သရုပ်ဆောင်ရဲတိုက် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံရ

သရုပ်ဆောင်ရဲတိုက်အား မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှုပုဒ်မ ၁၆(ဂ)/၂၃ အမှုဖြင့် စစ်ကောင်စီက တရားစွဲဆိုထားရာ ယနေ့ မေ ၂၇ ရက် ညနေ ၃ နာရီ အချိန်တွင် ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်သည့်အတွက် ဥပဒေပါရပိုင်ခွင့်အတိုင်း အဆုံးစွန်အထိ အယူခံအဆင့်ဆင့်တက်၍ ခုခံချေပသွားရန်ရှိသည်ဟု အမှုလိုက်ပါဆောင်ရွက်သူ ရှေ့နေက ပြောသည်။

“ ကျွန်တော်တို့ မိသားစုနဲ့ညှိနှိုင်းပြီးရင်တော့ အယူခံအဆင့်အဆင့် ထပ်တက်ပါဦးမယ်။ တစ်လအတွင်း တက်ရမှာပါ။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးအထိ တက်ဖို့ရှိတယ်။ သူ့ ဥပဒေပါအတိုင်း အဆုံးစွန် အထိ ခုခံချေပခွင့်အတွက် ဆောင်ရွက်တာဖြစ်ပါတယ်” ဟုဆိုသည်။

ယနေ့ မေ ၂၇ ရက်တွင် ချမှတ်လိုက်သည့် မူး/စိတ် ပုဒ်မ ၁၆(ဂ)/၂၃ အမှုသည် ချက်ချင်းပြစ်ဒဏ် မကျခံ ရသေးဘဲ ယခင် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-က အမှုအတွက်ကျခံရသည့်ပြစ်ဒဏ် လွတ်မြောက်ပြီးမှ သာ ဆက်လက်ကျခံရမည်ဖြစ်သည်။

“အရင် ၅၀၅-က အရ ထောင်ဒဏ်သုံးနှစ်ချမှတ်ထားတာပေါ့။ ဒါက သီးခြားပုဒ်မပေါ့။ ၅၀၅-က အမှု အတွက်က သုံးနှစ် ၊ အခု မူး/စိတ် ၂၃ အတွက်က ၁၀ နှစ်၊ စုစုပေါင်း ၁၃ နှစ်ပေါ့လေ။ အဲ့ဒီတော့ ၅၀၅-က အမှုအတွက် ပြစ်ဒဏ်ကိုကျခံရပြီးမှ၊ အဲဒီပြစ်ဒဏ်ကနေ လွတ်ပြီဆိုမှ အခုအမိန့်ချမှတ်တဲ့ မူး/စိတ် ၂၃ အမှု အတွက် စပြီးကျခံရမှာ ဖြစ်ပါတယ်။ အရင် ချမှတ်ထားတဲ့ ၅၀၅-က အမှုက လွတ်ငြိမ်းကြောင့်ဖြစ်စေ။ ပြစ်ဒဏ်ပြီးဆုံးတဲ့အချိန်မှဖြစ်စေ ပြီးသွားပြီဆိုမှပဲ ဒီ မူး/စိတ် ၂၃ အတွက် ချမှတ်တဲ့ပြစ်ဒဏ်ကို စပြီး ကျခံရမှာ ဖြစ်ပါတယ်။ အရင်ပြစ်ဒဏ်အတွက်က လွတ်မြောက်နည်း အမျိုးမျိုးရှိတယ်။ လွတ်ငြိမ်းအရ လွတ်မလား သို့တည်းမဟုတ် ပြစ်ဒဏ်ကာလ ကုန်ဆုံးမှ လွတ်မလားပေါ့။

၅၀၅-ကအမှုအတွက် သုံးနှစ်ကလျှော့ရက်နဲ့ဆိုရင် နောက်တစ်နှစ်ခွဲလောက်ဆိုလွတ်ပြီ။ အဲ့ဒါလွတ်တော့မှဘဲ မူး/စိတ်အမှုအတွက် ပြစ်ဒဏ်က စခံရမှာဖြစ်ပါတယ်။ ဒါဟာ အကျဉ်းထောင် လက်စွဲဥပဒေအရ ကျင့်သုံးတာဖြစ်ပါတယ်။ ဘယ်နှစ်မှုပဲ ချထားထား ပထမပြစ်ဒဏ် ကုန်ဆုံးမှ ဒုတိယပြစ်ဒဏ်စတယ်။ ဒုတိယပြစ်ဒဏ် ကုန်ဆုံးမှ တတိယပြစ်ဒဏ် စတယ်။ ပေါင်းပြီးမသွားရပါဘူး” ဟု အမှုလိုက်ရှေ့နေက ရှင်းပြသည်။

 

လက်ရှိ ကျခံရသည့် မူး/စိတ် ၁၆(ဂ)/၂၃ အမှုအတွက် တရားရုံးစီရင်ချက်အမိန့်အား မိတ္ထူကူးယူပြီးမှသာလျှင် မည်သည့်အချက်ကြောင့် ယခုကဲ့သို့ အမိန့်ချမှတ်ရသည်ကို ပြောကြားသွားမည်ဖြစ်ပြီး၊ လက်ရှိတွင် ချမှတ်သည့်အမိန့်အပေါ် သီးခြားမှတ်ချက်မပြုနိုင်သေးဟုဆိုသည်။

ယခုချမှတ်လိုက်သည့် ပြစ်ဒဏ်အတွက်လည်း အကျဉ်းထောင်လက်စွဲဥပဒေအရ လျှော့ရက်ကို ခန့်မှန်းတွက်ချက်ရလျှင် ပြစ်ဒဏ်ကျခံရက် ခြောက်နှစ်ခန့်သာရှိမည်ဟု အမှုလိုက်ပါဆောင်ရွက်သူရှေ့နေကပြောသည်။

သရုပ်ဆောင်ရဲတိုက်အနေဖြင့် ယခုအမှုအတွက် လွတ်မြောက်ရန် မျှော်လင့်ထားသော်လည်း မဖြစ်လာသည့်အပေါ် အနည်းငယ်စိတ်မကောင်းဖြစ်ရုံမှလွဲ၍ ကျန်းမာရေအခြေ အနေကောင်းမွန်လျှက်ရှိကြောင်း သိရသည်။

၎င်းအနေဖြင့် အမှုမှလွတ်မြောက်လာပါက အနုပညာဖြင့် ပြည်သူကို ဆက်လက်အလုပ်အကျွေးပြုချင်သည်ဟု ယခင်ရုံးချိန်းများတွင် ပြောဆိုထားသည်။

 

သရုပ်ဆောင်ရဲတိုက်ကို ၂၀၂၁ ခုနှစ် ဧပြီ ၃ ရက်က သမိုင်းလမ်းဆုံ၌ မူးယစ်ဆေးဝါးအချို့နှင့် ဆက်စပ်ပစ္စည်းများတွေ့ရှိသည်ဟုဆိုကာ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ ထို့အပြင် ၎င်းအနေဖြင့် စစ်ကောင်စီ၏ အာဏာသိမ်းမှုအပေါ် ဆန့်ကျင်ဆန္ဒဖော်ထုတ်ခဲ့သည့်အတွက် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-က ဖြင့် ထောင်ဒဏ်သုံးနှစ် ချမှတ်ခံထားရခြင်း ဖြစ်သည်။

Source; Mizzima
Nyo Nyo (boomnews)

Zawgyi

သ႐ုပ္ေဆာင္ရဲတိုက္အား မူးယစ္ေဆးဝါးလက္ဝယ္ေတြ႕ရွိမႈပုဒ္မ ၁၆(ဂ)/၂၃ အမႈျဖင့္ စစ္ေကာင္စီက တရားစြဲဆိုထားရာ ယေန႔ ေမ ၂၇ ရက္ ညေန ၃ နာရီ အခ်ိန္တြင္ ရန္ကုန္အေနာက္ပိုင္းခ႐ိုင္တရား႐ုံးက အလုပ္ၾကမ္းႏွင့္ ေထာင္ဒဏ္ ၁၀ ႏွစ္ ခ်မွတ္လိုက္သည့္အတြက္ ဥပေဒပါရပိုင္ခြင့္အတိုင္း အဆုံးစြန္အထိ အယူခံအဆင့္ဆင့္တက္၍ ခုခံေခ်ပသြားရန္ရွိသည္ဟု အမႈလိုက္ပါေဆာင္႐ြက္သူ ေရွ႕ေနက ေျပာသည္။

“ ကြၽန္ေတာ္တို႔ မိသားစုနဲ႔ညႇိႏႈိင္းၿပီးရင္ေတာ့ အယူခံအဆင့္အဆင့္ ထပ္တက္ပါဦးမယ္။ တစ္လအတြင္း တက္ရမွာပါ။ ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္႐ုံးအထိ တက္ဖို႔ရွိတယ္။ သူ႔ ဥပေဒပါအတိုင္း အဆုံးစြန္ အထိ ခုခံေခ်ပခြင့္အတြက္ ေဆာင္႐ြက္တာျဖစ္ပါတယ္” ဟုဆိုသည္။

ယေန႔ ေမ ၂၇ ရက္တြင္ ခ်မွတ္လိုက္သည့္ မူး/စိတ္ ပုဒ္မ ၁၆(ဂ)/၂၃ အမႈသည္ ခ်က္ခ်င္းျပစ္ဒဏ္ မက်ခံ ရေသးဘဲ ယခင္ ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၅၀၅-က အမႈအတြက္က်ခံရသည့္ျပစ္ဒဏ္ လြတ္ေျမာက္ၿပီးမွ သာ ဆက္လက္က်ခံရမည္ျဖစ္သည္။

“အရင္ ၅၀၅-က အရ ေထာင္ဒဏ္သုံးႏွစ္ခ်မွတ္ထားတာေပါ့။ ဒါက သီးျခားပုဒ္မေပါ့။ ၅၀၅-က အမႈ အတြက္က သုံးႏွစ္ ၊ အခု မူး/စိတ္ ၂၃ အတြက္က ၁၀ ႏွစ္၊ စုစုေပါင္း ၁၃ ႏွစ္ေပါ့ေလ။ အဲ့ဒီေတာ့ ၅၀၅-က အမႈအတြက္ ျပစ္ဒဏ္ကိုက်ခံရၿပီးမွ၊ အဲဒီျပစ္ဒဏ္ကေန လြတ္ၿပီဆိုမွ အခုအမိန႔္ခ်မွတ္တဲ့ မူး/စိတ္ ၂၃ အမႈ အတြက္ စၿပီးက်ခံရမွာ ျဖစ္ပါတယ္။ အရင္ ခ်မွတ္ထားတဲ့ ၅၀၅-က အမႈက လြတ္ၿငိမ္းေၾကာင့္ျဖစ္ေစ။ ျပစ္ဒဏ္ၿပီးဆုံးတဲ့အခ်ိန္မွျဖစ္ေစ ၿပီးသြားၿပီဆိုမွပဲ ဒီ မူး/စိတ္ ၂၃ အတြက္ ခ်မွတ္တဲ့ျပစ္ဒဏ္ကို စၿပီး က်ခံရမွာ ျဖစ္ပါတယ္။ အရင္ျပစ္ဒဏ္အတြက္က လြတ္ေျမာက္နည္း အမ်ိဳးမ်ိဳးရွိတယ္။ လြတ္ၿငိမ္းအရ လြတ္မလား သို႔တည္းမဟုတ္ ျပစ္ဒဏ္ကာလ ကုန္ဆုံးမွ လြတ္မလားေပါ့။

၅၀၅-ကအမႈအတြက္ သုံးႏွစ္ကေလွ်ာ့ရက္နဲ႔ဆိုရင္ ေနာက္တစ္ႏွစ္ခြဲေလာက္ဆိုလြတ္ၿပီ။ အဲ့ဒါလြတ္ေတာ့မွဘဲ မူး/စိတ္အမႈအတြက္ ျပစ္ဒဏ္က စခံရမွာျဖစ္ပါတယ္။ ဒါဟာ အက်ဥ္းေထာင္ လက္စြဲဥပေဒအရ က်င့္သုံးတာျဖစ္ပါတယ္။ ဘယ္ႏွစ္မႈပဲ ခ်ထားထား ပထမျပစ္ဒဏ္ ကုန္ဆုံးမွ ဒုတိယျပစ္ဒဏ္စတယ္။ ဒုတိယျပစ္ဒဏ္ ကုန္ဆုံးမွ တတိယျပစ္ဒဏ္ စတယ္။ ေပါင္းၿပီးမသြားရပါဘူး” ဟု အမႈလိုက္ေရွ႕ေနက ရွင္းျပသည္။

လက္ရွိ က်ခံရသည့္ မူး/စိတ္ ၁၆(ဂ)/၂၃ အမႈအတြက္ တရား႐ုံးစီရင္ခ်က္အမိန႔္အား မိတၳဴကူးယူၿပီးမွသာလွ်င္ မည္သည့္အခ်က္ေၾကာင့္ ယခုကဲ့သို႔ အမိန႔္ခ်မွတ္ရသည္ကို ေျပာၾကားသြားမည္ျဖစ္ၿပီး၊ လက္ရွိတြင္ ခ်မွတ္သည့္အမိန႔္အေပၚ သီးျခားမွတ္ခ်က္မျပဳႏိုင္ေသးဟုဆိုသည္။

ယခုခ်မွတ္လိုက္သည့္ ျပစ္ဒဏ္အတြက္လည္း အက်ဥ္းေထာင္လက္စြဲဥပေဒအရ ေလွ်ာ့ရက္ကို ခန႔္မွန္းတြက္ခ်က္ရလွ်င္ ျပစ္ဒဏ္က်ခံရက္ ေျခာက္ႏွစ္ခန႔္သာရွိမည္ဟု အမႈလိုက္ပါေဆာင္႐ြက္သူေရွ႕ေနကေျပာသည္။

သ႐ုပ္ေဆာင္ရဲတိုက္အေနျဖင့္ ယခုအမႈအတြက္ လြတ္ေျမာက္ရန္ ေမွ်ာ္လင့္ထားေသာ္လည္း မျဖစ္လာသည့္အေပၚ အနည္းငယ္စိတ္မေကာင္းျဖစ္႐ုံမွလြဲ၍ က်န္းမာေရအေျခ အေနေကာင္းမြန္လွ်က္ရွိေၾကာင္း သိရသည္။

၎အေနျဖင့္ အမႈမွလြတ္ေျမာက္လာပါက အႏုပညာျဖင့္ ျပည္သူကို ဆက္လက္အလုပ္အေကြၽးျပဳခ်င္သည္ဟု ယခင္႐ုံးခ်ိန္းမ်ားတြင္ ေျပာဆိုထားသည္။

သ႐ုပ္ေဆာင္ရဲတိုက္ကို ၂၀၂၁ ခုႏွစ္ ဧၿပီ ၃ ရက္က သမိုင္းလမ္းဆုံ၌ မူးယစ္ေဆးဝါးအခ်ိဳ႕ႏွင့္ ဆက္စပ္ပစၥည္းမ်ားေတြ႕ရွိသည္ဟုဆိုကာ ဖမ္းဆီးခံခဲ့ရျခင္းျဖစ္သည္။ ထို႔အျပင္ ၎အေနျဖင့္ စစ္ေကာင္စီ၏ အာဏာသိမ္းမႈအေပၚ ဆန႔္က်င္ဆႏၵေဖာ္ထုတ္ခဲ့သည့္အတြက္ ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၅၀၅-က ျဖင့္ ေထာင္ဒဏ္သုံးႏွစ္ ခ်မွတ္ခံထားရျခင္း ျဖစ္သည္။

Source; Mizzima
Nyo Nyo (boomnews)