Gameဆော့တဲ့လက်တွေကမောင်းပြန်လဲ ကိုင်နိင်ကြတယ်

နေမွန်းတည့်မှ အိပ်ယာထတဲ့ကောင်တွေက ၅နာရီထိုးတာနဲ့ အပြေးအလွှားလေ့ကျင့်နေတယ် ပါးစပ်ကလည်း ဘာလိုချင်လဲ ဒီမိုကရေစီ ဘယ်သူ့အတွက်လဲ ပြည်သူအတွက်ပဲ ဆိုပြီးဟစ်ကြွေး ပြေးနေကြတယ်

အိမ်မှာကူဖော်လောင်ဖက်မရတဲ့ကောင်တွေက ဘယ်သူတစ်ဦးတစ်ယောက်မှ မတိုက်တွန်းဘဲကိုယ်ပိုင်အသိ ကိုယ်ပိုင်ညဏ်နဲ့ တိုင်းပြည်ကိုထမ်းတင်နေကြတယ် ငါးဟင်းဆိုမစားနိင်ဘူးဆိုတဲ့ကောင်တွေက ငါးသေတ္တာ ရွှေဖရုံသီးက ဟင်းကောင်းဖြစ်မှန်းမသိဖြစ်လာတယ် နေပူတယ်အပြင်မသွားဘူးဆိုတဲ့ကောင်တွေက အမိုးအကာမရှိ နေပူပူကွင်းပြင်လယ်မှာ မောင်းတင်နေကြတယ် ဒိုက်ထိုးကျင့်နေကြတယ်

မိုးချိန်းရင်နေစရာမရှိတဲ့သူတွေက လည်းမိုးရေထဲလျှပ်စီးတွေထဲ လေ့ကျင့်နေကြတယ် ကျောခင်းယုံအိပ်ယာမှာ ခြင်ကိုက်လို့မသေဘူး မနက်အတွက်အားပြည့်မှဖြစ်မယ် အိပ်ပျော်အောင်အိပ်မယ်တဲ့ ဘာလုပ်နေလဲမေးရင်လေ့ကျင့်နေတယ် လို့ဖြေတယ် ဘာလုပ်ဖို့လဲမေးရင်တိုက်ပွဲ၀င်ဖို့တဲ့ ဘယ်သူအတွက်လဲမေးရင်တိုင်းပြည်အတွက် အနာဂတ်အတွက် နောက်မျိုးဆက်အတွက်တဲ့ ဘာစိတ်ဓာတ်လဲမေးရင်စွန့်လွှတ်စိတ်ဓာတ် စွန့်စားစိတ်ဓာတ်တဲ့

Zawgyi

ေနမြန္းတည့္မွ အိပ္ယာထတဲ့ေကာင္ေတြက၅နာရီထိုးတာနဲ႔ အေျပးအလႊားေလ့က်င့္ေနတယ္ ပါးစပ္ကလည္း ဘာလိုခ်င္လဲ ဒီမိုကေရစီ ဘယ္သူ႔အတြက္လဲ ျပည္သူအတြက္ပဲ ဆိုၿပီးဟစ္ေႂကြး ေျပးေနၾကတယ္

အိမ္မွာကူေဖာ္ေလာင္ဖက္မရတဲ့ေကာင္ေတြက ဘယ္သူတစ္ဦးတစ္ေယာက္မွ မတိုက္တြန္းဘဲကိုယ္ပိုင္အသိ ကိုယ္ပိုင္ညဏ္နဲ႔ တိုင္းျပည္ကိုထမ္းတင္ေနၾကတယ္ ငါးဟင္းဆိုမစားနိင္ဘူးဆိုတဲ့ေကာင္ေတြကငါးေသတၱာ ေ႐ႊဖ႐ုံသီး က ဟင္းေကာင္းျဖစ္မွန္းမသိျဖစ္လာတယ္ ေနပူတယ္အျပင္မသြားဘူးဆိုတဲ့ေကာင္ေတြကအမိုးအကာမရွိ ေနပူပူကြင္းျပင္လယ္မွာ ေမာင္းတင္ေနၾကတယ္ ဒိုက္ထိုးက်င့္ေနၾကတယ္

မိုးခ်ိန္းရင္ေနစရာမရွိတဲ့သူေတြကလည္းမိုးေရထဲလွ်ပ္စီးေတြထဲ ေလ့က်င့္ေနၾကတယ္ ေက်ာခင္းယုံအိပ္ယာမွာ ျခင္ကိုက္လို႔မေသဘူးမနက္အတြက္အားျပည့္မွျဖစ္မယ္ အိပ္ေပ်ာ္ေအာင္အိပ္မယ္တဲ့ ဘာလုပ္ေနလဲေမးရင္ေလ့က်င့္ေနတယ္ လို႔ေျဖတယ္ ဘာလုပ္ဖို႔လဲေမးရင္တိုက္ပြဲ၀င္ဖို႔တဲ့ ဘယ္သူအတြက္လဲေမးရင္တိုင္းျပည္အတြက္ အနာဂတ္အတြက္ ေနာက္မ်ိဳးဆက္အတြက္တဲ့ ဘာစိတ္ဓာတ္လဲေမးရင္စြန႔္လႊတ္စိတ္ဓာတ္ စြန႔္စားစိတ္ဓာတ္တဲ့