Finalပွဲမှာ မြန်မာတွေအတွက်ဂုဏ်ယူရတဲ့ နဂါးနီသီချင်းကို ဆိုင်းကိုကိုယ်တိုင်တီးပြီး အံ့သြရလောက် သီဆိုယှဉ်ပြိုင်ခဲ့တဲ့ ခင်ရတနာစိုး

ပရိသတ်ကြီးရေThe Voice Myanmar Season 3 သီချင်းဆိုပြိုင်ပွဲကြီးကတော့ယနေ့ည ဒီဇင်ဘာ ၂၀ ရက်နေ့ညက ကျင်းပပြီးစီးခဲ့ပြီး Winner အဖြစ် အဆို တော် RZNTeam မှ ပြိုင်ပွဲဝင်N Oo L က ရရှိခဲ့ပါတယ်။

ခင်ရတနာစိုးဟာ မြန်မာနိုင်ငံမှာ ကျင်းပတဲ့ သီချင်းဆို ပြိုင်ပွဲတွေထဲက Winner ရရှိသူများအ ကြားမှာ ထူးခြားစွာ မြန်မာမှုမြန်မာဂီတကို ထုတ်ဖော်သီဆိုယှဉ် ပြိုင်ပြီး ဆုရရှိခဲ့သူ တယောက်ပါ။

သူမဟာ အဆိုတော် နီနီခင်ဇော် Team ရဲ့ အဖွဲ့ဝင်တဦး ဖြစ်ပြီးမိဘတွေရဲ့ အနုပညာအမွေအနှစ် ကိုဆက်ခံရင်း သူမ ယုံကြည်ရာ ဂီတကို တစိုက်မတ်မတ် သီဆိုကာကိုယ်တိုင်လည်း ဆုရဖို့ မျှော်မှန်းမထားဘူးလို့ သိရပါတယ်။ The Voice Myanmar Season 3 ရဲ့ နောက်ဆုံး Final ပွဲမှာတော့ Finalist ပြိုင်ပွဲဝင် များ ဖြစ်ကြတဲ့ တွမ်ပီး ၊ ခင်ရတနာစိုး၊ N Oo L ၊ Errorအဖွဲ့တို့ ယှဉ်ပြိုင် ခဲ့ကြတာဖြစ်ပါတယ်။Final ပွဲမှာ Errorအဖွဲ့က This is the Rap သီချင်း နဲ့ယှဉ်ပြိုင်ခဲ့ပြီး ခင်ရတနာစိုး ကတော့ နဂါးနီ သီချင်းကို ကိုယ်တိုင်ဆိုင်းတီးခတ်ကာ သီဆို ယှဉ်ပြိုင်ခဲ့ပါတယ်။

ပြိုင်ပွဲဝင် တွမ်ပီး ကတော့ “အိပ်မက် သီချင်း ကိုယှဉ်ပြိုင်ခဲ့ပြီး N Oo L ကတော့ ဇော်ဝင်းထွဋ်ရဲ့ “ခရီးသွားမီးခိုးတန်းများ” သီချင်းနဲ့ အသီးသီး ယှဉ်ပြိုင်ခဲ့ကြပါတယ်။ Grand Final Roundမှာတော့ ခင်ရတနာစိုးအတွက် သူဖြစ်စေချင်တဲ့အ တိုင်း ပံ့ပိုးပေးခဲ့တယ်လို့ Coach နီနီခင်ဇော်ကပြောပါတယ်။ထူးခြားစွာဖြင့်နီနီခင်ဇော်ရဲ့ သင်ယူမှုမပါဘဲ ခင်ရတနာစိုးရဲ့ မိခင်ကိုယ်တိုင်ရဲ့ သင် ပြမှုနဲ့ ယှဉ်ပြိုင်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ခင်ရတနာစိုးကတော့ မြန်မာ သံစဉ်သီချင်းဖြစ်တဲ့ နဂါးနီ သီချင်းကိုမိဘရဲ့ အမွေအနှစ်ဖြစ်တဲ့ ဆိုင်းကို စင်ပေါ်မှာ ကိုယ်တိုင်တီးခတ်ပြီး သြချရလောက်အောင် ယှဉ်ပြိုင်သွားတာပဲဖြစ်ပါတယ်။

ရန်ရန်ချမ်းကတော့ ခင်ရတနာစိုးရဲ့ ယှဉ်ပြိုင်မှုအပေါ်အရမ်းလေးစားရပါတယ်။ အားကျရပါတယ်လို့သုံးသပ်ခဲ့ပါတယ်။ ကျားပေါက်ကတော့ အရမ်းကောင်းတယ် တစ်ကမ္ဘာလုံးကြည့်ရှုမှာဖြစ်လို့ အကောင်းဆုံးချပြခဲ့ပါတယ်လို့ဆိုပါတယ်။ နီနီခင်ဇော်ကတော့ မိဘတွေဆီကနေရလာတဲ့ ဆိုင်းအမွှေအနှစ်နဲ့ သီဆိုသွားတာ ရင်တွေ ကွဲသွားမတက်သီဆိုသွားခဲ့တာအရမ်းကောင်းပါတယ်။ နီနီကိုယ့်စားခင်ရတနာစိုး ဖော်ပြလိုက်တဲ့ မြန်မာမှုနဲ့ တကမ္ဘလုံးကို မြန်မာမှုမြန်မာ့ ဟန်ကို ချပြသွားတဲ့အရမ်းဂုဏိယူပါတယ်လို့ မှတ်ချက်ချသွားပါတယ်။

The Voice Myanmar Season 3 ရဲ့ Winner ဆုကို ရရှိခဲ့တဲ့ N Oo Lကတော့ 𝐌𝐆 (𝐌𝐨𝐫𝐫𝐢𝐬 𝐆𝐚𝐫𝐚𝐠𝐞𝐬) Brand New ကားသစ်၊ ငွေကျပ်သိန်း ၂၀၀ နဲ့အတူ Universal Studio နဲ့ တေးသီချင်းတပုဒ် လက်တွဲဖန်တီးခွင့် ရရှိမှာ ဖြစ်ပါတယ်။ The Voice Myanmar Season 3 Winnerဆုကိုဆွတ်ခူးလိုက်နိုင်ပြီဖြစ်တဲ့ N Oo Lအတွက်ဝမ်းသာဂုဏ်ယူမိပါတယ်နော်။ ပရိတ်သတ်ကြီးကလဲ ဂုဏ်ယူ‌အားပေးစကားလေးတွေပြောခဲ့ကြပါဦးနော်။


Credit

Zawgyi



