အင်းဝမှာ “ရေ” ၊ မြေမှာ “ပဲခူး” ဆိုတဲ့ ဆိုရိုးစကားအဓိပ္ပာယ် နှင့် ပေါ်ပေါက်လာပုံ

အင်းဝမှာရေ ၊ မြေမှာပဲခူး ဟူသောစကားကိုရှေးလူကြီးများမှတစ်ဆင့် ကြားဖူးကောင်းကြားဖူးနိုင်ပါတယ်။ ဒီလိုဆိုရခြင်းမှာ အင်းဝသည် ရေကြီးခြင်း ၊မိုးခေါင်ခြင်းစသည့် ရေနှင့်ပတ်သတ်သော ဒုက္ခများကြောင့် မြို့ပါပျက်ခဲ့ရသည်ဟု ဆိုလို့ရသော ကြောင့်ပင်။ သက္ကရာဇ် ၁၇၄၁ ခုနှစ် မဟာဓမ္မရာဇာဓိပတိလက်ထက်တွင် ဖြစ်ခဲ့သည့်အဖြစ်များဖြစ်သည်။

ထိုမင်းသည် မင်းဆိုးဟုမဆိုထိုက်သော်လည်း မင်းကောင်းမင်းမြတ်ဟုလည်း မဆိုထိုက်ပြန်။ တိုင်းပြည်ရေးကို သိပ်စိတ်မဝင်စားခဲ့။ နန်းတက်သည့် နှစ်အတွင်း၌ပင် အင်းဝအား ဧရာဝတီမြစ်ရေ အဆမတန် မြင့်တက်ခဲ့ပြီး လနှင့်ချီ၍ ပြန်မကျခဲ့တာကြောင့် “ရေရူးကြီး” ဟုပင်နာမည် တွင်သွားသည်။

ရေကိုတားဖို့ ဆည်ဖို့ကြသော်လည်း ရေအားကိုမလှန်နိုင်ခဲ့ပဲ မြစ်ရေသည် မြို့တွင်းသာမက ဘုရင့်နန်းတော် ကြမ်းပြင်အထိတက်ခဲ့သည်။ ရှိသမျှစိုက်ခင်းအားလုံးနီးပါး ပျက်စီးသဖြင့် ရေကျသည်နှင့် အလျှင်အမြန် စိုက်ပျိုးကြရသည်။ နောက်တစ်နှစ် ၁၇၄၂ ခုနှစ်တွင်ကား ရေမကြီးတော့ပဲ မိုးခေါင်ပြန်သည်။ လယ်ယာကိုင်းကျွန်း စိုက်ပျိုးရေးလုပ်ငန်းများ ပျက်စီးရပြန်သည်။

နှစ်နှစ်ဆက်တိုက် ရေကြီးခြင်း ၊မိုးခေါင်ခြင်းကို ခံရသောအခါဆန်ဈေးလည်း အဆမတန်တက်လာတော့သည်။ မူလက ၁ တင်း ၃မူးဈေးရှိခဲ့ရာမှာ ၅ကျပ် ၃မူးကျော် အထိအဆမတန် ကြီးမြင့်သွားခဲ့သည်။ အစာရေစာ ခေါင်းပါးလွန်းသဖြင့် ပြည်သူများပျက်စီးကြရသည်။ မြို့ရွာအနှံ့၌လည်း ခိုးဆိုးလုယက်သူများပေါများလာခဲ့သည်။

နောက် ၂ နှစ်အကြာ ၁၇၄၄ ခုနှစ်တွင် ၁၂နာရီကြာသော မီးကြီးလောင်ရာ တစ်မြို့လုံးနီးပါး ပျက်စီးရပြန်သည်။ လူဆိုး ၊ သူခိုးများမှာ နယ်စားမြို့စားများနှင့်ပေါင်းကာ ဝေမျှစားသဖြင့်တရားဥပဒေလည်းမရှိတော့။ ဘုရင်ကလည်း ဖိဖိစီးစီး မနှိမ်နှင်းနိုင်သဖြင့် အဓိကဒုက္ခဆင်းရဲခံရသူများမှာ ဆင်းရဲသား ပြည်သူများသာဖြစ်သည်။ နောက်ဆုံးလူဆိုးသူခိုးဒဏ်ကို မခံနိုင်သော ပြည်သူများမှာ ဘုရင့်ဆွေတော်မျိုးတော် များထံတွင် အသီးသီးကပ်မှီ၍ ကျွန်ဘဝနှင့်နေကြတော့သည်။

ထိုအတွင်း ကသည်းအရေး ၊ ဟံသာဝတီအရေးနှင့် ကွေ့အရေး တို့ ပေါ်လာပြန်ရာ ဘုရင်အဖို့ အရူးမီးဝိုင်းသလို ဖြစ်ခဲ့ပြန်သည်။ ပြည်သူတို့မှာ စစ်ရေးစစ်ရာကိုလည်း မပြင်နိုင် ၊ စိုက်ပျိုးရေးလည်း ကောင်းစွာမလုပ်နိုင်သဖြင့် အငတ်ဘေးပိုမို ကြီးမားလာခဲ့သည်။ ဆန်ဈေးမှာလည်း ၁၆ ကျပ်အထိ မြင့်တက်သွားရာ မနေနိုင်သူများမှာ ဧရာဝတီမြစ်ကိုစုန်၍ အောက်ပြည်သို့ ပြေးကြလေသည်။ ဘုရင့်ခမျာမှာလည်း ၂နှစ်ကျော် ၃နှစ်ကြာ ကျီတော်ထဲမှစပါးများကို ပြည်သူများထံဝေမျှပေးခဲ့သည်။

ကျီတော်ထဲမှ စပါးများ ကုန်သွားသော် ရွှေငွေတို့အားထုတ်ပေးကာဝယ်စားစေခဲ့ပြန်သည်။ဆန်ဈေးမှာ ၈၀ ကျပ် အထိ ရှိသွားခဲ့သည်။သို့သော်ဈေးသာရှိသော်လည်း ဝယ်စားရန် ဆန်ကားလုံး၀မရှိတော့။ အင်းဝပြည်သူ ပြည်သားတို့မှာဘာကိုမျှမတွေးတော့မဆင်ခြင်နိုင်တော့။ရှိသမျှကျွဲ နွားမြင်းတို့ကိုသတ်စားကြလေသည်။ ကျွဲနွားမရှိသူတို့ကား လူသေကောင်များကိုစားကြသည်အထိအငတ်ဘေးကြီးထွားခဲ့သည်။ကြာသော်လူအချင်းချင်းပင် သတ်ဖြတ်ခုတ်ထစ်တော့မည်အထိဖြစ်လာမည်မှာမလွဲတော့ပေ။

ထိုအချိန်တွင် ဟံသာဝတီ စစ်သည်တို့က အင်းဝပြည်အား ပိတ်ဆို့ဝန်းရံလိုက်သည့်အခါအင်းဝဘုရင် မဟာဓမ္မရာဇာဓိပတိသည် ၁၇၅၂ နှစ်တွ င် တိုင်းပြ ည် ကို လက်လွှတ်ကာ ဟံသာဝတီသို့ ပါသွားရတော့သည်။အင်းဝပြည်ကြီးလည်းပျက်စီး သွားခဲ့ရသည်။ မိုးခေါင်ခြင်း ၊ ရေ ကြီးခြင်းမှ အစပြု ၍ အင်းဝပြည်ကြီးပျက်စီးခဲ့ရသောကြောင့် “အင်းဝမှာ ရေ” ဟူသောစကားလည်း ပေါ်ပေါက်လာတော့သည်။

မြေမှာပဲခူး – အင်း၀မှာရေ ၊မြေမှာပဲခူး ဟူသော ဆိုရိုးစကားအရ အင်း၀သည် ရေဖျက်၍ ပျက်ခဲ့ရသလို ပဲခူးသည်လည်း ငလျှင်ဒါဏ်ကြောင့် မြို့ပျက်မတတ်ကြုံတွေ့ခဲ့ရပါတယ်။မြန်မာနိုင်ငံတွင် ငလျှင်ဒါဏ် အခံရဆုံးနေရာကိုပြပါဆိုလျှင်ပဲခူးကိုပင်ပြရမှာပါ။ ပဲခူးမြို့ကို သက္ကရာဇ် ၁၈၇ ခုနှစ်မှာမဟာသ မလမင်းကစတင်တည်ထောင်ခဲ့ပါတယ်။

အဲဒီနောက် ညီတော်ဝိမလမင်း ၊ အသားမင်းသားခေါ် အဿကုမ္မာတင်း ၊ အရိန္ဒမမင်း နှင့် မဟိံသရာဇာမင်းထိမင်း ၅ ဆက်စိုးစံ ပြီးချိန် မှာ ငလျှင်နဲ့ စတင် ကြုံရပါတယ်။သမိုင်းမှတ်တမ်းများ အရ မဟိ့သရာဇာမင်းလက်ထက်မှာ တော်လဲသံကြီး မြည်ဟီးစွာကြားရခြင်း၊ ဥက္ကာပျံများကျခြင်း ၊ လေမု န်တိုင်း ပြင်းထ န် စွာ တိုက်ခြင်း နှင့် မြေငလျှင် ကြီးစွာလှုပ်ခြင်းစသည်တို့နှင့် ရင်ဆိုင်တွေ့ရတယ်လို့ဆိုပါတယ်။

အဆိုးဆုံးမှာ မင်းအဆက်ဆက် ကိုးကွယ် လာခဲ့တဲ့ ရွှေမော်ဓော စေတီကြီး ထီးတော်မြေခခဲ့သည့် အပြင်ရွဲလုံးတော်အထိပြိုကျခဲ့တာပါပဲ။ပဲခူးဟာ ငလျှင်ကြီးငယ်ဒါဏ်ကို ၃၂ကြိမ်ခန့် အကြိမ်ကြိမ် ခံ စားခဲ့ရကြောင်း ရွှေမော်ဓောသမိုင်း နှင့် သထုံရာဇဝင်အဆိုအရသိရပါတယ်။အကြီးဆုံးငလျှင် ၅ ကြိမ် ကြုံတွေ့ခဲ့ပါတယ်။သက္ကရာဇ် ၂၃၇ ၊ ၁၁၉၄ ၊ ၁၂၇၄ ၊ ၁၂၇၉ ၊ ၁၂၉၂ ခုနှစ်တွေမှာလှုပ်ခဲ့တဲ့ငလျှင်တွေပါပဲ။

နောက်ဆုံး ၁၂၉၂ (အေဒီ ၁၉၃၀) မှာ လှုပ်ခဲ့တဲ့ငလျှင်က တော့ မြန်မာ့သမိုင်းမှာ အကြီးမားဆုံးလို့ ဆိုရမယ့် ငလျှင်ပါပဲ။ငလျှင်ပြင်းအား အဆင့် ၁၀ ရှိပြီးစတုရန်းမိုင် ၂၂၀၀၀၀ ပတ်လည်ထိလှုပ်ခတ်စေခဲ့ပြီး လူပေါင်း ၅၀၀ ကျေ ာ် သေဆုံးကာ ပဲခူးတစ်မြို့လုံးနီးပါးပျက်စီးခဲ့ရပါတယ်။ထိုငလျှင်ကြီးကြောင့် နှစ်ပေါင်း ၂၅၀၀ကျော်သက်တမ်းရှိတဲ့ရွှေမော်ဓောစေတီကြီးမှာ အောက်ပထမ ပစ္စယံအထိ အကြီးအကျယ် ပျက်စီးပြီးမြေခခဲ့ရပြန်ပါတယ်။

ငလျှင်ကြောင့် တစ်မြို့လုံးပျက်စီး ခဲ့ရုံသာမက ငလျှင်ပြီးတဲ့နောက်မှာလည်း မီလောင်မှုများဆက်လက် ဖြစ်ပွားခဲ့ပါသေးတယ်။ထိုငလျှင်ကြောင့် ပဲခူးသာမက ရန်ကုန်မြို့လည်းအတော်အတန်ပျက်စီးခဲ့ရပါတယ်။ရွှေတိဂုံစေတီစိန်ဖူးတော်ပင် မြေခစေခဲ့ရတဲ့ ငလျှင်ပါ။အင်း၀ သည် ရေကြောင့် ပျက်စီးခဲ့ရသလိုပဲခူးသည်လည်း မြေကြောင့်အကြိမ်ကြိမ်ပျက်စီးခဲ့ရပြီး အကြိမ်ကြိမ်ပြန်လည်ထူထောင်ခဲ့ရပါတယ်။

ဒါကြောင့်လ ည်း ရှေး လူကြီးတွေက “အင်းဝမှာရေ ၊ မြေမှာပဲခူး” ဆိုသော စကားကို ဆိုရိုးပြုသွားကြခြင်း ဖြစ်ပါတော့တယ်။

CRD သန်းထွန်း (လှည်းကူး) မြန်မာ့စွယ်စုံကျမ်း
Photo credit

Zawgyi

အင္းဝမွာေရ ၊ ေျမမွာပဲခူး ဟူေသာစကားကိုေရွးလူႀကီးမ်ားမွတစ္ဆင့္ ၾကားဖူးေကာင္းၾကားဖူးႏိုင္ပါတယ္။ ဒီလိုဆိုရျခင္းမွာ အင္းဝသည္ ေရႀကီးျခင္း ၊မိုးေခါင္ျခင္းစသည့္ ေရႏွင့္ပတ္သတ္ေသာ ဒုကၡမ်ားေၾကာင့္ ၿမိဳ႕ပါပ်က္ခဲ့ရသည္ဟု ဆိုလို႔ရေသာ ေၾကာင့္ပင္။ သကၠရာဇ္ ၁၇၄၁ ခုႏွစ္ မဟာဓမၼရာဇာဓိပတိလက္ထက္တြင္ ျဖစ္ခဲ့သည့္အျဖစ္မ်ားျဖစ္သည္။

ထိုမင္းသည္ မင္းဆိုးဟုမဆိုထိုက္ေသာ္လည္း မင္းေကာင္းမင္းျမတ္ဟုလည္း မဆိုထိုက္ျပန္။ တိုင္းျပည္ေရးကို သိပ္စိတ္မဝင္စားခဲ့။ နန္းတက္သည့္ ႏွစ္အတြင္း၌ပင္ အင္းဝအား ဧရာဝတီျမစ္ေရ အဆမတန္ ျမင့္တက္ခဲ့ၿပီး လႏွင့္ခ်ီ၍ ျပန္မက်ခဲ့တာေၾကာင့္ “ေရ႐ူးႀကီး” ဟုပင္နာမည္ တြင္သြားသည္။

ေရကိုတားဖို႔ ဆည္ဖို႔ၾကေသာ္လည္း ေရအားကိုမလွန္ႏိုင္ခဲ့ပဲ ျမစ္ေရသည္ ၿမိဳ႕တြင္းသာမက ဘုရင့္နန္းေတာ္ ၾကမ္းျပင္အထိတက္ခဲ့သည္။ ရွိသမွ်စိုက္ခင္းအားလုံးနီးပါး ပ်က္စီးသျဖင့္ ေရက်သည္ႏွင့္ အလွ်င္အျမန္ စိုက္ပ်ိဳးၾကရသည္။ ေနာက္တစ္ႏွစ္ ၁၇၄၂ ခုႏွစ္တြင္ကား ေရမႀကီးေတာ့ပဲ မိုးေခါင္ျပန္သည္။ လယ္ယာကိုင္းကြၽန္း စိုက္ပ်ိဳးေရးလုပ္ငန္းမ်ား ပ်က္စီးရျပန္သည္။

ႏွစ္ႏွစ္ဆက္တိုက္ ေရႀကီးျခင္း ၊မိုးေခါင္ျခင္းကို ခံရေသာအခါဆန္ေဈးလည္း အဆမတန္တက္လာေတာ့သည္။ မူလက ၁ တင္း ၃မူးေဈးရွိခဲ့ရာမွာ ၅က်ပ္ ၃မူးေက်ာ္ အထိအဆမတန္ ႀကီးျမင့္သြားခဲ့သည္။ အစာေရစာ ေခါင္းပါးလြန္းသျဖင့္ ျပည္သူမ်ားပ်က္စီးၾကရသည္။ ၿမိဳ႕႐ြာအႏွံ႔၌လည္း ခိုးဆိုးလုယက္သူမ်ားေပါမ်ားလာခဲ့သည္။

ေနာက္ ၂ ႏွစ္အၾကာ ၁၇၄၄ ခုႏွစ္တြင္ ၁၂နာရီၾကာေသာ မီးႀကီးေလာင္ရာ တစ္ၿမိဳ႕လုံးနီးပါး ပ်က္စီးရျပန္သည္။ လူဆိုး ၊ သူခိုးမ်ားမွာ နယ္စားၿမိဳ႕စားမ်ားႏွင့္ေပါင္းကာ ေဝမွ်စားသျဖင့္တရားဥပေဒလည္းမရွိေတာ့။ ဘုရင္ကလည္း ဖိဖိစီးစီး မႏွိမ္ႏွင္းႏိုင္သျဖင့္ အဓိကဒုကၡဆင္းရဲခံရသူမ်ားမွာ ဆင္းရဲသား ျပည္သူမ်ားသာျဖစ္သည္။ ေနာက္ဆုံးလူဆိုးသူခိုးဒဏ္ကို မခံႏိုင္ေသာ ျပည္သူမ်ားမွာ ဘုရင့္ေဆြေတာ္မ်ိဳးေတာ္ မ်ားထံတြင္ အသီးသီးကပ္မွီ၍ ကြၽန္ဘဝႏွင့္ေနၾကေတာ့သည္။

ထိုအတြင္း ကသည္းအေရး ၊ ဟံသာဝတီအေရးႏွင့္ ေကြ႕အေရး တို႔ ေပၚလာျပန္ရာ ဘုရင္အဖို႔ အ႐ူးမီးဝိုင္းသလို ျဖစ္ခဲ့ျပန္သည္။ ျပည္သူတို႔မွာ စစ္ေရးစစ္ရာကိုလည္း မျပင္ႏိုင္ ၊ စိုက္ပ်ိဳးေရးလည္း ေကာင္းစြာမလုပ္ႏိုင္သျဖင့္ အငတ္ေဘးပိုမို ႀကီးမားလာခဲ့သည္။ ဆန္ေဈးမွာလည္း ၁၆ က်ပ္အထိ ျမင့္တက္သြားရာ မေနႏိုင္သူမ်ားမွာ ဧရာဝတီျမစ္ကိုစုန္၍ ေအာက္ျပည္သို႔ ေျပးၾကေလသည္။ ဘုရင့္ခမ်ာမွာလည္း ၂ႏွစ္ေက်ာ္ ၃ႏွစ္ၾကာ က်ီေတာ္ထဲမွစပါးမ်ားကို ျပည္သူမ်ားထံေဝမွ်ေပးခဲ့သည္။

က်ီေတာ္ထဲမွ စပါးမ်ား ကုန္သြားေသာ္ ေ႐ႊေငြတို႔အားထုတ္ေပးကာဝယ္စားေစခဲ့ျပန္သည္။ဆန္ေဈးမွာ ၈၀ က်ပ္ အထိ ရွိသြားခဲ့သည္။သို႔ေသာ္ေဈးသာရွိေသာ္လည္း ဝယ္စားရန္ ဆန္ကားလုံး၀မရွိေတာ့။ အင္းဝျပည္သူ ျပည္သားတို႔မွာဘာကိုမွ်မေတြးေတာ့မဆင္ျခင္ႏိုင္ေတာ့။ရွိသမွ်ကြၽဲ ႏြားျမင္းတို႔ကိုသတ္စားၾကေလသည္။ ကြၽဲႏြားမရွိသူတို႔ကား လူေသေကာင္မ်ားကိုစားၾကသည္အထိအငတ္ေဘးႀကီးထြားခဲ့သည္။ၾကာေသာ္လူအခ်င္းခ်င္းပင္ သတ္ျဖတ္ခုတ္ထစ္ေတာ့မည္အထိျဖစ္လာမည္မွာမလြဲေတာ့ေပ။

ထိုအခ်ိန္တြင္ ဟံသာဝတီ စစ္သည္တို႔က အင္းဝျပည္အား ပိတ္ဆို႔ဝန္းရံလိုက္သည့္အခါအင္းဝဘုရင္ မဟာဓမၼရာဇာဓိပတိသည္ ၁၇၅၂ ႏွစ္တြ င္ တိုင္းျပ ည္ ကို လက္လႊတ္ကာ ဟံသာဝတီသို႔ ပါသြားရေတာ့သည္။အင္းဝျပည္ႀကီးလည္းပ်က္စီး သြားခဲ့ရသည္။ မိုးေခါင္ျခင္း ၊ ေရ ႀကီးျခင္းမွ အစျပဳ ၍ အင္းဝျပည္ႀကီးပ်က္စီးခဲ့ရေသာေၾကာင့္ “အင္းဝမွာ ေရ” ဟူေသာစကားလည္း ေပၚေပါက္လာေတာ့သည္။

ေျမမွာပဲခူး – အင္း၀မွာေရ ၊ေျမမွာပဲခူး ဟူေသာ ဆို႐ိုးစကားအရ အင္း၀သည္ ေရဖ်က္၍ ပ်က္ခဲ့ရသလို ပဲခူးသည္လည္း ငလွ်င္ဒါဏ္ေၾကာင့္ ၿမိဳ႕ပ်က္မတတ္ႀကဳံေတြ႕ခဲ့ရပါတယ္။ျမန္မာႏိုင္ငံတြင္ ငလွ်င္ဒါဏ္ အခံရဆုံးေနရာကိုျပပါဆိုလွ်င္ပဲခူးကိုပင္ျပရမွာပါ။ ပဲခူးၿမိဳ႕ကို သကၠရာဇ္ ၁၈၇ ခုႏွစ္မွာမဟာသ မလမင္းကစတင္တည္ေထာင္ခဲ့ပါတယ္။

အဲဒီေနာက္ ညီေတာ္ဝိမလမင္း ၊ အသားမင္းသားေခၚ အႆကုမၼာတင္း ၊ အရိႏၵမမင္း ႏွင့္ မဟႎသရာဇာမင္းထိမင္း ၅ ဆက္စိုးစံ ၿပီးခ်ိန္ မွာ ငလွ်င္နဲ႔ စတင္ ႀကဳံရပါတယ္။သမိုင္းမွတ္တမ္းမ်ား အရ မဟိ့သရာဇာမင္းလက္ထက္မွာ ေတာ္လဲသံႀကီး ျမည္ဟီးစြာၾကားရျခင္း၊ ဥကၠာပ်ံမ်ားက်ျခင္း ၊ ေလမု န္တိုင္း ျပင္းထ န္ စြာ တိုက္ျခင္း ႏွင့္ ေျမငလွ်င္ ႀကီးစြာလႈပ္ျခင္းစသည္တို႔ႏွင့္ ရင္ဆိုင္ေတြ႕ရတယ္လို႔ဆိုပါတယ္။

အဆိုးဆုံးမွာ မင္းအဆက္ဆက္ ကိုးကြယ္ လာခဲ့တဲ့ ေ႐ႊေမာ္ေဓာ ေစတီႀကီး ထီးေတာ္ေျမခခဲ့သည့္ အျပင္႐ြဲလုံးေတာ္အထိၿပိဳက်ခဲ့တာပါပဲ။ပဲခူးဟာ ငလွ်င္ႀကီးငယ္ဒါဏ္ကို ၃၂ႀကိမ္ခန႔္ အႀကိမ္ႀကိမ္ ခံ စားခဲ့ရေၾကာင္း ေ႐ႊေမာ္ေဓာသမိုင္း ႏွင့္ သထုံရာဇဝင္အဆိုအရသိရပါတယ္။အႀကီးဆုံးငလွ်င္ ၅ ႀကိမ္ ႀကဳံေတြ႕ခဲ့ပါတယ္။သကၠရာဇ္ ၂၃၇ ၊ ၁၁၉၄ ၊ ၁၂၇၄ ၊ ၁၂၇၉ ၊ ၁၂၉၂ ခုႏွစ္ေတြမွာလႈပ္ခဲ့တဲ့ငလွ်င္ေတြပါပဲ။

ေနာက္ဆုံး ၁၂၉၂ (ေအဒီ ၁၉၃၀) မွာ လႈပ္ခဲ့တဲ့ငလွ်င္က ေတာ့ ျမန္မာ့သမိုင္းမွာ အႀကီးမားဆုံးလို႔ ဆိုရမယ့္ ငလွ်င္ပါပဲ။ငလွ်င္ျပင္းအား အဆင့္ ၁၀ ရွိၿပီးစတုရန္းမိုင္ ၂၂၀၀၀၀ ပတ္လည္ထိလႈပ္ခတ္ေစခဲ့ၿပီး လူေပါင္း ၅၀၀ ေက် ာ္ ေသဆုံးကာ ပဲခူးတစ္ၿမိဳ႕လုံးနီးပါးပ်က္စီးခဲ့ရပါတယ္။ထိုငလွ်င္ႀကီးေၾကာင့္ ႏွစ္ေပါင္း ၂၅၀၀ေက်ာ္သက္တမ္းရွိတဲ့ေ႐ႊေမာ္ေဓာေစတီႀကီးမွာ ေအာက္ပထမ ပစၥယံအထိ အႀကီးအက်ယ္ ပ်က္စီးၿပီးေျမခခဲ့ရျပန္ပါတယ္။

ငလွ်င္ေၾကာင့္ တစ္ၿမိဳ႕လုံးပ်က္စီး ခဲ့႐ုံသာမက ငလွ်င္ၿပီးတဲ့ေနာက္မွာလည္း မီေလာင္မႈမ်ားဆက္လက္ ျဖစ္ပြားခဲ့ပါေသးတယ္။ထိုငလွ်င္ေၾကာင့္ ပဲခူးသာမက ရန္ကုန္ၿမိဳ႕လည္းအေတာ္အတန္ပ်က္စီးခဲ့ရပါတယ္။ေ႐ႊတိဂုံေစတီစိန္ဖူးေတာ္ပင္ ေျမခေစခဲ့ရတဲ့ ငလွ်င္ပါ။အင္း၀ သည္ ေရေၾကာင့္ ပ်က္စီးခဲ့ရသလိုပဲခူးသည္လည္း ေျမေၾကာင့္အႀကိမ္ႀကိမ္ပ်က္စီးခဲ့ရၿပီး အႀကိမ္ႀကိမ္ျပန္လည္ထူေထာင္ခဲ့ရပါတယ္။

ဒါေၾကာင့္လ ည္း ေရွး လူႀကီးေတြက “အင္းဝမွာေရ ၊ ေျမမွာပဲခူး” ဆိုေသာ စကားကို ဆို႐ိုးျပဳသြားၾကျခင္း ျဖစ္ပါေတာ့တယ္။

CRD သန္းထြန္း (လွည္းကူး) ျမန္မာ့စြယ္စုံက်မ္း
Photo credit