၃ မိနစ်ရေနွေးအိုးမှတဆင့် မီးလောင်ခြင်းမဖြစ်စေရန် ဒီအချက်လေးတွေကိုသတိပြုပါ

၃ မိနစ်အိုးကနေ မီးလောင်မှုတွေဖြစ်ခဲ့ဖူးတာကြောင့် မဖြစ်အောင်အားလုံးသတိထားနိုင်ဖို့ မျှဝေပေးပါတယ်နော်။ ကျနော်တို့ နိုင်ငံတွင် ယခုအခါ ၃မိနစ် ရေနွေးအိုးများကို အိမ်ထောင်စုတိုင်းနီးပါး အသုံးပြုလာကြပါတယ်။

ဒီရေနွေးအိုးမှာ ၁ဝဝဝ(w)ဝပ် အသုံးပြုထားသော်လည်း အပူကိုကိုရေထဲသို့ အလျှင်အမြန်စီးဝင်နိုင်အောင် တည်ဆောက်ထားလို့ အချိန်တိုအတွင်းကိစ္စပြီးမြောက်စေတဲ့အတွက် လျှပ်စစ်ဓာတ်အား ချွေတာရာရောက်သလို security အဆင့်ဆင့်ခံတည်ဆောက်ထားတဲ့အတွက် အသုံးပြုသူကို ကရိကထလည်း အလွန်နည်းပါးစေပါတယ်။ ဒါပေမယ့် ဒီလိုခေတ်ပေါ်ပစ္စည်းမျိုး အသုံးပြုမည်ဆိုလျင် အန္တရယ်ကင်းကင်းအသုံးပြုနိုင်ရန် သူ့အကြောင်းကို အကြမ်းဖျဉ်းတော့ သိထားရင်ပိုကောင်းပါမယ်။

ဤအိုးတွင်ရေနွေးဆူလျှင် အလိုလျောက်ပိတ်ပေးမည့် switch,1 သည် လက်ကိုင်ကိုင်းအပေါ်ထိပ်တွင်ရှိပြီး ရေဆူလျင်တက်လာသည့် ရေနွေးငွေ့၏အပူချိန်ဖြင့် သည်လက်ကိုင်ကိုင်းအပေါ်ထိပ်တွင်ရှိပြီ းရေဆူလျင်တက်လာသည့် ရေနွေးငွေ့၏အပူချိန်ဖြင့် ခလုပ်ကိုပိတ်စေသော်လည်း အိုးထဲတွင်ရေမရှိပါက ရေနွေးငွေ့တက်မလာနိုင်သဖြင့် အလုပ်မလုပ်နိုင်ပါ။

Switch, 2 သည်အိုး၏အောက်ခြေတွင် ကပ်လျက်ရှိပြီး ရေမပါပဲ power on မိသည့်အခါ အလိုအလျောက် ပိတ်နိုင်ရန်စီမံထားသော်လည်း မြင့်မားသည့်အပူချိန်ရမှ အလုပ်လုပ်သောကြောင့် ကြာရှည်စွာမေ့ထားမိပါက မီးဘေးအန္တရယ်စိုးရိမ်ရသဖြင့် ဤအိုးမျိုးကိုအသုံးပြုလျှင် (၁) အိုးထဲတွင်ရေလက်ကျန် ထားရန်နှင့် (၂) အမြဲတန်းမီးပလပ်ကို မတပ်ထားရန်။ သတိပြုသင့်ပါပေသည်။

Credit – မူရင်း

Zawgyi

၃ မိနစ္အိုးကေန မီးေလာင္မႈေတြျဖစ္ခဲ့ဖူးတာေၾကာင့္ မျဖစ္ေအာင္အားလုံးသတိထားႏိုင္ဖို႔ မွ်ေဝေပးပါတယ္ေနာ္။ က်ေနာ္တို႔ ႏိုင္ငံတြင္ ယခုအခါ ၃မိနစ္ ေရေႏြးအိုးမ်ားကို အိမ္ေထာင္စုတိုင္းနီးပါး အသုံးျပဳလာၾကပါတယ္။

ဒီေရေႏြးအိုးမွာ ၁ဝဝဝ(w)ဝပ္ အသုံးျပဳထားေသာ္လည္း အပူကိုကိုေရထဲသို႔ အလွ်င္အျမန္စီးဝင္ႏိုင္ေအာင္ တည္ေဆာက္ထားလို႔ အခ်ိန္တိုအတြင္းကိစၥၿပီးေျမာက္ေစတဲ့အတြက္ လွ်ပ္စစ္ဓာတ္အား ေခြၽတာရာေရာက္သလို security အဆင့္ဆင့္ခံတည္ေဆာက္ထားတဲ့အတြက္ အသုံးျပဳသူကို ကရိကထလည္း အလြန္နည္းပါးေစပါတယ္။ ဒါေပမယ့္ ဒီလိုေခတ္ေပၚပစၥည္းမ်ိဳး အသုံးျပဳမည္ဆိုလ်င္ အႏၲရယ္ကင္းကင္းအသုံးျပဳႏိုင္ရန္ သူ႔အေၾကာင္းကို အၾကမ္းဖ်ဥ္းေတာ့ သိထားရင္ပိုေကာင္းပါမယ္။

ဤအိုးတြင္ေရေႏြးဆူလွ်င္ အလိုေလ်ာက္ပိတ္ေပးမည့္ switch,1 သည္ လက္ကိုင္ကိုင္းအေပၚထိပ္တြင္ရွိၿပီး ေရဆူလ်င္တက္လာသည့္ ေရေႏြးေငြ႕၏အပူခ်ိန္ျဖင့္ သည္လက္ကိုင္ကိုင္းအေပၚထိပ္တြင္ရွိၿပီ းေရဆူလ်င္တက္လာသည့္ ေရေႏြးေငြ႕၏အပူခ်ိန္ျဖင့္ ခလုပ္ကိုပိတ္ေစေသာ္လည္း အိုးထဲတြင္ေရမရွိပါက ေရေႏြးေငြ႕တက္မလာႏိုင္သျဖင့္ အလုပ္မလုပ္ႏိုင္ပါ။

Switch, 2 သည္အိုး၏ေအာက္ေျခတြင္ ကပ္လ်က္ရွိၿပီး ေရမပါပဲ power on မိသည့္အခါ အလိုအေလ်ာက္ ပိတ္ႏိုင္ရန္စီမံထားေသာ္လည္း ျမင့္မားသည့္အပူခ်ိန္ရမွ အလုပ္လုပ္ေသာေၾကာင့္ ၾကာရွည္စြာေမ့ထားမိပါက မီးေဘးအႏၲရယ္စိုးရိမ္ရသျဖင့္ ဤအိုးမ်ိဳးကိုအသုံးျပဳလွ်င္ (၁) အိုးထဲတြင္ေရလက္က်န္ ထားရန္ႏွင့္ (၂) အၿမဲတန္းမီးပလပ္ကို မတပ္ထားရန္။ သတိျပဳသင့္ပါေပသည္။

Credit – မူရင္း