သက်တမ်းမကုန်သေးတဲ့ ချောကလက်မုန့်ထဲမှာ ပိုးကောင်တွေအများကြီး တွေ့ခဲ့ရတဲ့မိန်းခလေး
သက်တမ်းမကုန်သေးတဲ့ ချောကလက်မုန့်ထဲမှာ ပိုးကောင်တွေအများကြီး တွေ့ခဲ့ရတဲ့မိန်းခလေး။ အစားအသောက်တွေဟာ ဆသသေချာချာ ထုတ်ပိုးထားပေမဲ့ တခါတလေမှာ ကိုယ်ထင်မှတ်မထားတာတွေ ဖြစ်တတ်ပါတယ်။ အထူးသဖြင့် ခလေးတွေအတွက် ပိုပြီးစိုးရိမ်စရာဖြစ်ရပါတယ်။
ကောင်မလေးက ထုတ်ပိုးထားတဲ့ ချောကလက်ကို စားဖို့ဖောက်လိုက်တဲ့အခါ ပိုးတွေနဲ့ပြည့်နေတာကြောင့် ၎င်းကိုမစားခင် ကြည့်ပါဆိုတဲ့ post နဲ့ အင်တာနက်ပေါ်တင်ပြီး Netizens တွေ အပြင်းအထန် ဝေဖန်နေကြတာပါ။ TikTok အသုံးပြုသူတစ်ဦးက ဗီဒီယိုကလစ်တစ်ခု တင်လိုက်တဲ့အခါ အွန်လိုင်းမှာ ဝေဖန်မှုတွေ ရှိလာခဲ့ပါတယ် ။
နာမည်ကြီး ချောကလက်သကြားလုံးတွေကို စားရင်းနဲ့ ထုပ်ပိုးလိုက်တဲ့အခါမှာတော့ အထဲမှာ တစ်ခုခုမှားနေတာကို တွေ့တဲ့အခါ တုန်လှုပ်သွားရပါတယ် ။ Post ပိုင်ရှင်က ညည်းတွားပြီး “ စိတ်ပျက်လွန်းလို့ ထပ်မဝယ်တော့ဘူး။ အစာမစားခင် အရင်စစ်ဆေးကြည့်တာ ကောင်းပါတယ်။ ပိုးကောင်တွေ အများကြီးရှိတယ်။ သက်တမ်းက မကုန်သေးဘဲ အခုလိုပိုးတွေနဲ့ တွေ့တော့ ရှုပ်ထွေးမှုတွေ ဖြစ်စေတယ်။” လို့ ရေးသားခဲ့ပါတယ် ။
ဗီဒီယိုဖိုင်ကို လွှင့်တင်ပြီးနောက်တွင် ဝေဖန်မှုများ ပြင်းထန်ခဲ့ပြီး အစာစားတဲ့အခါ သတိထားရန် သတိပေးချက်များနဲ့အတူ မစားမီ ဂရုတစိုက် သတိပြုရမှာပါ ။
Nyo Nyo (boomnews)
Zawgyi
Nyo Nyo (boomnews)