ဦးမောင်ဝိတ် သက်သေထွက်ဆိုအပြီးမှာ ဒေါ်အောင်ဆန်းစုကြည်ကို ထိုင်ရှိခိုး

ဦးမောင်ဝိတ် သက်သေထွက်ဆိုအပြီးမှာ ဒေါ်အောင်ဆန်းစုကြည်ကို ထိုင်ရှိခိုး။ အတိုင်ပင်ခံအပေါ် အဂတိစွပ်စွဲချက်အမှုမှာ လုပ်ငန်းရှင်ဦးမောင်ဝိတ် သက်သေထွက်ဆိုအပြီးမှာ ဒေါ်အောင်ဆန်းစုကြည်ကို ထိုင်ရှိခိုးခဲ့ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ငန်းရှင်ဦးမောင်ဝိတ်က ဒေါ်လာသိန်းချီ ပေးခဲ့တယ်ဆိုတဲ့အဂတိစွပ်စွဲချက်အမှု နှစ်ခုကို ဒီနေ့မေလ ၃၁ ရက်မှာ နေပြည်တော်မှာ ကြားနာခဲ့ချိန် ဦးမောင်ဝိတ် ကိုယ်တိုင်လာရောက် သက်သေထွက်ဆိုသွားပါတယ်။

စေပိုင်ကုမ္ပဏီပိုင် ရှင်ဦးမောင်ဝိတ်က ၂၀၁၈ ခုနှစ်မှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း အတွက်ဆိုပြီး ဒေါ်လာတစ်သိန်းကို ဒေါ်‌အောင်ဆန်းစုကြည်ကို ပေးအပ်ခဲ့တာ အဲဒီနောက် ၂၀၁၉ ခုနှစ်နဲ့ ၂၀၂၀ ခုနှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ကို ဒေါ်လာငွေတွေ သိန်းချီပေးခဲ့တယ်ဆိုတဲ့ အဂတိစွပ်စွဲချက်အမှုတွေကို နေပြည်တော် အထူးတရားရုံးမှာကြားနာချိန် လာရောက်ထွက်ဆိုသွားတာလို့ တရားရုံးနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ပြောပါတယ်။

အဲဒီထွက်ဆိုချက်မှာ ဦးမောင်ဝိတ်က ပြီးခဲ့တဲ့နှစ် မေလတုန်းက စစ်ကောင်စီ ရုပ်မြင်သံကြားကနေ ထွက်ဆိုသွားတဲ့အတိုင်း ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှာ လုပ်ကိုင်တဲ့ အမျိုးသမီးတစ်ဦးကနေတဆင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ သိရှိခဲ့ရတာ နောက် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဒေါ်လာငွေတွေ လှူဒါန်းပေးအပ်ခဲ့တာတွေကို ထွက်ဆိုသွားတယ်လို့လည်း ဆိုပါတယ်။

ဦးမောင်ဝိတ်ဟာ သက်သေထွက်ဆိုအပြီးမှာ ဒေါ်အောင်ဆန်းစုကြည်ကို ထိုင်ရှိခိုးခဲ့တယ်လို့လည်း သိရပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်ရုံးချိန်းတုန်းကတော့ အဲဒီအမှုတွေအတွက် တရားလိုအဖြစ်တိုင်တန်းသူ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စုံစမ်းရေးမှူးဦးရဲထက်က စစ်မေးချက်တွေကို လာရောက်ထွက်ဆိုတယ်လို့သိရပါတယ်။

Credit ; BBC

Zawgyi

ဦးေမာင္ဝိတ္ သက္ေသထြက္ဆိုအၿပီးမွာ ေဒၚေအာင္ဆန္းစုၾကည္ကို ထိုင္ရွိခိုး။ အတိုင္ပင္ခံအေပၚ အဂတိစြပ္စြဲခ်က္အမႈမွာ လုပ္ငန္းရွင္ဦးေမာင္ဝိတ္ သက္ေသထြက္ဆိုအၿပီးမွာ ေဒၚေအာင္ဆန္းစုၾကည္ကို ထိုင္ရွိခိုးခဲ့ပါတယ္။

ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကို လုပ္ငန္းရွင္ဦးေမာင္ဝိတ္က ေဒၚလာသိန္းခ်ီ ေပးခဲ့တယ္ဆိုတဲ့အဂတိစြပ္စြဲခ်က္အမႈ ႏွစ္ခုကို ဒီေန႔ေမလ ၃၁ ရက္မွာ ေနျပည္ေတာ္မွာ ၾကားနာခဲ့ခ်ိန္ ဦးေမာင္ဝိတ္ ကိုယ္တိုင္လာေရာက္ သက္ေသထြက္ဆိုသြားပါတယ္။

ေစပိုင္ကုမၸဏီပိုင္ ရွင္ဦးေမာင္ဝိတ္က ၂၀၁၈ ခုႏွစ္မွာ ေဒၚခင္ၾကည္ေဖာင္ေဒးရွင္း အတြက္ဆိုၿပီး ေဒၚလာတစ္သိန္းကို ေဒၚ‌ေအာင္ဆန္းစုၾကည္ကို ေပးအပ္ခဲ့တာ အဲဒီေနာက္ ၂၀၁၉ ခုႏွစ္နဲ႔ ၂၀၂၀ ခုႏွစ္အတြင္း ေဒၚေအာင္ဆန္းစုၾကည္ကို ေဒၚလာေငြေတြ သိန္းခ်ီေပးခဲ့တယ္ဆိုတဲ့ အဂတိစြပ္စြဲခ်က္အမႈေတြကို ေနျပည္ေတာ္ အထူးတရား႐ုံးမွာၾကားနာခ်ိန္ လာေရာက္ထြက္ဆိုသြားတာလို႔ တရား႐ုံးနဲ႔ နီးစပ္တဲ့ အသိုင္းအဝိုင္းက ေျပာပါတယ္။

အဲဒီထြက္ဆိုခ်က္မွာ ဦးေမာင္ဝိတ္က ၿပီးခဲ့တဲ့ႏွစ္ ေမလတုန္းက စစ္ေကာင္စီ ႐ုပ္ျမင္သံၾကားကေန ထြက္ဆိုသြားတဲ့အတိုင္း ေဒၚခင္ၾကည္ေဖာင္ေဒးရွင္းမွာ လုပ္ကိုင္တဲ့ အမ်ိဳးသမီးတစ္ဦးကေနတဆင့္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ သိရွိခဲ့ရတာ ေနာက္ ေဒၚခင္ၾကည္ေဖာင္ေဒးရွင္းနဲ႔ ေဒၚေအာင္ဆန္းစုၾကည္ကို ေဒၚလာေငြေတြ လႉဒါန္းေပးအပ္ခဲ့တာေတြကို ထြက္ဆိုသြားတယ္လို႔လည္း ဆိုပါတယ္။

ဦးေမာင္ဝိတ္ဟာ သက္ေသထြက္ဆိုအၿပီးမွာ ေဒၚေအာင္ဆန္းစုၾကည္ကို ထိုင္ရွိခိုးခဲ့တယ္လို႔လည္း သိရပါတယ္။ ၿပီးခဲ့တဲ့တစ္ပတ္႐ုံးခ်ိန္းတုန္းကေတာ့ အဲဒီအမႈေတြအတြက္ တရားလိုအျဖစ္တိုင္တန္းသူ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးေကာ္မရွင္က စုံစမ္းေရးမႉးဦးရဲထက္က စစ္ေမးခ်က္ေတြကို လာေရာက္ထြက္ဆိုတယ္လို႔သိရပါတယ္။

Credit ; BBC