ပညာရပ်တစ်ခုနဲ့လုပ်စားရင် အမြဲတမ်းလေ့လာနေရမယ် မလေ့လာရင် ကျန်ခဲ့မှာပဲ

သူတို့ဘာမှားခဲ့လို့လဲ..? သူတို့ဘာတွေမှားနေလဲ..?

၁ ။ သူ့နာမည်ကဦးစိုး အသက်က ၅၀ ကျော်နေပြီ။ သူကရပ်ကွက်စျေးလေးတခုမှာနေတယ် ။ သူ့အလုပ်အကိုင်က နာရီပြင်တယ် ။ သူကနာရီပြင်တာတော်တယ် ။ သူကိုယ်တိုင်လည်း ကြိုးကြိုးစားစား အလုပ်လုပ်ခဲ့တယ် ။ လွန်ခဲ့တဲ့ အနှစ် ၃၀ လောက်ကတည်းက နာရီပြင်လာတဲ့ နာရီပြင်ဆရာ ။ လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်လောက်တုန်းက လူတိုင်းလိုလို နာရီပတ်တုန်းက သူလုပ်ငန်း တော်တော်ကောင်းခဲ့တယ် ။

တနေ့တနေ့ သူ့ ဝင်ငွေမနည်း ။ အခုတော့သူက ညည်းရှာတယ် ။ ” အခုနောက်ပိုင်းခေတ်တွေရောက်လာတော့ နာရီပြင်တဲ့ အလုပ်တွေမကောင်း တော့ဘူးကွာ ။ ဖုန်းတွေပေါ်လာပြီး နောက်ပိုင်း နာရီပတ်တဲ့ သူတွေတော်တော်ရှားလာတယ် ငါ့တူရ ဒီအလုပ်မလုပ်ဘဲ အခြားအလုပ်ပြောင်းလုပ်ဖို့ကလည်း အသက်အရွယ်က ရလာတာရယ် ။ အခြားဘာမှ မလုပ်တတ်တာရယ်နဲ့ ဒီအလုပ်လေးပဲ လုပ်နေရတယ် ” ။

၂ ။ သူ့နာမည်က ဒေါ်တင့် ။ သူက အိမ်မှာ တပိုင်တနိုင်စက်ချုပ်တယ် ။ အသက် ၂၀ လောက်ကတည်းက စက်ချုပ်ခဲ့တဲ့ ဒေါ်တင့် အခု အသက်ပဲ ၄၀ ကျော် ၅၀ နားကပ်နေပြီ ။ ဒေါ်တင့် စက်ချုပ်သက်တမ်း ကိုယ့်ဘာသာ ကိုယ်ပဲ မှန်းကြည့်ပေတော့ ။

ဒေါ်တင့်စက်ချုပ်လုပ်ငန်းလေးက အရမ်းမအောင်မြင်သော်လည်း သူ့အရပ်နဲ့ သူ့ဇာတ် ချုပ်ထည်များလက်ခံရတာမို့ စားလောက်ရုံသောက်လောက်ရုံ အဆင်ပြေပြေတော့ နေနိုင်တယ်ပေါ့ ။ သူ့ဆီ အပ်ထည်အပ်သူတွေ ဖောက်သည်တွေက နာမည်ကြီး ဒီဇိုင်နာတွေရဲ့ ဒီဇိုင်းတွေ အဆင်တွေ ချုပ်ပုံ ချုပ်နည်း အသစ်အဆန်းတွေ ဒေါ်တင့်ဆီယူလာပြီး ပြရင် ဒေါ်တင့်က ” ဒီ ဒီဇိုင်နာတွေရဲ့ ဒီဇိုင်းတွေက ငါတို့ ချုပ်တာတွေနဲ့ ဘာမှ မထူးပါဘူးအေ ၊ ငါတို့ချုပ်တာတွေနဲ့ တူတူပါပဲ ။ ငါ အသက် ၂၀ ကတည်းက ဒီပုံပဲချုပ်လာတာ ။ သူတို့ပုံတွေ ဒီဇိုင်းတွေက ဒါတွေပါပဲ အေ ” လို့ ဒေါ်တင့်အမြဲပြောတတ်လေသည် ။ ဒေါ်တင့် အနှစ် ၂၀ ကျော် ၃၀ ကျော် ချုပ်လာတဲ့ ဒီဇိုင်းတွေက တခါလာလည်း ဒီပုံ တခါလာလည်း ဒီပုံတွေကြီးပဲလို့ အရပ်ထဲတော့ ပြောစမတ်ရှိကြလေသတဲ့

၃ ။ သူ့နာမည်က ကိုအောင် ။ သူက တီဗွီပြင်ဆရာ ။ သူပြင်တဲ့ တီဗွီတွေက ဟိုးအရင် ခေတ်ဟောင်းတီဗွီ Tube Type ဖင်အလုံးကြီးတွေနဲ့ တီဗွီတွေပြင်တဲ့ ပြင်ဆရာ ။ သူတို့ခေတ်မှာတော့ သူက နာမည်ကြီး တီဗွီပြင်ဆရာကြီး ပေါ့ ။ သူ့ခေတ်သူ့အခါ သူ့တီဗွီပြင်ဆိုင်က နာမည်ကြီး ။ သူ့ဆိုင် သူ့အလုပ်ကလည်း ဝင်ငွေကောင်း တဲ့ အလုပ်တခုပေါ့ ။

ဒီလိုနဲ့ တဖြည်းဖြည်း ခေတ်တွေပြောင်းပြီး Tube Type ကနေ LCD တီဗွီတွေများလာတော့ သူ့အလုပ်အကိုင်သိပ်မကောင်းတော့ ။ LCD တီဗွီတွေ စပေါ်စ LCD တီဗွီပြင်နည်းသင်တန်းတွေ ဖွင့်တယ် ဆိုတာကို ကိုအောင်ကြားတော့ ” အလကားပါကွာ ၊ LCD TV ဆိုတာ လူတိုင်းဝယ်နိုင်တာမဟုတ်ဘူး ဘာသင်တန်းမှ တက်နေစရာမလိုဘူး၊ ဒီခေတ်ဟောင်းတီဗွီတွေ ရှိနေသ၍ ကိုအောင် ထမင်းမငတ်ဘူးဟေ့ ” လို့ ကိုအောင် ကျွေးကြော်နေကြ ။ အခု ကိုအောင့် အတတ်ပညာနဲ့ ကိုအောင် ထမင်းတော့ မငတ်ပါ ။ ဒါပေမယ့် အရင် ဝင်ငွေ မျိုးတော့ ကိုအောင် ရအောင်မရှာနိုင်တော့ ။ ကိုအောင့် ဝင်ငွေ တဖြည်းဖြည်း ခမ်းသထက်ခမ်းလာလေပြီ ။

၄ ။ သူ့နာမည်ကိုတော့ မသိ ။ ဒါပေမယ့် သူ့အလုပ်အကိုင်က ကားစက်ပြင်ဆရာ ။ ” ငါက ဟိုး လေးဘီးကားခေတ်ကတည်းက ကားစပြင်လာတာကွ ” လို့တော့ အဲ့ဦးလေးကြီး အမြဲပြောတတ်သည် ။ ” ဒီနေရာ ဒီဆိုင်မှာ ဟိုးအရင်ကဆို ကားတွေအပြည့်ကွ ” လို့ သူတဆက်တည်းပြောတတ်သေးသည် ။ သူ့ မျက်လုံးထဲမှာလည်း ဟိုးအရင်ရွှေထီးဆောင်းခဲ့ချိန်ကို ပြန်လည်တမ်းတမိနေသလိုလို ။

အခု ဟိုးရှေးရိုးကားတွေ ရှေးရိုး အင်ဂျင်တွေကနေ EFI စနစ် ၊ Computerize စနစ် OBD စနစ်တွေ Electronic Wiring စနစ်တွေ ပြောင်းသွားချိန် သူအလုပ်ရုံလေးမှာ ကားလာပြင်သူတွေ သိပ်မလာတော့ ။ နောက်ပိုင်းစနစ်တွေ သူ မနိုင်နင်းမှန်း Customer တွေက သိသည်လေ ။ သူကလည်း ပြောတတ်သည် ” ဒီကားစနစ်တွေ ဒီလောက်ထိပြောင်းသွားမယ်လို့ ငါဘယ်တုန်းကမှ မထင်ဘူးကွ ”

၅ ။ သူနာမည်က ကိုလှ ။ သူအလုပ်က ဓာတ်ပုံဆရာ ။ သူကျင်လည်ကျက်စားရာက ဘုရားပေါ်မှာ ။ ဘုရားပေါ်မှာ အလှဓာတ်ပုံရိုက်သည့် အလုပ်ကို ကိုလှ လူပျိုပေါက် ဘဝကတည်းကလုပ်သည် ။ ကိုလှတို့ လူပျိုပေါက်တုန်းက ဘုရားပေါ် ဓာတ်ပုံရိုက်သည့် အလုပ်က ကိုလှတို့အတွက် မဆိုး ။ ခုနောက်ပိုင်းမှာ ဖုန်းကင်မရာတွေ ပေါ်လာပြီးနောက်ပိုင်း ကိုလှတို့ အလုပ်အကိုင်သိပ်မကောင်း ။ ဘုရားပေါ် ဓာတ်ပုံရိုက်ပေးမယ် ခုရိုက်ခုရသည် လို့ ဆယ်ယောက်ကိုခေါ်လို့ လူတယောက်ဓာတ်ပုံလာမရိုက်တော့ ။ အမှတ်တရဓာတ်ပုံရိုက်တာလောက်တော့ လူတိုင်းလက်ထဲက တန်ဖိုးနည်း တန်ဖိုးကြီး Andorid ဖုန်းလေးကိုယ်စီနဲ့ အလုပ်ဖြစ်နေကြလေပြီ ။

ကိုလှ ငယ်စဉ်က ဓာတ်ပုံရိုက်နေတုန်းကတည်းက ထမင်းစားရတော်ပြီ ပိုက်ဆံရတော်ပြီ ဘုရားကိုလူတွေ လာနေသမျှ ငါတော့ အလုပ်ကောင်းမှာပဲဆိုတာမျိုး ကိုလှအမြဲတွေးသည် ။ အခြားခြားသော အသစ်သစ်သော ဓာတ်ပုံရိုက်နည်းပညာတွေ ဘာတွေကိုလှ စိတ်မဝင်စားခဲ့ ။ ခုတော့ ကိုလှရဲ့ အမှတ်တရ အမြန်ရဓာတ်ပုံလုပ်ငန်း ဘုရားပေါ်မှာ သိပ်အလုပ်မဖြစ်တော့ ။

ဘဝကို Upgrade မြှင့်ပါ အပေါ်မှာ ပြောထားတဲ့ လူတွေ ဘာတွေ မှားနေသလဲ ။ သူတို့ သူတို့အလုပ်အကိုင်တွေကို ပုံမှန်လုပ်နေကြတာပဲ ။ ဒါပေမယ့် မအောင်မြင်ဘဲ ဘာကြောင့် ဆုတ်ယုတ်သွားသလဲ ။ သူတို့အလုပ်အကိုင်တွေ အသက်အရွယ်တွေ ကျားမတွေသာ မတူတာ သူတို့မအောင်မြင်ရခြင်း သူများနောက်မှာ ကျန်နေခဲ့ရခြင်း အကြောင်းအရင်းကတော့ တခုတည်းပဲ ။ အဓိက အကြောင်းက ကိုယ်နေရာတခုကို ရောက်သွားတာနဲ့ တစ်ဘဝလုံးစာ Perfect ဖြစ်ပြီ ဆိုပြီး ကိုယ့်ကိုကိုယ် Upgrade လုပ်ဖို့ မေ့မျောသွားလို့ ပါပဲ ။ ကျနော်တို့ ပတ်ဝန်းကျင်မှာ အဲ့လိုလူတွေ အများကြီးပဲ ။

လူငယ်လေးတွေဆိုလည်း ဂိမ်းထဲမှာသာ ကိုယ့် ဂိမ်းဇာတ်ကောင်တွေ ၊ ကိုယ့်တပ်ဖွဲ့တွေကို အသဲအသန် Upgrade လုပ်နေကြတာ ၊ အပြင်မှာ ဘဝကို အမြဲ Upgrade လုပ်ရမယ်ဆိုတာ မေ့နေကြတယ် ။ နေရာတခုရထားပြီး ဆရာဝန်တွေ အင်ဂျင်နီယာတွေ က စလို့ ဟိုးအောက်ခြေဝန်ထမ်းတွေအထိ နေရာလေးတခု မှာ ခိုင်မြဲနေပြီ ပုံမှန်ဝင်ငွေလေးရနေပြီ ဘဝလေးက အိုကေစိုပြေနေပြီဆို ကိုယ့်ကိုကိုယ် Upgrade လုပ်ဖို့မေ့သွားကြတယ် ။ ဒီအလုပ်က ငွေရနေပြီပဲကွာ ၊ ငါတော့ အေးဆေးပါပဲ ဒီအလုပ်ကနေ ငွေ အမြဲဝင်နေမှာပဲ ။ ဒီရာထူးက အမြဲမြဲနေမှာပဲ ။ ဒီပညာသာတတ် တသက်လုံးထမင်းမငတ်ဘူး ။ အလုပ်က ပင်ပန်းတယ် ကျန်တာတွေ ဆက်လေ့လာဖို့ အချိန်မရှိဘူး ။ ဆိုတဲ့ အတွေးတွေနဲ့ ကိုယ့်ကိုကိုယ်ရောက်တဲ့ နေရာလေးမှာ ရပ်တန့်ပစ်လိုက်ကြတယ် ။

အဲ့လိုရပ်တန့်နေတဲ့ သူတွေ က ခေတ်နဲ့ ဘယ်လောက်ကွာသွားတယ်ဆိုတာ တစ်နှစ် မသိသာသေးဘူး ။ ၂ နှစ် မသိသာသေးဘူး ။ ၁၀ နှစ် ၂၀ နှစ်တွေလဲရောက်ရော ။ ဒါတွေ ငါလိုက်မမီတော့ ဘူး ။ ငါမလုပ်တတ်တော့ဘူး ။ နောက်ကလေးတွေ လုပ်ရမယ့်အရာတွေပါကွာ ငါတို့တွေ လေ့လာလို့မရတော့ဘူး ။ ဆိုတာတွေဖြစ်ပြီး အကုန်ကွာဟသွားတော့တာပါပဲ ။

အဓိက အကြောင်းရင်းက ကျနော်တို့ မြန်မာနိုင်ငံမှာသာ တစ်နေ့နဲ့ တစ်နေ့ ထင်သလောက်မတိုးတက်လို့ အရမ်းမကွာဟဘူးထင်နေရတာ ။ သူများနိုင်ငံတွေမှာက Challenge of Technology Age ဆိုသလိုပဲ ။ နေ့တိုင်း နေ့တိုင်း တစ်ယောက်နဲ့ တယောက် ။ Company တစ်ခုနဲ့ တစ်ခု အသည်းအသန် ပြိုင်ဆိုင် ယှဉ်ပြိုင်နေရတာ ။ ဒီနေ့ ဒီ Company က နည်းပညာအသစ်တခု ထုတ်နိုင်ချိန် နောက် Company တခုက ဘာမှ မလုပ်နိုင်ရင် စျေးကွက်ထဲမှာ နောက်ကျကျန်နေခဲ့မှာပဲ ။

ကြားဖူးတာတခုဆို ဟိုးအရင်က ဖုန်းထဲမှာနာမည်ကြီး Nokia ဖုန်းကုမ္ပဏီကြီးဆို Andorid တွေ ပေါ်လာချိန် နည်းပညာနောက်ကျပြီး စျေးကွက်မှာ နောက်ကောက်ကျသွားရတာမျိုးဟာ အခုပြောတဲ့ အတိုုင်း Upgrade လုပ်ဖို့ နောက်ကျကျန်နေခဲ့လိုပါပဲ ။ အခု ကမ္ဘာပေါ်မှာ နည်းပညာအဖွဲ့အစည်းကြီးတွေ ကမ္ဘာ့အင်အားကြီးနိုင်ငံကြီးတွေ ထိပ်တန်းအမြဲရောက်နေရခြင်း အကြောင်းရင်းကလည်း နေ့တိုင်း အချိန်တိုင်း စက္ကန့်တိုင်း Upgrade ဖြစ်အောင် အမြဲမြှင့်နေလို့ ကြိုးစားနေလို့ ရှာဖွေနေလို့ လေ့လာနေလို့ပါပဲ ။

မြန်မာနိုင်ငံမှာတော့ ပိုက်ဆံရှာတာက အဓိက ကျပြီး လုပ်ငန်းတခုက ပုံမှန်ဝင်ငွေလေး နှစ်ပဲခြောက်ပြားလောက်ရပြီဆို ပြီးပြည့်စုံသွားပြီယူဆပြီး ကိုယ့်ကိုကိုယ်ရပ်တန့်လိုက်ကြတာ မျိုးကိုးဗျ ။ ဒါကြောင့်လည်း သူများနိုင်ငံတွေက လွန်ခဲ့တဲ့ နှစ်တရာကျော်လောက်ကမှ Transistor ဆိုတဲ့ အီလက်ထရောနစ်ပစ္စည်း စပေါ်လာပြီး ခုတော့ ကမ္ဘာ့အပြင်ဖက်တောင် လူမပါဘဲ လွှတ်ကုန်ကြပြီ ။

ကျတော့်မိတ်ဆွေလည်း ဒီစာကိုဖတ်နေတဲ့ အချိန် ကိုယ့်ကိုယ်ကို ပြန်ကြည့် ကိုယ့်အခြေအနေကိုယ်တွေးကြည့် နေ့တိုင်း နေ့တိုင်း ဘာတွေ Upgrade ဖြစ်လာသလဲ ။ ကိုယ့်အလုပ်အကိုင်လေးမှာ ပိုက်ဆံလေးရရင် ဝင်ငွေလေးရရင်တော်ပြီဆိုပြီး ကိုယ့်ကိုကိုယ် Upgrade မြှင့်ဖို့ ခများမေ့နေရင် ဘာကိုမှ ဆက်လက်လေ့လာဖို့ ဆည်းပူးဖို့ သင်ယူဖို့ မေ့လျော့နေတယ်ဆိုရင်တော့ နောင် ဆယ်စုနှစ်ကျော်ကျော်မှာ ခများသူများနောက်ကျန်ကို ကျန်နေခဲ့လိမ့်မယ်လို့ ကျနော်ရဲရဲကြီးပြောလိုက်မယ်ဗျာ ။

ရပ်နေသူနဲ့ လှမ်းနေသူ ၊ လှမ်းနေသူနဲ့ ပြေးနေသူ ဘယ်သူက ခရီးပိုရောက်မလဲ ဘယ်သူက နောက်ကျ ကျန်နေခဲ့မလဲဗျာ ။ ဘဝမှာ မှားတာမလုပ်တိုင်း အောင်မြင်တာမဟုတ် ၊ မှန်တာတွေကို လုပ်ဖို့ လိုနေရင်လည်း အမြင့်ဆုံးအောင်မြင်မှုကိုဘယ်တော့မှ ရမယ်မဟုတ်ကြောင်းပါဗျာ ။

(အပေါ်က အလုပ်အကိုင်တွေနဲ့ နာမည်တွေက မျက်စိရှေ့ ပတ်ဝန်းကျင်ရှေ့မြင်ရကြားရတာတွေကို စိတ်ကူးနဲ့ရေးထားတာပါ ။ သူတပါးအလုပ်အကိုင်တွေကို စော်ကားလိုစိတ် အလျဉ်းမရှိတာမို့ တိုက်ဆိုင်မှုများရှိရင် နားလည်ပေးစေလိုကြောင်းပါ)

Lynn Zarni

Zawgyi

သူတို႔ဘာမွားခဲ့လို႔လဲ..? သူတို႔ဘာေတြမွားေနလဲ..?

၁ ။ သူ႔နာမည္က ဦးစိုး ၊အသက္က ၅၀ ေက်ာ္ေနၿပီ။ သူက ရပ္ကြက္ေစ်းေလးတခုမွာေနတယ္ ။ သူ႔အလုပ္အကိုင္က နာရီျပင္တယ္ ။ သူကနာရီျပင္တာေတာ္တယ္ ။ သူကိုယ္တိုင္လည္း ႀကိဳးႀကိဳးစားစား အလုပ္လုပ္ခဲ့တယ္ ။ လြန္ခဲ့တဲ့ အႏွစ္ ၃၀ ေလာက္ကတည္းက နာရီျပင္လာတဲ့ နာရီျပင္ဆရာ ။ လြန္ခဲ့တဲ့ ႏွစ္ ၂၀ ေက်ာ္ေလာက္တုန္းက လူတိုင္းလိုလို နာရီပတ္တုန္းက သူလုပ္ငန္း ေတာ္ေတာ္ေကာင္းခဲ့တယ္ ။

တေန႔တေန႔ သူ႔ ဝင္ေငြမနည္း ။ အခုေတာ့သူက ညည္းရွာတယ္ ။ ” အခုေနာက္ပိုင္းေခတ္ေတြေရာက္လာေတာ့ နာရီျပင္တဲ့ အလုပ္ေတြမေကာင္း ေတာ့ဘူးကြာ ။ ဖုန္းေတြေပၚလာၿပီး ေနာက္ပိုင္း နာရီပတ္တဲ့ သူေတြေတာ္ေတာ္ရွားလာတယ္ ငါ့တူရ ဒီအလုပ္မလုပ္ဘဲ အျခားအလုပ္ေျပာင္းလုပ္ဖို႔ကလည္း အသက္အ႐ြယ္က ရလာတာရယ္ ။ အျခားဘာမွ မလုပ္တတ္တာရယ္နဲ႔ ဒီအလုပ္ေလးပဲ လုပ္ေနရတယ္ ” ။

၂ ။ သူ႔နာမည္က ေဒၚတင့္ ။ သူက အိမ္မွာ တပိုင္တႏိုင္စက္ခ်ဳပ္တယ္ ။ အသက္ ၂၀ ေလာက္ကတည္းက စက္ခ်ဳပ္ခဲ့တဲ့ ေဒၚတင့္ အခု အသက္ပဲ ၄၀ ေက်ာ္ ၅၀ နားကပ္ေနၿပီ ။ ေဒၚတင့္ စက္ခ်ဳပ္သက္တမ္း ကိုယ့္ဘာသာ ကိုယ္ပဲ မွန္းၾကည့္ေပေတာ့ ။

ေဒၚတင့္စက္ခ်ဳပ္လုပ္ငန္းေလးက အရမ္းမေအာင္ျမင္ေသာ္လည္း သူ႔အရပ္နဲ႔ သူ႔ဇာတ္ ခ်ဳပ္ထည္မ်ားလက္ခံရတာမို႔ စားေလာက္႐ုံေသာက္ေလာက္႐ုံ အဆင္ေျပေျပေတာ့ ေနႏိုင္တယ္ေပါ့ ။ သူ႔ဆီ အပ္ထည္အပ္သူေတြ ေဖာက္သည္ေတြက နာမည္ႀကီး ဒီဇိုင္နာေတြရဲ႕ ဒီဇိုင္းေတြ အဆင္ေတြ ခ်ဳပ္ပုံ ခ်ဳပ္နည္း အသစ္အဆန္းေတြ ေဒၚတင့္ဆီယူလာၿပီး ျပရင္ ေဒၚတင့္က ” ဒီ ဒီဇိုင္နာေတြရဲ႕ ဒီဇိုင္းေတြက ငါတို႔ ခ်ဳပ္တာေတြနဲ႔ ဘာမွ မထူးပါဘူးေအ ၊ ငါတို႔ခ်ဳပ္တာေတြနဲ႔ တူတူပါပဲ ။ ငါ အသက္ ၂၀ ကတည္းက ဒီပုံပဲခ်ဳပ္လာတာ ။ သူတို႔ပုံေတြ ဒီဇိုင္းေတြက ဒါေတြပါပဲ ေအ ” လို႔ ေဒၚတင့္အၿမဲေျပာတတ္ေလသည္ ။ ေဒၚတင့္ အႏွစ္ ၂၀ ေက်ာ္ ၃၀ ေက်ာ္ ခ်ဳပ္လာတဲ့ ဒီဇိုင္းေတြက တခါလာလည္း ဒီပုံ တခါလာလည္း ဒီပုံေတြႀကီးပဲလို႔ အရပ္ထဲေတာ့ ေျပာစမတ္ရွိၾကေလသတဲ့

၃ ။ သူ႔နာမည္က ကိုေအာင္ ။ သူက တီဗြီျပင္ဆရာ ။ သူျပင္တဲ့ တီဗြီေတြက ဟိုးအရင္ ေခတ္ေဟာင္းတီဗြီ Tube Type ဖင္အလုံးႀကီးေတြနဲ႔ တီဗြီေတြျပင္တဲ့ ျပင္ဆရာ ။ သူတို႔ေခတ္မွာေတာ့ သူက နာမည္ႀကီး တီဗြီျပင္ဆရာႀကီး ေပါ့ ။ သူ႔ေခတ္သူ႔အခါ သူ႔တီဗြီျပင္ဆိုင္က နာမည္ႀကီး ။ သူ႔ဆိုင္ သူ႔အလုပ္ကလည္း ဝင္ေငြေကာင္း တဲ့ အလုပ္တခုေပါ့ ။

ဒီလိုနဲ႔ တျဖည္းျဖည္း ေခတ္ေတြေျပာင္းၿပီး Tube Type ကေန LCD တီဗြီေတြမ်ားလာေတာ့ သူ႔အလုပ္အကိုင္သိပ္မေကာင္းေတာ့ ။ LCD တီဗြီေတြ စေပၚစ LCD တီဗြီျပင္နည္းသင္တန္းေတြ ဖြင့္တယ္ ဆိုတာကို ကိုေအာင္ၾကားေတာ့ ” အလကားပါကြာ ၊ LCD TV ဆိုတာ လူတိုင္းဝယ္ႏိုင္တာမဟုတ္ဘူး ဘာသင္တန္းမွ တက္ေနစရာမလိုဘူး၊ ဒီေခတ္ေဟာင္းတီဗြီေတြ ရွိေနသ၍ ကိုေအာင္ ထမင္းမငတ္ဘူးေဟ့ ” လို႔ ကိုေအာင္ ေကြၽးေၾကာ္ေနၾက ။ အခု ကိုေအာင့္ အတတ္ပညာနဲ႔ ကိုေအာင္ ထမင္းေတာ့ မငတ္ပါ ။ ဒါေပမယ့္ အရင္ ဝင္ေငြ မ်ိဳးေတာ့ ကိုေအာင္ ရေအာင္မရွာႏိုင္ေတာ့ ။ ကိုေအာင့္ ဝင္ေငြ တျဖည္းျဖည္း ခမ္းသထက္ခမ္းလာေလၿပီ ။

၄ ။ သူ႔နာမည္ကိုေတာ့ မသိ ။ ဒါေပမယ့္ သူ႔အလုပ္အကိုင္က ကားစက္ျပင္ဆရာ ။ ” ငါက ဟိုး ေလးဘီးကားေခတ္ကတည္းက ကားစျပင္လာတာကြ ” လို႔ေတာ့ အဲ့ဦးေလးႀကီး အၿမဲေျပာတတ္သည္ ။ ” ဒီေနရာ ဒီဆိုင္မွာ ဟိုးအရင္ကဆို ကားေတြအျပည့္ကြ ” လို႔ သူတဆက္တည္းေျပာတတ္ေသးသည္ ။ သူ႔ မ်က္လုံးထဲမွာလည္း ဟိုးအရင္ေ႐ႊထီးေဆာင္းခဲ့ခ်ိန္ကို ျပန္လည္တမ္းတမိေနသလိုလို ။

အခု ဟိုးေရွး႐ိုးကားေတြ ေရွး႐ိုး အင္ဂ်င္ေတြကေန EFI စနစ္ ၊ Computerize စနစ္ OBD စနစ္ေတြ Electronic Wiring စနစ္ေတြ ေျပာင္းသြားခ်ိန္ သူအလုပ္႐ုံေလးမွာ ကားလာျပင္သူေတြ သိပ္မလာေတာ့ ။ ေနာက္ပိုင္းစနစ္ေတြ သူ မႏိုင္နင္းမွန္း Customer ေတြက သိသည္ေလ ။ သူကလည္း ေျပာတတ္သည္ ” ဒီကားစနစ္ေတြ ဒီေလာက္ထိေျပာင္းသြားမယ္လို႔ ငါဘယ္တုန္းကမွ မထင္ဘူးကြ ”

၅ ။ သူနာမည္က ကိုလွ ။ သူအလုပ္က ဓာတ္ပုံဆရာ ။ သူက်င္လည္က်က္စားရာက ဘုရားေပၚမွာ ။ ဘုရားေပၚမွာ အလွဓာတ္ပုံ႐ိုက္သည့္ အလုပ္ကို ကိုလွ လူပ်ိဳေပါက္ ဘဝကတည္းကလုပ္သည္ ။ ကိုလွတို႔ လူပ်ိဳေပါက္တုန္းက ဘုရားေပၚ ဓာတ္ပုံ႐ိုက္သည့္ အလုပ္က ကိုလွတို႔အတြက္ မဆိုး ။ ခုေနာက္ပိုင္းမွာ ဖုန္းကင္မရာေတြ ေပၚလာၿပီးေနာက္ပိုင္း ကိုလွတို႔ အလုပ္အကိုင္သိပ္မေကာင္း ။ ဘုရားေပၚ ဓာတ္ပုံ႐ိုက္ေပးမယ္ ခု႐ိုက္ခုရသည္ လို႔ ဆယ္ေယာက္ကိုေခၚလို႔ လူတေယာက္ဓာတ္ပုံလာမ႐ိုက္ေတာ့ ။ အမွတ္တရဓာတ္ပုံ႐ိုက္တာေလာက္ေတာ့ လူတိုင္းလက္ထဲက တန္ဖိုးနည္း တန္ဖိုးႀကီး Andorid ဖုန္းေလးကိုယ္စီနဲ႔ အလုပ္ျဖစ္ေနၾကေလၿပီ ။

ကိုလွ ငယ္စဥ္က ဓာတ္ပုံ႐ိုက္ေနတုန္းကတည္းက ထမင္းစားရေတာ္ၿပီ ပိုက္ဆံရေတာ္ၿပီ ဘုရားကိုလူေတြ လာေနသမွ် ငါေတာ့ အလုပ္ေကာင္းမွာပဲဆိုတာမ်ိဳး ကိုလွအၿမဲေတြးသည္ ။ အျခားျခားေသာ အသစ္သစ္ေသာ ဓာတ္ပုံ႐ိုက္နည္းပညာေတြ ဘာေတြကိုလွ စိတ္မဝင္စားခဲ့ ။ ခုေတာ့ ကိုလွရဲ႕ အမွတ္တရ အျမန္ရဓာတ္ပုံလုပ္ငန္း ဘုရားေပၚမွာ သိပ္အလုပ္မျဖစ္ေတာ့ ။

ဘဝကို Upgrade ျမႇင့္ပါ အေပၚမွာ ေျပာထားတဲ့ လူေတြ ဘာေတြ မွားေနသလဲ ။ သူတို႔ သူတို႔အလုပ္အကိုင္ေတြကို ပုံမွန္လုပ္ေနၾကတာပဲ ။ ဒါေပမယ့္ မေအာင္ျမင္ဘဲ ဘာေၾကာင့္ ဆုတ္ယုတ္သြားသလဲ ။ သူတို႔အလုပ္အကိုင္ေတြ အသက္အ႐ြယ္ေတြ က်ားမေတြသာ မတူတာ သူတို႔မေအာင္ျမင္ရျခင္း သူမ်ားေနာက္မွာ က်န္ေနခဲ့ရျခင္း အေၾကာင္းအရင္းကေတာ့ တခုတည္းပဲ ။ အဓိက အေၾကာင္းက ကိုယ္ေနရာတခုကို ေရာက္သြားတာနဲ႔ တစ္ဘဝလုံးစာ Perfect ျဖစ္ၿပီ ဆိုၿပီး ကိုယ့္ကိုကိုယ္ Upgrade လုပ္ဖို႔ ေမ့ေမ်ာသြားလို႔ ပါပဲ ။ က်ေနာ္တို႔ ပတ္ဝန္းက်င္မွာ အဲ့လိုလူေတြ အမ်ားႀကီးပဲ ။

လူငယ္ေလးေတြဆိုလည္း ဂိမ္းထဲမွာသာ ကိုယ့္ ဂိမ္းဇာတ္ေကာင္ေတြ ၊ ကိုယ့္တပ္ဖြဲ႕ေတြကို အသဲအသန္ Upgrade လုပ္ေနၾကတာ ၊ အျပင္မွာ ဘဝကို အၿမဲ Upgrade လုပ္ရမယ္ဆိုတာ ေမ့ေနၾကတယ္ ။ ေနရာတခုရထားၿပီး ဆရာဝန္ေတြ အင္ဂ်င္နီယာေတြ က စလို႔ ဟိုးေအာက္ေျခဝန္ထမ္းေတြအထိ ေနရာေလးတခု မွာ ခိုင္ၿမဲေနၿပီ ပုံမွန္ဝင္ေငြေလးရေနၿပီ ဘဝေလးက အိုေကစိုေျပေနၿပီဆို ကိုယ့္ကိုကိုယ္ Upgrade လုပ္ဖို႔ေမ့သြားၾကတယ္ ။ ဒီအလုပ္က ေငြရေနၿပီပဲကြာ ၊ ငါေတာ့ ေအးေဆးပါပဲ ဒီအလုပ္ကေန ေငြ အၿမဲဝင္ေနမွာပဲ ။ ဒီရာထူးက အၿမဲၿမဲေနမွာပဲ ။ ဒီပညာသာတတ္ တသက္လုံးထမင္းမငတ္ဘူး ။ အလုပ္က ပင္ပန္းတယ္ က်န္တာေတြ ဆက္ေလ့လာဖို႔ အခ်ိန္မရွိဘူး ။ ဆိုတဲ့ အေတြးေတြနဲ႔ ကိုယ့္ကိုကိုယ္ေရာက္တဲ့ ေနရာေလးမွာ ရပ္တန္႔ပစ္လိုက္ၾကတယ္ ။

အဲ့လိုရပ္တန္႔ေနတဲ့ သူေတြ က ေခတ္နဲ႔ ဘယ္ေလာက္ကြာသြားတယ္ဆိုတာ တစ္ႏွစ္ မသိသာေသးဘူး ။ ၂ ႏွစ္ မသိသာေသးဘူး ။ ၁၀ ႏွစ္ ၂၀ ႏွစ္ေတြလဲေရာက္ေရာ ။ ဒါေတြ ငါလိုက္မမီေတာ့ ဘူး ။ ငါမလုပ္တတ္ေတာ့ဘူး ။ ေနာက္ကေလးေတြ လုပ္ရမယ့္အရာေတြပါကြာ ငါတို႔ေတြ ေလ့လာလို႔မရေတာ့ဘူး ။ ဆိုတာေတြျဖစ္ၿပီး အကုန္ကြာဟသြားေတာ့တာပါပဲ ။

အဓိက အေၾကာင္းရင္းက က်ေနာ္တို႔ ျမန္မာႏိုင္ငံမွာသာ တစ္ေန႔နဲ႔ တစ္ေန႔ ထင္သေလာက္မတိုးတက္လို႔ အရမ္းမကြာဟဘူးထင္ေနရတာ ။ သူမ်ားႏိုင္ငံေတြမွာက Challenge of Technology Age ဆိုသလိုပဲ ။ ေန႔တိုင္း ေန႔တိုင္း တစ္ေယာက္နဲ႔ တေယာက္ ။ Company တစ္ခုနဲ႔ တစ္ခု အသည္းအသန္ ၿပိဳင္ဆိုင္ ယွဥ္ၿပိဳင္ေနရတာ ။ ဒီေန႔ ဒီ Company က နည္းပညာအသစ္တခု ထုတ္ႏိုင္ခ်ိန္ ေနာက္ Company တခုက ဘာမွ မလုပ္ႏိုင္ရင္ ေစ်းကြက္ထဲမွာ ေနာက္က်က်န္ေနခဲ့မွာပဲ ။

ၾကားဖူးတာတခုဆို ဟိုးအရင္က ဖုန္းထဲမွာနာမည္ႀကီး Nokia ဖုန္းကုမၸဏီႀကီးဆို Andorid ေတြ ေပၚလာခ်ိန္ နည္းပညာေနာက္က်ၿပီး ေစ်းကြက္မွာ ေနာက္ေကာက္က်သြားရတာမ်ိဳးဟာ အခုေျပာတဲ့ အတိုုင္း Upgrade လုပ္ဖို႔ ေနာက္က်က်န္ေနခဲ့လိုပါပဲ ။ အခု ကမာၻေပၚမွာ နည္းပညာအဖြဲ႕အစည္းႀကီးေတြ ကမာၻ႔အင္အားႀကီးႏိုင္ငံႀကီးေတြ ထိပ္တန္းအၿမဲေရာက္ေနရျခင္း အေၾကာင္းရင္းကလည္း ေန႔တိုင္း အခ်ိန္တိုင္း စကၠန္႔တိုင္း Upgrade ျဖစ္ေအာင္ အၿမဲျမႇင့္ေနလို႔ ႀကိဳးစားေနလို႔ ရွာေဖြေနလို႔ ေလ့လာေနလို႔ပါပဲ ။

ျမန္မာႏိုင္ငံမွာေတာ့ ပိုက္ဆံရွာတာက အဓိက က်ၿပီး လုပ္ငန္းတခုက ပုံမွန္ဝင္ေငြေလး ႏွစ္ပဲေျခာက္ျပားေလာက္ရၿပီဆို ၿပီးျပည့္စုံသြားၿပီယူဆၿပီး ကိုယ့္ကိုကိုယ္ရပ္တန္႔လိုက္ၾကတာ မ်ိဳးကိုးဗ် ။ ဒါေၾကာင့္လည္း သူမ်ားႏိုင္ငံေတြက လြန္ခဲ့တဲ့ ႏွစ္တရာေက်ာ္ေလာက္ကမွ Transistor ဆိုတဲ့ အီလက္ထေရာနစ္ပစၥည္း စေပၚလာၿပီး ခုေတာ့ ကမာၻ႔အျပင္ဖက္ေတာင္ လူမပါဘဲ လႊတ္ကုန္ၾကၿပီ ။

က်ေတာ့္မိတ္ေဆြလည္း ဒီစာကိုဖတ္ေနတဲ့ အခ်ိန္ ကိုယ့္ကိုယ္ကို ျပန္ၾကည့္ ကိုယ့္အေျခအေနကိုယ္ေတြးၾကည့္ ေန႔တိုင္း ေန႔တိုင္း ဘာေတြ Upgrade ျဖစ္လာသလဲ ။ ကိုယ့္အလုပ္အကိုင္ေလးမွာ ပိုက္ဆံေလးရရင္ ဝင္ေငြေလးရရင္ေတာ္ၿပီဆိုၿပီး ကိုယ့္ကိုကိုယ္ Upgrade ျမႇင့္ဖို႔ ခမ်ားေမ့ေနရင္ ဘာကိုမွ ဆက္လက္ေလ့လာဖို႔ ဆည္းပူးဖို႔ သင္ယူဖို႔ ေမ့ေလ်ာ့ေနတယ္ဆိုရင္ေတာ့ ေနာင္ ဆယ္စုႏွစ္ေက်ာ္ေက်ာ္မွာ ခမ်ားသူမ်ားေနာက္က်န္ကို က်န္ေနခဲ့လိမ့္မယ္လို႔ က်ေနာ္ရဲရဲႀကီးေျပာလိုက္မယ္ဗ်ာ ။

ရပ္ေနသူနဲ႔ လွမ္းေနသူ ၊ လွမ္းေနသူနဲ႔ ေျပးေနသူ ဘယ္သူက ခရီးပိုေရာက္မလဲ ဘယ္သူက ေနာက္က် က်န္ေနခဲ့မလဲဗ်ာ ။ ဘဝမွာ မွားတာမလုပ္တိုင္း ေအာင္ျမင္တာမဟုတ္ ၊ မွန္တာေတြကို လုပ္ဖို႔ လိုေနရင္လည္း အျမင့္ဆုံးေအာင္ျမင္မႈကိုဘယ္ေတာ့မွ ရမယ္မဟုတ္ေၾကာင္းပါဗ်ာ ။

(အေပၚက အလုပ္အကိုင္ေတြနဲ႔ နာမည္ေတြက မ်က္စိေရွ႕ ပတ္ဝန္းက်င္ေရွ႕ျမင္ရၾကားရတာေတြကို စိတ္ကူးနဲ႔ေရးထားတာပါ ။ သူတပါးအလုပ္အကိုင္ေတြကို ေစာ္ကားလိုစိတ္ အလ်ဥ္းမရွိတာမို႔ တိုက္ဆိုင္မႈမ်ားရွိရင္ နားလည္ေပးေစလိုေၾကာင္းပါ)

Lynn Zarni