၇ လပိုင်းမကုန်ခင်အောင်ပွဲရနိင်ခြေနဲ့ D Day အခြေအနေ

မြေပြင်အခြေနေမှန်ကို တိုက်ရိုက်သိရှိခဲ့ခြင်းပါ။ မင်းအောင်လှိုင်ကို ထောက်ခံတဲ့ အမာခံ(ရာထူးကြီးပိုင်း)ဝန်ထမ်းတွေကိုယ်တိုင် မင်းအောင်လှိုင်ကိုမကောင်းမြင်နေပါပြီ။ အုပ်ချုပ်ရေးပိုင်းကို မနိုင်မနင်းဖြစ်နေတာကို မရ၊ရအောင်သူအာဏာတည်မြဲရေးသာ အာရုံစိုက်လုပ်နေရင်း သူ့ကိုထောက်ခံသူဝန်ထမ်းတွေနဲ့မိသားစုတွေရဲ့ ကိုဗစ်ရန်ကိုထည့်မစဉ်းစားတဲ့အပေါ်ဝန်ထမ်းများကမြင်လာခြင်းပါ။

ကာကွယ်ဖို့ရောကုသဖို့ပါမလုပ်ပေးတဲ့အပေါ် စိုးရိမ်စိတ်ဝင်လာတာကစပါတယ်။ ဥပမာ-ဇေယျာသီရိကထွေအုပ်ဝန်ထမ်း (၇)ဦး Positive ဖြစ်ပါတယ်။ ဘာမှလုပ်မပေးတာတွေ့ကြတဲ့အခါ အခြားထွေအုပ်ဝန်ထမ်းတွေအလုပ်ဆက်လုပ်ဖို့ တွေဝေသွားသလို၊ မိသားစုတွေအတွက်စိုးရိမ်ပြီး တစ်ရုံးလုံး(စောက်တလွဲအစီအမံနဲ့ညွှန်ကြားချက်တွေလို့ ဒေါသဖြစ်နေတာကိုယ်တွေ့မြင်ခဲ့ရပါတယ်။)

ဇေယျာထွေအုပ်ဝန်ထမ်း positive တွေထပ်တိုးလာသော်ငြား ငိုးကြီးတစ်လုံး၊ရီကြီးတစ်လုံးနဲ့ ရုံးထဲမှာတင်ပွက်လောရိုက်နေကြတာမြင်ပြီး တုန်လှုပ်ကုန်ကြသလို။ တပ်မိသားစုတွေနဲ့ရဲမိသားစုတွေ (တီးတိုး)ဘယ်တပ်၊ဘယ်ရဲစခန်း၊ဘယ်ရဲတပ်ရင်းမှာ ဘယ်လောက်ပိုးတွေ့၊ ဘယ်လောက်သေဘယ်လိုသာလုပ်ပေးတာ ပြောနေကြတာကိုယ်တွေ့ပါ။ မိန်းမဖြစ်သူတွေငိုနေကြပါပြီ။ မင်းအောင်လှိုင်ခိုင်းသမျှလုပ်ဖို့ တွေဝေနေကြပါပြီ။ ဖွတ်အကြီးစားထွေအုပ်တွေပြောတဲ့စကား- အရင်အစိုးရလက်ထက်က positive တွေတာနဲ့ နေရပ်လိပ်စာ၊ခရီးသွားရာဇဝင်၊လက်ရှိတည်နေရာ၊ ဆက်စပ်သူအားလုံးမေးတယ်၊အားလုံးအခမဲ့ Q ဝင်ရတယ်။ ခုဟာကလက်ရှိနေတဲ့နေရာကလူတွေမပြောနဲ့ ပိုးတွေ့လူနာတောင်ဘာမှလုပ်မပေးနိုင်ဘူး။ ဒါတောင်ပြည်သူကဘာမှမသိသေးဘူး။ အခြေနေအရပ်ရပ်ကိုငါတို့ပဲသိတာ။

ငါတို့အလုပ်ဆင်းပေးနေတဲ့သူတွေရဲ့မိသားစုတွေအတွက်တောင် ဘာ plan မှမရွိဘူး။ သူတို့အစည်းအဝေးလုပ်ပါတယ်။မီးလောင်ရာလေပင့်အစည်းဝေးလာတဲ့ စစ်ခွေးအရာရှိကိုယ်တိုင်ကကျုပ်တို့ကိုယ်တိုင်အများကြီးကူးစက်ခံနေရပြီ ကူးစက်မှု့အတွက်မပေါက်ကြားစေနဲ့ဆိုတာကလွဲရင် ဘာညွှန်ကြားချက်မှမရဘူး။ ခင်ဗျားတို့ထဲမှာအာခံရဲတဲ့သူရှိရင် ခင်ဗျားတို့သဘောပဲ။
ဟိုးအစကတည်းကထုတ်ထားတဲ့အမိန့်၊ ဘယ်လိုပဲဖြစ်ဖြစ် ကျောင်းတွေအောင်မြင်အောင်ဖွင့်ရမယ်ဆိုတဲ့အမိန့် ကျုပ်တို့အထက်လူကြီးတွေကိုယ်တိုင်တောင် စောဒကမတက်ရဲဘူး။

လိုရင်းပြောရရင်-ကျုပ်ကိုယ်တိုင်မြင်တွေ့၊ကြားခဲ့ရသမျှ ဝန်ထမ်းတွေအားလုံးဟာ မင်းအောင်လှိုင်အမိန့်အတိုင်း အလုပ်ဆက်ဆင်းဖို့တွေဝေနေကြပြီ။ညကျုပ်ရဲရဲကြီးပြောရဲတယ်။
မင်းအောင်လှိုင်အမိန့်ကို မိသားစုဘဝရင်းပြီးနာခံဖို့စဉ်းစားနေကြပြီ။ ဒီလူတွေအားလုံးဟာ မင်းအောင်လှိုင်(အမာခံ)ထောက်ခံသူတွေပါ။

လက်ရှိအတိုင်းဆက်သွားရင် ကိုဗစ်ဟာသူတို့ဘက်မှာကူးစက်မှု့အလွန်အကျွံပေါက်ကွဲပါတော့မယ်။ တိုင်းမှူးအဆင့်တောင် positive ဖြစ်နေပါပြီ။ အာဏာလူအဖွဲ့မကြာခင် ဘယ္ဌာနမွ မလည်ပတ်နိုင်တော့ခြင်းကြုံရတော့မယ်။ စစ်ခွေးတွေ၊ရဲခွေးတွေ၊ ထွေအုပ်တွေ၊ ဝန်ကြီးဌာနတွေ ပိုးကူးစက်မှု့မထိန်းချုပ်နိုင်တော့ပါဘူး။ ဆက်ကူးစက်လာတာနဲ့အမျှ အာဏာလုအဖွဲ့ကဘာမှ မလုပ်ပေးနိုင်လေအားလုံးရပ်သွားမှာပါ။

ဖယ်ဒရယ်ဒီမိုကေရစီကိုလိုလားတဲ့ပြည်သူတိုင်းက ကိုဗစ်ကိုစနစ်တကျကာကွယ်ကြပါ။ မင်းအောင်လှိုင်သူ့ရှူးသူ့ပတ်နေပြီ။
ကာကွယ်ရင်း D-Day အတွက်အဆင်သင့်ပြင်ဆင်ထားကြပါ။  လက်ရှိအက်ရှင်ယူနိုင်ခြင်းမရှိ၊ မပါဝင်နိုင်သူတွေအနေနဲ့ ဦးဆောင်တိုက်ပွဲဝင်ကြမယ့်သူတွေအတွက် ဝန်းရံဖို့မတွန့်ပါနဲ့။

PDF တွေ ငွေကြေးအရမ်းကို၊ခက်ခဲ၊လိုအပ်နေပါပြီ ကာကွယ်ရေးဝန်ကြီးကိုယ်တိုင်ပြောထားပါတယ်။ လျှို့ဝှက်လှူဒါန်းပါဝင်ပေးကြပါ။ စစ်ခွေး၊ရဲခွေးတွေကိုယ်တိုင် မင်းအောင်လှိုင်ခိုင်းတာမလုပ်တော့မယ့်အချိန်ဟာ D-DAY အဖြစ်သင့်ဆုံးအချိန်ပါပဲ။ အက်ရှင်မယူနိုင်သူများ NUG ကိုတိုက်ရိုက်လှူဒါန်းပါဝင်ပေးကြပါ။

(၇)လပိုင်းမကုန်ခင်စစ်ခွေး၊ရဲခွေးတွေအပြင် အခြားဌာနေတြ မင်းအောင်လှိုင်အမိန့်မနာခံတော့တာ မဖြစ်ခဲ့ရင်အိမ်တိုင်ရာရောက်လာပါးအရိုက်ခံပါ့မယ်။ နောက်ဆုံးပြောချင်တာက- ကိုဗစ်ကိုစနစ်တကျကာကွယ်ကြပါ။ NUG ကိုငွေးကြေးလှူဒါန်းနိုင်သူများလွူပါ။ D-DAY အတွက်အဆင်သင့်ပြင်ထားကြပါတော့။

မင်းညို