၁၀ တန်းကို ရိုးရိုးပဲအောင်ပြီး အသက် ၂၀ မပြည့်ခင် သိန်း ၂ သောင်းလောက်ချမ်းသာနေတဲ့ လူငယ်လေး

၁၀ တန်းကို ရိုးရိုးပဲအောင်ပြီး အသက် ၂၀ မပြည့်ခင် သိန်း ၂ သောင်းလောက်ချမ်းသာနေတဲ့ လူငယ်လေး။

၁၀ တန်းကို ၂၄၀ နဲ့အောင်တော့ ဘာဖြစ်လဲ? ဘာမှမဖြစ်ဘူးလေ ၁၀ တန်းကို အမှတ်နည်းနည်းနဲ့အောင်ပြီး အသက် ၂၀ မပြည့်ခင်မှာပဲ သိန်း ၂ သောင်းလောက် ချမ်းသာနေတဲ့ လူငယ်လေးအကြောင်း မဖတ်ဖူးဘူးလား?

သူ ၁၀ တန်းအောင်တော့ လက်ရှိရေပန်းစားနေတဲ့ အသက်မွေးဝမ်းကြောင်းတက္ကသိုလ်တွေကို တက်ဖို့အမှတ်မမီခဲ့ဘူး။ သူ့မိဘက အားပေးတယ် “သားလေး ၁၀ တန်းအမှတ်က ဘဝကြီး မဟုတ်ဘူး အမှတ်နည်းလို့ သားလေးအားငယ်စရာမလိုဘူး ” ဆိုပြီး သူ့သားလေး အဝေးသင်နဲ့ကျောင်းပြီး သွားတဲ့အချိန် အသက် ၂၃ နှစ်လောက်မှာ သိန်း ၃ သောင်း အရင်းအနှီး ထုတ်ပေးလိုက်တယ်။

ခုဆိုသူတို့ရဲ့ ချစ်သားလေးဟာ အသက် ၂၆ နှစ်နဲ့တင် သိန်း ၂ သောင်းတောင် ချမ်းသာနေပါပြီ။ ကုန်သွားတဲ့ သိန်း ၁ သောင်းကတော့ မန်ယူကို ပုံအောလောင်းလိုက်လို့ပါ။ သင်ခန်းစာ “ဘဝမှာအောင်မြင်ချင်ရင် မိဘတွေကို အလုပ်ကြိုးစားခိုင်းပါ။

ဟာသအနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။ ဖတ်ရှုပေးတဲ့သူ အားလုံးကိုကျေးဇူးတင်ပါတယ်နော်။ ပျော်ရွှင်စရာနေ့ရက်လေးတွေပိုင်ဆိုင်နိုင်ကြပါစေ။

Zawgyi

၁၀ တန်းကို ရိုးရိုးပဲအောင်ပြီး အသက် ၃၀ မပြည့်ခင် သိန်း ၂ သောင်းလောက်ချမ်းသာနေတဲ့ လူငယ်လေး။

၁၀ တန်းကို ၂၄၀ နဲ့အောင်တော့ ဘာဖြစ်လဲ? ဘာမှမဖြစ်ဘူးလေ ၁၀ တန်းကို အမှတ်နည်းနည်းနဲ့အောင်ပြီး အသက် ၃၀ မပြည့်ခင်မှာပဲ သိန်း ၂ သောင်းလောက် ချမ်းသာနေတဲ့ လူငယ်လေးအကြောင်း မဖတ်ဖူးဘူးလား?


