(၃)လလုံးတိမ်းရှောင်နေခဲ့ရပြီး အိမ်ပြန်ရောက်လာခဲ့ပေမယ့် စိတ်ဓာတ်ကျ၀မ်းနည်းမှုတွေပဲနေ့စဉ်ရက်ဆက်ခံစားနေရကြောင်း ရင်ဖွင့်လာတဲ့ မထက်

Make Up Artist အဖြစ် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို ရရှိထားတဲ့မထက်ဟာ အရေးတော်ပုံကြီးအောင်မြင်ရေးမှာ တက်တက်ကြွကြွပါ၀င်ခဲ့တာကြောင့် ၅၀၅(က)နဲ့ ၀ရမ်းထုတ်ခံခဲ့ရပြီး တိမ်းရှောင်နေခဲ့ရတာဖြစ်ပါတယ် ။

သုံးလနီးပါးတိမ်းရှောင်ခဲ့ရပြီး လက်ရှိမှာတော့မထက်ဟာ နေအိမ်ကိုပြန်လည်ရောက်ရှိလာပြီပဲဖြစ်ပါတယ်။ မထက်ဟာ နေအိမ်ကိုပြန်ရောက်လာတာ (၂)လနီးပါးရှိတော့မှာဖြစ်ပေမယ့် အခုအချိန်ထိ စိတ်အားငယ်၀မ်းနည်းမှုတွေ ခံစားနေရဆဲဖြစ်တယ်လို့သိရပါတယ်။

ရှောင်တိမ်းနေရတဲ့ (၃)လလုံးမှာလည်း စိတ်ဒုက္ခ၊အနေဆင်းရဲဒုက္ခအပြည့်နဲ့နေခဲ့ရပြီး depression ရခဲ့တယ်လို့လည်း မထက်ဟာ ဖွင့်ဟထားခဲ့ပါတယ်။ အိမ်ပြန်ရောက်လာတဲ့အချိန်မှာလည်း စိတ်ချစွာအိပ်နိုင်စားနိုင်တဲ့အခြေအနေဖြစ်ပေမယ့် အိမ်ပြင်လုံး၀မထွက်နိုင်ပဲ စိတ်ဂယောက်ဂယက်တွေဖြစ်ကာ ပျော်အောင်ကြိုးစားနေရပြီး ညဘက်တွေပါ အိပ်မပျော်တဲ့အထိဖြစ်နေတယ်လို့သိရပါတယ် ။

အခုလိုအခြေအနေတွေထိ ဖြစ်နေပေမယ့်လည်း ခနဲ့သလိုလာပြောကြတဲ့သူတွေနဲ့ပါ ကြုံရကြောင်းကို မထက်ဟာရေးသားလာခဲ့ပါတယ် ။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော် ။

#Crd original writer

Zawgyi





#Crd original writer