အွန်လိုင်းပေါ်မှာ ရင်းနှီးတဲ့ အမျိုးသမီးကိုခေါ်ဆောင်ပြီး လုယက်သူတွေကို ဖမ်းလိုက်ပြီ

ဒီဇင်ဘာ ၁၉ ရက်က သာကေတမြို့နယ်၊ (၂/မြောက်)ရပ်ကွက်နေ အမျိုးသမီးဟာ ဖေ့စ်ဘွတ်ခ်သုံစွဲရင်းခင်မင်တဲ့ သက်ပိုင်(ခ)တိမ်ယံက မုန့်စားဖို့ ချိန်းတာကြောင့် ဇင်ကမလမ်းပေါ် Gas ဆိုင်ရှေ့ကနေ သက်ပိုင်(ခ)တိမ်ယံ မောင်းနှင်လာတဲ့ ကားနဲ့ လိုက်ပါသွားခဲ့ပါတယ်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ၆၇ ရပ်ကွက်၊ ကမ်းနားလမ်းအရောက် သက်ပိုင်(ခ)တိမ်ယံက ကားရပ်ပြီး နောက်ခန်းမှာ သူတို့ ၂ ယောက် ဝင်ရောက်စကားပြောနေတုန်း အမည်မသိ အမျိုးသား ၂ ယောက် ကားထဲဝင်လာပြီး သက်ပိုင်(ခ)တိမ်ယံ ကို ကားပေါ်က ဆွဲချခဲ့ပါတယ်။ ပြီးတော့ တရားလို အမျိုးသမီးကို ဓားနဲ့ထောက် ခြိမ်းခြောက်တာကြောင့် ပါလာတဲ့ ရွှေထည် ပစ္စည်း ၅ မျိုးနဲ့ လက်ကိုင်ဖုန်း ၁ လုံး၊ ငွေ ၅ သိန်းကျပ်ကို ပေးခဲ့ရတယ်လို့ ဆိုပါတယ်။

ဒီနောက် အဲဒီ အမျိုးသား ၂ ယောက်က ကားကို မောင်းနှင်သွားပြီး အမျိုးသမီးကို ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ရွှေလီလမ်းဘေးမှာ ချထားခဲ့တာကြောင့် ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့မ ရဲစခန်းမှာ အမှုဖွင့်တိုင်တန်းခဲ့ပါတယ်။ ဒီအမှုကို ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းအကူဌာနစုက ရဲအုပ် တင့်လွင်ဦး ဦးစီးအဖွဲ့နဲ့ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့မရဲစခန်းက နယ်ထိန်းအရာရှိ ရဲအုပ် ဇော်မိုးတို့ ပူးပေါင်းအဖွဲ့က တရားခံဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီဇင်ဘာ ၂၂ ရက်မှာ ရွှေပေါက္ကံမြို့သစ်နေ အငှားယာဉ်မောင်း အသက် ၃၃ နှစ်အရွယ် ဘိုဘိုနိုင်ကို သူ့ရဲ့အိမ်မှာ ဖမ်းဆီးရမိပြီး စစ်ဆေးရာမှာ ဒီအမှုကို အသက် ၂၆ နှစ်အရွယ် သက်ပိုင်(ခ)တိမ်ယံနဲ့ စုံစမ်းနေဆဲဖြစ်တဲ့ ရွှေဘတို့နဲ့အတူ ပူးပေါင်းကျူးလွန်ခဲ့တယ်လို့ စစ်ဆေးပေါ် ပေါက်ချက်အရ တရားခံ သက်ပိုင်(ခ)တိမ်ယံကိုလည်း ထပ်ပြီး ဖမ်းဆီးခဲ့ပါတယ်။ အခုတော့ သက်သေခံပစ္စည်းတွေကို ပြန်လည်သိမ်းဆည်းပြီး ပူးပေါင်းပါဝင်သူ ရွှေဘကို အမြန်စုံစမ်းဖမ်းဆီးရမိရေး ဆောင်ရွက်နေတယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

Credit

Zawgyi
ဒီဇင္ဘာ ၁၉ ရက္က သာေကတၿမိဳ႕နယ္၊ (၂/ေျမာက္)ရပ္ကြက္ေန အမ်ိဳးသမီးဟာ ေဖ့စ္ဘြတ္ခ္သုံစြဲရင္းခင္မင္တဲ့ သက္ပိုင္(ခ)တိမ္ယံက မုန႔္စားဖို႔ ခ်ိန္းတာေၾကာင့္ ဇင္ကမလမ္းေပၚ Gas ဆိုင္ေရွ႕ကေန သက္ပိုင္(ခ)တိမ္ယံ ေမာင္းႏွင္လာတဲ့ ကားနဲ႔ လိုက္ပါသြားခဲ့ပါတယ္။

ဒဂုံၿမိဳ႕သစ္(ဆိပ္ကမ္း)ၿမိဳ႕နယ္၊ ၆၇ ရပ္ကြက္၊ ကမ္းနားလမ္းအေရာက္ သက္ပိုင္(ခ)တိမ္ယံက ကားရပ္ၿပီး ေနာက္ခန္းမွာ သူတို႔ ၂ ေယာက္ ဝင္ေရာက္စကားေျပာေနတုန္း အမည္မသိ အမ်ိဳးသား ၂ ေယာက္ ကားထဲဝင္လာၿပီး သက္ပိုင္(ခ)တိမ္ယံ ကို ကားေပၚက ဆြဲခ်ခဲ့ပါတယ္။ ၿပီးေတာ့ တရားလို အမ်ိဳးသမီးကို ဓားနဲ႔ေထာက္ ၿခိမ္းေျခာက္တာေၾကာင့္ ပါလာတဲ့ ေ႐ႊထည္ ပစၥည္း ၅ မ်ိဳးနဲ႔ လက္ကိုင္ဖုန္း ၁ လုံး၊ ေငြ ၅ သိန္းက်ပ္ကို ေပးခဲ့ရတယ္လို႔ ဆိုပါတယ္။

ဒီေနာက္ အဲဒီ အမ်ိဳးသား ၂ ေယာက္က ကားကို ေမာင္းႏွင္သြားၿပီး အမ်ိဳးသမီးကို ဒဂုံၿမိဳ႕သစ္(ဆိပ္ကမ္း)ၿမိဳ႕နယ္၊ ေ႐ႊလီလမ္းေဘးမွာ ခ်ထားခဲ့တာေၾကာင့္ ဒဂုံၿမိဳ႕သစ္ (ဆိပ္ကမ္း)ၿမိဳ႕မ ရဲစခန္းမွာ အမႈဖြင့္တိုင္တန္းခဲ့ပါတယ္။ ဒီအမႈကို ရန္ကုန္တိုင္းရဲတပ္ဖြဲ႕မႉး႐ုံး၊ မႈခင္းအကူဌာနစုက ရဲအုပ္ တင့္လြင္ဦး ဦးစီးအဖြဲ႕နဲ႔ ဒဂုံၿမိဳ႕သစ္(ဆိပ္ကမ္း)ၿမိဳ႕မရဲစခန္းက နယ္ထိန္းအရာရွိ ရဲအုပ္ ေဇာ္မိုးတို႔ ပူးေပါင္းအဖြဲ႕က တရားခံဖမ္းဆီးရမိေရး ေဆာင္႐ြက္ခဲ့တယ္လို႔ ဆိုပါတယ္။

ဒီဇင္ဘာ ၂၂ ရက္မွာ ေ႐ႊေပါကၠံၿမိဳ႕သစ္ေန အငွားယာဥ္ေမာင္း အသက္ ၃၃ ႏွစ္အ႐ြယ္ ဘိုဘိုႏိုင္ကို သူ႔ရဲ႕အိမ္မွာ ဖမ္းဆီးရမိၿပီး စစ္ေဆးရာမွာ ဒီအမႈကို အသက္ ၂၆ ႏွစ္အ႐ြယ္ သက္ပိုင္(ခ)တိမ္ယံနဲ႔ စုံစမ္းေနဆဲျဖစ္တဲ့ ေ႐ႊဘတို႔နဲ႔အတူ ပူးေပါင္းက်ဴးလြန္ခဲ့တယ္လို႔ စစ္ေဆးေပၚ ေပါက္ခ်က္အရ တရားခံ သက္ပိုင္(ခ)တိမ္ယံကိုလည္း ထပ္ၿပီး ဖမ္းဆီးခဲ့ပါတယ္။ အခုေတာ့ သက္ေသခံပစၥည္းေတြကို ျပန္လည္သိမ္းဆည္းၿပီး ပူးေပါင္းပါဝင္သူ ေ႐ႊဘကို အျမန္စုံစမ္းဖမ္းဆီးရမိေရး ေဆာင္႐ြက္ေနတယ္လို႔ ရဲတပ္ဖြဲ႕က ထုတ္ျပန္ပါတယ္။
Credit