ထူးခြားတဲ့ မျိုးပွားမှုသဘာဝနဲ့ အသဲယားဖွယ်ရာ ဆူရီနမ်ဖားပြုတ်

ဆူရီနမ်ဖားပြုပ်ဟာ ထူးခြားတဲ့ နေထိုင်မှုဓလေ့ရှိသည့် စိတ်ဝင်စားဖွယ်ကောင်းတဲ့ သတ္တဝါ တမျိုးဖြစ်ပါတယ်။ သေးငယ်တဲ့ မျက်လုံး၊ ခပ်ပြားပြား ခန္ဓာကိုယ်၊ တြိဂံပုံစံ ဦးခေါင်းနဲ့ မွဲခြောက်ခြောက် အရေပြားတို့ကြောင့် ရေထဲမှာ မျောနေတဲ့ သစ်ရွက်နဲ့ မှားလေ့ ရှိကြပါတယ်။

ဆူရီနမ်ဖားပြုပ်များကို တောင်အမေရိကတိုက် ဘိုလီးဗီးယား၊ ကိုလံဘီယာ၊ ဘရာဇီး၊ ဂိုင်ယာနာ၊ အီကွေဒေါတို့တွင် တွေ့ရှိရသော်လည်း မူလတွေ့ရှိခဲ့တဲ့ ဆူရီနမ်နိုင်ငံကို အစွဲပြု၍ ဆူရီနမ်ဖားပြုပ်ဟု ခေါ်ဆိုခဲ့ခြင်း ဖြစ်ပါတယ်။

 

ယင်းဖားပြုပ်များသည် ပူအိုက်စွတ်စိုသော မိုးသစ်တောများနဲ့ စိမ့်မြေဒေသများတွင် အများဆုံး တွေ့ရတဲ့ ကုန်းတပိုင်း ရေတပိုင်းနေ သတ္တဝါ တမျိုးဖြစ်ပါတယ်။

ဆူရီနမ်ဖားပြုပ်၏ လက်ချောင်းများသည် ချွန်ထက်သည့် ပုံစံမျိုး ရှိပြီး အဆိုပါ လက်ချောင်းထိပ်ဖျားတွင် အာရုံခံနိုင်တဲ့ အစိတ်အပိုင်းများ ရှိပါတယ်။ ချွန်ထက်သော လက်ချောင်းများဖြင့် သားကောင်ကို အာရုံခံပြီး ပါးစပ်ဖြင့် စုပ်၍ ဖမ်းယူ စားသောက်လေ့ ရှိပါတယ်။ ဆူရီနမ် ဖားပြုပ်များသည် ငါးသေးလေးများ၊ တီကောင်များ၊ ပုစွန်နဲ့ ခရုငယ်လေးကဲ့သို့ အခွံမာ သတ္တဝါ အသေးစားများကို အဓိက ဖမ်းယူစားသောက်ပြီး တခါတရံတွင် အသေကောင်တချို့ကို စားသောက်တတ်ပါတယ်။

ဆူရီနမ်ဖားပြုပ်တွင် လျှာနဲ့ သွားများ မရှိကြပါဘူး။ ညအချိန်မှာ အစာရှာထွက်လေ့ ရှိပါတယ်။ ယင်းဖားပြုပ်များသည် ရေအောက်တွင်သာ အနေများလေ့ရှိပြီး တခါတလေမှသာ ရေပေါ်ကို တက်လာလေ့ ရှိပါတယ်။ အများအားဖြင့် ငြိမ်သက်စွာ နေတတ်သော မျိုးစိတ်ဖြစ်ပြီး လူကို အန္တရာယ် မပေးနိုင်ပါဘူး။

ဆူရီနမ်ဖားပြုပ်များရဲ့ သက်တမ်းကတော့ ၈ နှစ်မှ ၁၂ နှစ်ကြားမှာ ရှိပြီး ကြည်လင်သန့်ရှင်းသောရေနဲ့ အစာရေစာပေါများတဲ့ စိမ့်စမ်းဒေသများတွင် အချိန်ကြာကြာ အသက်ရှင်နေထိုင်နိုင်ကြပါတယ်။ သူတို့ရဲ့ အထူးဆန်းဆုံး ဓလေ့ကတော့ မျိုးပွားတဲ့ ပုံစံပဲ ဖြစ်ပါတယ်။ သတ္တဝါတွေထဲမှာ အထူးခြားဆုံးလို့တောင် ပြောလို့ရပါတယ်။

မိတ်လိုက်ချိန်ရောက်လာရင် ရေအောက်ထဲမှ ဖားထီးက အသံထွက်အောင် ပြုလုပ်ပြီး ဖားမ သိအောင် ပြုလုပ်လိုက်ပါတယ်။ မိတ်လိုက်ပြီးနောက် ဖားမဟာ ဥရေ ၆၀ ကနေ ၁၀၀ ဝန်းကျင်ခန့် ဥချပါတယ်။ ဥများကို မျိုးအောင်စေရန် ဖားထီးက သုတ်ရည် ဖြန်းပေးပြီးနောက် ဖားမရဲ့ နောက်ကျောကို ကပ်ပေးလိုက်ပါတယ်။ နှစ်ရက်ခန့်ကြာတဲ့ အခါ ဖားမရဲ့ ကျောပေါ်က ဥများကို အကာအကွယ်ပေးရန် ဖားမရဲ့ ကျောအရေပြားများ ပြည့်လာပြီး ပျားလပို့ ပုံစံကဲ့သို့ ဖြစ်သွားပါတယ်။

ဥများသည် ဖားမကျောပေါ်တွင် သားလောင်းနှင့် ဖားလောင်း အဆင့်များ အလိုက် ကပ်တွယ်နေပြီး ဖားလောင်းအဆင့်မှ ဖားငယ်အဖြစ်သို့ ကူးပြောင်းမှသာ ဖားမရဲ့ ကျောပေါ်ကနေ ထွက်ခွာသွားတာ ဖြစ်ပါတယ်။ ဖားငယ်များ အားလုံး ထွက်ခွာပြီးရင်‌တော့ ဖားမက ကျောပေါ်တွင် တွယ်ကပ်နေတဲ့ သားလောင်းအုံ အရေပြားကို ဖယ်ရှားပစ်ကာ နောက်ထပ် မိတ်လိုက်ဖို့အတွက် ထပ်မံကြိုးပမ်းလေ့ ရှိပါတယ်။

သဘာဝရဲ့ ထူးခြားဆန်းပြားမှုတွေကတော့ အံ့ဩဖို့ အလွန်ကောင်းပါတယ်။ ယခု ဆူရီနမ်ဖားပြုပ်ရဲ့ သဘာဝက အသည်းယားစရာလည်း ကောင်းသလို ဘဝဖြစ်တည်ဖို့အတွက် ထူးခြားတဲ့ ပုံစံတခုဖြစ်လို့ ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ် ခင်ဗျာ။

Nyo Nyo (boomnews)

Zawgyi

ဆူရီနမ္ဖားျပဳပ္ဟာ ထူးျခားတဲ့ ေနထိုင္မႈဓေလ့ရွိသည့္ စိတ္ဝင္စားဖြယ္ေကာင္းတဲ့ သတၱဝါ တမ်ိဳးျဖစ္ပါတယ္။ ေသးငယ္တဲ့ မ်က္လုံး၊ ခပ္ျပားျပား ခႏၶာကိုယ္၊ ႀတိဂံပုံစံ ဦးေခါင္းနဲ႔ မြဲေျခာက္ေျခာက္ အေရျပားတို႔ေၾကာင့္ ေရထဲမွာ ေမ်ာေနတဲ့ သစ္႐ြက္နဲ႔ မွားေလ့ ရွိၾကပါတယ္။

ဆူရီနမ္ဖားျပဳပ္မ်ားကို ေတာင္အေမရိကတိုက္ ဘိုလီးဗီးယား၊ ကိုလံဘီယာ၊ ဘရာဇီး၊ ဂိုင္ယာနာ၊ အီေကြေဒါတို႔တြင္ ေတြ႕ရွိရေသာ္လည္း မူလေတြ႕ရွိခဲ့တဲ့ ဆူရီနမ္ႏိုင္ငံကို အစြဲျပဳ၍ ဆူရီနမ္ဖားျပဳပ္ဟု ေခၚဆိုခဲ့ျခင္း ျဖစ္ပါတယ္။

ယင္းဖားျပဳပ္မ်ားသည္ ပူအိုက္စြတ္စိုေသာ မိုးသစ္ေတာမ်ားနဲ႔ စိမ့္ေျမေဒသမ်ားတြင္ အမ်ားဆုံး ေတြ႕ရတဲ့ ကုန္းတပိုင္း ေရတပိုင္းေန သတၱဝါ တမ်ိဳးျဖစ္ပါတယ္။

ဆူရီနမ္ဖားျပဳပ္၏ လက္ေခ်ာင္းမ်ားသည္ ခြၽန္ထက္သည့္ ပုံစံမ်ိဳး ရွိၿပီး အဆိုပါ လက္ေခ်ာင္းထိပ္ဖ်ားတြင္ အာ႐ုံခံႏိုင္တဲ့ အစိတ္အပိုင္းမ်ား ရွိပါတယ္။ ခြၽန္ထက္ေသာ လက္ေခ်ာင္းမ်ားျဖင့္ သားေကာင္ကို အာ႐ုံခံၿပီး ပါးစပ္ျဖင့္ စုပ္၍ ဖမ္းယူ စားေသာက္ေလ့ ရွိပါတယ္။ ဆူရီနမ္ ဖားျပဳပ္မ်ားသည္ ငါးေသးေလးမ်ား၊ တီေကာင္မ်ား၊ ပုစြန္နဲ႔ ခ႐ုငယ္ေလးကဲ့သို႔ အခြံမာ သတၱဝါ အေသးစားမ်ားကို အဓိက ဖမ္းယူစားေသာက္ၿပီး တခါတရံတြင္ အေသေကာင္တခ်ိဳ႕ကို စားေသာက္တတ္ပါတယ္။

ဆူရီနမ္ဖားျပဳပ္တြင္ လွ်ာနဲ႔ သြားမ်ား မရွိၾကပါဘူး။ ညအခ်ိန္မွာ အစာရွာထြက္ေလ့ ရွိပါတယ္။ ယင္းဖားျပဳပ္မ်ားသည္ ေရေအာက္တြင္သာ အေနမ်ားေလ့ရွိၿပီး တခါတေလမွသာ ေရေပၚကို တက္လာေလ့ ရွိပါတယ္။ အမ်ားအားျဖင့္ ၿငိမ္သက္စြာ ေနတတ္ေသာ မ်ိဳးစိတ္ျဖစ္ၿပီး လူကို အႏၲရာယ္ မေပးႏိုင္ပါဘူး။

ဆူရီနမ္ဖားျပဳပ္မ်ားရဲ႕ သက္တမ္းကေတာ့ ၈ ႏွစ္မွ ၁၂ ႏွစ္ၾကားမွာ ရွိၿပီး ၾကည္လင္သန႔္ရွင္းေသာေရနဲ႔ အစာေရစာေပါမ်ားတဲ့ စိမ့္စမ္းေဒသမ်ားတြင္ အခ်ိန္ၾကာၾကာ အသက္ရွင္ေနထိုင္ႏိုင္ၾကပါတယ္။ သူတို႔ရဲ႕ အထူးဆန္းဆုံး ဓေလ့ကေတာ့ မ်ိဳးပြားတဲ့ ပုံစံပဲ ျဖစ္ပါတယ္။ သတၱဝါေတြထဲမွာ အထူးျခားဆုံးလို႔ေတာင္ ေျပာလို႔ရပါတယ္။

မိတ္လိုက္ခ်ိန္ေရာက္လာရင္ ေရေအာက္ထဲမွ ဖားထီးက အသံထြက္ေအာင္ ျပဳလုပ္ၿပီး ဖားမ သိေအာင္ ျပဳလုပ္လိုက္ပါတယ္။ မိတ္လိုက္ၿပီးေနာက္ ဖားမဟာ ဥေရ ၆၀ ကေန ၁၀၀ ဝန္းက်င္ခန႔္ ဥခ်ပါတယ္။ ဥမ်ားကို မ်ိဳးေအာင္ေစရန္ ဖားထီးက သုတ္ရည္ ျဖန္းေပးၿပီးေနာက္ ဖားမရဲ႕ ေနာက္ေက်ာကို ကပ္ေပးလိုက္ပါတယ္။ ႏွစ္ရက္ခန႔္ၾကာတဲ့ အခါ ဖားမရဲ႕ ေက်ာေပၚက ဥမ်ားကို အကာအကြယ္ေပးရန္ ဖားမရဲ႕ ေက်ာအေရျပားမ်ား ျပည့္လာၿပီး ပ်ားလပို႔ ပုံစံကဲ့သို႔ ျဖစ္သြားပါတယ္။

ဥမ်ားသည္ ဖားမေက်ာေပၚတြင္ သားေလာင္းႏွင့္ ဖားေလာင္း အဆင့္မ်ား အလိုက္ ကပ္တြယ္ေနၿပီး ဖားေလာင္းအဆင့္မွ ဖားငယ္အျဖစ္သို႔ ကူးေျပာင္းမွသာ ဖားမရဲ႕ ေက်ာေပၚကေန ထြက္ခြာသြားတာ ျဖစ္ပါတယ္။ ဖားငယ္မ်ား အားလုံး ထြက္ခြာၿပီးရင္‌ေတာ့ ဖားမက ေက်ာေပၚတြင္ တြယ္ကပ္ေနတဲ့ သားေလာင္းအုံ အေရျပားကို ဖယ္ရွားပစ္ကာ ေနာက္ထပ္ မိတ္လိုက္ဖို႔အတြက္ ထပ္မံႀကိဳးပမ္းေလ့ ရွိပါတယ္။

သဘာဝရဲ႕ ထူးျခားဆန္းျပားမႈေတြကေတာ့ အံ့ဩဖို႔ အလြန္ေကာင္းပါတယ္။ ယခု ဆူရီနမ္ဖားျပဳပ္ရဲ႕ သဘာဝက အသည္းယားစရာလည္း ေကာင္းသလို ဘဝျဖစ္တည္ဖို႔အတြက္ ထူးျခားတဲ့ ပုံစံတခုျဖစ္လို႔ ေဖာ္ျပေပးလိုက္ရတာ ျဖစ္ပါတယ္ ခင္ဗ်ာ။

Nyo Nyo (boomnews)