အွန်လိုင်းမှာလူပြောများနေသည့် ထူးဆန်းတဲ့ သတ္ထုတိုင်ကြီး ဗြိတိန်တွင် ထပ်တွေ့ပြန် … ဒါနဲ့ဆိုတွေ့တာ ၄ နေရာရှိနေပါပြီ

အွန်လိုင်းမှာလူပြောများနေသည့် ထူးဆန်းတဲ့ သတ္ထုတိုင်ကြီး ဗြိတိန်တွင် ထပ်တွေ့ပြန် … ဒါနဲ့ဆိုတွေ့တာ ၄ နေရာရှိနေပါပြီ

ထူးဆန်းတဲ့ သတ္ထု တိုင်ကြီးတစ်ခုဟာ ဗြိတိန်နိုင်ငံမှာ ထပ်တွေ့ခဲ့ပြန်တယ်လို့ မနေ့က CNN သတင်းမှာ ဖော်ပြပါတယ်။ ဒီထူးဆန်းတဲ့ သတ္ထုတိုင်ကြီးဟာ အမေရိကန်နိုင်ငံနဲ့ ရိုမေးနီးယားနိုင်ငံတို့မှာ တွေ့ရှိခဲ့ပြီးနောက် ရက်အနည်းငယ် အကြာမှာပဲ အင်္ဂလန်တောင်ပိုင်း ကမ်းခြေအလွန် Isle of wight ကျွန်းမှာ ထပ်မံတွေ့ရှိခဲ့ရတာပါ။

ပြီးခဲ့တဲ့လက အမေရိကန် နိုင်ငံ Utah ပြည်နယ်ရှိ ကန္တာရ တစ်ခုမှာ ထူးဆန်းတဲ့ သတ္ထုတိုင်ကြီးကို တွေ့ရှိခဲ့ပြီး၊ သိပ်မကြာခင်မှာပဲပျောက်ကွယ် သွားခဲ့ပါတယ်။


အဲဒီနောက် ရိုမေးနီးယားနိုင်ငံနဲ့ ကယ်လီဖိုးနီးယား ပြည်နယ်တောင်ပိုင်းတို့မှာ ထပ်မံ တွေ့ရှိ ခဲ့ရပြီး၊ သိပ်မကြာခင်မှာပဲ ပျောက်ကွယ်သွားခဲ့ ပြန်ပါတယ်။ အခု နောက်ဆုံး သတ္ထုတိုင်ကြီးကို ဗြိတိန်နိုင်ငံမှာ ထပ်တွေ့ခဲ့တာ ဖြစ်ပါတယ်။

source ; CNN

Zawgyi



source ; CNN