အောင်လန်အန်ဆန်ကိုအလဲထိုးပြီး အနိုင်ယူမည်ဟု ပြိုင်ဘက်လီအန်ဒရိုအတိတ်ပြော

ဇူလိုင် ၃ဝ ရက်မှာထိုးသတ်ရမယ့် အောင်လအန်ဆန်နဲ့ပွဲမှာ အလဲထိုးပြီးအနိုင်ယူချင်ကြောင်း ပြိုင်ဘက်ဘရာဇီးဖိုက်တာ လီအန်ဒါရိုအတိတ်ကပြောပါတယ်။ အောင်လအန်ဆန်ဟာ မစ်ဒယ်ဝိတ်နဲ့ လိုက်ဟဲဗီးဝိတ်ချန်ပီယံ ခါးပတ်၂ ခုကို လက်လွှတ်လိုက်ရပြီးနောက် မစ်ဒယ်ဝိတ်ရွှေခါးပတ်ကို ပြန်လည်ရယူနိုင်ဖို့အတွက် အတိတ်နဲ့ပွဲကအရေးပါနေပါတယ်။

 

ဘရာဇီးဖိုက်တာလီအန်ဒရို အတိတ်ကတော့ အောင်လအန်ဆန် က ဖိုက်တာကောင်းတစ်ဦးဖြစ်လို့ လေးစားမှုရှိပေမယ့် ဒုတိယအချီလောက်မှ အလဲထိုးပြီးအနိုင်ယူချင်တယ်လို့ One Championship နဲ့ အင်တာဗျူးမှာပြောပါတယ်။ အန်ဒရိုအတိတ်က “ဒီပွဲကကျနော့်အတွက် အရမ်းစိတ်လူပ်ရှားစရာပါ။လွန်ခဲ့တဲ့ ၃ နှစ်လောက်က ကျနော်သူ့ကို အားပေးခဲ့ပါတယ်။

ဒီအချိန်ကတော့ သူနဲ့ယှဉ်ပြိုင်ရဖို့ဖြစ်လာခဲ့ပြီ။ ဒီပွဲကခါးပတ်ပွဲမဟုတ်သေးပေမယ့် စိတ်လှုပ်ရှားမိပါတယ်။ သူကသူ့နိုင်ငံရဲ့ ခမ်းနားတဲ့စံပြ MMA ကစားသမားဖြစ်ပြီး လေးစားစရာကောင်းပါတယ်။ သူ့အနေနဲ့ ချန်ပီယံမဟုတ်တော့တဲ့အတွက် ဒေါထွက်နေမှာတော့အမှန်ပါ။ ကျနော်ကဖွင့်ပြီး တိုက်ခိုက်ရတာကြိုက်တယ်။ သူကလက်သီးကောင်းတာကြောင့် ပွဲကောင်းတစ်ပွဲ ဖြစ်လာမှာပါ။

သူကချန်ပီယံဖြစ်ပြီးသားပါ။ ဒီတစ်ကြိမ်တော့ ကျနော့်အတွက် ဖြစ်လာမှာပါ။ ဒုတိယအချီမှာ အနိုင်ယူနိုင်မယ်လို့ထင်တယ်။ဒါကကျနော့်ရည်မှန်းချက်ပါ။ အလဲထိုးသွားချင်တယ်။သူနဲ့ထိုးသတ်ရတာက ခက်ခဲမယ်ဆိုတာသိတယ်။ သူ့ကိုဘယ်သူမှလည်း အလဲထိုးဖူးတာမတွေ့ဖူးသေးဘူး။ ဒီပွဲကတော့ သူ့ကိုအလဲထိုးနိုင်မယ့် အခွင့်အရေးပါပဲ” လို့ အတိတ်ကပြောခဲ့တာဖြစ်ပါတယ်။

အောင်လအန်ဆန်ကတော့ ဘဝကတိုက်ပွဲဖြစ်ပြီး လက်ရှိကာလမှာ ဘယ်လိုအခြေအနေတွေပဲ ကြုံတွေ့နေရပါစေ ဆက်ပြီးတိုက်ပွဲဝင်သွားရမှာဖြစ်တယ်လို့ သူ့ရဲ့ဖေ့စ်ဘွတ်ခ် စာမျက်နှာကနေ ရေးသားထားပါတယ်။အသ က် ၃၅ နှစ်ရှိ ဘရာဇီးဂျူဂျစ်ဆုချန်ပီယံ ၅ ကြိမ်ရ လီအန်ဒရိုအတိတ်ဟာ MMA ၁၅ ပွဲမှာ ၁၁ ပွဲနိုင် ၄ ပွဲရှုံးထားပါတယ်။ အောင်လအန်ဆန် အနိုင်ယူခဲ့ဖူးတဲ့ မိုဟာမက်အလီ၊ ဗစ်တာလီဘစ်ဒက်ရှ် တို့ကိုလည်း အနိုင်ယူခဲ့ဖူးပြီး ဒီရိုက်ဒါကိုတော့ရှုံးနိမ့်ခဲ့ပါတယ်။

Zawgyi

ဇူလိုင္ ၃ဝ ရက္မွာထိုးသတ္ရမယ့္ ေအာင္လအန္ဆန္နဲ႔ပြဲမွာ အလဲထိုးၿပီးအႏိုင္ယူခ်င္ေၾကာင္း ၿပိဳင္ဘက္ဘရာဇီးဖိုက္တာ လီအန္ဒါ႐ိုအတိတ္ကေျပာပါတယ္။ ေအာင္လအန္ဆန္ဟာ မစ္ဒယ္ဝိတ္နဲ႔ လိုက္ဟဲဗီးဝိတ္ခ်န္ပီယံ ခါးပတ္၂ ခုကို လက္လႊတ္လိုက္ရၿပီးေနာက္ မစ္ဒယ္ဝိတ္ေ႐ႊခါးပတ္ကို ျပန္လည္ရယူႏိုင္ဖို႔အတြက္ အတိတ္နဲ႔ပြဲကအေရးပါေနပါတယ္။

ဘရာဇီးဖိုက္တာလီအန္ဒ႐ို အတိတ္ကေတာ့ ေအာင္လအန္ဆန္ က ဖိုက္တာေကာင္းတစ္ဦးျဖစ္လို႔ ေလးစားမႈရွိေပမယ့္ ဒုတိယအခ်ီေလာက္မွ အလဲထိုးၿပီးအႏိုင္ယူခ်င္တယ္လို႔ One Championship နဲ႔ အင္တာဗ်ဴးမွာေျပာပါတယ္။ အန္ဒ႐ိုအတိတ္က “ဒီပြဲကက်ေနာ့္အတြက္ အရမ္းစိတ္လူပ္ရွားစရာပါ။လြန္ခဲ့တဲ့ ၃ ႏွစ္ေလာက္က က်ေနာ္သူ႔ကို အားေပးခဲ့ပါတယ္။

ဒီအခ်ိန္ကေတာ့ သူနဲ႔ယွဥ္ၿပိဳင္ရဖို႔ျဖစ္လာခဲ့ၿပီ။ ဒီပြဲကခါးပတ္ပြဲမဟုတ္ေသးေပမယ့္ စိတ္လႈပ္ရွားမိပါတယ္။ သူကသူ႔ႏိုင္ငံရဲ႕ ခမ္းနားတဲ့စံျပ MMA ကစားသမားျဖစ္ၿပီး ေလးစားစရာေကာင္းပါတယ္။ သူ႔အေနနဲ႔ ခ်န္ပီယံမဟုတ္ေတာ့တဲ့အတြက္ ေဒါထြက္ေနမွာေတာ့အမွန္ပါ။ က်ေနာ္ကဖြင့္ၿပီး တိုက္ခိုက္ရတာႀကိဳက္တယ္။ သူကလက္သီးေကာင္းတာေၾကာင့္ ပြဲေကာင္းတစ္ပြဲ ျဖစ္လာမွာပါ။

သူကခ်န္ပီယံျဖစ္ၿပီးသားပါ။ ဒီတစ္ႀကိမ္ေတာ့ က်ေနာ့္အတြက္ ျဖစ္လာမွာပါ။ ဒုတိယအခ်ီမွာ အႏိုင္ယူႏိုင္မယ္လို႔ထင္တယ္။ဒါကက်ေနာ့္ရည္မွန္းခ်က္ပါ။ အလဲထိုးသြားခ်င္တယ္။သူနဲ႔ထိုးသတ္ရတာက ခက္ခဲမယ္ဆိုတာသိတယ္။ သူ႔ကိုဘယ္သူမွလည္း အလဲထိုးဖူးတာမေတြ႕ဖူးေသးဘူး။ ဒီပြဲကေတာ့ သူ႔ကိုအလဲထိုးႏိုင္မယ့္ အခြင့္အေရးပါပဲ” လို႔ အတိတ္ကေျပာခဲ့တာျဖစ္ပါတယ္။

ေအာင္လအန္ဆန္ကေတာ့ ဘဝကတိုက္ပြဲျဖစ္ၿပီး လက္ရွိကာလမွာ ဘယ္လိုအေျခအေနေတြပဲ ႀကဳံေတြ႕ေနရပါေစ ဆက္ၿပီးတိုက္ပြဲဝင္သြားရမွာျဖစ္တယ္လို႔ သူ႔ရဲ႕ေဖ့စ္ဘြတ္ခ္ စာမ်က္ႏွာကေန ေရးသားထားပါတယ္။အသ က္ ၃၅ ႏွစ္ရွိ ဘရာဇီးဂ်ဴဂ်စ္ဆုခ်န္ပီယံ ၅ ႀကိမ္ရ လီအန္ဒ႐ိုအတိတ္ဟာ MMA ၁၅ ပြဲမွာ ၁၁ ပြဲႏိုင္ ၄ ပြဲရႈံးထားပါတယ္။ ေအာင္လအန္ဆန္ အႏိုင္ယူခဲ့ဖူးတဲ့ မိုဟာမက္အလီ၊ ဗစ္တာလီဘစ္ဒက္ရွ္ တို႔ကိုလည္း အႏိုင္ယူခဲ့ဖူးၿပီး ဒီ႐ိုက္ဒါကိုေတာ့ရႈံးနိမ့္ခဲ့ပါတယ္။