Solar တပ်တဲ့သူတွေ သတိထားသင့်ပါတယ် (Solar System အကြောင်း တစေ့တစောင်း)

Solar system တစ်ခုဟာ Watt ချင်းတူရင် မီးစက်တစ်လုံး ဝယ်သုံးတာထက်ပိုပြီး ကုန်ကျစရိတ်များပေမယ့် ရေရှည်တွက်မယ်ဆိုရင် ဆိုလာကအများကြီး တွက်ခြေကိုက်ပါတယ်။

Solar system မှာ ပထမဆုံး သိသင့်တာက solar panel ပါ။ လက်ရှိ solar panel မှာ Poly, Mono, Thinflim solar ရယ်ဆိုပြီး သုံးမျိုးရှိပါတယ်။ Thinflim solar က အကောင်းဆုံး ဆိုပေမယ့် စျေးများတယ် အသုံးနည်းတယ်။ Satellite တွေမှာလောက်ပဲ အသုံးများကြပါတယ်။ Poly နဲ့ Mono က အသုံးအများဆုံးပါ။

Poly က အရည်ကြိုထားတဲ့ silicon crystal ကနေထုတ်ပြီး၊ Mono ကတော့ သန့်စင်ထားတဲ့ silicon ကနေ ထုတ်ပါတယ်။ အလွယ်ခွဲလို့ရတာက poly ဆို အပြာရောင်အကွက်နဲ့ mono ဆို အမည်းရောင် နက်ပြာရောင်ဆိုပြီး တွေ့ရပါတယ်။ Poly solar တွေရဲ့ အကွက်အရောင်တွေက မညီညာဖူး mono ကတော့ တစ်ညီတစ်ညာတည်းပါ။

Poly တွေက ရေးထားတဲ့ watt ရဲ့ 70% လောက်ပဲထွက်ပြီး၊ Mono ကတော့ 99% လောက်ထိထုတ်ပေးပါတယ်။ (စျေးကလည်း အနည်းငယ်လောက် ပိုများတယ်)။ Warranty အနေနဲ့ poly ကို 15 years လောက်ပေးတယ်၊ Mono ဆို 25 years လောက်ထိ ပေးပါတယ် (ဒါတောင် မပျက်စီးသေးပါဘူး power efficiency လျော့သွားတာမျိုးပဲ ရှိပါသေးတယ်)။

အတွင်းထဲမှာပါတဲ့ bypass diode တွေအကြောင်းလည်း သိသင့်တယ်ဗျ။ အဲ့ diode တွေက ဆိုလာအလုပ်လုပ်အောင်ဆိုတာထက် အရိပ်ကျတဲ့အခါ ကျော်ပြီးထုတ်ပေးနိုင်အောင်နဲ့ battery က reverse ပြန်ထွက်တာကို ထိန်းနိုင်အောင် တပ်ထားတာပါ။ Diode တွေအကုန်ဖြုတ်ပြီး မောင်းရင်လည်း cell တစ်ခုမပျက်စီးရင် ပုံမှန်အတိုင်း ထွက်ပါတယ်။ တစ်ခုရှိတာက ခုနောက်ပိုင်း ဆိုလာတွေမှာ cell အတုတွေပါလာတာပါ။ အလုပ်မလုပ်တဲ့ cell တွေကို bypass diode နဲ့ ကျော်ပြီးပေးထားပါတယ်။ ဒီတော့ ရေးထားတဲ့ watt နဲ့ တကယ်ထွက်တာက အတော်ကြီး ကွာပါတယ် ဂျင်းတွေပေါ့ဗျာ။

Solar ဝယ်မယ်ဆို တကယ် warrenty ရှိပြီးသား brand ကိုဝယ်သုံးပါ။ brand ကိုစိတ်မချရင် solar tester နဲ့ စမ်းပြီး watt ပြည့်မပြည့် တိုင်းပြီးဝယ်တာ အဆင်အပြေဆုံးပါပဲ။ Solar cable တွေကတော့ အနည်းဆုံး ဆယ်စုနှစ်တစ်ခုစာ သုံးရမှာဖြစ်လို့ အသေအချာ ရွေးဝယ်သင့်ပါတယ်။ သူက ရိုးရိုးမီးကြိုးတွေနဲ့ တပ်မရပါဘူး။ Solar ကြိုးတွေက efficiency အမြင့်ဆုံးရအောင်ကော ရာသီဥတုဒဏ်ခံအောင် ထုတ်ထားပါတယ်။ Copper 9 9% ပါတဲ့ကြိုးတွေကိုမှ အပေါ်က ငွေရည်စိမ်ပေးထားပါတယ်။ ကြိုးတွေက ငွေရောင်ပါ ကြေးခြစ်လိုက်မှ ကြေးရောင်ထွက်ပါတယ်။

နောက်တစ်ခုကတော့ solar system မှာအရေးအကြီးဆုံး controller ပါ သူက နှစ်မျိုးရှိပါတယ် PWM (Pulse Width Modulation) နဲ့ MPPT (Maximum Power Point Tracking) controller တွေပါ။ PWM ကတော့ battery ကို ဘယ်အချိန်သွင်းမယ် ဘယ်လောက်သွင်းမယ် ဘယ်အချိန်ရပ်မယ် ဆိုတာလောက်ကို အဓိကထားပါတယ်။ PV ကနေလာတဲ့ power ကို တိုးမြှင့်ပေးတာမရှိပါ။

Mppt ကတော့ pv ရဲ့ power ကို တိုးမြှင့်လုပ်ဆောင်ပေးပါတယ်။ မိုးရွာနေတဲ့ အချိန်တွေမှာတောင် power ကို အမြင့်ဆုံးရအောင် လုပ်ထားပေးနိုင်ပါတယ် inverter စျေးထက်တောင်ကြီးတဲ့ mppt တွေရှိပါတယ်။ တကယ်သုံးမယ်ဆိုရင်တော့ MPPT ကို ရွေးပါ။

နောက်မှာတော့ inverter ကတော့ ပုံစံသုံးမျိုးရှိပါတယ်။ ဒါက solargrid system နဲ့ ဆိုင်ပါတယ်။ Ongrid Offgrid နဲ့ hybrid ပါ။ On grid ကတော့ မီးအမြဲရတဲ့နေရာတွေ (မီးမပျက်) လျှပ်စစ်မီးရော solar ရောတွဲသုံးတဲ့ ပုံစံပါ။ Backup အတွက် battery မပါပါ။ Solar ကထွက်တဲ့ power ကပိုနေရင် main grid ပြန်ပို့ပေးပြီး သုံးတာက solar power ထက်များရင် maingrid ကနေ လိုသလောက် ယူသုံးပေးပါတယ်။

Off grid ကတော့ solar ရယ် battery ရယ်ပဲသုံးပါတယ်။ မီးလာနေရင်မီးနဲ့သုံးပြီး မီးမရရင် solar ကနေသုံးတယ်။ ညဘက်လိုမျိုးဆို backup ထားတဲ့ battery ကနေပြန်သုံးပါတယ်။ Hybird ကတော့ အထက်ကနှစ်မျိုးကိုပေါင်းထားတာမျိုးပါ ဒါပေမဲ့ ဒီမှာက မီးပျက်တော့ မီးအားကို main grid ဆီပြန်ပို့မရပါဘူး။

ဘယ်အမျိုးအစား inverter မျိုး သုံးသုံး puresine wave ဖြစ်ဖို့လိုအပ်ပါတယ်။ modified sinewave ဆိုရေးထားတဲ့ watt ရဲ့ တစ်ဝက်ပဲ သုံးလို့ရမယ်။ Freezer တွေ aircon တွေ motor တွေသုံးမယ်ဆို Peakpower မြင့်တဲ့ low frequency puresine wave တွေဝယ်ရပါမယ်။ Battery မှာတော့ leadacid နှစ်မျိုး၊ Nomalplate, tubeller tall, Gel type, Calcium battery, Nicad နီကယ်-ကက်၊ Lifepo4 ဆိုပြီးထွက်ပါတယ်။

Nomalplate battery တွေက solarsystem မှာ သုံးမရပါဖူး ကျတော်တို့ဆီမှာ သုံးနေတဲ့ ကားအိုး 3K toyo အစရှိတာတွေပါ။ ဆိုလာနဲ့သုံးရင် တစ်နှစ်ဆိုတာ အလွန်ဆုံးပါ။ Solar နဲ့ သုံးမယ်ဆို အနည်းဆုံး tubeller tall ကနေစသုံးရပါမယ်။ ပြီးရင် gel type deepcycle တွေ Lifepo4 တွေကတော့ solar နဲ့ အသင့်တော်ဆုံးပါ။

Charge rate မြင့်သလို peak power လည်း မြင့်တယ်။ ရိုးရိုး leadacid 200A တစ်လုံးနဲ့ယှဉ်ကြည့်ရင် Lifepo4 100A တစ်လုံးက အသုံးပိုခံတယ်။ စျေးနဲ့ တွက်ရင်များပေမယ့် ငါးနှစ်လောက် စိတ်ချလက်ချသုံးရမယ် ပျက်စီးခဲ့ရင်တောင် လိုတဲ့ cell တစ်ချင်းပဲ လဲလို့ရမယ် ဒီလိုအားသာချက်တွေ ရှိပါတယ်။

Credit – Ko Wai Yan

Zawgyi

Solar system တစ္ခုဟာ Watt ခ်င္းတူရင္ မီးစက္တစ္လုံး ဝယ္သုံးတာထက္ပိုၿပီး ကုန္က်စရိတ္မ်ားေပမယ့္ ေရရွည္တြက္မယ္ဆိုရင္ ဆိုလာကအမ်ားႀကီး တြက္ေျခကိုက္ပါတယ္။

Solar system မွာ ပထမဆုံး သိသင့္တာက solar panel ပါ။ လက္ရွိ solar panel မွာ Poly, Mono, Thinflim solar ရယ္ဆိုၿပီး သုံးမ်ိဳးရွိပါတယ္။ Thinflim solar က အေကာင္းဆုံး ဆိုေပမယ့္ ေစ်းမ်ားတယ္ အသုံးနည္းတယ္။ Satellite ေတြမွာေလာက္ပဲ အသုံးမ်ားၾကပါတယ္။ Poly နဲ႔ Mono က အသုံးအမ်ားဆုံးပါ။

Poly က အရည္ႀကိဳထားတဲ့ silicon crystal ကေနထုတ္ၿပီး၊ Mono ကေတာ့ သန္႔စင္ထားတဲ့ silicon ကေန ထုတ္ပါတယ္။ အလြယ္ခြဲလို႔ရတာက poly ဆို အျပာေရာင္အကြက္နဲ႔ mono ဆို အမည္းေရာင္ နက္ျပာေရာင္ဆိုၿပီး ေတြ႕ရပါတယ္။ Poly solar ေတြရဲ႕ အကြက္အေရာင္ေတြက မညီညာဖူး mono ကေတာ့ တစ္ညီတစ္ညာတည္းပါ။

Poly ေတြက ေရးထားတဲ့ watt ရဲ႕ 70% ေလာက္ပဲထြက္ၿပီး၊ Mono ကေတာ့ 99% ေလာက္ထိထုတ္ေပးပါတယ္။ (ေစ်းကလည္း အနည္းငယ္ေလာက္ ပိုမ်ားတယ္)။ Warranty အေနနဲ႔ poly ကို 15 years ေလာက္ေပးတယ္၊ Mono ဆို 25 years ေလာက္ထိ ေပးပါတယ္ (ဒါေတာင္ မပ်က္စီးေသးပါဘူး power efficiency ေလ်ာ့သြားတာမ်ိဳးပဲ ရွိပါေသးတယ္)။

အတြင္းထဲမွာပါတဲ့ bypass diode ေတြအေၾကာင္းလည္း သိသင့္တယ္ဗ်။ အဲ့ diode ေတြက ဆိုလာအလုပ္လုပ္ေအာင္ဆိုတာထက္ အရိပ္က်တဲ့အခါ ေက်ာ္ၿပီးထုတ္ေပးႏိုင္ေအာင္နဲ႔ battery က reverse ျပန္ထြက္တာကို ထိန္းႏိုင္ေအာင္ တပ္ထားတာပါ။ Diode ေတြအကုန္ျဖဳတ္ၿပီး ေမာင္းရင္လည္း cell တစ္ခုမပ်က္စီးရင္ ပုံမွန္အတိုင္း ထြက္ပါတယ္။ တစ္ခုရွိတာက ခုေနာက္ပိုင္း ဆိုလာေတြမွာ cell အတုေတြပါလာတာပါ။ အလုပ္မလုပ္တဲ့ cell ေတြကို bypass diode နဲ႔ ေက်ာ္ၿပီးေပးထားပါတယ္။ ဒီေတာ့ ေရးထားတဲ့ watt နဲ႔ တကယ္ထြက္တာက အေတာ္ႀကီး ကြာပါတယ္ ဂ်င္းေတြေပါ့ဗ်ာ။

Solar ဝယ္မယ္ဆို တကယ္ warrenty ရွိၿပီးသား brand ကိုဝယ္သုံးပါ။ brand ကိုစိတ္မခ်ရင္ solar tester နဲ႔ စမ္းၿပီး watt ျပည့္မျပည့္ တိုင္းၿပီးဝယ္တာ အဆင္အေျပဆုံးပါပဲ။ Solar cable ေတြကေတာ့ အနည္းဆုံး ဆယ္စုႏွစ္တစ္ခုစာ သုံးရမွာျဖစ္လို႔ အေသအခ်ာ ေ႐ြးဝယ္သင့္ပါတယ္။ သူက ႐ိုး႐ိုးမီးႀကိဳးေတြနဲ႔ တပ္မရပါဘူး။ Solar ႀကိဳးေတြက efficiency အျမင့္ဆုံးရေအာင္ေကာ ရာသီဥတုဒဏ္ခံေအာင္ ထုတ္ထားပါတယ္။ Copper 9 9% ပါတဲ့ႀကိဳးေတြကိုမွ အေပၚက ေငြရည္စိမ္ေပးထားပါတယ္။ ႀကိဳးေတြက ေငြေရာင္ပါ ေၾကးျခစ္လိုက္မွ ေၾကးေရာင္ထြက္ပါတယ္။

ေနာက္တစ္ခုကေတာ့ solar system မွာအေရးအႀကီးဆုံး controller ပါ သူက ႏွစ္မ်ိဳးရွိပါတယ္ PWM (Pulse Width Modulation) နဲ႔ MPPT (Maximum Power Point Tracking) controller ေတြပါ။ PWM ကေတာ့ battery ကို ဘယ္အခ်ိန္သြင္းမယ္ ဘယ္ေလာက္သြင္းမယ္ ဘယ္အခ်ိန္ရပ္မယ္ ဆိုတာေလာက္ကို အဓိကထားပါတယ္။ PV ကေနလာတဲ့ power ကို တိုးျမႇင့္ေပးတာမရွိပါ။

Mppt ကေတာ့ pv ရဲ႕ power ကို တိုးျမႇင့္လုပ္ေဆာင္ေပးပါတယ္။ မိုး႐ြာေနတဲ့ အခ်ိန္ေတြမွာေတာင္ power ကို အျမင့္ဆုံးရေအာင္ လုပ္ထားေပးႏိုင္ပါတယ္ inverter ေစ်းထက္ေတာင္ႀကီးတဲ့ mppt ေတြရွိပါတယ္။ တကယ္သုံးမယ္ဆိုရင္ေတာ့ MPPT ကို ေ႐ြးပါ။

ေနာက္မွာေတာ့ inverter ကေတာ့ ပုံစံသုံးမ်ိဳးရွိပါတယ္။ ဒါက solargrid system နဲ႔ ဆိုင္ပါတယ္။ Ongrid Offgrid နဲ႔ hybrid ပါ။ On grid ကေတာ့ မီးအၿမဲရတဲ့ေနရာေတြ (မီးမပ်က္) လွ်ပ္စစ္မီးေရာ solar ေရာတြဲသုံးတဲ့ ပုံစံပါ။ Backup အတြက္ battery မပါပါ။ Solar ကထြက္တဲ့ power ကပိုေနရင္ main grid ျပန္ပို႔ေပးၿပီး သုံးတာက solar power ထက္မ်ားရင္ maingrid ကေန လိုသေလာက္ ယူသုံးေပးပါတယ္။

Off grid ကေတာ့ solar ရယ္ battery ရယ္ပဲသုံးပါတယ္။ မီးလာေနရင္မီးနဲ႔သုံးၿပီး မီးမရရင္ solar ကေနသုံးတယ္။ ညဘက္လိုမ်ိဳးဆို backup ထားတဲ့ battery ကေနျပန္သုံးပါတယ္။ Hybird ကေတာ့ အထက္ကႏွစ္မ်ိဳးကိုေပါင္းထားတာမ်ိဳးပါ ဒါေပမဲ့ ဒီမွာက မီးပ်က္ေတာ့ မီးအားကို main grid ဆီျပန္ပို႔မရပါဘူး။

ဘယ္အမ်ိဳးအစား inverter မ်ိဳး သုံးသုံး puresine wave ျဖစ္ဖို႔လိုအပ္ပါတယ္။ modified sinewave ဆိုေရးထားတဲ့ watt ရဲ႕ တစ္ဝက္ပဲ သုံးလို႔ရမယ္။ Freezer ေတြ aircon ေတြ motor ေတြသုံးမယ္ဆို Peakpower ျမင့္တဲ့ low frequency puresine wave ေတြဝယ္ရပါမယ္။ Battery မွာေတာ့ leadacid ႏွစ္မ်ိဳး၊ Nomalplate, tubeller tall, Gel type, Calcium battery, Nicad နီကယ္-ကက္၊ Lifepo4 ဆိုၿပီးထြက္ပါတယ္။

Nomalplate battery ေတြက solarsystem မွာ သုံးမရပါဖူး က်ေတာ္တို႔ဆီမွာ သုံးေနတဲ့ ကားအိုး 3K toyo အစရွိတာေတြပါ။ ဆိုလာနဲ႔သုံးရင္ တစ္ႏွစ္ဆိုတာ အလြန္ဆုံးပါ။ Solar နဲ႔ သုံးမယ္ဆို အနည္းဆုံး tubeller tall ကေနစသုံးရပါမယ္။ ၿပီးရင္ gel type deepcycle ေတြ Lifepo4 ေတြကေတာ့ solar နဲ႔ အသင့္ေတာ္ဆုံးပါ။

Charge rate ျမင့္သလို peak power လည္း ျမင့္တယ္။ ႐ိုး႐ိုး leadacid 200A တစ္လုံးနဲ႔ယွဥ္ၾကည့္ရင္ Lifepo4 100A တစ္လုံးက အသုံးပိုခံတယ္။ ေစ်းနဲ႔ တြက္ရင္မ်ားေပမယ့္ ငါးႏွစ္ေလာက္ စိတ္ခ်လက္ခ်သုံးရမယ္ ပ်က္စီးခဲ့ရင္ေတာင္ လိုတဲ့ cell တစ္ခ်င္းပဲ လဲလို႔ရမယ္ ဒီလိုအားသာခ်က္ေတြ ရွိပါတယ္။

Credit – Ko Wai Yan