လူနာရဲ့အသက်ကိုကယ်ဖို့ ဖခင်ရဲ့နောက်ဆုံးအချိန် လက်လွှတ်ခဲ့တဲ့ လေးစားဖွယ်ရာ ဆရာဝန်ကြီး
respected doctor who missed his father’s last chance to save the patient’s life. The story of a beautiful heart doctor who put philanthropy ahead of selfishness is popular on the internet.
On the other hand, the last time your beloved father was On the one hand, your professional work; it was a difficult decision to make in this difficult situation. This was reported in the Oriental Daily.
The cardiologist is Zhang Xinzhi, 55 years old. I am from Anhui Province, China. Zhang went to see his father, who was very ill and at the end of his life.
Unfortunately, he was informed that he needed to have an operation. The father, who was at the end of the session, nodded and allowed his son to go to the patient with an understanding smile. While preparing for surgery in the operating room, I heard that my father had died.
Dr. Zhang managed to control his personal feelings and operated calmly in the operating room. When she left the operating room after the two-hour operation, she burst into tears.
Zhang’s news spread immediately and the public praised him, but Zhang said other doctors would make the same decision. The father said in an interview that he hoped he could understand why he could not stay with her at the last minute because he knew he was a doctor whom patients relied on.
Nyo Nyo (boomnews)
လူနာရဲ့အသက်ကိုကယ်ဖို့ ဖခင်ရဲ့နောက်ဆုံးအချိန် လက်လွှတ်ခဲ့တဲ့ လေးစားဖွယ်ရာ ဆရာဝန်ကြီး။ အတ္တဟိတထက် ပရဟိတကို ပိုဦးစားပေးခဲ့တဲ့ နှလုံးလှဆရာဝန်တစ်ယောက်ရဲ့အကြောင်းဟာ အင်တာနက်ပေါ်မှာ နာမည်ကြီးနေပါတယ်။
တစ်ဖက်မှာ ကိုယ်ချစ်ရတဲ့ မွေးဖခင်ရဲ့ နောက်ဆုံးအချိန်၊ တစ်ဖက်မှာက ကိုယ့်ရဲ့ Professional အလုပ်၊ ဒီလိုဝေခွဲရခက်တဲ့အခြေအနေမှာ ခက်ခဲတဲ့ဆုံးဖြတ်ချက်ကိုချခဲ့တာပါ။ ဒီအကြောင်းကိုတော့ Oriental Daily မှာဖော်ပြထားတာပါ။
နှလုံးလှဆရာဝန်ရဲ့ နာမည်ကတော့ ZhangXinzhi ဖြစ်ပြီး အသက်ကတော့ (၅၅)နှစ်ပါ။ တရုတ်နိုင်ငံ Anhui ပြည်နယ်ကပါ။ အသည်းအသန် နေမကောင်းဖြစ်နေပြီး နောက်ဆုံးအချိန်ကို ရောက်နေတဲ့ဖခင်ဆီကို Zhang တစ်ယောက် သွားကြည့်ခဲ့ပါတယ်။
ဒါပေမယ့် ကံဆိုးစွာနဲ့ပဲ ခွဲစိတ်မှုတစ်ခုလုပ်ဖို့လိုအပ်လို့ လာခဲ့ပါလို့ အကြောင်းကြားတာကို ခံခဲ့ရပါတယ်။ နောက်ဆုံးအချိန်ကိုရောက်နေတဲ့ ဖခင်ကလည်း သားဖြစ်သူကို နားလည်ပေးတဲ့အပြုံးနဲ့ ခေါင်းညိတ်ပြီးလူနာဆီကို သွားဖို့ခွင့်ပြုပေးခဲ့ပါတယ်။ ခွဲခန်းထဲမှာ ခွဲစိတ်ဖို့ပြင်ဆင်နေချိန်မှာပဲ ဖခင်ဖြစ်သူ ဆုံးသွားပြီဆိုတဲ့ သတင်းကို ကြားခဲ့ရပါတယ်။
ဒေါက်တာ Zhang ကတော့ Personal Feeling ကို ထိန်းချုပ်ပြီး ခွဲခန်းထဲမှာ တည်ငြိမ်စွာခွဲစိတ်ပေးခဲ့ပါတယ်။ (၂)နာရီကြာမြင့်ခဲ့တဲ့ ခွဲစိတ်မှုအပြီး ခွဲခန်းထဲကထွက်လာချိန်မှာတော့ မျက်ရည်တွေကျပြီးငိုကြွေးခဲ့ပါတယ်။
Zhang ရဲ့သတင်းဟာ ချက်ချင်းလိုပဲပျံ့နှံ့သွားပြီး ပြည်သူတွေကသူ့ကို ချီးကျူးပြောဆိုခဲ့ပေမယ့် Zhang ကတော့ တခြားဆရာဝန်တွေဆိုရင်လည်း သူ့နေရာမှာဆိုရင် ဒီလိုဆုံးဖြတ်မှာဖြစ်ကြောင်း၊ ဖခင်ဖြစ်သူအနေနဲ့ကလည်း သူ့ဟာလူနာတွေအားထားရတဲ့ ဆရာဝန်တစ်ယောက်ဆိုတာကို သိတဲ့အတွက် နောက်ဆုံးအချိန်မှာ အနားမှာနေမပေးနိုင်ခဲ့တာကို နားလည်ပေးနိုင်မယ်လို့ မျှော်လင့်ကြောင်း အင်တာဗျူးတစ်ခုမှာ ဖြေခဲ့ပါတယ်။
Nyo Nyo (boomnews)
Zawgyi
Nyo Nyo (boomnews)