ဦးလူမင်းရဲ့သတင်းတွေကြားပြီး ဝမ်းနည်းပူဆွေးကာ စိတ်ဓာတ်တွေကျနေတယ်ဆိုတဲ့ ခင်စံပယ်ဦး

ဦးလူမင်းရဲ့ သတင်းတွေကြားပြီး အကြီးကျယ်ဝမ်းနည်း ပူဆွေးကာ စိတ်ဓာတ်ကျပြီးဘာမှမစားတဲ့ ဇနီးဖြစ်သူခင်စံပယ်ဦး ဦးလူမင်းဖမ်းဆီထားရတာ ၄ လကျော် ၅ လနီးပါး ကြာမြင့်နေပြီ ဖစ်တာကြောင့် ငိုရလွန်းလို့မျက်ရည်တွေတောင် ခမ်းတော့မယ်ဘာမှလည်းရေရေရာရာမစားဘူးဆိုတဲ့ ဇနီဖြစ်သူခင်စံပယ်ဦး။

လေးလကျော်ကြာမြင့်ခဲ့ပြီဖြစ်တဲ့ ဒီလှုပ်ရှားမှုကြီး ဟာခုဆိုရင်ပြည်သူလူထုပါမကျန် အနုပညာရှင်တွေအားလုံးဟာ အတိုက်အခိုက်အန္တရာယ်တွေ ခက်ခဲမှုတွေ ခြိမ်းခြောက်မှုတွေနဲ့
ကြုံတွေ့နေရပေမယ့် နောက်မဆုတ်ဘဲရှေ့ဆက်လှမ်းကာ အားတတ်သရော ရရာနေရာကနေနိုင်သလောက် ပါဝင်နေကြဆဲပါ။

အနုပညာရှင်များကလည်း ပြည်သူတွေနဲ့အတူရပ်တည်ကာ လမ်းမပေါ်ထွက်ကာ လှုပ်ရှားမှုတွေပြုလုပ်သလို လိုအပ်တဲ့ ပစ္စည်းတွေနဲ့ အစားအသောက်အပြင် ခုဆိုရင်ကျဆုံးသွားတဲ့ သူရဲကောင်းလေးတွေကိုလည်း ကူငွေတွေလှူဒါန်းခဲ့တာကြောင့်ပြည်သူအားလုံးက လေးစားနေရတာပါ ဒါ့အပြင် သူတို့ရဲ့ သိန်းချီတဲ့ Follower တွေကိုအသုံးချကာ နိုင်ငံတကာသိအောင်မှန်ကန်တဲ့ သတင်းအချက်အလက်တွေကိုလည်း အချိန်နဲ့တစ်ပြေးညီဖြစ်ပျက်သမျှ အားလုံးကိုဖော်ပြခဲ့တာလည်း ဖြစ်ပါတယ်။

ဒီလိုအားကြိုးမာန်တတ်ပါဝင်ကြတဲ့ အနုပညာရှင်တွေထဲမှာ အန်ကယ်လေးလို့အားလုံးက ချစ်စနိုးခေါ်ကြတဲ့ လူမင်းလည်းပါဝင်ခဲ့ပါတယ်။ ခုဆိုရင်လူမင်းဟာ CDM မှာပါဝင်ရန် ဝန်ထမ်းတွေကို နှိုးဆော်ပေးခဲ့တာကြောင့် ထိန်းသိမ်းခံထားရတာလည်း ဖြစ်ပါတယ်။ အားလုံးက လူမင်းနဲ့ပတ်သက်ပြီး စိတ်မကောင်းဖစ်နေကြတာလည်းအမှန်ပါပဲ အခုလည်းဇနီးဖြစ်သူ ခင်စံပယ်ဦးဟာခင်ပွန်းအတွက် အရမ်းစိုးရိမ်ပူပန်ပြီး နေ့စဉ်တိုင်းမျက်ရည် ကျနေရကြာင်းကို ယောက်ျားအတွက်စိတ်ပူပြီး ငိုရလွန်းလို့မျက်ရည်တွေတောင်ခမ်းတော့မယ်။

ဒါပေမယ့်လည်း မယိုင်လဲသွားအောင် ကြိုးပြီးအားတင်းထားပါမယ် ရေရေရာရာတာ့ ဘာမှမစားချင်ဘူးဆိုပြီး ရင်ဖွင့်ရေးသား ဖော်ပြခဲ့သည်ကို ပြန်လည်ဝေမျှပေးလိုက်ပါတယ်။ အခုလိုဝင်ရောက်ဖတ်ရှု့ပေးကြတဲ့ ပရိတ်သတ်တစ်ယောက်ခြင်းစီတိုင်း ကျန်းမာပျော်ရွှင်သောနေ့ရက်များ ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်း ပေးလိုက်ပါတယ်။

Credit

Zawgyi






Credit