အိန္ဒိယနိုင်ငံတွင် ခေါင်းနှစ်လုံးပါတဲ့ ကလေတယောက်ကို အောင်မြင်စွာမွေးဖွား

အိန္ဒိယနိုင်ငံတွင် ခေါင်းနှစ်လုံးပါတဲ့ ကလေတယောက်ကို အောင်မြင်စွာမွေးဖွား။ အိန္ဒိယနိုင်ငံ Haryana ပြည်နယ် Yamunanagar မြို့က SP ဆေးရုံမှာ ဦးခေါင်းနှစ်လုံးနဲ့ ကလေးမွေးဖွားခဲ့ပါတယ်။ ဦးခေါင်းတစ်လုံးအပိုပါလာတဲ့ အဲ့ဒီကလေးငယ်ဟာ ယောက်ျားလေးဖြစ်ပြီး မိဘတွေကတော့ Nasreen အသက်(၃၀)နဲ့ Naseem Mohammad အသက်(၃၄)နှစ်တို့ဖြစ်ပါတယ်။

ကလေးငယ်ရဲ့ ပုံမှန်မဟုတ်တဲ့ အခြေအနေကို မမွေးဖွားခင်တစ်ရက်အလိုမှာ ultrasound ရိုက်ကြည့်ပြီးမှ တွေ့ခဲ့တာပါ။ ဒီကလေးဟာ သူတို့ဇနီးမောင်နှံအတွက် ပထမဆုံးမဟုတ်ပဲ သူတို့မှာ သား၊သမီး(၄)ယောက်ရှိပါတယ်။ ပုံမှန်မဟုတ်တဲ့ ကလေးငယ်ရဲ့အခြေအနေကို လက်ခံနိုင်အောင် ဆရာဝန်က အရင်ဆုံး ရှင်းပြပေးခဲ့ပါတယ်။

ကလေးငယ်ကိုတော့ c-section ခွဲစိတ်ခန်းထဲမှာေ မွးဖွားပေးခဲ့တာပါ။ ဒါပေမယ့်ကလေးငယ်ဟာ နာရီအနည်းငယ်လောက်သာ အသက်ရှင်ခဲ့ပြီး သေဆုံးသွားခဲ့ပါတယ်။ ဒေသခံသတင်းရဲ့ အဆိုအရ ခွဲစိတ်မှုမလုပ်ခင် တစ်ရက်အလိုကျမှခေါင်းနှစ်လုံးနဲ့ဲ ကလေးဖြစ်နေတယ်ဆိုတာကို သိခဲ့တာလို့ဆိုပါတယ်။

ခွဲစိတ်ခါနီးမှ ultrasound ရိုက်ခဲ့တာဖြစ်ပြီး အဲ့ဒီမတိုင်ခင်တုန်းက ultrasound ရိုက်တာတွေ မလုပ်ခဲ့ဘူးလို့ သိရပါတယ်။ ဆရာဝန်တွေကတော့ ထူးဆန်းတဲ့ ကလေးငယ်လို့ ပြောခဲ့ကြပေမယ့် ကလေးငယ်ရဲ့ မိဘတွေကတော့ ဘုရားကပေးတဲ့ လက်ဆောင်လို့ ပြောခဲ့ကြပါတယ်။

Nyo Nyo (boomnews)

Zawgyi

အိႏၵိယႏိုင္ငံတြင္ ေခါင္းႏွစ္လုံးပါတဲ့ ကေလတေယာက္ကို ေအာင္ျမင္စြာေမြးဖြား။ အိႏၵိယႏိုင္ငံ Haryana ျပည္နယ္ Yamunanagar ၿမိဳ႕က SP ေဆး႐ုံမွာ ဦးေခါင္းႏွစ္လုံးနဲ႔ ကေလးေမြးဖြားခဲ့ပါတယ္။ ဦးေခါင္းတစ္လုံးအပိုပါလာတဲ့ အဲ့ဒီကေလးငယ္ဟာ ေယာက္်ားေလးျဖစ္ၿပီး မိဘေတြကေတာ့ Nasreen အသက္(၃၀)နဲ႔ Naseem Mohammad အသက္(၃၄)ႏွစ္တို႔ျဖစ္ပါတယ္။

ကေလးငယ္ရဲ႕ ပုံမွန္မဟုတ္တဲ့ အေျခအေနကို မေမြးဖြားခင္တစ္ရက္အလိုမွာ ultrasound ႐ိုက္ၾကည့္ၿပီးမွ ေတြ႕ခဲ့တာပါ။ ဒီကေလးဟာ သူတို႔ဇနီးေမာင္ႏွံအတြက္ ပထမဆုံးမဟုတ္ပဲ သူတို႔မွာ သား၊သမီး(၄)ေယာက္ရွိပါတယ္။ ပုံမွန္မဟုတ္တဲ့ ကေလးငယ္ရဲ႕အေျခအေနကို လက္ခံႏိုင္ေအာင္ ဆရာဝန္က အရင္ဆုံး ရွင္းျပေပးခဲ့ပါတယ္။

ကေလးငယ္ကိုေတာ့ c-section ခြဲစိတ္ခန္းထဲမွာေ မြးဖြားေပးခဲ့တာပါ။ ဒါေပမယ့္ကေလးငယ္ဟာ နာရီအနည္းငယ္ေလာက္သာ အသက္ရွင္ခဲ့ၿပီး ေသဆုံးသြားခဲ့ပါတယ္။ ေဒသခံသတင္းရဲ႕ အဆိုအရ ခြဲစိတ္မႈမလုပ္ခင္ တစ္ရက္အလိုက်မွေခါင္းႏွစ္လုံးနဲ႔ဲ ကေလးျဖစ္ေနတယ္ဆိုတာကို သိခဲ့တာလို႔ဆိုပါတယ္။

ခြဲစိတ္ခါနီးမွ ultrasound ႐ိုက္ခဲ့တာျဖစ္ၿပီး အဲ့ဒီမတိုင္ခင္တုန္းက ultrasound ႐ိုက္တာေတြ မလုပ္ခဲ့ဘူးလို႔ သိရပါတယ္။ ဆရာဝန္ေတြကေတာ့ ထူးဆန္းတဲ့ ကေလးငယ္လို႔ ေျပာခဲ့ၾကေပမယ့္ ကေလးငယ္ရဲ႕ မိဘေတြကေတာ့ ဘုရားကေပးတဲ့ လက္ေဆာင္လို႔ ေျပာခဲ့ၾကပါတယ္။

Nyo Nyo (boomnews)