သားဖြစ်သူရဲ့ ခွဲစိတ်စရိတ်မတတ်နိုင်လို့ လမ်းဘေးမှာအရိုက်ခံပြီး ငွေရှာနေတဲ့ဖခင်

သားဖြစ်သူရဲ့ ခွဲစိတ်စရိတ်မတတ်နိုင်လို့ လမ်းဘေးမှာအရိုက်ခံပြီး ငွေရှာနေတဲ့ဖခင်။ တရုတ်နိုင်ငံမှ Fan Fugui ဆိုတဲ့ အမျိုးသားတစ်ယောက်ဟာ မျက်လုံးကွယ်သွားတဲ့ သားဖြစ်သူရဲ့ ခွဲစိတ်စရိတ်ကိုရဖို့ အေးခဲမတတ်ဖြစ်နေတဲ့ ရာသီဥတုမှာ ဘောင်းဘီတိုတစ်ခုကလွဲရင် ဘာမှဝတ်မထားပဲ သူ့ကိုရိုက်ပါလို့ တစိမ်းတွေဆီမှာ တောင်းဆိုနေသူပါ။

ပေကျင်းမြို့ကလမ်းပေါ်မှာ ဒူးထောက်ပြီး တစ်ချက်ရိုက်ရင် ယွမ်ငွေ(၁၀)ဆိုပြီး ခန္ဓာကိုယ်ကို ရောင်းစားနေတာတာဖြစ်ပါတယ်။ Mr Fan မှ ာတစ်နှစ်အရွယ် သားတစ်ယောက်ရှိပြီး မွေးရာပါ မျက်စိဝေဒနာခံ စားနေရတဲ့ ကလေးငယ်ဟာ ယွမ်ငွေတစ်သိန်းလောက် ကုန်ကျနိုင်မယ့် ခွဲစိတ်မှုတစ်ခု လုပ်ဖို့လိုနေတာပါ။

လမ်းပေါ်မှာ ရိုက်ဖို့တောင်းဆိုနေတဲ့ Mr Fan ရဲ့ဓါတ်ပုံတွေ ကိုတော့ ဇန်နဝါရီလ(၁၁)ရက်နေ့က ရိုက်ကူးခဲ့တာပါ။ တကယ်တော့သူဟာေ ပကျင်းကမဟုတ်ပဲ Chongqing မြို့က ဖြစ်ပါတယ်။ လက်နှစ်ဖက်မှာ တုတ်ကိုကိုင်မြှောက်ထားပြီး ရိုက်ကြပါလို့ တောင်းဆိုနေခဲ့တာပါ။ သူ့ရဲ့ဘေးမှာလည်း “ကျွန်တော့်သားကိုကယ်ဖို့ ကျွန်တော့်ပေါင်ကို ရိုက်ပါဆိုတဲ့ စာသားကို ရေး ထားတဲ့ ဆိုင်းဘုတ်ကို ထားထားပါတယ်။

ကလေးငယ် Fan Yuhang ဟာ(၂၀၁၅)ခုနှစ် မတ်လက အမြင်အာရုံ ချို့တဲ့တဲ့ရောဂါ ခံစားခဲ့ရပြီး ဆေးမကုနိုင်ခဲ့လို့မျက်လုံးကွယ်သွားခဲ့တာဖြစ်ပါတယ်။ လမ်းသွား လမ်းလာတွေက ပိုက်ဆံထည့်သွားကြပေမယ့် ဘယ်သူကမှ ရိုက်နှက်တာမျိုးတော့ မလုပ်ခဲ့ကြပါဘူး။ ကလေးငယ်ဟာ ခွဲစိတ်ပြီးရင်လည်း အမြင်အာရုံပြန်ရ၊မရ မသေချာပေမယ့် ဖခင်ဖြစ်သူကတော့ အကောင်းဆုံးကြိုး စားပေးခဲ့ချင်ဟန်တူပါတယ်။

‘ကျွန်တော့သား မျက်လုံးမမြင်တော့မှာကို မလိုချင်ဘူး။ သူကြီးလာရင် သူ့ကိုယ်သူ စောင့်ရှောက်နိုင်တာမျိုးကိုပဲ ကျွန်တော်လိုလားတယ်”လို့ ပြောခဲ့ပါတယ်။ Mr Fan ရဲ့အကြောင်းကို တရုတ်မီဒီယာမှာ ဖော်ပြခဲ့ပြီးနောက် သီတင်းပတ် အစောပိုင်းလောက်မှာပဲ အလှူငွေယွမ်ငါးသောင်း ရခဲ့ပါတယ်။ ဒီငွေနဲ့ depositတင်ပြီး သားဖြစ်သူကို ဆေးရုံမှာဆေးစစ်တာတွေ လုပ်ပေးသွားမယ်လို့ဆိုပါတယ်။ လုံလောက်တဲ့ခွဲစိတ်စရိတ်ရအောင် တခြားနည်းလမ်းတွေလည်း ရှာကြည့်မယ်လို့ Mr Fan ကပြောခဲ့ပါတယ်။

Zawgyi

သားျဖစ္သူရဲ႕ ခြဲစိတ္စရိတ္မတတ္ႏိုင္လို႔ လမ္းေဘးမွာအ႐ိုက္ခံၿပီး ေငြရွာေနတဲ့ဖခင္။ တ႐ုတ္ႏိုင္ငံမွ Fan Fugui ဆိုတဲ့ အမ်ိဳးသားတစ္ေယာက္ဟာ မ်က္လုံးကြယ္သြားတဲ့ သားျဖစ္သူရဲ႕ ခြဲစိတ္စရိတ္ကိုရဖို႔ ေအးခဲမတတ္ျဖစ္ေနတဲ့ ရာသီဥတုမွာ ေဘာင္းဘီတိုတစ္ခုကလြဲရင္ ဘာမွဝတ္မထားပဲ သူ႔ကို႐ိုက္ပါလို႔ တစိမ္းေတြဆီမွာ ေတာင္းဆိုေနသူပါ။

ေပက်င္းၿမိဳ႕ကလမ္းေပၚမွာ ဒူးေထာက္ၿပီး တစ္ခ်က္႐ိုက္ရင္ ယြမ္ေငြ(၁၀)ဆိုၿပီး ခႏၶာကိုယ္ကို ေရာင္းစားေနတာတာျဖစ္ပါတယ္။ Mr Fan မွ ာတစ္ႏွစ္အ႐ြယ္ သားတစ္ေယာက္ရွိၿပီး ေမြးရာပါ မ်က္စိေဝဒနာခံ စားေနရတဲ့ ကေလးငယ္ဟာ ယြမ္ေငြတစ္သိန္းေလာက္ ကုန္က်ႏိုင္မယ့္ ခြဲစိတ္မႈတစ္ခု လုပ္ဖို႔လိုေနတာပါ။

လမ္းေပၚမွာ ႐ိုက္ဖို႔ေတာင္းဆိုေနတဲ့ Mr Fan ရဲ႕ဓါတ္ပုံေတြ ကိုေတာ့ ဇန္နဝါရီလ(၁၁)ရက္ေန႔က ႐ိုက္ကူးခဲ့တာပါ။ တကယ္ေတာ့သူဟာေ ပက်င္းကမဟုတ္ပဲ Chongqing ၿမိဳ႕က ျဖစ္ပါတယ္။ လက္ႏွစ္ဖက္မွာ တုတ္ကိုကိုင္ေျမႇာက္ထားၿပီး ႐ိုက္ၾကပါလို႔ ေတာင္းဆိုေနခဲ့တာပါ။ သူ႔ရဲ႕ေဘးမွာလည္း “ကြၽန္ေတာ့္သားကိုကယ္ဖို႔ ကြၽန္ေတာ့္ေပါင္ကို ႐ိုက္ပါဆိုတဲ့ စာသားကို ေရး ထားတဲ့ ဆိုင္းဘုတ္ကို ထားထားပါတယ္။

ကေလးငယ္ Fan Yuhang ဟာ(၂၀၁၅)ခုႏွစ္ မတ္လက အျမင္အာ႐ုံ ခ်ိဳ႕တဲ့တဲ့ေရာဂါ ခံစားခဲ့ရၿပီး ေဆးမကုႏိုင္ခဲ့လို႔မ်က္လုံးကြယ္သြားခဲ့တာျဖစ္ပါတယ္။ လမ္းသြား လမ္းလာေတြက ပိုက္ဆံထည့္သြားၾကေပမယ့္ ဘယ္သူကမွ ႐ိုက္ႏွက္တာမ်ိဳးေတာ့ မလုပ္ခဲ့ၾကပါဘူး။ ကေလးငယ္ဟာ ခြဲစိတ္ၿပီးရင္လည္း အျမင္အာ႐ုံျပန္ရ၊မရ မေသခ်ာေပမယ့္ ဖခင္ျဖစ္သူကေတာ့ အေကာင္းဆုံးႀကိဳး စားေပးခဲ့ခ်င္ဟန္တူပါတယ္။

‘ကြၽန္ေတာ့သား မ်က္လုံးမျမင္ေတာ့မွာကို မလိုခ်င္ဘူး။ သူႀကီးလာရင္ သူ႔ကိုယ္သူ ေစာင့္ေရွာက္ႏိုင္တာမ်ိဳးကိုပဲ ကြၽန္ေတာ္လိုလားတယ္”လို႔ ေျပာခဲ့ပါတယ္။ Mr Fan ရဲ႕အေၾကာင္းကို တ႐ုတ္မီဒီယာမွာ ေဖာ္ျပခဲ့ၿပီးေနာက္ သီတင္းပတ္ အေစာပိုင္းေလာက္မွာပဲ အလႉေငြယြမ္ငါးေသာင္း ရခဲ့ပါတယ္။ ဒီေငြနဲ႔ depositတင္ၿပီး သားျဖစ္သူကို ေဆး႐ုံမွာေဆးစစ္တာေတြ လုပ္ေပးသြားမယ္လို႔ဆိုပါတယ္။ လုံေလာက္တဲ့ခြဲစိတ္စရိတ္ရေအာင္ တျခားနည္းလမ္းေတြလည္း ရွာၾကည့္မယ္လို႔ Mr Fan ကေျပာခဲ့ပါတယ္။