(၂၀၀၈) ခြေဉအရ နိုင်ငံတော်သမ္မတကို မည်သည့်တရားရုံးကမှ ဆင့်ခေါ်စစ်ဆေးပိုင်ခွင့်မရှိ

(၂၀၀၈) ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်သမ္မတကို မည်သည့်တရားရုံးကမှ ဆင့်ခေါ်စစ်ဆေးပိုင်ခွင့်မရှိကြောင်း တရားလွှတ်တော်ရှေ့နေဦးကြီးမြင့်က ပြောပါသည်။

တရားလွှတ်တော်ရှေ့နေဦးကြီးမြင့်က.. “၂၀၀၈ အခြေခံဥပဒေပုဒ်မ ၂၁၅ အရ နိုင်ငံတော်သမ္မတကို ဘယ်တရားရုံးမှ ဆင့်ခေါ်စစ်ဆေးခွင့်မရှိဘူး။ အခုက ဆင့်ခေါ်ရန် သင့် မသင့် ကို တစ်ဖတ်သတ်ကြားနာမှာပေါ့။ ဆင့်ခေါ်တဲ့အဆင့်ကို လုံး၀မရောက်သေးဘူး။ အဝေးကြီးပဲ အဲဒါတွေက။ စာချွန်တော်ကတော့ တင်သွင်းခွင့်ရှိတယ်။ ဘာလို့လဲဆိုတော့ ၂၀၀၈ အခြေခံဥပဒေက ခွင့်ပြုထားတာကိုး” ဟု ပြောသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၁၅ တွင် နိုင်ငံတော်သမ္မတသည် ဖွဲ့စည်းပုံအခြေခံဥပဒေအရသော်လည်းကောင်း၊ ဥပဒေတစ်ရပ်ရပ်အရသော်လည်းကောင်း မိမိအားအပ်နှင်းထားသည့်တာ၀န်နှင့် လုပ်ပိုင်ခွင့်များကို ကျင့်သုံးဆောင်ရွက်မှု သို့တည်းမဟုတ် ကျင့်သုံးဆောင်ရွက်သည့်အနေဖြင့် ပြုလုပ်ခဲ့သော ပြုလုပ်မှုအတွက် မည့်သည်လွှတ်တော် မည်သည့်တရားရုံးတွင်မျှ ဖြေရှင်းရန်တာ၀န်မရှိစေရဟု ပြဌာန်းပါရှိသည်။

နိုင်ငံတော်သမ္မတဦးဝင်းမြင့်၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းတို့ကို တရားစွဲဆိုတိုင်ကြားချက်အား လက်ခံရန် ရှိ၊ မရှိ လာမည့် ဇန်နဝါရီလ (၂၉) ရက်နေ့တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ ကြားနားမည်ဖြစ်သည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် အပါအဝင် (၄) ဦးတို့ကို အာဏာပိုင်မေး စာချွန်တော်အမိန့် ထုတ်ပြီး စစ်ဆေးပေးဖို့ ရှေ့နေ ဦးဇော်ဝိတ်က တိုင်ကြားလျှောက်ထားခြင်း ဖြစ်ပါတယ်။

“အခုလိုရွေးကောက်ပွဲနဲ့ ပတ်သက်လို့ အာဏာပိုင်မေး စာချွန်တော် လျှောက်ခွင့်မရှိဘူး။ အခြေခံဥပဒေအရ ကော်မရှင်ဆုံးဖြတ်ချက် အတည်ဖြစ်တယ်လို့ ပြဌာန်းထားပြီးမို့လို့။လျှောက်ခွင့်မရှိတာကို ဘာလို့လျှောက်လဲဆို ရောချတာပေါ့။ ရှင်းရှင်းပြောရရင် လျှောက်တဲ့ရှေ့နေကိုဇော်ဝိတ်ဆိုတာ ဥပဒေကိုဒီလောက် နက်နက်နဲနဲ လေ့လာထားဟန်မတူပါဘူး” ဟု တရားလွှတ်တော်ရှေ့နေဦးကြီးမြင့်က ထပ်မံပြောပါတယ်။ ထို့အပြင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌနှင့် လူ ၁၅ ဦးကို ဦးစိုးမောင်အပါအဝင် ကြံ့ပါတီက တိုင်ကြားခဲ့ခြင်းဖြစ်သည်။

Zawgyi

(၂၀၀၈) ဖြဲ႕စည္းပုံအေျခခံဥပေဒအရ ႏိုင္ငံေတာ္သမၼတကို မည္သည့္တရား႐ုံးကမွ ဆင့္ေခၚစစ္ေဆးပိုင္ခြင့္မရွိေၾကာင္း တရားလႊတ္ေတာ္ေရွ႕ေနဦးႀကီးျမင့္က ေျပာပါသည္။

တရားလႊတ္ေတာ္ေရွ႕ေနဦးႀကီးျမင့္က.. “၂၀၀၈ အေျခခံဥပေဒပုဒ္မ ၂၁၅ အရ ႏိုင္ငံေတာ္သမၼတကို ဘယ္တရား႐ုံးမွ ဆင့္ေခၚစစ္ေဆးခြင့္မရွိဘူး။ အခုက ဆင့္ေခၚရန္ သင့္ မသင့္ ကို တစ္ဖတ္သတ္ၾကားနာမွာေပါ့။ ဆင့္ေခၚတဲ့အဆင့္ကို လုံး၀မေရာက္ေသးဘူး။ အေဝးႀကီးပဲ အဲဒါေတြက။ စာခြၽန္ေတာ္ကေတာ့ တင္သြင္းခြင့္ရွိတယ္။ ဘာလို႔လဲဆိုေတာ့ ၂၀၀၈ အေျခခံဥပေဒက ခြင့္ျပဳထားတာကိုး” ဟု ေျပာသည္။

ဖြဲ႕စည္းပုံအေျခခံဥပေဒ ပုဒ္မ ၂၁၅ တြင္ ႏိုင္ငံေတာ္သမၼတသည္ ဖြဲ႕စည္းပုံအေျခခံဥပေဒအရေသာ္လည္းေကာင္း၊ ဥပေဒတစ္ရပ္ရပ္အရေသာ္လည္းေကာင္း မိမိအားအပ္ႏွင္းထားသည့္တာ၀န္ႏွင့္ လုပ္ပိုင္ခြင့္မ်ားကို က်င့္သုံးေဆာင္႐ြက္မႈ သို႔တည္းမဟုတ္ က်င့္သုံးေဆာင္႐ြက္သည့္အေနျဖင့္ ျပဳလုပ္ခဲ့ေသာ ျပဳလုပ္မႈအတြက္ မည့္သည္လႊတ္ေတာ္ မည္သည့္တရား႐ုံးတြင္မွ် ေျဖရွင္းရန္တာ၀န္မရွိေစရဟု ျပဌာန္းပါရွိသည္။

ႏိုင္ငံေတာ္သမၼတဦးဝင္းျမင့္၊ ျပည္ေထာင္စု ေ႐ြးေကာက္ပြဲေကာ္မရွင္ ဥကၠ႒ ဦးလွသိန္းတို႔ကို တရားစြဲဆိုတိုင္ၾကားခ်က္အား လက္ခံရန္ ရွိ၊ မရွိ လာမည့္ ဇန္နဝါရီလ (၂၉) ရက္ေန႔တြင္ ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္မွ ၾကားနားမည္ျဖစ္သည္။

ႏိုင္ငံေတာ္သမၼတ ဦးဝင္းျမင့္ အပါအဝင္ (၄) ဦးတို႔ကို အာဏာပိုင္ေမး စာခြၽန္ေတာ္အမိန႔္ ထုတ္ၿပီး စစ္ေဆးေပးဖို႔ ေရွ႕ေန ဦးေဇာ္ဝိတ္က တိုင္ၾကားေလွ်ာက္ထားျခင္း ျဖစ္ပါတယ္။

“အခုလိုေ႐ြးေကာက္ပြဲနဲ႔ ပတ္သက္လို႔ အာဏာပိုင္ေမး စာခြၽန္ေတာ္ ေလွ်ာက္ခြင့္မရွိဘူး။ အေျခခံဥပေဒအရ ေကာ္မရွင္ဆုံးျဖတ္ခ်က္ အတည္ျဖစ္တယ္လို႔ ျပဌာန္းထားၿပီးမို႔လို႔။ေလွ်ာက္ခြင့္မရွိတာကို ဘာလို႔ေလွ်ာက္လဲဆို ေရာခ်တာေပါ့။ ရွင္းရွင္းေျပာရရင္ ေလွ်ာက္တဲ့ေရွ႕ေနကိုေဇာ္ဝိတ္ဆိုတာ ဥပေဒကိုဒီေလာက္ နက္နက္နဲနဲ ေလ့လာထားဟန္မတူပါဘူး” ဟု တရားလႊတ္ေတာ္ေရွ႕ေနဦးႀကီးျမင့္က ထပ္မံေျပာပါတယ္။ ထို႔အျပင္ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ ဥကၠဌႏွင့္ လူ ၁၅ ဦးကို ဦးစိုးေမာင္အပါအဝင္ ႀကံ့ပါတီက တိုင္ၾကားခဲ့ျခင္းျဖစ္သည္။