မြွေချစ်တဲ့သူတွေအတွက် မြွေတွေနဲ့အနှိပ်ခံရမယ့် အစ္စရေးနိုင်ငံက မြွေ Spa

မြွေချစ်တဲ့သူတွေအတွက် မြွေတွေနဲ့အနှိပ်ခံရမယ့် အစ္စရေးနိုင်ငံက မြွေ Spa။ ကျန်းမာရေးနဲ့ အလှအပအတွက် ဝန်ဆောင်မှုပေးမယ့် အစ္စရေးနိုင်ငံ spa တစ်ခုကတော့ ဆိုင်ကိုလာရောက်မယ့် ဧည့်သည်တွေအတွက် တုန်လှုပ်ခြောက်ခြားစရာပါ။ သူပေးမယ့် ဝန်ဆောင်မှုက ပုံမှန် Spa တွေနဲ့မတူတဲ့ မြွေနဲ့ နှိပ်နယ်ေပးမယ့် (Snake Spa)ပါ။

မြွေကြောက်တဲ့ သူတွေအတွက်ဆိုရင်တော့ တကယ့်ကို အသည်းတယားယား ဖြစ်စေမယ့် နေရာတစ်ခုဖြစ်ပါတယ်။ပိုင်ရှင်ကတော့ Ada Barak ဆိုသူဖြစ်ပြီး တည်နေရာကတော့ အစ္စရေးမြောက်ပိုင်း မှာဖြစ်ပါတယ်။

AdaBarak ဟာ ကယ်လီဖိုးနီးယန်းနဲ့ ဖလော်ရီဒါမြွေဘုရင်တွေ၊milksnakes နဲ့ cornsnake တွေကို အသုံးပြုကာ သူမရဲ့ Spa မှာဝန်ဆောင်မှု ပေးတာဖြစ်ပါတယ်။ မြွေနဲ့အနှိပ်ခံတာဟာအထိအတွေ့ ခံစားမှုပိုကောင်းသလို ပိုပြီးတော့ လူကို သက်သောင့်သက်သာ အပမ်းပြေစေတယ်လို့ ဆိုပါတယ်။

မြွေတွေက ကိုင်ကြည့်ရင် နူးညံံ့မှုခံစားချက်ကို ရတာကို တွေးမိပြီး မြွေနဲ့နှိပ်ဖို့စိတ်ကူးရခဲ့တာပါ။ တစ်ချို့သိပ္ပံဆိုင်ရာ ဖော်ပြချက်တစ်ချို့မှာတော့ snake massage ကိုလူတွေရဲ့ ဟော်မုန်းဓါတ်အတွက် အကျိုးကျေးဇူးရှိတယ်လို့ ဖော်ပြခဲ့ကြတာေတွရှိပါတယ်။ တစ်ခါအနှိပ်ခံမယ်ဆိုရင်တော့ အမေရိကန်ဒေါ်လာ (၈၀)ခန့် ကျသင့်မှာဖြစ်ပါတယ်။

မြွေနဲ့အနှိပ်ခံတယ်ဆိုတာဟာ တကယ်တော့ မြွေတွေကိုကျောဘက်၊ ကျောရိုးနဲ့ မျက်နှာပေါ်မှာ တင်ထားရတာဖြစ်ပါတယ်။ Spa ကိုလာတဲ့ တစ်ချို့လူတွေကတော့ မြွေတွေကိုကိုင်ထားရတာဟာ ပျော်စရာကောင်းပြီး သက်သောင့်သက်သာရှိကာအပမ်းပြေစေတယ်လို့ ဆိုပါတယ် ။ အေးအေးလေးနဲ့ နေလို့ ကောင်းတယ်လို့ ပြောကြသူတွေလည်း ရှိပါတယ် ။ မြွေနဲ့အနှိပ်ခံနေစဉ်မှာလည်း ဘေးကနေ guide တစ်ယောက် ထားပေးထားတယ်လို့ သိရပါတယ်။

မြွေရဲ့အရွယ်အစားဟာ snake massage ရဲ့ အဓိကကျတဲ့အပိုင်းဖြစ်ပြီး မြွေအကောင်ကြီးလေ အကြောပြေလေ လို့သိရပါတယ်။ မြွေ Spa ကို ခန္ဓာကိုယ်ရောစိတ်ပါ မကျန်းမာကြသူတွေ အထီးကျန်စိတ်ဝေဒနာသည်တွေ စိတ်ဖိစီးမှုဖြေဖျောက်ချင်သူတွေ ပျော်ချင်ကြသူ အစရှိတဲ့လူအမျိုးမျိုးက ရည်ရွယ်ချက်အမျိုးမျိုးနဲ့ လာကြတယ်လို့သိရပါတယ်။Snake massage Service တွေကို အစ္စရေးနိုင်ငံ တစ်နိုင်ငံတည်းမှာသာမက ဖိလစ်ပိုင်၊အင်ဒိုနီးရှားနဲ့ထိုင်း အစရှိတဲ့ နိုင်ငံတွေမှာလည်း ရနိုင်တယ်လို့ သိရပါတယ်။

Nyo Nyo (boomnews)

Zawgyi

ေႁမြခ်စ္တဲ့သူေတြအတြက္ ေႁမြေတြနဲ႔အႏွိပ္ခံရမယ့္ အစၥေရးႏိုင္ငံက ေႁမြ Spa။ က်န္းမာေရးနဲ႔ အလွအပအတြက္ ဝန္ေဆာင္မႈေပးမယ့္ အစၥေရးႏိုင္ငံ spa တစ္ခုကေတာ့ ဆိုင္ကိုလာေရာက္မယ့္ ဧည့္သည္ေတြအတြက္ တုန္လႈပ္ေျခာက္ျခားစရာပါ။ သူေပးမယ့္ ဝန္ေဆာင္မႈက ပုံမွန္ Spa ေတြနဲ႔မတူတဲ့ ေႁမြနဲ႔ ႏွိပ္နယ္ေပးမယ့္ (Snake Spa)ပါ။

ေႁမြေၾကာက္တဲ့ သူေတြအတြက္ဆိုရင္ေတာ့ တကယ့္ကို အသည္းတယားယား ျဖစ္ေစမယ့္ ေနရာတစ္ခုျဖစ္ပါတယ္။ပိုင္ရွင္ကေတာ့ Ada Barak ဆိုသူျဖစ္ၿပီး တည္ေနရာကေတာ့ အစၥေရးေျမာက္ပိုင္း မွာျဖစ္ပါတယ္။

AdaBarak ဟာ ကယ္လီဖိုးနီးယန္းနဲ႔ ဖေလာ္ရီဒါေႁမြဘုရင္ေတြ၊milksnakes နဲ႔ cornsnake ေတြကို အသုံးျပဳကာ သူမရဲ႕ Spa မွာဝန္ေဆာင္မႈ ေပးတာျဖစ္ပါတယ္။ ေႁမြနဲ႔အႏွိပ္ခံတာဟာအထိအေတြ႕ ခံစားမႈပိုေကာင္းသလို ပိုၿပီးေတာ့ လူကို သက္ေသာင့္သက္သာ အပမ္းေျပေစတယ္လို႔ ဆိုပါတယ္။

ေႁမြေတြက ကိုင္ၾကည့္ရင္ ႏူးညံံ့မႈခံစားခ်က္ကို ရတာကို ေတြးမိၿပီး ေႁမြနဲ႔ႏွိပ္ဖို႔စိတ္ကူးရခဲ့တာပါ။ တစ္ခ်ိဳ႕သိပၸံဆိုင္ရာ ေဖာ္ျပခ်က္တစ္ခ်ိဳ႕မွာေတာ့ snake massage ကိုလူေတြရဲ႕ ေဟာ္မုန္းဓါတ္အတြက္ အက်ိဳးေက်းဇူးရွိတယ္လို႔ ေဖာ္ျပခဲ့ၾကတာေတြရွိပါတယ္။ တစ္ခါအႏွိပ္ခံမယ္ဆိုရင္ေတာ့ အေမရိကန္ေဒၚလာ (၈၀)ခန႔္ က်သင့္မွာျဖစ္ပါတယ္။

ေႁမြနဲ႔အႏွိပ္ခံတယ္ဆိုတာဟာ တကယ္ေတာ့ ေႁမြေတြကိုေက်ာဘက္၊ ေက်ာ႐ိုးနဲ႔ မ်က္ႏွာေပၚမွာ တင္ထားရတာျဖစ္ပါတယ္။ Spa ကိုလာတဲ့ တစ္ခ်ိဳ႕လူေတြကေတာ့ ေႁမြေတြကိုကိုင္ထားရတာဟာ ေပ်ာ္စရာေကာင္းၿပီး သက္ေသာင့္သက္သာရွိကာအပမ္းေျပေစတယ္လို႔ ဆိုပါတယ္ ။ ေအးေအးေလးနဲ႔ ေနလို႔ ေကာင္းတယ္လို႔ ေျပာၾကသူေတြလည္း ရွိပါတယ္ ။ ေႁမြနဲ႔အႏွိပ္ခံေနစဥ္မွာလည္း ေဘးကေန guide တစ္ေယာက္ ထားေပးထားတယ္လို႔ သိရပါတယ္။

ေႁမြရဲ႕အ႐ြယ္အစားဟာ snake massage ရဲ႕ အဓိကက်တဲ့အပိုင္းျဖစ္ၿပီး ေႁမြအေကာင္ႀကီးေလ အေၾကာေျပေလ လို႔သိရပါတယ္။ ေႁမြ Spa ကို ခႏၶာကိုယ္ေရာစိတ္ပါ မက်န္းမာၾကသူေတြ အထီးက်န္စိတ္ေဝဒနာသည္ေတြ စိတ္ဖိစီးမႈေျဖေဖ်ာက္ခ်င္သူေတြ ေပ်ာ္ခ်င္ၾကသူ အစရွိတဲ့လူအမ်ိဳးမ်ိဳးက ရည္႐ြယ္ခ်က္အမ်ိဳးမ်ိဳးနဲ႔ လာၾကတယ္လို႔သိရပါတယ္။Snake massage Service ေတြကို အစၥေရးႏိုင္ငံ တစ္ႏိုင္ငံတည္းမွာသာမက ဖိလစ္ပိုင္၊အင္ဒိုနီးရွားနဲ႔ထိုင္း အစရွိတဲ့ ႏိုင္ငံေတြမွာလည္း ရႏိုင္တယ္လို႔ သိရပါတယ္။

Nyo Nyo (boomnews)