အဝတ်လျှော်စက်ကို ပျက်စီးစေနိုင်သော အဝတ်လျှော်နည်းအမှား (၇)မျိုး

အဝတ်လျှော်စက်တွေ ပေါ်လာတာဟာ လူတွေကိုအားအင်ကုန်ခမ်းခြင်းကို လျော့ချပေးနိုင်ခဲ့ပါတယ်။ အချိန်ကုန်၊ လူပင်ပန်းသက်သာတာကြောင့် အိမ်တိုင်းနီးပါးမှာ အသုံးပြုနေကြတာကို တွေ့ရမှာပါ။ ဒါကြောင့် အဝတ်လျှော်စက်နဲ့ အဝတ်လျှော်သူတွေ ပြုလုပ်လေ့ရှိတဲ့ အမှားတွေကို ဖော်ပြပေးချင်ပါတယ်။

(၁) ပိုးသတ်ဆေးပါတဲ့ဆပ်ပြာ မသုံးခြင်း – သင့်မိသားစုဝင်တွေ တခါတလေမှာ ဖျားနာတာတွေရှိနိုင်ပါတယ်။ ဖျားနာပြီး ဝတ်ဆင်ထားတဲ့ အဝတ်အစားတွေပြီးတော့ အဖျားပိုးကူးစက်ခံထားရတဲ့ အဝတ်အစားတွေဟာ သာမန်အဝတ်လျှော်ဆပ်ပြာနဲ့ ပိုးမွှားတွေ မသေနိုင်ပါဘူး။ ဒါကြောင့် ပိုးသတ်ဆေးပါတဲ့ ဆပ်ပြာကိုသုံးရင်း ရောဂါပိုးကိုကာကွယ်ဖို့ တိုက်တွန်းချင်ပါတယ်။

(၂) အဝတ်လျှော်စက်ကို သန့်ရှင်းရေး မလုပ်ခြင်း – အဝတ်လျှော်စက်က ရေထည့်လိုက်၊ဆပ်ပြာထည့်လိုက် လုပ်နေတာမှန်ပါတယ်။ ဒါပေမဲ့ ၁ လ တခါတော့ သန့်ရှင်းရေး လုပ်ပေးစေချင်ပါတယ်။

လည်ပတ်တဲ့နေရာနဲ့ အဝတ်ကိုသန့်စင်ပေးတဲ့ နေရာတွေမှာ ကြေး (ဂျီး) တွေပိတ်နေတတ်လို့ သွားတိုက်တံနဲ့ဖြစ်ဖြစ်၊ ရေနွေးနဲ့ဖြစ်ဖြစ် သန့်ရှင်းရေး လုပ်ပေးသင့်ပါတယ်။

(၃) အဝတ်ကို ပြောင်းပြန်လှန်လျှော်ပါ – သင့်ရဲ့ဂျင်းဘောင်းဘီ၊ ဆွယ်တာ၊ အနွေးထည် စတာတွေကို လျှော်တဲ့အခါ ပြောင်းပြန်လှန်ပြီး လျှော်သင့်ပါတယ်။ အဝတ်အစားတွေဟာ အသားနဲ့ ထိပြီးအရေပြားပေါ်က ကြေး(ဂျီး)တွေ ကပ်နေနိုင်ပါတယ်။ ဒါကြောင့်အဝတ်လျှော်တဲ့အခါ ပြောင်းပြန်လှန်ဖို့ မမေ့ပါနဲ့။

(၄) အဝတ်အများကြီး ထည့်လျှော်တာကိုရှောင်ပါ – အဝတ်လျှော်စက်တွေဟာ ကြီးမားပြီး အဝတ်ထည့်စရာနေရာ အကျယ်ကြီးပါတယ်ဆိုပေမယ့် ကျွမ်းကျင်သူတွေရဲ့ ပြောစကားအရ သင့်အဝတ်ကိုလည်း နေရာလွတ်ပေးဖို့လိုပါတယ်။ ဒီလို နေရာလွတ်ပေးမှသာ သင့်အဝတ်တွေကို ကျယ်ကျယ်ဝန်းဝန်းနဲ့ လျှော်ဖွတ်နိုင်လို့ ပြောင်မှာဖြစ်ပါတယ်။

(၅)။ အဝတ်လျှော်အိတ်မပါဘဲ အတွင်းခံနှင့်‌ ခြေအိတ်တွေကို ထည့်လျှော်ခြင်း – ကိန်းဂဏန်းများအရ အဝတ်လျှော်စက်နှင့် ပတ်သက်တဲ့ ပြဿနာအများစုဟာ drum နဲ့ သက်ဆိုင်ပါတယ်။

အဝတ်လျှော်အိတ်နဲ့ လျှော်တဲ့အခါ သေးငယ်တဲ့ အရာဝတ္တုတွေ filter ထဲရောက်သွားတော့မှာ မဟုတ်ပါဘူး။ ဒါ့အပြင် သင့်ရဲ့ အတွင်းခံတွေကိုလည်း လျော့တွဲသွားတာမျိူး မဖြစ်တော့ပါဘူး။

(၆)။ ဆပ်ပြာအများကြီးသုံးခြင်း – ဆပ်ပြာများများသုံးလေ အဝတ်တွေပိုသန့်လေလို့ လူတွေကအထင်မှားနေတက်ကြပါတယ်။ ဒါကမမှန်ကန်ပါဘူး။ ဆပ်ပြာအလွန်အကျွံသုံးတဲ့အခါ ကြီးမားတဲ့ ပြဿနာတွေကိုသာ ဖြစ်ပေါ်စေပါတယ်။

ဉပမာ- ဆပ်ပြာအမြှပ်တွေကနေ ရေထွက်ပေါက်ကို ပိတ်ဆို့စေပါတယ်။ ဆပ်ပြာများတဲ့အခါ အဝတ်မှာဆပ်ပြာတွေမပြောင်တာမျိူးလည်းဖြစ်တက်ပါတယ်။

(၇)။ စည်းကမ်းတွေကို လိုက်နာပါ – သင့်အဝတ်လျှော်စက်ကို ကြာရှည်ခံစေချင်တယ်ဆိုရင်တော့ အဝတ်လျှော်စက်တခုအတွက် လိုက်နာရမယ့်စည်းကမ်းတွေကို လိုက်နာဖို့လိုပါတယ်။ အဝတ်အခြောက်ခံတဲ့ အခါမှာလည်း စက်ကသတ်မှတ်ထားတဲ့ အချိန်အတိုင်း အခြောက်ခံဖို့လိုအပ်ပါတယ်။

ကလေးအရုပ်၊ တဘက်စတာတွေကို လျှော်ဖွတ်တဲ့အခါ စက်က ခံနိုင်ရည် ရှိသလောက်ကိုသာ ထည့်ပြီးလျှော်ဖွတ်သင့်ပါတယ်။ သင့်မှာအဝတ်လျှော်စက်ရှိနေရက်နဲ့ ခေါင်းအုံးစွပ်၊ အိပ်ယာခင်း စတာတွေကို သေချာလျှော်ဖွတ်ဖို့ မမေ့ပါနဲ့လို့ သတိပေးချင်ပါတယ်။

Credit – မူရင်းရေးသားသူ
Nyo Nyo (boomnews)

Zawgyi

အဝတ္ေလွ်ာ္စက္ေတြ ေပၚလာတာဟာ လူေတြကိုအားအင္ကုန္ခမ္းျခင္းကို ေလ်ာ့ခ်ေပးႏိုင္ခဲ့ပါတယ္။ အခ်ိန္ကုန္၊ လူပင္ပန္းသက္သာတာေၾကာင့္ အိမ္တိုင္းနီးပါးမွာ အသုံးျပဳေနၾကတာကို ေတြ႕ရမွာပါ။ ဒါေၾကာင့္ အဝတ္ေလွ်ာ္စက္နဲ႔ အဝတ္ေလွ်ာ္သူေတြ ျပဳလုပ္ေလ့ရွိတဲ့ အမွားေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

(၁) ပိုးသတ္ေဆးပါတဲ့ဆပ္ျပာ မသုံးျခင္း – သင့္မိသားစုဝင္ေတြ တခါတေလမွာ ဖ်ားနာတာေတြရွိႏိုင္ပါတယ္။ ဖ်ားနာၿပီး ဝတ္ဆင္ထားတဲ့ အဝတ္အစားေတြၿပီးေတာ့ အဖ်ားပိုးကူးစက္ခံထားရတဲ့ အဝတ္အစားေတြဟာ သာမန္အဝတ္ေလွ်ာ္ဆပ္ျပာနဲ႔ ပိုးမႊားေတြ မေသႏိုင္ပါဘူး။ ဒါေၾကာင့္ ပိုးသတ္ေဆးပါတဲ့ ဆပ္ျပာကိုသုံးရင္း ေရာဂါပိုးကိုကာကြယ္ဖို႔ တိုက္တြန္းခ်င္ပါတယ္။

(၂) အဝတ္ေလွ်ာ္စက္ကို သန႔္ရွင္းေရး မလုပ္ျခင္း – အဝတ္ေလွ်ာ္စက္က ေရထည့္လိုက္၊ဆပ္ျပာထည့္လိုက္ လုပ္ေနတာမွန္ပါတယ္။ ဒါေပမဲ့ ၁ လ တခါေတာ့ သန႔္ရွင္းေရး လုပ္ေပးေစခ်င္ပါတယ္။

လည္ပတ္တဲ့ေနရာနဲ႔ အဝတ္ကိုသန႔္စင္ေပးတဲ့ ေနရာေတြမွာ ေၾကး (ဂ်ီး) ေတြပိတ္ေနတတ္လို႔ သြားတိုက္တံနဲ႔ျဖစ္ျဖစ္၊ ေရေႏြးနဲ႔ျဖစ္ျဖစ္ သန႔္ရွင္းေရး လုပ္ေပးသင့္ပါတယ္။

(၃) အဝတ္ကို ေျပာင္းျပန္လွန္ေလွ်ာ္ပါ – သင့္ရဲ႕ဂ်င္းေဘာင္းဘီ၊ ဆြယ္တာ၊ အေႏြးထည္ စတာေတြကို ေလွ်ာ္တဲ့အခါ ေျပာင္းျပန္လွန္ၿပီး ေလွ်ာ္သင့္ပါတယ္။ အဝတ္အစားေတြဟာ အသားနဲ႔ ထိၿပီးအေရျပားေပၚက ေၾကး(ဂ်ီး)ေတြ ကပ္ေနႏိုင္ပါတယ္။ ဒါေၾကာင့္အဝတ္ေလွ်ာ္တဲ့အခါ ေျပာင္းျပန္လွန္ဖို႔ မေမ့ပါနဲ႔။

(၄) အဝတ္အမ်ားႀကီး ထည့္ေလွ်ာ္တာကိုေရွာင္ပါ – အဝတ္ေလွ်ာ္စက္ေတြဟာ ႀကီးမားၿပီး အဝတ္ထည့္စရာေနရာ အက်ယ္ႀကီးပါတယ္ဆိုေပမယ့္ ကြၽမ္းက်င္သူေတြရဲ႕ ေျပာစကားအရ သင့္အဝတ္ကိုလည္း ေနရာလြတ္ေပးဖို႔လိုပါတယ္။ ဒီလို ေနရာလြတ္ေပးမွသာ သင့္အဝတ္ေတြကို က်ယ္က်ယ္ဝန္းဝန္းနဲ႔ ေလွ်ာ္ဖြတ္ႏိုင္လို႔ ေျပာင္မွာျဖစ္ပါတယ္။

(၅)။ အဝတ္ေလွ်ာ္အိတ္မပါဘဲ အတြင္းခံႏွင့္‌ ေျခအိတ္ေတြကို ထည့္ေလွ်ာ္ျခင္း – ကိန္းဂဏန္းမ်ားအရ အဝတ္ေလွ်ာ္စက္ႏွင့္ ပတ္သက္တဲ့ ျပႆနာအမ်ားစုဟာ drum နဲ႔ သက္ဆိုင္ပါတယ္။

အဝတ္ေလွ်ာ္အိတ္နဲ႔ ေလွ်ာ္တဲ့အခါ ေသးငယ္တဲ့ အရာဝတၱဳေတြ filter ထဲေရာက္သြားေတာ့မွာ မဟုတ္ပါဘူး။ ဒါ့အျပင္ သင့္ရဲ႕ အတြင္းခံေတြကိုလည္း ေလ်ာ့တြဲသြားတာမ်ိဴး မျဖစ္ေတာ့ပါဘူး။

(၆)။ ဆပ္ျပာအမ်ားႀကီးသုံးျခင္း – ဆပ္ျပာမ်ားမ်ားသုံးေလ အဝတ္ေတြပိုသန႔္ေလလို႔ လူေတြကအထင္မွားေနတက္ၾကပါတယ္။ ဒါကမမွန္ကန္ပါဘူး။ ဆပ္ျပာအလြန္အကြၽံသုံးတဲ့အခါ ႀကီးမားတဲ့ ျပႆနာေတြကိုသာ ျဖစ္ေပၚေစပါတယ္။

ဉပမာ- ဆပ္ျပာအျမႇပ္ေတြကေန ေရထြက္ေပါက္ကို ပိတ္ဆို႔ေစပါတယ္။ ဆပ္ျပာမ်ားတဲ့အခါ အဝတ္မွာဆပ္ျပာေတြမေျပာင္တာမ်ိဴးလည္းျဖစ္တက္ပါတယ္။

(၇)။ စည္းကမ္းေတြကို လိုက္နာပါ – သင့္အဝတ္ေလွ်ာ္စက္ကို ၾကာရွည္ခံေစခ်င္တယ္ဆိုရင္ေတာ့ အဝတ္ေလွ်ာ္စက္တခုအတြက္ လိုက္နာရမယ့္စည္းကမ္းေတြကို လိုက္နာဖို႔လိုပါတယ္။ အဝတ္အေျခာက္ခံတဲ့ အခါမွာလည္း စက္ကသတ္မွတ္ထားတဲ့ အခ်ိန္အတိုင္း အေျခာက္ခံဖို႔လိုအပ္ပါတယ္။

ကေလးအ႐ုပ္၊ တဘက္စတာေတြကို ေလွ်ာ္ဖြတ္တဲ့အခါ စက္က ခံႏိုင္ရည္ ရွိသေလာက္ကိုသာ ထည့္ၿပီးေလွ်ာ္ဖြတ္သင့္ပါတယ္။ သင့္မွာအဝတ္ေလွ်ာ္စက္ရွိေနရက္နဲ႔ ေခါင္းအုံးစြပ္၊ အိပ္ယာခင္း စတာေတြကို ေသခ်ာေလွ်ာ္ဖြတ္ဖို႔ မေမ့ပါနဲ႔လို႔ သတိေပးခ်င္ပါတယ္။

Credit – မူရင္းေရးသားသူ
Nyo Nyo (boomnews)