တရုတ်နိုင်ငံမှ ထူးဆန်းတဲ့ မျက်နှာနှစ်ထပ် (မျက်နှာဖုံးစွပ်ထားတဲ့ပုံစံ)နဲ့ ခလေးငယ်

တရုတ်နိုင်ငံမှ ထူးဆန်းတဲ့ မျက်နှာနှစ်ထပ် (မျက်နှာဖုံးစွပ်ထားတဲ့ပုံစံ)နဲ့ ခလေးငယ်။ တရုတ်နိုင်ငံမှ ကလေးငယ်တစ်ဦးဟာ မွေးရာပါ မျက်နှာနှစ်ထပ် (မျက်နှာဖုံး စွပ်ထားတဲ့) မျက်နှာမျိုးကို ပိုင်ဆိုင်ထားပါတယ်။ မျက်နှာပေါ်မှာ မွေးရာပါမျက်နှာဖုံးပုံစံ ကန့်လန့်ဖြတ်အက်ကြောင်းတစ်ခု ပါလာတာဖြစ်ပြီး နှစ်ထပ်အက်ကြောင်းဟာ ပါးစပ်ကနေနားအထိ ရှိနေတာဖြစ်ပါတယ်။

မီဒီယာတွေကတော့ အဆိုပါကလေးငယ်ကို mask boy မျက်နှာဖုံးနဲ့ကောင်လေးလို့ နာမည်ပေးထားပါတယ်။Huikang လို့ခေါ်တဲ့ အဲ့ဒီကလေးငယ်ကို (၂၀၀၉) ခုနှစ် မတ်လ(၄)ရက်နေ့ ကတရုတ်နိုင်ငံတောင်ပိုင်း Hunan ပြည်နယ်မှာ မွေးဖွားခဲ့တပါ။ ကလေးငယ်ရဲ့မိဘတွေကတော့ လယ်သမား မိသားစုဖြစ်ပါတယ်။ မွေးပြီးခါစမှ ဆရာဝန်တွေက ကလေးငယ်ကို မပြခဲ့ကြောင်း အကြိမ်ကြိမ်ေတာင်းဆိုခါမှ ကလေးကို ထုတ်ပြခဲ့ပြီး သားငယ်ရဲ့မျက်နှာကို စမြင်လိုက်ချိန်မှာတော့ အရမ်းဝမ်းနည်းခဲ့ရတယ် လို့မိခင်ဖြစ်သူ YiLianxi ကဆိုပါတယ်။

“ကလေးကလည်းငို ကျမလည်းငိုနေမိတယ်။ ရင်ကွဲမတတ် ကျမခံစားခဲ့ရတယ်။ ကျမကျမှ ဘာလို့ဒီလိုဖြစ်ရတာပါလိမ့်”လို့မိခင်ဖြစ်သူက ဆိုပါတယ်။ ကလေးေမွးသူမရဲ့ အသက်ဟာ(၂၃)နှစ်သာရှိပြီး အာထရာဆောင်း သုံးကြိမ်ရိုက် ခဲ့ကြောင်း၊ အဲ့ဒီအချိန်တုန်းကကလေးမှာ မွေးရာပါချို့ယွင်းချက်ရှိနေတယ်ဆိုတာ မတွေ့ခဲ့ရဘူးလို့ သူမကဆိုပါတယ်။

အဖွားအေကိုယ်တိုင်နဲ့ တခြားမိသားစုဝင်တွေက ကလေးငယ်ကိုစွန့်ပစ်လိုက်ဖို့ တိုက်တွန်းခဲ့ပေမယ့် မိခင်ဖြစ်သူကတော့ သားငယ်ကို မစွန့်ပစ်နိုင်ခဲ့ပါဘူး။ ရှေးရိုးစွဲကျေးရွာမှာ နေနေတာဖြစ်တာကြောင့် Huikang ရဲ့မိဘတွေဟာ ပတ်ဝန်းကျင်ရဲ့ကဲ့ရဲ့ရှုတ်ချတာတွေ အထင်သေးတဲ့အကြည့်နဲ့ ကြည့်တာတွေကို ခံခဲ့ရပါတယ်။

ဆေးကုသဖို့ Changsha မှာရှိတဲ့ စစ်ဆေးရုံကိုရောက်သွားချိန်(၂၀၁၀)မှာတော့ Huikang ရဲ့သနားစရာဇာတ်လမ်းအကြောင်းကို လူတွေပိုသိသွားပြီး သတင်းတွေမှာ ဖော်ပြခဲ့ကြပါတယ်။လူတွေကလည်း ဆေးကုသစရိတ်အတွက် ရုန်းကန်နေရတဲ့ Huikang နဲ့သူ့ရဲ့မိသားစုအပေါ် ကိုယ်ချင်း စာဂရုနာသက် ခဲ့ပြီး ခွဲစိတ်ခအတွက် ငွေကြေးကူညီပေးခဲ့ပါတယ်။

ကလေးငယ်ရဲ့ ဒီလိုမွေးရာပါမျက်နှာ ချို့ယွင်းမှုမျိုးဟာ အလွန်ရှားပါးပြီး စိုးရိမ်ရတယ်လို့ ကုသပေးနေတဲ့ ဆေးရုံမှဆရာဝန်တစ်ဦးက ဆိုပါတယ်။ နူးညံ့တဲ့တစ်ရှူးတွေက ကျိုးကြေထိခိုက်ပျက်စီးပြီး ရွေ့သွားခဲ့ကြောင်း နားထင်ရိုး၊ပါးရိုး၊ အခြေခံဦးခေါင်းခွံရိုး(မျက်လုံးနောက်၊ ဦးနှောက်အောက်ဘက်ရှေ့ခြမ်း)နဲ့ အပေါ်မေးရိုးအားလုံး ပျက်စီးနေတာဖြစ်ပါတယ်။အားလုံးရဲ့ ငွေကြေးအကူအညီကြောင့် ကလေးငယ်ကို (၂၀၁၀)က ခွဲစိတ်မှုပြုလုပ်ပေးခဲ့ကာ ယွမ်ငွေ(၄)သိန်းကုန်ကျခဲ့ပါတယ်။

စစ်ဆေးရုံမှာပဲ ခွဲစိတ်မှုနှစ်ကြိမ်တိုင်တိုင် ခံယူခဲ့ပြီး နှစ်ခုလုံးအောင်မြင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း မျက်နှာအရိုးသစ်တွေကြီးထွားလာဖို့ ပုံမှန်အတိုင်းပြန်ဖြစ်ဖို့က (၁၀)နှစ်လောက် စောင့်ရမှာဖြစ်ပါတယ်။ ’maskboy’ ကေလးငယ်အကြောင်းကို ပြီးခဲ့တဲ့လက ET Today ဆိုတဲ့ တရုတ်မီဒီယာဝက်ဘ်ဆိုက်တစ်ခုမှာ ပြန်လည်ဖော်ပြခဲ့တာကြောင့် အွန်လိုင်းပေါ်မှာ တကျော့ပြန်လည် နာမည်ကြီးလာခဲ့တာပါ။ လက်ရှိမှာတော့ ကလေးငယ်ရဲ့ အခြေအနေ ဘယ်လောက်တိုးတက်လာပြီလဲဆိုတာနဲ့ ပတ်သက်တဲ့အကြောင်းကိုတော့ သတင်းတွေမှာ ဖော်ပြခြင်းမရှိဘူးလို့ သိရပါတယ်။

Zawgyi

တ႐ုတ္ႏိုင္ငံမွ ထူးဆန္းတဲ့ မ်က္ႏွာႏွစ္ထပ္ (မ်က္ႏွာဖုံးစြပ္ထားတဲ့ပုံစံ)နဲ႔ ခေလးငယ္။ တ႐ုတ္ႏိုင္ငံမွ ကေလးငယ္တစ္ဦးဟာ ေမြးရာပါ မ်က္ႏွာႏွစ္ထပ္ (မ်က္ႏွာဖုံး စြပ္ထားတဲ့) မ်က္ႏွာမ်ိဳးကို ပိုင္ဆိုင္ထားပါတယ္။ မ်က္ႏွာေပၚမွာ ေမြးရာပါမ်က္ႏွာဖုံးပုံစံ ကန႔္လန႔္ျဖတ္အက္ေၾကာင္းတစ္ခု ပါလာတာျဖစ္ၿပီး ႏွစ္ထပ္အက္ေၾကာင္းဟာ ပါးစပ္ကေနနားအထိ ရွိေနတာျဖစ္ပါတယ္။

မီဒီယာေတြကေတာ့ အဆိုပါကေလးငယ္ကို mask boy မ်က္ႏွာဖုံးနဲ႔ေကာင္ေလးလို႔ နာမည္ေပးထားပါတယ္။Huikang လို႔ေခၚတဲ့ အဲ့ဒီကေလးငယ္ကို (၂၀၀၉) ခုႏွစ္ မတ္လ(၄)ရက္ေန႔ ကတ႐ုတ္ႏိုင္ငံေတာင္ပိုင္း Hunan ျပည္နယ္မွာ ေမြးဖြားခဲ့တပါ။ ကေလးငယ္ရဲ႕မိဘေတြကေတာ့ လယ္သမား မိသားစုျဖစ္ပါတယ္။ ေမြးၿပီးခါစမွ ဆရာဝန္ေတြက ကေလးငယ္ကို မျပခဲ့ေၾကာင္း အႀကိမ္ႀကိမ္ေတာင္းဆိုခါမွ ကေလးကို ထုတ္ျပခဲ့ၿပီး သားငယ္ရဲ႕မ်က္ႏွာကို စျမင္လိုက္ခ်ိန္မွာေတာ့ အရမ္းဝမ္းနည္းခဲ့ရတယ္ လို႔မိခင္ျဖစ္သူ YiLianxi ကဆိုပါတယ္။

“ကေလးကလည္းငို က်မလည္းငိုေနမိတယ္။ ရင္ကြဲမတတ္ က်မခံစားခဲ့ရတယ္။ က်မက်မွ ဘာလို႔ဒီလိုျဖစ္ရတာပါလိမ့္”လို႔မိခင္ျဖစ္သူက ဆိုပါတယ္။ ကေလးေမြးသူမရဲ႕ အသက္ဟာ(၂၃)ႏွစ္သာရွိၿပီး အာထရာေဆာင္း သုံးႀကိမ္႐ိုက္ ခဲ့ေၾကာင္း၊ အဲ့ဒီအခ်ိန္တုန္းကကေလးမွာ ေမြးရာပါခ်ိဳ႕ယြင္းခ်က္ရွိေနတယ္ဆိုတာ မေတြ႕ခဲ့ရဘူးလို႔ သူမကဆိုပါတယ္။

အဖြားေအကိုယ္တိုင္နဲ႔ တျခားမိသားစုဝင္ေတြက ကေလးငယ္ကိုစြန႔္ပစ္လိုက္ဖို႔ တိုက္တြန္းခဲ့ေပမယ့္ မိခင္ျဖစ္သူကေတာ့ သားငယ္ကို မစြန႔္ပစ္ႏိုင္ခဲ့ပါဘူး။ ေရွး႐ိုးစြဲေက်း႐ြာမွာ ေနေနတာျဖစ္တာေၾကာင့္ Huikang ရဲ႕မိဘေတြဟာ ပတ္ဝန္းက်င္ရဲ႕ကဲ့ရဲ႕ရႈတ္ခ်တာေတြ အထင္ေသးတဲ့အၾကည့္နဲ႔ ၾကည့္တာေတြကို ခံခဲ့ရပါတယ္။

ေဆးကုသဖို႔ Changsha မွာရွိတဲ့ စစ္ေဆး႐ုံကိုေရာက္သြားခ်ိန္(၂၀၁၀)မွာေတာ့ Huikang ရဲ႕သနားစရာဇာတ္လမ္းအေၾကာင္းကို လူေတြပိုသိသြားၿပီး သတင္းေတြမွာ ေဖာ္ျပခဲ့ၾကပါတယ္။လူေတြကလည္း ေဆးကုသစရိတ္အတြက္ ႐ုန္းကန္ေနရတဲ့ Huikang နဲ႔သူ႔ရဲ႕မိသားစုအေပၚ ကိုယ္ခ်င္း စာဂ႐ုနာသက္ ခဲ့ၿပီး ခြဲစိတ္ခအတြက္ ေငြေၾကးကူညီေပးခဲ့ပါတယ္။

ကေလးငယ္ရဲ႕ ဒီလိုေမြးရာပါမ်က္ႏွာ ခ်ိဳ႕ယြင္းမႈမ်ိဳးဟာ အလြန္ရွားပါးၿပီး စိုးရိမ္ရတယ္လို႔ ကုသေပးေနတဲ့ ေဆး႐ုံမွဆရာဝန္တစ္ဦးက ဆိုပါတယ္။ ႏူးညံ့တဲ့တစ္ရႉးေတြက က်ိဳးေၾကထိခိုက္ပ်က္စီးၿပီး ေ႐ြ႕သြားခဲ့ေၾကာင္း နားထင္႐ိုး၊ပါး႐ိုး၊ အေျခခံဦးေခါင္းခြံ႐ိုး(မ်က္လုံးေနာက္၊ ဦးေႏွာက္ေအာက္ဘက္ေရွ႕ျခမ္း)နဲ႔ အေပၚေမး႐ိုးအားလုံး ပ်က္စီးေနတာျဖစ္ပါတယ္။အားလုံးရဲ႕ ေငြေၾကးအကူအညီေၾကာင့္ ကေလးငယ္ကို (၂၀၁၀)က ခြဲစိတ္မႈျပဳလုပ္ေပးခဲ့ကာ ယြမ္ေငြ(၄)သိန္းကုန္က်ခဲ့ပါတယ္။

စစ္ေဆး႐ုံမွာပဲ ခြဲစိတ္မႈႏွစ္ႀကိမ္တိုင္တိုင္ ခံယူခဲ့ၿပီး ႏွစ္ခုလုံးေအာင္ျမင္ခဲ့ပါတယ္။ ဒါေပမယ့္လည္း မ်က္ႏွာအ႐ိုးသစ္ေတြႀကီးထြားလာဖို႔ ပုံမွန္အတိုင္းျပန္ျဖစ္ဖို႔က (၁၀)ႏွစ္ေလာက္ ေစာင့္ရမွာျဖစ္ပါတယ္။ ’maskboy’ ေကလးငယ္အေၾကာင္းကို ၿပီးခဲ့တဲ့လက ET Today ဆိုတဲ့ တ႐ုတ္မီဒီယာဝက္ဘ္ဆိုက္တစ္ခုမွာ ျပန္လည္ေဖာ္ျပခဲ့တာေၾကာင့္ အြန္လိုင္းေပၚမွာ တေက်ာ့ျပန္လည္ နာမည္ႀကီးလာခဲ့တာပါ။ လက္ရွိမွာေတာ့ ကေလးငယ္ရဲ႕ အေျခအေန ဘယ္ေလာက္တိုးတက္လာၿပီလဲဆိုတာနဲ႔ ပတ္သက္တဲ့အေၾကာင္းကိုေတာ့ သတင္းေတြမွာ ေဖာ္ျပျခင္းမရွိဘူးလို႔ သိရပါတယ္။