မင်္ဂလာဦးညမှာ သတို့သမီးကို ပြုကျင့်ဖို့ကြိုးစားတဲ့ သတို့သားအရံ အဖမ်းခံရ

မင်္ဂလာဦးညမှာ သတို့သမီးကို ပြုကျင့်ဖို့ကြိုးစားတဲ့ သတို့သာူအရံ အဖမ်းခံရ။ သတို့သမီးကို အချောင်ဝင်နှိုက်တဲ့သတို့သားအရံကို အပြစ်ရှိကြောင်းအမိန့်ချမှတ်လိုက်ပါတယ်။ ၂၀၁၆ ခုနှစ်ကဖြစ်ခဲ့တဲ့ အမှုပါ။ အခုမှအပြစ်ရှိကြောင်း အမိန့်ချတာပါ။ သတို့သမီးနာမည်ကို ကာကွယ်ဖို့ အမည်တွေကို ဖျောက်ထားပါတယ်တဲ့။

ဖြစ်ပုံက မင်္ဂလာဦးညမှာ မင်္ဂလာပွဲပြီးတော့ သတို့သားအရံနဲ့ သတိုးသမီးအရံတွေကို မင်္ဂလာစုံတွဲရဲ့ Bridal suite အခန်းမှာ after-party ပွဲလေးလုပ်ပေးသတဲ့။ အဲ့ဒါမှာအစားအသောက်အပြင် အရက်သေစာလည်းပါတယ်တဲ့။ မင်္ဂလာပွဲကထက် ပို​သောက်ဖြစ်သတဲ့။ သိတဲ့အတိုင်း သတို့သားနဲ့သတိုးသမီးကို အတင်းတိုက်ကြတာနေမှာပေါ့။

မနက် ၁ နာရီလောက်မှာ သတို့သမီးကပင်ပန်းပြီး ရေဝင်ချိုးကာ အိပ်ခန်းထဲဝင်အိပ်သတဲ့။ အဲ့အချိန်အထိ အပြင်ကလူတွေကသောက်တာစားတာ မပြီးသေးဘူး။ မနက် ၃ နာရီမှာ ပါတီပွဲပြီးပြီး အားလုံးပြန်ကြသတဲ့။ အဲ့ဒီမှာစောနက သတို့သားအရံကောင်က မပြန်ပဲကျန်နေခဲ့သတဲ့။ အဲ့ဒီသတို့သားအရံက အခုအသက် ၄၀ ကျော်ပြီ။ အဲ့ဒီတုန်းက အသက်ဘယ်လောက် ရှိလဲမသိဘူး။ အိမ်ထောင်တော့ရှိတယ်တဲ့။ အဲ့ဒီအချိန်မှာ သတို့သားက ဧည့်ခန်းထဲက ဆိုဖာပေါ်မှာအိပ်ပျော်နေတယ်။

သတို့သမီးကမနက် ၆ နာရီလောက်မှာ လန့်နိုးလာတယ်။ တစ်ယောက်ယောက်က ရင်သားနဲ့ အရှက်ကိုလာကိုင်တာကို သိလိုက်သတဲ့။ သတို့သမီးစိတ်ထဲမှာ နောက်ကျပေမယ့် မန်ယူကတကယ်ဂိုးသွင်းတော့မယ်ထင်ပြီး ရင်တွေခုန်နေတာပေါ့။ နောက်တော့မန်ယူ ဘာအချိုးချိုးနေတာလဲ မသိတာနဲ့ စကားပြောလိုက်သတဲ့။ ရေချိုးပြီး ဘေးမှာဝင်အိပ်လို့ပြောလိုက်တာတဲ့။

သူအဲ့လိုစကားပြောလိုက်တိုင်းမှာ ဟိုကောင်က ထမင်းကြော်ကြော်နေတာ ရပ်ရပ်သွားသတဲ့။ ပြီးမှခရီးပြန်ပြန်ဆက်သတဲ့။ အဲ့ဒီအချိန်မှာ သတို့သမီးက ဟိုကောင်ဂျင်းဘောင်းဘီဝတ်ထားတာကို သတိပြုမိသွားပြီး သတို့သားမဟုတ်ဘူးလို့တော့ထင်သတဲ့။ အခန်းက မှောင်မည်းနေလို့ ဘာမှမမြင်ရတာရယ်၊ အဲ့အချိန်မှာ သတို့သားပဲဖြစ်မယ်လို့ ထင်နေတဲ့အတွက် ဇဝေဇဝါဖြစ်နေသတဲ့။

အချိန်အနည်းငယ်ကြာတဲ့အချိန်မှာ ပိုမသင်္ကာဖြစ်လာပြီး အတင်းထကြည့်ဖို့ ကြိုးစားတယ်တဲ့။ ဒါပေမဲ့ဟိုကောင့်မျက်နှာကို မမြင်ရဘူး။ အဲ့ဒီမှာသတို့သမီးက ကြောက်လာပြီး အခန်းအပြင်ထွက်လိုက်တဲ့အချိန်မှာ သတို့သားကို ဆိုဖာပေါ်မှာအိပ်ပျော်နေတာကိုတွေ့ရသတဲ့။ အဲ့ဒီအချိန်မှာ ဟိုကောင်ကအခန်းထဲက ထွက်လာပြီး သတို့သားကို စကားပြောသတဲ့။ အဲ့ဒီအချိန်မှာ သတို့သမီးက အဲ့ကောင်အပေါ်င်္ကျီဝတ်မထားပဲ ဂျင်းဘောင်းဘီပဲ ဝတ်ထားတာကို တွေ့ရသတဲ့။

အဲ့မှာသတို့သမီးက နင်ငါ့ကိုကိုင်တယ်လို့ပြောတဲ့အချိန်မှာ ဟိုကောင်က အစကငြင်းသတဲ့။ နောက်တော့ အဲ့ဒီအကောင်က သတို့သားကို သူကိုင်တာမှန်ကြောင်း၊ အပေါ်ပိုင်းပဲပါပြီး အောက်ပိုင်း မပါကြောင်းပြောသတဲ့။ သတို့သားက အဲ့ဒီအကောင်ကို မင်းအိမ်ပြန်တော့လို့ပြောတဲ့အချိန်မှာ သတို့သမီးကရဲတိုင်ဖို့ဆုံးဖြတ်လိုက်တာတဲ့။

ဒီနေ့ဒီအချိန်မှာ သတို့သားနဲ့သတို့သမီးက ကွာရှင်းပြီးပြီ။ ဘယ်တုန်းကကွာရှင်းတာလဲဆိုတာ တရားရုံးစာရွက်စာတမ်းထဲမှာ မပါဘူး။ ဟိုကောင်က တရားရုံးမှာ ဘယ်လိုထွက်ဆိုသလဲဆိုတော့ သူကွင်းမှားသွားတာပါတဲ့။ သူ့စိတ်ထဲမှာ အိမ်ပြန်ရောက်ပြီး သူ့အိမ်ကွင်းမှာ ကန်နေတယ်ထင်သွားတာတဲ့။

သူကသူ့မိန်းမနဲ့မှားပြီး ရင်ဘတ်တော့ကိုင်မိပေမယ့် ကျန်တာဘာမှ မလုပ်ဘူးလို့ ငြင်းသတဲ့။ သတို့သမီးဆီက စကားသံကြားတဲ့အခါမှာ သူ့မိန်းမအသံမဟုတ်ဘူးလို့သိပြီး ကြည့်လိုက်တဲ့အခါမှာ သတို့သမီးဖြစ်နေတာကို အံ့ဩစွာတွေ့လိုက်ရသတဲ့။

သူ့အပြောကတော့ သူကအခန်းအပြင်ထွက်သွားပြီး သတို့သားကိုသွားနှိုးတယ်။ လူမှားပြီး ရင်ဘတ်ကိုင်မိကြောင်းပြောတော့ သတို့သားက ဒီကိစ္စသူကြည့်ရှင်းလိုက်မယ်ပြောသတဲ့။တရားသူကြီးကတော့ ဒီကောင့်ထွက်ဆိုချက်ကို အယုံအကြည်မရှိဘူးတဲ့။ လူမှားတယ်ဆိုတာ ယုတ္တိမတန်ဘူးလို့ဆိုတယ်။

အခုလောလောဆယ် အပြစ်ရှိကြောင်း အမိန့်ချထားပြီး ပြစ်ဒဏ်ကိုတော့ ဇူလိုင်လထဲမှာချမှတ်လိမ့်မယ်။ ကိုယ်သာတရားသူကြီးဆိုရင် အမှုနှစ်မှုနဲ့ ပြစ်ဒဏ်ကြီးကြီးချတယ်။ တစ်မှုက ကြားဝင်ဆွဲဖို့ကြိုးစားမှု။

RichardMyoThant
3-Jun-2022

Zawgyi

မဂၤလာဦးညမွာ သတို႔သမီးကို ျပဳက်င့္ဖို႔ႀကိဳးစားတဲ့ သတို႔သာူအရံ အဖမ္းခံရ။ သတို႔သမီးကို အေခ်ာင္ဝင္ႏႈိက္တဲ့သတို႔သားအရံကို အျပစ္ရွိေၾကာင္းအမိန႔္ခ်မွတ္လိုက္ပါတယ္။ ၂၀၁၆ ခုႏွစ္ကျဖစ္ခဲ့တဲ့ အမႈပါ။ အခုမွအျပစ္ရွိေၾကာင္း အမိန႔္ခ်တာပါ။ သတို႔သမီးနာမည္ကို ကာကြယ္ဖို႔ အမည္ေတြကို ေဖ်ာက္ထားပါတယ္တဲ့။

ျဖစ္ပုံက မဂၤလာဦးညမွာ မဂၤလာပြဲၿပီးေတာ့ သတို႔သားအရံနဲ႔ သတိုးသမီးအရံေတြကို မဂၤလာစုံတြဲရဲ႕ Bridal suite အခန္းမွာ after-party ပြဲေလးလုပ္ေပးသတဲ့။ အဲ့ဒါမွာအစားအေသာက္အျပင္ အရက္ေသစာလည္းပါတယ္တဲ့။ မဂၤလာပြဲကထက္ ပို​ေသာက္ျဖစ္သတဲ့။ သိတဲ့အတိုင္း သတို႔သားနဲ႔သတိုးသမီးကို အတင္းတိုက္ၾကတာေနမွာေပါ့။

မနက္ ၁ နာရီေလာက္မွာ သတို႔သမီးကပင္ပန္းၿပီး ေရဝင္ခ်ိဳးကာ အိပ္ခန္းထဲဝင္အိပ္သတဲ့။ အဲ့အခ်ိန္အထိ အျပင္ကလူေတြကေသာက္တာစားတာ မၿပီးေသးဘူး။ မနက္ ၃ နာရီမွာ ပါတီပြဲၿပီးၿပီး အားလုံးျပန္ၾကသတဲ့။ အဲ့ဒီမွာေစာနက သတို႔သားအရံေကာင္က မျပန္ပဲက်န္ေနခဲ့သတဲ့။ အဲ့ဒီသတို႔သားအရံက အခုအသက္ ၄၀ ေက်ာ္ၿပီ။ အဲ့ဒီတုန္းက အသက္ဘယ္ေလာက္ ရွိလဲမသိဘူး။ အိမ္ေထာင္ေတာ့ရွိတယ္တဲ့။ အဲ့ဒီအခ်ိန္မွာ သတို႔သားက ဧည့္ခန္းထဲက ဆိုဖာေပၚမွာအိပ္ေပ်ာ္ေနတယ္။

သတို႔သမီးကမနက္ ၆ နာရီေလာက္မွာ လန႔္ႏိုးလာတယ္။ တစ္ေယာက္ေယာက္က ရင္သားနဲ႔ အရွက္ကိုလာကိုင္တာကို သိလိုက္သတဲ့။ သတို႔သမီးစိတ္ထဲမွာ ေနာက္က်ေပမယ့္ မန္ယူကတကယ္ဂိုးသြင္းေတာ့မယ္ထင္ၿပီး ရင္ေတြခုန္ေနတာေပါ့။ ေနာက္ေတာ့မန္ယူ ဘာအခ်ိဳးခ်ိဳးေနတာလဲ မသိတာနဲ႔ စကားေျပာလိုက္သတဲ့။ ေရခ်ိဳးၿပီး ေဘးမွာဝင္အိပ္လို႔ေျပာလိုက္တာတဲ့။

သူအဲ့လိုစကားေျပာလိုက္တိုင္းမွာ ဟိုေကာင္က ထမင္းေၾကာ္ေၾကာ္ေနတာ ရပ္ရပ္သြားသတဲ့။ ၿပီးမွခရီးျပန္ျပန္ဆက္သတဲ့။
အဲ့ဒီအခ်ိန္မွာ သတို႔သမီးက ဟိုေကာင္ဂ်င္းေဘာင္းဘီဝတ္ထားတာကို သတိျပဳမိသြားၿပီး သတို႔သားမဟုတ္ဘူးလို႔ေတာ့ထင္သတဲ့။ အခန္းက ေမွာင္မည္းေနလို႔ ဘာမွမျမင္ရတာရယ္၊ အဲ့အခ်ိန္မွာ သတို႔သားပဲျဖစ္မယ္လို႔ ထင္ေနတဲ့အတြက္ ဇေဝဇဝါျဖစ္ေနသတဲ့။

အခ်ိန္အနည္းငယ္ၾကာတဲ့အခ်ိန္မွာ ပိုမသကၤာျဖစ္လာၿပီး အတင္းထၾကည့္ဖို႔ ႀကိဳးစားတယ္တဲ့။ ဒါေပမဲ့ဟိုေကာင့္မ်က္ႏွာကို မျမင္ရဘူး။ အဲ့ဒီမွာသတို႔သမီးက ေၾကာက္လာၿပီး အခန္းအျပင္ထြက္လိုက္တဲ့အခ်ိန္မွာ သတို႔သားကို ဆိုဖာေပၚမွာအိပ္ေပ်ာ္ေနတာကိုေတြ႕ရသတဲ့။ အဲ့ဒီအခ်ိန္မွာ ဟိုေကာင္ကအခန္းထဲက ထြက္လာၿပီး သတို႔သားကို စကားေျပာသတဲ့။ အဲ့ဒီအခ်ိန္မွာ သတို႔သမီးက အဲ့ေကာင္အေပၚက်ႌဝတ္မထားပဲ ဂ်င္းေဘာင္းဘီပဲ ဝတ္ထားတာကို ေတြ႕ရသတဲ့။

အဲ့မွာသတို႔သမီးက နင္ငါ့ကိုကိုင္တယ္လို႔ေျပာတဲ့အခ်ိန္မွာ ဟိုေကာင္က အစကျငင္းသတဲ့။ ေနာက္ေတာ့ အဲ့ဒီအေကာင္က သတို႔သားကို သူကိုင္တာမွန္ေၾကာင္း၊ အေပၚပိုင္းပဲပါၿပီး ေအာက္ပိုင္း မပါေၾကာင္းေျပာသတဲ့။ သတို႔သားက အဲ့ဒီအေကာင္ကို မင္းအိမ္ျပန္ေတာ့လို႔ေျပာတဲ့အခ်ိန္မွာ သတို႔သမီးကရဲတိုင္ဖို႔ဆုံးျဖတ္လိုက္တာတဲ့။

ဒီေန႔ဒီအခ်ိန္မွာ သတို႔သားနဲ႔သတို႔သမီးက ကြာရွင္းၿပီးၿပီ။ ဘယ္တုန္းကကြာရွင္းတာလဲဆိုတာ တရား႐ုံးစာ႐ြက္စာတမ္းထဲမွာ မပါဘူး။ ဟိုေကာင္က တရား႐ုံးမွာ ဘယ္လိုထြက္ဆိုသလဲဆိုေတာ့ သူကြင္းမွားသြားတာပါတဲ့။ သူ႔စိတ္ထဲမွာ အိမ္ျပန္ေရာက္ၿပီး သူ႔အိမ္ကြင္းမွာ ကန္ေနတယ္ထင္သြားတာတဲ့။

သူကသူ႔မိန္းမနဲ႔မွားၿပီး ရင္ဘတ္ေတာ့ကိုင္မိေပမယ့္ က်န္တာဘာမွ မလုပ္ဘူးလို႔ ျငင္းသတဲ့။ သတို႔သမီးဆီက စကားသံၾကားတဲ့အခါမွာ သူ႔မိန္းမအသံမဟုတ္ဘူးလို႔သိၿပီး ၾကည့္လိုက္တဲ့အခါမွာ သတို႔သမီးျဖစ္ေနတာကို အံ့ဩစြာေတြ႕လိုက္ရသတဲ့။

သူ႔အေျပာကေတာ့ သူကအခန္းအျပင္ထြက္သြားၿပီး သတို႔သားကိုသြားႏႈိးတယ္။ လူမွားၿပီး ရင္ဘတ္ကိုင္မိေၾကာင္းေျပာေတာ့ သတို႔သားက ဒီကိစၥသူၾကည့္ရွင္းလိုက္မယ္ေျပာသတဲ့။တရားသူႀကီးကေတာ့ ဒီေကာင့္ထြက္ဆိုခ်က္ကို အယုံအၾကည္မရွိဘူးတဲ့။ လူမွားတယ္ဆိုတာ ယုတၱိမတန္ဘူးလို႔ဆိုတယ္။

အခုေလာေလာဆယ္ အျပစ္ရွိေၾကာင္း အမိန႔္ခ်ထားၿပီး ျပစ္ဒဏ္ကိုေတာ့ ဇူလိုင္လထဲမွာခ်မွတ္လိမ့္မယ္။ ကိုယ္သာတရားသူႀကီးဆိုရင္ အမႈႏွစ္မႈနဲ႔ ျပစ္ဒဏ္ႀကီးႀကီးခ်တယ္။ တစ္မႈက ၾကားဝင္ဆြဲဖို႔ႀကိဳးစားမႈ။

RichardMyoThant
3-Jun-2022