တစ်ချိန်ချိန်မှာ ပြန်အသက်သွင်းလို့ရအောင် အလောင်းကိုအေးခဲထားပေမယ့် ရုရှားကုမ္ပဏီ

အဲလက်စီဗိုရိုနန်ကော့ဗ်ဟာ ၎င်းရဲ့အသက် (၇၀) အရွယ် မိခင်ကြီး ကွယ်လွန်တုန်းက သူမရဲ့ဦးနှောက်ကို အေးခဲထားဖို့ ကုမ္ပဏီတစ်ခုမှာ အပ်နှံခဲ့ပါတယ်။ ရည်ရွယ်ချက်က တစ်နေ့ သိပ္ပံပညာတွေ ထွန်းကားလာတဲ့အခါ မိခင်ကိုအသက်သွင်းလို့ ရလိုရငြားဆိုပြီးတော့ပါ။

ဒီလိုဝန်ဆောင်မှုမျိုးကို ရုရှားကုမ္ပဏီတစ်ခုဖြစ်တဲ့ KrioRus က ပေးနေတာကို nypost မှတဆင့်သိရပါတယ်။ ကုမ္ပဏီဟာ ဦးနှောက်အပါ လူသေအလောင်း (၇၁) လောင်းကို အေးခဲထားပါတယ်။ အလောင်းတွေကို မပျက်စီးမယိုယွင်းနိုင်အောင် အပူချိန် အနုတ် (၁၉၅) ဒီဂရီ ဆဲလ်ဆီးယက်စ်ပေးထားပါတယ်။ လက်ရှိမှာတော့ သေပြီးသားလူကို သိပ္ပံပညာနဲ့ပြန်ရှင်အောင် လုပ်ဖို့မဖြစ်နိုင်သေးပေမယ့် KrioRus မှာတော့ အလောင်းအပ်ထားသူတွေ ရှိနေတာဖြစ်ပါတယ်။

အဲလက်စီကိုယ်တိုင်ကလည်း တစ်ချိန်မှာသူသေသွားခဲ့ရင် KrioRus မှာပဲ သူ့ရုပ်အလောင်းကို ထားမယ်လို့ ရည်ရွယ်ထားပါတယ်။ Russian Academy of Sciences’s Pseudoscience Commission က အိဗ်ဂျီနီကတော့ ဒီနည်းဟာ သိပ္ပံနည်းလမ်းမကျပဲ စီးပွားရေးအမြတ်ထုတ်ရုံသက်သက်လို့ ဝေဖန်ထားပါတယ်။ လူတွေရဲ့တစ်နေ့မှာ ပြန်လည်ရှင်သန်ရမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ အဆုံးအစမဲ့ဘဝဆိုတာ စိတ်ကူးယဉ်သက်သက်သာ ဖြစ်တယ်လို့လည်း အိဗ်ဂျီနီကဆိုပါသေးတယ်။

KrioRus ရဲ့ဒါရိုက်တာ ဗာလဲရီးယားဟာလည်း သူမရဲ့ (၂၀၀၈) ခုနှစ်တုန်းက သေဆုံးခဲ့တဲ့ ခွေးရဲ့အလောင်းကို KrioRus မှာ အေးခဲထားပါသေးတယ်။ နိုင်ငံပေါင်း (၂၀) က ရာပေါင်းများစွာသောလူတွေဟာ သေဆုံးပြီးနောက် အေးခဲထားမယ့် ဝန်ဆောင်မှုကိုရယူဖို့ လက်မှတ်တွေတောင်ထိုးပြီး နေရာယူထားကြပြီလို့ KrioRus က ဆိုပါတယ်။

အေးခဲဝန်ဆောင်မှုအနေနဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို ထိန်းသိမ်းစရိတ် ဒေါ်လာ (၃၆၀၀၀) ကျသင့်မှာဖြစ်ပြီး ဦးနှောက်ချည်းသက်သက် သိမ်းခိုင်းမယ်ဆိုရင်တော့ ဒေါ်လာ (၁၅၀၀၀) ကျသင့်မှာဖြစ်ပါတယ်။ ဒီဈေးနှုန်းတွေက ရုရှားလူမျိုးတွေအတွက် သီးသန့်ဈေးနှုန်းသာဖြစ်ပြီး နိုင်ငံခြားသားတွေအဖို့တော့ ဒီထက် ဈေးနည်းနည်း ပိုပေးရမယ်လို့သိရပါတယ်။

Nyo Nyo (boomnews)

Zawgyi

အဲလက္စီဗို႐ိုနန္ေကာ့ဗ္ဟာ ၎ရဲ႕အသက္ (၇၀) အ႐ြယ္ မိခင္ႀကီး ကြယ္လြန္တုန္းက သူမရဲ႕ဦးေႏွာက္ကို ေအးခဲထားဖို႔ ကုမၸဏီတစ္ခုမွာ အပ္ႏွံခဲ့ပါတယ္။ ရည္႐ြယ္ခ်က္က တစ္ေန႔ သိပၸံပညာေတြ ထြန္းကားလာတဲ့အခါ မိခင္ကိုအသက္သြင္းလို႔ ရလိုရျငားဆိုၿပီးေတာ့ပါ။

ဒီလိုဝန္ေဆာင္မႈမ်ိဳးကို ႐ုရွားကုမၸဏီတစ္ခုျဖစ္တဲ့ KrioRus က ေပးေနတာကို nypost မွတဆင့္သိရပါတယ္။ ကုမၸဏီဟာ ဦးေႏွာက္အပါ လူေသအေလာင္း (၇၁) ေလာင္းကို ေအးခဲထားပါတယ္။ အေလာင္းေတြကို မပ်က္စီးမယိုယြင္းႏိုင္ေအာင္ အပူခ်ိန္ အႏုတ္ (၁၉၅) ဒီဂရီ ဆဲလ္ဆီးယက္စ္ေပးထားပါတယ္။ လက္ရွိမွာေတာ့ ေသၿပီးသားလူကို သိပၸံပညာနဲ႔ျပန္ရွင္ေအာင္ လုပ္ဖို႔မျဖစ္ႏိုင္ေသးေပမယ့္ KrioRus မွာေတာ့ အေလာင္းအပ္ထားသူေတြ ရွိေနတာျဖစ္ပါတယ္။

အဲလက္စီကိုယ္တိုင္ကလည္း တစ္ခ်ိန္မွာသူေသသြားခဲ့ရင္ KrioRus မွာပဲ သူ႔႐ုပ္အေလာင္းကို ထားမယ္လို႔ ရည္႐ြယ္ထားပါတယ္။ Russian Academy of Sciences’s Pseudoscience Commission က အိဗ္ဂ်ီနီကေတာ့ ဒီနည္းဟာ သိပၸံနည္းလမ္းမက်ပဲ စီးပြားေရးအျမတ္ထုတ္႐ုံသက္သက္လို႔ ေဝဖန္ထားပါတယ္။ လူေတြရဲ႕တစ္ေန႔မွာ ျပန္လည္ရွင္သန္ရမယ္ဆိုတဲ့ ေမွ်ာ္လင့္ခ်က္နဲ႔ အဆုံးအစမဲ့ဘဝဆိုတာ စိတ္ကူးယဥ္သက္သက္သာ ျဖစ္တယ္လို႔လည္း အိဗ္ဂ်ီနီကဆိုပါေသးတယ္။

KrioRus ရဲ႕ဒါ႐ိုက္တာ ဗာလဲရီးယားဟာလည္း သူမရဲ႕ (၂၀၀၈) ခုႏွစ္တုန္းက ေသဆုံးခဲ့တဲ့ ေခြးရဲ႕အေလာင္းကို KrioRus မွာ ေအးခဲထားပါေသးတယ္။ ႏိုင္ငံေပါင္း (၂၀) က ရာေပါင္းမ်ားစြာေသာလူေတြဟာ ေသဆုံးၿပီးေနာက္ ေအးခဲထားမယ့္ ဝန္ေဆာင္မႈကိုရယူဖို႔ လက္မွတ္ေတြေတာင္ထိုးၿပီး ေနရာယူထားၾကၿပီလို႔ KrioRus က ဆိုပါတယ္။

ေအးခဲဝန္ေဆာင္မႈအေနနဲ႔ ခႏၶာကိုယ္တစ္ခုလုံးကို ထိန္းသိမ္းစရိတ္ ေဒၚလာ (၃၆၀၀၀) က်သင့္မွာျဖစ္ၿပီး ဦးေႏွာက္ခ်ည္းသက္သက္ သိမ္းခိုင္းမယ္ဆိုရင္ေတာ့ ေဒၚလာ (၁၅၀၀၀) က်သင့္မွာျဖစ္ပါတယ္။ ဒီေဈးႏႈန္းေတြက ႐ုရွားလူမ်ိဳးေတြအတြက္ သီးသန႔္ေဈးႏႈန္းသာျဖစ္ၿပီး ႏိုင္ငံျခားသားေတြအဖို႔ေတာ့ ဒီထက္ ေဈးနည္းနည္း ပိုေပးရမယ္လို႔သိရပါတယ္။

Nyo Nyo (boomnews)