NUGအစိုးရက ဝန်ကြီးဌာနလေးခု၏ တရားဝင်အင်တာနက်စာမျက်နှာများ ထုတ်လွှင့်

ဇွန် ၂၀

အမျိုးသားညီညွတ်ရေးအစိုးရက ဝန်ကြီးဌာနလေးခုရဲ့ တရားဝင် စာမျက်နှာတွေကို ဒီနေ့ ထပ်မံဖွင့်လှစ်လိုက်ပါတယ်။ ယနေ့ထုတ်လွှင့်လိုက်သော တရားဝင်အင်တာနက်စာမျက်နှာများမှာ – ကာကွယ်ရေးဝန်ကြီးဌာန https://mod.nugmyanmar.org စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန https://mopfi.nugmyanmar.orgသယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနhttps://monrec.nugmyanmar.orgအလုပ်သမားဝန်ကြီးဌာနhttps://mol.nugmyanmar.org တို့ဖြစ်ပါတယ်။

လက်ရှိအချိန်အထိ NUG အစိုးရ၏ ပင်မစာမျက်နှာ တစ်ခု နှင့် ဝန်ကြီးဌာနများ Website စုစုပေါင်း ၁၂ ခုထုတ်လွှင့်ထားပြီးဖြစ်ကာ ကျန်ရှိနေသေးသော ဝန်ကြီးဌာနများ၏ တရားဝင်အင်တာနက်စာမျက်နှာများကိုလည်း ထပ်မံဖွင့်လှစ်ဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

Zawgyi

ဇြန္ ၂၀

အမ်ိဳးသားညီၫြတ္ေရးအစိုးရက ဝန္ႀကီးဌာနေလးခုရဲ႕ တရားဝင္ စာမ်က္ႏွာေတြကို ဒီေန႔ ထပ္မံဖြင့္လွစ္လိုက္ပါတယ္။ ယေန႔ထုတ္လႊင့္လိုက္ေသာ တရားဝင္အင္တာနက္စာမ်က္ႏွာမ်ားမွာ – ကာကြယ္ေရးဝန္ႀကီးဌာန https://mod.nugmyanmar.org စီမံကိန္း၊ ဘ႑ာေရးႏွင့္ ရင္းႏွီးျမႇဳပ္ႏွံမႈ ဝန္ႀကီးဌာန https://mopfi.nugmyanmar.orgသယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးဝန္ႀကီးဌာနhttps://monrec.nugmyanmar.orgအလုပ္သမားဝန္ႀကီးဌာနhttps://mol.nugmyanmar.org တို႔ျဖစ္ပါတယ္။

လက္ရွိအခ်ိန္အထိ NUG အစိုးရ၏ ပင္မစာမ်က္ႏွာ တစ္ခု ႏွင့္ ဝန္ႀကီးဌာနမ်ား Website စုစုေပါင္း ၁၂ ခုထုတ္လႊင့္ထားၿပီးျဖစ္ကာ က်န္ရွိေနေသးေသာ ဝန္ႀကီးဌာနမ်ား၏ တရားဝင္အင္တာနက္စာမ်က္ႏွာမ်ားကိုလည္း ထပ္မံဖြင့္လွစ္ဖို႔ စီစဥ္ေဆာင္႐ြက္ေနတယ္လို႔ သိရပါတယ္။