Facebook သုံးသူတိုင်း သိထားသင့်တဲ့ ဆက်သွယ်ရေး ပုဒ်မ (၆၆) ပုဒ်မ၆၆။ မည်သူမဆို အောက်ပါပြုလုပ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှု …!ထင်ရှားစီရင်ခြင်းခံရလျှင်ထိုသူအား ၃နှ စ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ၊ ဒဏ်၂ရပ်လုံးဖြစ်စေချမှတ်ရမည်။ပုဒ်မ၆၆(က)။
ဆက်သွယ်ရေး ကွန်ယက်အတွင်းသို့ ယင်း၏ပိုင်ရှင် သို့မဟုတ်စီမံခန့်ခွဲခွင့် ရှိသူ၏ ခွင့်ပြု ချက်မရှိပဲ ဝင်ရောက်နှောင့်ယှက်ခြင်း၊ စံချိန်စံညွှန်း သတ်မှတ်ချက်ကိုဖြစ်စေ၊ မူလအနေ အထားကို ဖြစ်စေ ပြောင်းလဲခြင်း သို့မဟုတ် ဖျက်ဆီးခြင်းနား ရှင်အော င်ပြော ရရင်ပုဒ် မ၆၆ (က)facebook /gmail ကို ခိုးယူခြင်းပါ။ Passwordပြောင်းခြင်း / gmailပြောင်းခြင်းပါ။
ပုဒ်မ၆၆(ခ)။ဆက်သွယ်ရေးကွန်ယက်ကိုထိခိုက်စေရန် ဗိုင်းရပ်စ် ( သို့မဟုတ် )အခြားနည်း နဲ့ ဝင်ရောက်စေခြင်း…!!နားရှင်းအောင်ပြောရရင်~~~ပုဒ်မ၆၆(ခ)link အတုတွေကတဆင့် အ ချက်အလက်passwordခိုးယူခြင်းပါ။#ပုဒ်မ၆၆(ဂ)။#ဆက်သွယ်ရေးကွန်ယက်ကိုသုံး၍ #ငွေကြေးနဲ့ပစ္စည်းကိုခိုးယူခြင်း၊#လိမ်လည်ခြင်း၊#အလွဲသုံးစားလုပ်ခြင်း သို့မဟုတ် #အ ကျိုးပျက်စြေ ခင်း #နား ရှင်းအောင်ပြောရရင်~~~#ပုဒ်မ၆၆(ဂ)#onlineshoppingကတဆင့်ငွေလိမ်ယူခြင်းမျိုးပါ။
ပုဒ်မ၆၆(ဃ)။ဆက်သွယ်ရေးကွန်ယက်ကိုသုံးပြီးလူတစ်ယောက် ကိုခြောက်လှန့်ခြင်း၊ အနိုင် အ ထ က်ပြုခြင်း၊မတရားတားဆီးကန့်ကွတ်ခြင်းအသရေဖျက်ခြင်း၊ နှောက်ယှက်ခြင်း၊မလျှော်သြဇာသုံးခြင်း ၊ခြိမ်းခြောက်ြ ခင်း၊မရိုးဖြော င့်သောန ည်းဖြင့်ပြန်လ ည်ဖြန့်ေ ဝခြ င်းနား ရှင်းအော င်ပြောရရင်~~~ပုဒ်မ၆၆(ဃ)facebookက တဆင့်လူတစ်ယောက်ကို ဆဲဆို ခြိမ်းခြောက်ခြင်း၊mentionခေါ်ဆဲခြင်း၊ပုံတွေသုံး မဟုတ်သတင်းရေးခြင်း၊ ပျက်ဆီးစေမှုနဲ့ tag တွဲခြင်း၊သူတစ်ပါး တင် ထားသော Post ကို By Name ဖြင့် Screen Shot ပြန်ယူတင်ခြင်း Share အဖြစ်တင်ခြင်း၊မရိုးသားသည့်သဘောဖြင့်Photo Commentပြုလုပ်၍ မန့်ခြင်း…!စတဲ့ အပြုအမူတွေ ကျူးလွန်ရင်ကိုယ်တိုင်တရားဆွဲစရာမလိုပဲ ကြားလူတစ်ယောက်ကအမှုဖွင့်ပေးရုံ နဲ့ အာမခံ မရှိထောင်၃နှစ်ချလို့ရပါတယ်။Screenshot သက်သေအထောက်အထားနဲ့ ကျိန်းသေထောင်ကျအောင် ချလို့ရတယ်။ပုဒ်မ ၆၆ (ဃ)ကို ယနေ့ facebook ပေါ်မှာ ကျူးလွန်နေ သူေ တွ အများကြီးပါ။ ချမှတ်ပြီးသား ဉပဒေအတွင်းမှာ ဟောင်း သွားတာမရှိဘူး…!ဥပဒေ မပြုရသေးခင်သာနောက်ကြောင်းပြန်အရေးယူမရတာ။တကယ်တမ်းဥပဒေကို နားလ ည်သူ ကလူ တ စ်ယောက်ကိုBy name တပ် facebook ပေါ်စော် ကားဖို့နေနေသာ Share တာတောင် သတင်း ပိုစ့် ၊ပညာပေး ပိုစ့်လောက် shareရဲတာComment ပေးတာတောင် သတိ ထားေ ပြး ကရတယ်။
ပုဒ်မ ၆၆ သိပ်ကြောက်ဖို့ကောင်းတယ်နော်,သတိထား!အသရေဖျက်မှု(ပုဒ်မ ၅၀၀) နဲ့ ၆၆ဃ ဥပဒေ၊ပုဒ်မ ၅၀၀ နဲ့ ၆၆ဃ ဥပဒေကို လုံးဝမသိသေးသော သူများနှင့် နားမလ ည်ေ သာ သူ များအား သိရှိစေရန် ပထမဆုံး သိထားရမှာက ပါးစပ်နဲ့ပြောတဲ့ အသရေဖျက်မှုဟာ ရိုးရိုး ပုဒ်မ ၅၀၀ ဖြစ်ပါတယ်။အကယ်၍ ပုံနှိပ်မီဒီယာပေါ် ရောက်သွားပြီ သတင်းစာ ဂျာနယ် မဂ္ဂဇ င်းေ တွ မှာ ပါလာပြီ ဆိုရင် ပုဒ်မ ၂၅ သတင်းမီဒီယာ ဥပဒေပုဒ်မ ပုဒ်မ၂၅ ထပ်တိုးပါတယ်။ဆိုရှယ်မီဒီယာ ဖေ့ဘုတ် အွန်လိုင်းပေါ်ထိ ရောက် သွားမယ်ဆိုရင်ဆ က်သွယ်ရေးဥပဒေပုဒ်မ ၆၆ဃ ဖြစ် သွား ပါပြီ။ဒါကိုအရင်ဆုံး သိထားကြဖို့လိုပါတယ်။ ပါးစပ်ကပဲပြောပြော စာနဲ့ပဲပြောပြော အွန်လိုင်းပေါ်ရောက်တဲ့ အဆင့်ရောက် ရင်တော့ အသရေဖျက်မှု သတ်မှတ်ဖွင့်ဆိုချက် ရာဇ သ တ်ဥပေ ဒပုဒ်မ ၅၀၀ နဲ့စပါတယ်။အခြေအနေပေါ်မူတည်ပြီး ပုဒ်မ ၅၀၀/ ပုဒ်မ ၂၅/ ပုဒ်မ ၆၆ဃ ဆိုပြီး ကွဲပြားသွားတာကို သိရပါမယ်။အွန်လိုင်းပေါ်တွင် ရိုင်းစိုင်းသည့် ကော မန့်များပြေး ခင်း Chat box တွင် ရိုင်းစိုင်းသည့်စကားများ ပြောဆိုခြင်းအုပ်စုဖွဲ့၍ ရိုင်းစိုင်းသည့်
စကား များ ပြောဆို ခြင်း များသည် ဆက် သွယ်ရေး ပုဒ်မ ၆၆ဃနှင့်တိုက်ရိုက်အကြုံး ဝင်တယ်။ဟုတ်ပြီ နောက်ထပ် ဘာတွေမတူသေးလဲဘာတွေကွဲလွဲသေးလဲ ဆက်ကြည့်လိုက်ရအောင်။ လူ တစ်ယောက်က လူတစ်ယောက်ကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ဃ နဲ့ ဆွဲတဲ့အမှုကို ဒါလဲ အသရေဖျက်မှုပဲဆိုပြီး ပုဒ်မ ၅၀၀ နဲ့ ပြစ်ဒဏ်သတ်မှတ်လို့ မရသလို ၆၆ဃ ကို ပုဒ်မ ၅၀၀ အ သေ ရဖျက်မှုနဲ့ပဲ တရားလိုက ဆွဲချင်ဆွဲလို့ရပါတယ်။ဒီလိုပြောင်းလဲဖို့ တရာလိုရဲ့ သဘောဆန္ဒနဲ့ပဲ ပြောင်းလွဲဆိုလို့ ရပါတယ်။ပါးစပ်ပြော စာပြော အွန်လိုင်းမှာပြော တဲ့ပြစ်မှုတွေကို အ ရ ဖျက်မှုရာဇသတ်ကြီးပုဒ်မ ၄၉၉ နဲ့ပဲ အကြုံးဝင်မဝင် ၄၉၉ ပါ ပြစ်မှုအင်္ဂါရပ်များအရ ညီမညီ စစ်ဆေးရပါတယ်။
မတူတာတွေကတော့….
၁။ ၆၆ဃ ဟာ (ရဲအရေးပိုင်) ရဲကအရေးယူပိုင်ခွင့်ရှိပြီး အသရေဖျက်မှု ဥပဒေပုဒ်မ ၅၀၀ ကတော့ (ရဲအရေးမပိုင်) ရဲကအရေးယူပိုင်ခွင့် မရှိပါဘူး။ ၂။ ပြစ်ဒဏ်မတူပါဘူး ။ပြစ်မှုထင်ရှားရင် ၆၆ဃ = ထောင်ဒဏ်သုံးနှစ်အထိ (သို့မဟုတ်) ငွေဒဏ် (သို့မဟုတ်) ပြစ်ဒဏ်နှစ်ရပ်စလုံး။ပုဒ်မ ၅၀၀ = ထောင်ဒဏ် နှစ်နှစ်အထိ(သို့မဟုတ်) ငွေဒဏ် (သို့မဟုတ်) ပြစ်ဒဏ်နှစ်ရပ်စလုံး ကျခံရမှာဖြစ်ပါတယ်။
(ပထမဆုံး ပုဒ်မ၅ဝဝကို ၈မိုင်မှာ ချောစကီးအားယာဉ်ပေါ်မှ ဆဲရေးသွားသူအားစတင်noticeထုပ်အရေးယူခဲ့ပါတယ်။ဒုတိယအကြိမ် ကျောက်ဆည်မှာကွမ်းခိုးသူတွေတရားစွဲအရေးယူတဲ့အခါ တရားခံတွေနဲ့ပါလာတဲ့ယောက်ဖဆိုသူက လူပုံလည်ကျမကိုလက်ညိူးထိုး ပမာမခန့်ပြောလို့တခါ အဲ့နေရာက ရဲအရာရှိတွေသက်သေထားပြီး အသရေဖျက်မှုနဲ့စွဲပါတယ်။တတိယအကြိမ် ကျမေ နာ က်ကွယ်စာဖြင့် အပြန်အလှန်အပုတ်ချအတင်းပြောနေတာမိလို့ပုဒ်မ၅ဝဝနဲ့ စွဲဘို့ ပြင်ဆင်ထားပါသေးတယ်။) ၃။ အသရေဖျက်မှုကို အကြောင်း ပြုပြီး ပုဒ်မ ၅၀၀ နဲ့ဆွဲရင် အာမ ခံပေး ရမ ယ့်အမှုဖြစ်ပြီး အသရေဖျက်မှုကို အကြောင်းပြု၍ ၆၆ဃ နဲ့ဆွဲမယ်ဆိုရင် အာမခံမပေးနိုင်တဲ့အမှု ဖြစ်သွားပါတယ်။ရာဇဝတ်ကျင့်ထုံးဥပဒေ ဒုတိယဇယားအရ သုံးနှစ်နှင့်အထက် ပြစ်ဒ ဏ် သင့် မယ့် အမှုများကို အာမခံမပေးနိုင်တဲ့ အမှုအဖြစ် သတ်မှတ်ထားပါတယ်။
၄။ ၆၆ဃ ဟာ ရဲအရေးပိုင်အဖြစ် သတ်မှတ်ထားတာကြောင့် ပြစ်မှုကျူးလွန်ကြောင်း သိရှိသူ မည်သူမဆို တိုင်ကြားနိုင်ခွင့်ရှိပြီးပုဒ်မ ၅၀၀ မှာတော့ နစ်နာသူ ကာယကံရှင်ကိုယ်တိုင်သာလျှင် တိုင်ကြားဆွဲဆိုရမှာဖြစ်ပါတယ်။မပိုင်ရင်ခြင်မရိုက်နဲ့အလဟဿ အသားနာတယ်….. ပိုင်ရင် မြွေခေါ င်းတက်ဖမ်း မလှုပ်နိူင်မှ ရိုက်ပါ….။ ဒီလောက် ဆိုရင် တီးမိခေါက်မိရှိလောက်ပြီ ထ င်ပါ တ ယ် ဘာပဲပြောပြော သိထားတော့ ငပိကြော်တွေဘာတွေ ကြိုပြီးပြင်ဆင်နိုင်တာပေါ့…
Credit Original Writer