၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်လိုတဲ့ အချက် (၉) ချက် နိုင်ငံရေးပါတီတွေတင်ပြ

၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်လိုတဲ့ အချက် (၉) ချက် နိုင်ငံရေးပါတီတွေတင်ပြ။ ဗိုလ်ရာပြည့်ဦးဆောင်တဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) နဲ့၊ နိုင်ငံရေးပါတီအစုအဖွဲ့တို့ တွေ့ဆုံမှု့မှာ နိုင်ငံရေးပါတီတွေက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်လိုတဲ့ အချက် (၉) ချက်ကို တင်ပြခဲ့တယ်လို့ သိရပါသည်။

ဗိုလ်ရာပြည့်ဦးဆောင်တဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နဲ့၊
နိုင်ငံရေးပါတီများ အစုအဖွဲ့ရဲ့ အလုပ်အဖွဲ့တို့ မနေ့က နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးကြတယ်လို့ နစက ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံရေးပါတီအစုအဖွဲ့က ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (SNDP) ပါတီဥက္ကဋ္ဌ စိုင်းအိုက်ပေါင်းနဲ့ အလုပ်အဖွဲ့ကိုယ်စားလှယ်တွေ ပါဝင်တယ်လို့ သိရပါသည်။ နိုင်ငံရေးပါတီများအစုအဖွဲ့ရဲ့ အလုပ်အဖွဲ့က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှ ပြင်ဆင်လိုတဲ့ အချက် (၉) ချက်ကို အဆိုပြုဆွေးနွေးခဲ့ပြီး တက်ရောက်လာသူတွေက အလွတ်သဘော ဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ဘယ်အချက်တွေကို ပြင်ဆင်လိုတယ်ဆိုတာကိုတော့ အသေးစိတ်တော့ ထုတ်ပြန်ထားတာမရှိပါဘူး။

အလားတူပဲ NSPNC ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင် ဒုတိယဗိုလ် ဝင်းဗိုလ်ရှိန်က ပြည်ထောင်စုသဘောတူစာချုပ်ရဲ့ အစိတ်အပိုင်း ၁၊ ၂၊ ၃ ပါ သဘောတူချက်များနဲ့ ဆက်ဆွေးနွေးရန် ကျန်တဲ့ အချက်များနဲ့ NSPNC ကော်မတီရဲ့ တွေ့ရှိချက်တွေကို ဆွေးနွေးခဲ့တယ်လို့ သိရပါသည်။

နစကက နိုင်ငံရေးပါတီ ၁၆ ပါတီနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ကို ပြန်လည်ဖွဲ့စည်းခဲ့တာဖြစ်ပါသည်။ ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းက အဆိုပါ UPDJC နိုင်ငံရေးပါတီများ အစုအဖွဲ့ရဲ့ အမြဲတမ်းအဖွဲ့ဝင် ရွေးချယ်မှုကနေ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးနဲ့ ရခိုင့်ဦးဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်တို့က နုတ်ထွက်သွားခဲ့ပါသည်။

တစ်ဖက်မှာလည်း နစကအနေနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြုလုပ်နေပြီး နိုင်ငံရေးဆွေးနွေးပွဲတွေ ပြန်လည်စတင်နိုင်ဖို့ ကြိုးပမ်းနေတာဖြစ်ပါသည်။

Zawgyi

၂၀၀၈ ဖြဲ႕စည္းပုံျပင္ဆင္လိုတဲ့ အခ်က္ (၉) ခ်က္ ႏိုင္ငံေရးပါတီေတြတင္ျပ။ ဗိုလ္ရာျပည့္ဦးေဆာင္တဲ့ အမ်ိဳးသားစည္းလုံးညီၫြတ္ေရးနဲ႔ ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈညႇိႏႈိင္းေရးေကာ္မတီ (NSPNC) နဲ႔၊ ႏိုင္ငံေရးပါတီအစုအဖြဲ႕တို႔ ေတြ႕ဆုံမႈ႕မွာ ႏိုင္ငံေရးပါတီေတြက ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒ ျပင္ဆင္လိုတဲ့ အခ်က္ (၉) ခ်က္ကို တင္ျပခဲ့တယ္လို႔ သိရပါသည္။

ဗိုလ္ရာျပည့္ဦးေဆာင္တဲ့ အမ်ိဳးသားစည္းလုံးညီၫြတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈ ညႇိႏႈိင္းေရးေကာ္မတီ (NSPNC) နဲ႔၊
ႏိုင္ငံေရးပါတီမ်ား အစုအဖြဲ႕ရဲ႕ အလုပ္အဖြဲ႕တို႔ မေန႔က ေနျပည္ေတာ္မွာ ေတြ႕ဆုံေဆြးေႏြးၾကတယ္လို႔ နစက ျပန္ၾကားေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္ပါတယ္။

ႏိုင္ငံေရးပါတီအစုအဖြဲ႕က ရွမ္းတိုင္းရင္းသားမ်ားဒီမိုကရက္တစ္ပါတီ (SNDP) ပါတီဥကၠ႒ စိုင္းအိုက္ေပါင္းနဲ႔ အလုပ္အဖြဲ႕ကိုယ္စားလွယ္ေတြ ပါဝင္တယ္လို႔ သိရပါသည္။ ႏိုင္ငံေရးပါတီမ်ားအစုအဖြဲ႕ရဲ႕ အလုပ္အဖြဲ႕က ၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒမွ ျပင္ဆင္လိုတဲ့ အခ်က္ (၉) ခ်က္ကို အဆိုျပဳေဆြးေႏြးခဲ့ၿပီး တက္ေရာက္လာသူေတြက အလြတ္သေဘာ ေဆြးေႏြးခဲ့တယ္လို႔ ထုတ္ျပန္ခဲ့ပါသည္။ ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒရဲ႕ ဘယ္အခ်က္ေတြကို ျပင္ဆင္လိုတယ္ဆိုတာကိုေတာ့ အေသးစိတ္ေတာ့ ထုတ္ျပန္ထားတာမရွိပါဘူး။

အလားတူပဲ NSPNC ညႇိႏႈိင္းေရးေကာ္မတီအဖြဲ႕ဝင္ ဒုတိယဗိုလ္ ဝင္းဗိုလ္ရွိန္က ျပည္ေထာင္စုသေဘာတူစာခ်ဳပ္ရဲ႕ အစိတ္အပိုင္း ၁၊ ၂၊ ၃ ပါ သေဘာတူခ်က္မ်ားနဲ႔ ဆက္ေဆြးေႏြးရန္ က်န္တဲ့ အခ်က္မ်ားနဲ႔ NSPNC ေကာ္မတီရဲ႕ ေတြ႕ရွိခ်က္ေတြကို ေဆြးေႏြးခဲ့တယ္လို႔ သိရပါသည္။

နစကက ႏိုင္ငံေရးပါတီ ၁၆ ပါတီနဲ႔ ဖြဲ႕စည္းထားတဲ့ ျပည္ေထာင္စု ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈ ပူးတြဲေကာ္မတီ (UPDJC) ကို ျပန္လည္ဖြဲ႕စည္းခဲ့တာျဖစ္ပါသည္။ ၿပီးခဲ့တဲ့ ဧၿပီလကုန္ပိုင္းက အဆိုပါ UPDJC ႏိုင္ငံေရးပါတီမ်ား အစုအဖြဲ႕ရဲ႕ အၿမဲတမ္းအဖြဲ႕ဝင္ ေ႐ြးခ်ယ္မႈကေန ျပည္သူ႔ပါတီဥကၠ႒ ဦးကိုကိုႀကီးနဲ႔ ရခိုင့္ဦးေဆာင္ပါတီဥကၠ႒ ေဒါက္တာေအးေမာင္တို႔က ႏုတ္ထြက္သြားခဲ့ပါသည္။

တစ္ဖက္မွာလည္း နစကအေနနဲ႔ တိုင္းရင္းသား လက္နက္ကိုင္ေတြနဲ႔ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲေတြ ျပဳလုပ္ေနၿပီး ႏိုင္ငံေရးေဆြးေႏြးပြဲေတြ ျပန္လည္စတင္ႏိုင္ဖို႔ ႀကိဳးပမ္းေနတာျဖစ္ပါသည္။