လူငယ်တယောက်က မူးပြီးအိမ်ခေါ်ခဲ့မိလို့ ချမ်းသာပြီး ဇိမ်ကျတဲ့ဘဝအဖြစ် နေထိုင်ခဲ့ရတဲ့ ပိုင်ရှင်မဲ့လမ်း‌ဘေးခွေးလေ

လူငယ်တယောက်က မူးပြီးအိမ်ခေါ်ခဲ့မိလို့ ချမ်းသာပြီး ဇိမ်ကျတဲ့ဘဝအဖြစ် နေထိုင်ခဲ့ရတဲ့ ပိုင်ရှင်မဲ့လမ်း‌ဘေးခွေးလေး။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ စားသောက်ဆိုင်များမှာ မကြာခဏ ကျက်စားလေ့ရှိတဲ့ ခွေးတစ်ကောင် Moota ဟာ Yutthaphum Kaewekhem လို့ခေါ်တဲ့ အမျိုးသားက သူငယ်ချင်းများနဲ့ စားသောက်နေစဥ်အတွင်း ဒီ Moota ဆိုတဲ့ ပိုင်ရှင်မဲ့ခွေးနဲ့ တွေ့ဆုံခဲ့ပါတယ် ။ Yutthaphum က အရက်သောက်ပြီး မူးနေတာကြောင့် သူ့ခြေထောက်မှာ ရစ်ပတ်နတဲ့ ခွေးကလေးကိုပါ မှားပြီးအိမ်ခေါ်ပြန်လိုက်ပါတယ် ။

မနက်မိုးလင်းတော့ Yutthaphum ဟာ သူ့အိမ်မှာ ထူးဆန်းတဲ့ ခွေးတစ်ကောင်ကိုတွေ့တော့ အံ့သြသွားပါတယ် ။ မနေ့ညက သူ ယောင်ဝါးဝါး သတိရသွားပြီး ခွေးလေးကို လှပအောင် ပေါင်းသင်းဖို့ ဆုံးဖြတ်လိုက်ပါတယ် ။

မနေ့ညကတွေ့ခဲ့တဲ့ စားသောက်ဆိုင်မှ ဒီခွေးလေးကို Moota လို့ သူကနာမည်ပေးလိုက်ပါတယ် ။ ထို့ကြောင့် Moota ဟာ လမ်းပေါ်မှာ ကျက်စားရာခွေးမှ ပိုင်ရှင်ရဲ့ချစ်ခြင်းမေတ္တာဖြင့် အဝတ်အစားနဲ့ ပုံပန်းသဏ္ဍာန်တွေပြင်ပြီး ချမ်းသာလာခဲ့ပါတယ် ။

Moota ကို အလှပြင်ပြီးရင်တော့ သခင်ကခွေးနဲ့အတူ ဓာတ်ပုံရိုက်ပြီး လူမှုကွန်ရက်မှာ ဝေမျှလေ့ရှိပါတယ် ။ အခုဆိုတစ်အိမ်တည်းနေတာ ၆ လလောက်ကြာတော့ Yutthaphum နဲ့ Moota က ပိုနီးလာပါပြီ ။ အတူစား၊ အတူအိပ်၊ အတူတူအလုပ်လုပ်၊ အတူခရီးသွားကြပြီး Yutthaphum က သူ့ရဲ့ အိမ်မွေးခွေးနဲ့ ဇိမ်ကျကျ ဓာတ်ပုံရိုက်ရန်အတွက် ဝတ်စုံများနဲ့ အသုံးအဆောင်ပစ္စည်းများကို ရင်းနှီးမြှုပ်နှံထားပါတယ် ။

Moota အတွက် သူရွေးချယ်ခဲ့တဲ့စတိုင်က အလွန်ဇိမ်ကျကျလှပပြီး ၎င်းတို့နှစ်ဦးက တကယ့်စုံတွဲလိုပင် ဖြစ်တယ်လို့ လူအများက ထင်မြင်ကြပါတယ် ။ Yutthaphum က “အခုတော့ Moota ရဲ့ တည်ရှိမှုကို ကျင့်သုံးနေပြီ ဖြစ်တဲ့အတွက် အကောင်းဆုံး ဘဝကိုပိုင်ဆိုင်ဖို့ သူ့ကိုအမြဲချစ်ပြီး ဂရုစိုက်နေမှာပါ” လို့ ပြောပါတယ် ။ Lady Moota ဟာ အခုဆိုရှယ်မီဒီယာကြယ်ပွင့်တစ်ယောက်ဖြစ်လာဖို့ ခြေလှမ်းပြင်နေပြီဖြစ်ပြီး အားပေးတဲ့ ပရိသတ်များစွာရှိပါတယ် ။

Nyo Nyo (boomnews)

Zawgyi

လူငယ္တေယာက္က မူးၿပီးအိမ္ေခၚခဲ့မိလို႔ ခ်မ္းသာၿပီး ဇိမ္က်တဲ့ဘဝအျဖစ္ ေနထိုင္ခဲ့ရတဲ့ ပိုင္ရွင္မဲ့လမ္း‌ေဘးေခြးေလး။ ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕ရွိ စားေသာက္ဆိုင္မ်ားမွာ မၾကာခဏ က်က္စားေလ့ရွိတဲ့ ေခြးတစ္ေကာင္ Moota ဟာ Yutthaphum Kaewekhem လို႔ေခၚတဲ့ အမ်ိဳးသားက သူငယ္ခ်င္းမ်ားနဲ႔ စားေသာက္ေနစဥ္အတြင္း ဒီ Moota ဆိုတဲ့ ပိုင္ရွင္မဲ့ေခြးနဲ႔ ေတြ႕ဆုံခဲ့ပါတယ္ ။ Yutthaphum က အရက္ေသာက္ၿပီး မူးေနတာေၾကာင့္ သူ႔ေျခေထာက္မွာ ရစ္ပတ္နတဲ့ ေခြးကေလးကိုပါ မွားၿပီးအိမ္ေခၚျပန္လိုက္ပါတယ္ ။

မနက္မိုးလင္းေတာ့ Yutthaphum ဟာ သူ႔အိမ္မွာ ထူးဆန္းတဲ့ ေခြးတစ္ေကာင္ကိုေတြ႕ေတာ့ အံ့ၾသသြားပါတယ္ ။ မေန႔ညက သူ ေယာင္ဝါးဝါး သတိရသြားၿပီး ေခြးေလးကို လွပေအာင္ ေပါင္းသင္းဖို႔ ဆုံးျဖတ္လိုက္ပါတယ္ ။

မေန႔ညကေတြ႕ခဲ့တဲ့ စားေသာက္ဆိုင္မွ ဒီေခြးေလးကို Moota လို႔ သူကနာမည္ေပးလိုက္ပါတယ္ ။ ထို႔ေၾကာင့္ Moota ဟာ လမ္းေပၚမွာ က်က္စားရာေခြးမွ ပိုင္ရွင္ရဲ႕ခ်စ္ျခင္းေမတၱာျဖင့္ အဝတ္အစားနဲ႔ ပုံပန္းသ႑ာန္ေတြျပင္ၿပီး ခ်မ္းသာလာခဲ့ပါတယ္ ။

Moota ကို အလွျပင္ၿပီးရင္ေတာ့ သခင္ကေခြးနဲ႔အတူ ဓာတ္ပုံ႐ိုက္ၿပီး လူမႈကြန္ရက္မွာ ေဝမွ်ေလ့ရွိပါတယ္ ။ အခုဆိုတစ္အိမ္တည္းေနတာ ၆ လေလာက္ၾကာေတာ့ Yutthaphum နဲ႔ Moota က ပိုနီးလာပါၿပီ ။ အတူစား၊ အတူအိပ္၊ အတူတူအလုပ္လုပ္၊ အတူခရီးသြားၾကၿပီး Yutthaphum က သူ႔ရဲ႕ အိမ္ေမြးေခြးနဲ႔ ဇိမ္က်က် ဓာတ္ပုံ႐ိုက္ရန္အတြက္ ဝတ္စုံမ်ားနဲ႔ အသုံးအေဆာင္ပစၥည္းမ်ားကို ရင္းႏွီးျမႇဳပ္ႏွံထားပါတယ္ ။

Moota အတြက္ သူေ႐ြးခ်ယ္ခဲ့တဲ့စတိုင္က အလြန္ဇိမ္က်က်လွပၿပီး ၎တို႔ႏွစ္ဦးက တကယ့္စုံတြဲလိုပင္ ျဖစ္တယ္လို႔ လူအမ်ားက ထင္ျမင္ၾကပါတယ္ ။ Yutthaphum က “အခုေတာ့ Moota ရဲ႕ တည္ရွိမႈကို က်င့္သုံးေနၿပီ ျဖစ္တဲ့အတြက္ အေကာင္းဆုံး ဘဝကိုပိုင္ဆိုင္ဖို႔ သူ႔ကိုအၿမဲခ်စ္ၿပီး ဂ႐ုစိုက္ေနမွာပါ” လို႔ ေျပာပါတယ္ ။ Lady Moota ဟာ အခုဆိုရွယ္မီဒီယာၾကယ္ပြင့္တစ္ေယာက္ျဖစ္လာဖို႔ ေျခလွမ္းျပင္ေနၿပီျဖစ္ၿပီး အားေပးတဲ့ ပရိသတ္မ်ားစြာရွိပါတယ္ ။

Nyo Nyo (boomnews)