လုံခြုံရေးဝန်ထမ်းက အတွင်းထဲအထိ ဟိုနှိုက်သည်နှိုက်ရှာဖွေမှုကြောင့် ငိုခဲ့ရတဲ့သတင်းထောက်

လုံခြုံရေးဝန်ထမ်းက အတွင်းထဲအထိ ဟိုနှိုက်သည်နှိုက်ရှာဖွေမှုကြောင့် ငိုခဲ့ရတဲ့သတင်းထောက်။ CNN သတင်းထောက်တစ်ယောက်ဖြစ်တဲ့ Furious Angela Rye လို့အမည်ရတဲ့ အမျိုးသမီးဟာ ပြီးခဲ့တဲ့သောကြာနေ့က အမေရိကန် မီချီဂန်ပြည်နယ် Detroit မြို့ရှိ Detroit’s Metro Airport လေဆိပ်မှ နယူးယောခ်ကို လေကြောင်းခရီးနဲ့ ပြန်လာခဲ့ပါတယ်။ Detroit လေဆိပ်မှာ လုံခြုံရေးဝန်ထမ်းရဲ့ ပိုကဲတဲ့စစ်ဆေးမှုကို ခံခဲ့ရပြီး၊ အမျိုးသမီးအင်္ဂါကိုတောင် စစ်ဆေးတာ ခံခဲ့ရတယ်လို့ ဆိုပါတယ်။

Rye ဟာ သူမကိုရှာဖွေတဲ့ အမျိုးသမီးဝန်ထမ်းရဲ့ လုပ်ဆောင်မှုတွေကို ရဲအရာရှိထံမှာ ဗွီဒီယိုရိုက်ကူးခွင့် တောင်းခံခဲ့ပါတယ်။သူမဟာလေဆိပ်ကို ဝင်လိုက်ကတည်းက မသင်္ကာတာကို ခံလိုက်ပြီး Backscattermachine စက်ဆီမှ ာသီးသန့်ရှာဖွေခံခဲ့ရပါတယ်။ အဲဒီနောက်မှာ တာဝန်ကျအမျိုးသမီး အရာရှိက အမျိုးသမီးလုံခြုံရေးဝန်ထမ်းကို စေ့စေ့ငငရှာဖွေဖို့ ဆက်လိုက်ခိုင်းစေခဲ့ပါတယ်။

ရှာဖွေမှုတွေ ပြီးသွားတဲ့အခါမှာ အောက်ပိုင်းကိုရှာဖို့ ထပ်ခိုင်းခဲ့ပါတယ်။ Rye ကတော့ ဒါဟာလိင်ပိုင်းဆိုင်ရာ စော်ကားခံရမှုလို့ စွပ်စွဲခဲ့ပါတယ်။ သူမက ”ခြေထောက်နဲ့ အောက်ပိုင်းတွေကိုလျှောက်မပွတ်ခင်တုန်းကတော့ သာမန်ပါဘဲ နောက်အဝတ်အစားတွေကိုလှန်တယ် ပြီးတော့ဟိုနှိုက်သည်နှိုက်နဲ့ မအင်္ဂါကိုတောင် ပွတ်တာခံလိုက်ရသေးတယ် “လို့ သူမရဲ့ လူမှုကွန်ယက်မှာ ရေးသားခဲ့ပါတယ်။

သူမက ဆက်လက်ပြီး ” ဒါတောင်သူတို့က အားမရဘူး ရှေ့ကနေနေပြီး ရှာခိုင်းတယ် စကပ်အောက်ကနေ လက်လျှိုသွင်းပြီး အင်္ဂါစပ်ကို ထပ်ပြီးသုံးသပ်တာကို ခံရပြန်တယ် ကျွန်မမျက်ရည်တွေ မဆည်နိုင်အောင် ဖြစ်ခဲ့ရပါတယ် “လို့ ရေးသားခဲ့ပါတယ်။ သူမက ဒီလိုနည်းနဲ့ အခြားခရီးသွားတွေ ဘယ်နှစ်ယောက်လောက် လိင်ပိုင်းဆိုင်ရာ စော်ကားခံရပြီးပြီလဲလို့လဲ မေးခွန်းထုတ်ခဲ့ပါတယ်။

Nyo Nyo (boomnews)

Zawgyi

လုံၿခဳံေရးဝန္ထမ္းက လြန္ကဲစြာ ဟိုႏႈိက္သည္ႏႈိက္ရွာေဖြမႈေၾကာင့္ ငိုခဲ့ရတဲ့သတင္းေထာက္။ CNN သတင္းေထာက္တစ္ေယာက္ျဖစ္တဲ့ Furious Angela Rye လို႔အမည္ရတဲ့ အမ်ိဳးသမီးဟာ ၿပီးခဲ့တဲ့ေသာၾကာေန႔က အေမရိကန္ မီခ်ီဂန္ျပည္နယ္ Detroit ၿမိဳ႕ရွိ Detroit’s Metro Airport ေလဆိပ္မွ နယူးေယာခ္ကို ေလေၾကာင္းခရီးနဲ႔ ျပန္လာခဲ့ပါတယ္။ Detroit ေလဆိပ္မွာ လုံၿခဳံေရးဝန္ထမ္းရဲ႕ ပိုကဲတဲ့စစ္ေဆးမႈကို ခံခဲ့ရၿပီး၊ အမ်ိဳးသမီးအဂၤါကိုေတာင္ စစ္ေဆးတာ ခံခဲ့ရတယ္လို႔ ဆိုပါတယ္။

Rye ဟာ သူမကိုရွာေဖြတဲ့ အမ်ိဳးသမီးဝန္ထမ္းရဲ႕ လုပ္ေဆာင္မႈေတြကို ရဲအရာရွိထံမွာ ဗြီဒီယို႐ိုက္ကူးခြင့္ ေတာင္းခံခဲ့ပါတယ္။သူမဟာေလဆိပ္ကို ဝင္လိုက္ကတည္းက မသကၤာတာကို ခံလိုက္ၿပီး Backscattermachine စက္ဆီမွ ာသီးသန႔္ရွာေဖြခံခဲ့ရပါတယ္။ အဲဒီေနာက္မွာ တာဝန္က်အမ်ိဳးသမီး အရာရွိက အမ်ိဳးသမီးလုံၿခဳံေရးဝန္ထမ္းကို ေစ့ေစ့ငငရွာေဖြဖို႔ ဆက္လိုက္ခိုင္းေစခဲ့ပါတယ္။

ရွာေဖြမႈေတြ ၿပီးသြားတဲ့အခါမွာ ေအာက္ပိုင္းကိုရွာဖို႔ ထပ္ခိုင္းခဲ့ပါတယ္။ Rye ကေတာ့ ဒါဟာလိင္ပိုင္းဆိုင္ရာ ေစာ္ကားခံရမႈလို႔ စြပ္စြဲခဲ့ပါတယ္။ သူမက ”ေျခေထာက္နဲ႔ ေအာက္ပိုင္းေတြကိုေလွ်ာက္မပြတ္ခင္တုန္းကေတာ့ သာမန္ပါဘဲ ေနာက္အဝတ္အစားေတြကိုလွန္တယ္ ၿပီးေတာ့ဟိုႏႈိက္သည္ႏႈိက္နဲ႔ မအဂၤါကိုေတာင္ ပြတ္တာခံလိုက္ရေသးတယ္ “လို႔ သူမရဲ႕ လူမႈကြန္ယက္မွာ ေရးသားခဲ့ပါတယ္။

သူမက ဆက္လက္ၿပီး ” ဒါေတာင္သူတို႔က အားမရဘူး ေရွ႕ကေနေနၿပီး ရွာခိုင္းတယ္ စကပ္ေအာက္ကေန လက္လွ်ိဳသြင္းၿပီး အဂၤါစပ္ကို ထပ္ၿပီးသုံးသပ္တာကို ခံရျပန္တယ္ ကြၽန္မမ်က္ရည္ေတြ မဆည္ႏိုင္ေအာင္ ျဖစ္ခဲ့ရပါတယ္ “လို႔ ေရးသားခဲ့ပါတယ္။ သူမက ဒီလိုနည္းနဲ႔ အျခားခရီးသြားေတြ ဘယ္ႏွစ္ေယာက္ေလာက္ လိင္ပိုင္းဆိုင္ရာ ေစာ္ကားခံရၿပီးၿပီလဲလို႔လဲ ေမးခြန္းထုတ္ခဲ့ပါတယ္။

Nyo Nyo (boomnews)