NUG ရဲ့ နောက်ခြေလှမ်းတခု ပွဲကတော့လှပြီ

လူတဦးခြင်းအလိုက် နာမည်တပ်ပြီး တရားစွဲလို့ရတဲ့ နိုင်ငံတကာစစ်ခုံရုံးလို့ လူသိများတဲ့ ICC မှာ
ICC အဖွဲ့ဝင်နိုင်ငံမဟုတ်တဲ့ နိုင်ငံတွေအနေနဲ့ နို်င်ငံတွင်းဖြစ်ပျက်နေတဲ့ လူမျိုးသုဉ်းသတ်ဖြတ်မူ လူသားမျိုးနွယ်စုတွေအပေါ် ကျူးလွန်တဲ့ရာဇဝတ်မူ စစ်ရာဇဝတ်မူတွေကျူးလွန်ထားတဲ့ စစ်ခေါင်းဆောင်တွေကို နာမည်တပ်တရားစွဲဆိုချင်ရင် တရားစွဲဆိုလို့ရတဲ့ လုပ်ထုံးလုပ်နည်းတခုကို လမ်းဖွင့်ပေးတာရှိပါတယ်။

Rome Statute ပုဒ်မ ၁၂ အပိုဒ်ခွဲ (၃) ဆိုပြီးလူသိများတယ်။ Rome Statute ပုဒ်မ ၁၂ အပိုဒ်ခွဲ (၃) ဆိုတာ Rome Statute မှာ လက်မှတ်မထိုးရသေးတဲ့နိုင်ငံက ICC ရဲ့ တရားဝင်စီရင်ခွင့်ကို လက်ခံပါတယ်ဆိုပြီး ICC မှတ်ပုံတင်အရာရှိထံတင်သွင်းပြီးတော့ ICC ဆုံးဖြတ်ချက်ကို လက်ခံပါတယ်ဆိုပြ ကြေငြာတာမျိုးဖြစ်တယ်။

ဒီကနေ့သြဂုတ်လ ၂၀ ရက်နေ့မှာ NUG အစိုးရကနေ ICC ပုဒ်မ ၁၂ (၃) နဲ့ အညီ ICC ဆုံးဖြတ်ချက်ကို မြန်မာနိုင်ငံအနေနဲ့လက်ခံပါတယ်ဆိုပြီး ပြီးခဲ့တဲ့လဇူလိုင်လ ၂၇ ရက်နေ့က ICC မှတ်ပုံတင်အရာရှိထံကို လွှဲပြောင်းပေးခဲ့တယ်လို့ ဒီကနေ့မှာထုတ်ပြန်လာတယ်။

ဘာတွေဆက်ဖြစ်လာနိုင်လဲဆိုရင်တော့ ချက်ချင်းတော့သိသာထင်ရှားတဲ့အေ့ရွှတခု မဖြစ်လာသေးပေမယ့် လုပ်နိုင်တဲ့နည်းလမ်းတွေအကုန်လုံးကိုသုံးပြီးတော့ NUG ဖက်ကနေသွားနေတယ်ဆိုတာ မြင်လိုက်ရတယ်။

လာမယ့်စက်တင်ဘာလဲထဲမှာကျင်းပမယ့် UN မှာတရားဝင်မူရဖို့အတွက် အရမ်းအရေးကြီးသွားတယ်။ ICC ကနေ NUG အစိုးရဖက်ကနေ တင်သွင်းလာတာကို ဘယ်လိုဆုံးဖြတ်ချမယ်ဆိုတာ မသိနိုင်သေးတဲ့အတွက် ကိုယ်တွေကတော့ လွန်လွန်ကျူးကျူးတွေမပြောချင်မိဘူး။

သေချာတာကတော့ NUG အစိုးရလုပ်နိုင်တဲ့ဘောင်တွေ နည်းလမ်းတွေအကုန်အသုံးပြုပြီးတော့ အကြမ်းဖက်စစ်တပ်ကို အရေးယူအပြစ်ပေးနိုင်ဖို့အတွက် လုပ်နေကြတယ်။ ICC ကသာ NUG အစိုးရတင်သွင်းတာ လက်ခံလိုက်ရင် ဂေါင်းကြီးဟာ မြေလျှိုးပြီးမိုးပျံရင်တောင်မှ ပြေးလို့မလွတ်တော့ပါ။

Creditပေးပါတယ် -WN
ကူးယူမျှဝေခြင်းသာ ဖြစ်ပါသည်။

Zawgyi

လူတဦးျခင္းအလိုက္ နာမည္တပ္ၿပီး တရားစြဲလို႔ရတဲ့ ႏိုင္ငံတကာစစ္ခုံ႐ုံးလို႔ လူသိမ်ားတဲ့ ICC မွာ
ICC အဖြဲ႕ဝင္ႏိုင္ငံမဟုတ္တဲ့ ႏိုင္ငံေတြအေနနဲ႔ ႏို္င္ငံတြင္းျဖစ္ပ်က္ေနတဲ့ လူမ်ိဳးသုဥ္းသတ္ျဖတ္မူ လူသားမ်ိဳးႏြယ္စုေတြအေပၚ က်ဴးလြန္တဲ့ရာဇဝတ္မူ စစ္ရာဇဝတ္မူေတြက်ဴးလြန္ထားတဲ့ စစ္ေခါင္းေဆာင္ေတြကို နာမည္တပ္တရားစြဲဆိုခ်င္ရင္ တရားစြဲဆိုလို႔ရတဲ့ လုပ္ထုံးလုပ္နည္းတခုကို လမ္းဖြင့္ေပးတာရွိပါတယ္။

Rome Statute ပုဒ္မ ၁၂ အပိုဒ္ခြဲ (၃) ဆိုၿပီးလူသိမ်ားတယ္။ Rome Statute ပုဒ္မ ၁၂ အပိုဒ္ခြဲ (၃) ဆိုတာ Rome Statute မွာ လက္မွတ္မထိုးရေသးတဲ့ႏိုင္ငံက ICC ရဲ႕ တရားဝင္စီရင္ခြင့္ကို လက္ခံပါတယ္ဆိုၿပီး ICC မွတ္ပုံတင္အရာရွိထံတင္သြင္းၿပီးေတာ့ ICC ဆုံးျဖတ္ခ်က္ကို လက္ခံပါတယ္ဆိုျပ ေၾကျငာတာမ်ိဳးျဖစ္တယ္။

ဒီကေန႔ၾသဂုတ္လ ၂၀ ရက္ေန႔မွာ NUG အစိုးရကေန ICC ပုဒ္မ ၁၂ (၃) နဲ႔ အညီ ICC ဆုံးျဖတ္ခ်က္ကို ျမန္မာႏိုင္ငံအေနနဲ႔လက္ခံပါတယ္ဆိုၿပီး ၿပီးခဲ့တဲ့လဇူလိုင္လ ၂၇ ရက္ေန႔က ICC မွတ္ပုံတင္အရာရွိထံကို လႊဲေျပာင္းေပးခဲ့တယ္လို႔ ဒီကေန႔မွာထုတ္ျပန္လာတယ္။

ဘာေတြဆက္ျဖစ္လာႏိုင္လဲဆိုရင္ေတာ့ ခ်က္ခ်င္းေတာ့သိသာထင္ရွားတဲ့ေအ့႐ႊတခု မျဖစ္လာေသးေပမယ့္ လုပ္ႏိုင္တဲ့နည္းလမ္းေတြအကုန္လုံးကိုသုံးၿပီးေတာ့ NUG ဖက္ကေနသြားေနတယ္ဆိုတာ ျမင္လိုက္ရတယ္။

လာမယ့္စက္တင္ဘာလဲထဲမွာက်င္းပမယ့္ UN မွာတရားဝင္မူရဖို႔အတြက္ အရမ္းအေရးႀကီးသြားတယ္။ ICC ကေန NUG အစိုးရဖက္ကေန တင္သြင္းလာတာကို ဘယ္လိုဆုံးျဖတ္ခ်မယ္ဆိုတာ မသိႏိုင္ေသးတဲ့အတြက္ ကိုယ္ေတြကေတာ့ လြန္လြန္က်ဴးက်ဴးေတြမေျပာခ်င္မိဘူး။

ေသခ်ာတာကေတာ့ NUG အစိုးရလုပ္ႏိုင္တဲ့ေဘာင္ေတြ နည္းလမ္းေတြအကုန္အသုံးျပဳၿပီးေတာ့ အၾကမ္းဖက္စစ္တပ္ကို အေရးယူအျပစ္ေပးႏိုင္ဖို႔အတြက္ လုပ္ေနၾကတယ္။ ICC ကသာ NUG အစိုးရတင္သြင္းတာ လက္ခံလိုက္ရင္ ေဂါင္းႀကီးဟာ ေျမလွ်ိဳးၿပီးမိုးပ်ံရင္ေတာင္မွ ေျပးလို႔မလြတ္ေတာ့ပါ။

Creditေပးပါတယ္ -WN
ကူးယူမွ်ေဝျခင္းသာ ျဖစ္ပါသည္။