲ့ စတီဗင္ေခ်ာင္ရဲ႕ကားပါ။လက္ရွိဆိုစတီဗင္ေခ်ာင္ဟာ႐ုပ္ရွင္ကား၄၀ ေက်ာ္႐ိုက္ကူးထားခဲ့ၿပီျဖစ္ၿပီးကားတိုင္းကအသြင္တစ္မ်ိဳးစီ Action Drama Comedyအစုံအလင္ပါဝင္ၿပီးဟာသကားေတြေပမယ့္ဘဝအတြက္Messageတစ္ခုအၿမဲထည့္ထားတတ္ပါတယ္။

၁၉၉၉ ခုႏွစ္မွာေခ်ာင္ကိုယ္တိုင္ဒါ႐ိုက္တာလုပ္႐ိုက္ကူးထားေသာ King of Comedyဇာတ္ကားကို႐ုံတင္ျပသခဲ့ၿပီးေဟာင္ေကာင္ေဒၚလာသန္း၄၀ထိရခဲ့တဲ့ကားပါ။ဒါ့အျပင္ Hong Kong Film Awardsဆုႀကီးကိုပါရရွိခဲ့ပါတယ္။

Shaolin Soccerကားဟာစတီဗင္ေခ်ာင္ကိုယ္တိုင္ဇာတ္လမ္းဒါ႐ိုက္တာမင္းသားအျဖစ္ပါဝင္ခဲ့တဲ့ကားတစ္ကားပါ။ဒီကားကို႐ိုက္ကူးေနခ်ိန္၁ပတ္အၾကာမွာမွန္းထားတဲ့ေငြေၾကးနဲ႔သူလုပ္ခ်င္သလိုမျဖစ္ႏိုင္မွန္းသိလို႔Chowကကား႐ိုက္နားလိုက္တယ္။

ဒါေပမယ့္ Chowကိုေစာင့္ၾကည့္ေနတဲ့ Universeထုတ္လုပ္ေရးမွ Rowanကကုန္ခ်င္သေလာက္ကုန္႐ိုက္မယ္ဆိုၿပီးကမ္းလွမ္းလာခဲ့တယ္။Cameoနဲ႔ EffectသုံးမႈSteel Stringအသုံးျပဳမႈ ေရွာင္လင္သိုင္းကိုMagicနဲ႔ေရာစပ္မႈေတာ္ေတာ္ျပည့္ဝတဲ့ကားတစ္ကားပါ။

ဒီကားရဲ႕ Annimationပိုင္းကိုကိုင္ခဲ့တာကလည္းယေန႔႐ုပ္ရွင္သမိုင္းတေလ်ာက္႐ုံတင္ဝင္ေငြအျမင့္ဆုံးကားအျဖစ္သမိုင္း ဝင္ခဲ့တဲ့Avatarကားကိုတာဝန္ယူခဲ့တဲ့Danteတို႔သူငယ္ခ်င္းတစ္စုပါပဲ။ဒီကားဟာစာအုပ္အေနနဲ႔ထြက္လာခ်ိန္မွာပဲအေမရိကန္ရဲ႕Best Seller Comedy Book ျဖစ္ခဲ့ပါတယ္။ထိုအခ်ိန္ကအေမရိကန္ေဒၚလာ၄၂သန္းထိဝင္ေငြရခဲ့သလိုယေန႔ထိဆန္းသစ္ေနတဲ့အားကစားဟာသအက္ရွင္ကားတစ္ကားပါ။

”ကိုယ့္အေပၚ မေကာင္းဘူးဆိုရင္ေတာင္ကိုယ္ကေကာင္းေပးလိုက္ပါ။ကိုယ္ေကာင္းရင္ဘာမွမျဖစ္ေပမယ့္ကိုယ္ပါ မေကာင္းခဲ့ရင္ေတာ့သင္ဟာဉာဏ္နည္းသူတစ္ေယာက္ျဖစ္သြားလိမ့္မယ္။”
”မိသားစု =ကမာၻေပၚမွာအတိုဆုံးနဲ႔အဓိပၸာယ္အရွိဆုံးကဗ်ာတစ္ပုဒ္”ခင္ဗ်ားဘယ္ေလာက္ေတာ္ေၾကာင္းအျခားသူေတြကိုလိုက္ၿပိဳင္လိုက္ရန္ေတြ႕ေနဖို႔မလိုဘူး။ခင္ဗ်ားေတာ္တာမေတာ္တာသူတို႔နဲ႔မဆိုင္ဘူး။ခင္ဗ်ားကိုယ္တိုင္နဲ႔ပဲသက္ဆိုင္တယ္။”

ဒီဒႆနသမားႀကီးရဲ႕စကားေတြကိုတစ္ကားခ်င္းေျပာေနရင္ေတာ့ ကုန္မွာမဟုတ္ဘူး။CJ7လိုသိပၸံကားေတာင္သူကဒါ႐ိုက္တာ ဇာတ္လမ္းမင္းသားလုပ္႐ိုက္ၿပီး Hollywoodထိတိုးႏိုင္ခဲ့တယ္။သူ႔ရဲ႕Brainကသာမာန္ထက္ထူးျခားတယ္ေျပာရမယ္။ဒါေၾကာင့္လဲအာရွရဲ႕Top 10အႏုပညာရွင္ေတြထဲရွာ႐ြတ္ခန္းဂ်က္ကီခ်မ္းဂ်က္လီတို႔နဲ႔အၿပိဳင္ကမာၻကိုတိုးႏိုင္ခဲ့တာေပါ့။

လက္ရွိထြက္ထားတဲ့သူဒါ႐ိုက္တာလုပ္ထားတဲ့The Mermaidဇာတ္ကားဟာလည္းတ႐ုတ္႐ုပ္ရွင္သမိုင္းရဲ႕ဝင္ေငြအေကာင္းဆုံကားအျဖစ္အေမရိကန္ေဒၚလာ ၅၅၃သန္းရထားခဲ့သလိုအာရွရဲ႕ထိပ္တန္းကားတစ္ကားအျဖစ္သမိုင္းဝင္သြားခဲ့ပါၿပီ။

ဒါ့အျပင္အာရွရဲ႕အျမတ္အမ်ားဆုံးရကားရဲ႕ဒါ႐ိုက္တာအျဖစ္ Chow ကဝါရင့္ဒါ႐ိုက္တာႀကီးေတြကိုေက်ာ္ၿပီးရပ္တည္လာခဲ့ပါတယ္။ပထမဆုံး႐ုံတင္တဲ့ေန႔မွာတင္အေမရိကန္ေဒၚဟာ၄၀.၉ သန္းရရွိၿပီးHollywoodရဲ႕ဒိတ္ဒိတ္ႀကဲကားေတြျဖစ္တဲ့F&F 7/ Star War/Jurassic Worldတို႔ကိုေက်ာ္ၿပီးတ႐ုတ္ရဲ႕သမိုင္းတြင္သြားတဲ့ကားႀကီးတစ္ကားပါပဲ။

စတီဗင္ေခ်ာင္ကိုလဲဝါရင့္အဘႀကီးေတြျဖစ္တဲ့ဂ်က္ကီခ်မ္းဂ်က္လီတို႔ကေလးစားခ်ီးက်ဴးခဲ့ၾကတယ္။Journey To The West–ဝူခုန္းလူျပန္ဝင္စားတဲ့ကားႀကီးကလဲထုတ္လုပ္သူဒါ႐ိုက္တာဇာတ္လမ္းစတီဗင္ေခ်ာင္ကအေမရိကန္ေဒၚလာသန္း၂၁၅သန္းထိရယူျပႏိုင္ခဲ့တဲ့ကားႀကီးေပါ့။

၂၀၁၃ခုႏွစ္ရဲ႕ေအာင္ျမင္မႈေတြကိုရယူထားႏိုင္ခဲ့သလိုေနာက္ပိုင္းဒါ႐ိုက္ တာဇာတ္ၫႊန္းဇာတ္လမ္းနဲ႔သာလုပ္ကိုင္လာတဲ့စတီဗင္ေခ်ာင္ကသူ႔တုန္းကႀကိဳးစားမႈေတြကိုပါဝင္တဲ့သ႐ုပ္ေဆာင္ေတြကိုေျပာျပၿပီးRehersalအႀကိမ္၁၀၀မကျပဳလုပ္တတ္လို႔လဲသူနဲ႔႐ိုက္ခ်င္တဲ့မင္းသားမင္းသမီးခပ္ရွားရွားလို႔တ႐ုတ္မွာသတင္းႀကီးေနတဲ့ဒါ ႐ိုက္တာႀကီးေပါ့။

”ကမာၻႀကီးကအက်ယ္ႀကီးပါစၾကဝဠာကပိုက်ယ္တယ္။ဒါေၾကာင့္ဘယ္အလုပ္မဆို႐ိုး႐ိုးေလးပဲေတြးၿပီးလုပ္ပါ။””ေၾကကြဲလို႔ကုန္သြားတဲ့အခ်ိန္ခံစားလို႔ကုန္သြားတဲ့အခ်ိန္ေတြကေနာင္တခ်ိန္ျပန္ေတြးရင္ႏွေျမာစရာေတြျဖစ္သြားတတ္တယ္။ပိုင္ ဆိုင္ထားခ်ိန္မွာအေကာင္းဆုံးေပးဆပ္ပါ။ဒါေတာင္စြန႔္ခြာသြားရင္ ကံတရားကိုအျပစ္တင္လိုက္ပါ။ဆက္အသက္ရွင္ဖို႔ႀကိဳးစားပါ။”

”ကိုယ့္ကိုယ္ကိုဘဝင္မျမင့္မိေစနဲ႔။ကမာၻေျမႀကီးနဲ႔ဖိနပ္နဲ႔ကပ္ေနသ၍ဘဝင္ျမင့္တာနဲ႔က်ရႈံးမွာပဲ”” အခ်စ္ကိုေတြ႕တာနဲ႔သတၱိေတြရလိမ့္မယ္။လက္ရွိဘဝထက္ ပိုႀကိဳးစားခ်င္စိတ္မျဖစ္လာဘူးဆိုသင္အခ်စ္ကိုမေတြ႕ေသးလို႔ပါ။” လူေတြကမင္းကိုပစ္ပယ္လို႔မင္းဘာမွမျဖစ္ဘူး။မင္းကိုယ္မင္းလူေတြရဲ႕စကားေၾကာင့္ပစ္ပယ္မွက်ရႈံးမွာ စတီဗင္ေခ်ာင္

Chow ဟာလက္ရွိမွာေတာ့မင္းသားအျပင္ဇာတ္လမ္းဇာတ္ ၫႊန္းေရးဆရာအႏုပညာအႀကံေပးထုတ္လုပ္သူစာေရးဆရာဒါ႐ိုက္တာဟာသသ႐ုပ္ေဆာင္နည္းျပအျပင္တ႐ုတ္အစိုးရရဲ႕အႀကံေပးအရာရွိအျဖစ္ပါခန႔္အပ္ျခင္းခံထားရသူပါ။

တစ္ခ်ိန္ကေဟာင္ေကာင္ပ်ံက်ေဈးထဲလက္သည္းညႇပ္ေတြလိုက္ေရာင္းရတဲ့ေကာင္ေလးတစ္ေယာက္႐ုပ္ရွင္႐ိုက္ကြင္းကလူတကာခိုင္းဖက္ေတာက္္တိုမယ္ရေကာင္ေလးကအာရွရဲ႕ထိပ္တန္းမင္းသားတစဦးအာရွရဲ႕႐ုပ္ရွင္သမိုင္းမွာဝင္ေငြအေကာင္းဆုံးကားေတြရဲ႕ဒါ႐ိုက္တာအစိုးရရဲ႕အႀကံေပးျဖစ္လာခဲ့ပါၿပီ။

ဒါ့အျပင္Chowဟာ Jade Lifetime/Achievement Awardဆုႀကီးအျပင္Best Actor/Best Director /Asia Pacific Film Best Actor/Blue Ribbon Awards /Amsterdam Fantastic Film Awards/ Golden Horse Awards /LasVegas Film Critics Society Awardsဆုေတြကိုပါရရွိထားသူပါ။

ဆုႀကီးေပါင္း ၂၆ ခုကိုရရွိထားၿပီးကမာၻကေပးတဲ့ဆုမ်ားစြာလည္းရရွိထားခဲ့ပါၿပီ။ဒါ့အျပင္ Stephen Chow ဟာဂ်က္ကီခ်မ္းဂ်က္လီတို႔ကိုပါေက်ာ္ၿပီးတ႐ုတ္အႏုပညာရွင္ေတြထဲအႏုပညာေၾကးအျမင့္ဆုံး The highest paid star of Chinaအျဖစ္၂၀၁၆ ၾသဂုတ္လ ၂၂ ရက္ေန႔ကတရားဝင္ေၾကျငာျခင္းခံခဲ့ရပါတယ္။

”လူေတြကမင္းကိုကဲ့ရဲ႕ေလွာင္ေျပာင္လိမ့္မယ္။အထင္ေသးၾကလိမ့္မယ္။ဒါေပမယ့္မင္းကိုယ္မင္းမကဲ့ရဲ႕မိေစနဲ႔။အထင္မေသးမိေစနဲ႔။မင္းရဲ႕အိမ္မက္ေတြကိုမင္းကိုယ္တိုင္မကဲ့ရဲ႕သင့္ဘူး။ဒါဆို မင္းတစ္ေန႔ေအာင္ျမင္လာလိမ့္မယ္။

စတီဗင္ေခ်ာင္

Nyo Nyo (boomnews)