အိမ်ကိုရောင်းပြီး သားသမီးတွေ အမွေပေးလိုက်လို့ နေစရာမရှိပဲ လမ်းဘေးမှာ ဖြစ်သလိုနေရတဲ့ သနားစရာအဖွားအိုး

လူတယောက်အတွက် နေဝင်ချိန်ဟာ အရမ်းအရေးကြီးပါတယ်။ တသက်လုံး ကြိုးစားလာခဲ့ပြီးမှ နေဝင်ချိန်မှာ လူတိုင်းလူတိုင်းဟာ ဘဝကိုအေးဆေးစွာ ဖြတ်သန်းချင်ကြမှာပါ။ ဒါကြောင့် သားသမီးတွေဟာ မိဘတွေရဲ့နေဝင်ချိန်ကို စိတ်ချမ်းသားစွာ ဖြတ်သန်နိုင်ဖို့ အဓိကကျတဲ့သူတွေ ဖြစ်ပါတယ်။ တချို့သားသမီးတွေ မလိမ္မာတဲ့အခါ နေဝင်ချိန်တွေကို ပင်ပန်းကြီးစွာ ဖြတ်သန်းနေရတဲ့ အဖိုးအဖွားတွေအများကြီး ရှိပါတယ်။

ဗီယက်နမ်နိုင်ငံ Dien Bien Phu လမ်းတွင် နေထိုင်သော အသက် ၈၇ နှစ်အရွယ် အဖွားအိုတစ်ဦးသည် အရွယ်ရောက်ပြီးသား သားသမီး ၉ ယောက်ရှိရာ အိမ်ထောင်ကိုယ်စီကျချိန်တွင် မိခင်ဖြစ်သူကို အမွေခွဲပေးရန် တောင်းဆိုခဲ့ကြသည်။ မိခင်ဖြစ်သူလည်း သားသမီး‌တွေ စိတ်ချမ်းသာစေဖို့အတွက် အိမ်ကြီးကို ရောင်းထုတ်ကာ သားသမီး ၉ ယောက်လုံးကို တန်းတူအမွေခွဲဝေပေးပြီး နေစရာမရှိတော့သည့်အတွက် သားသမီးတစ်ယောက်ယောက်ဆီမှာ ခိုကပ်နေရန် ဆုံးဖြတ်ခဲ့သည်။

သို့သော်လည်း သားသမီး ၉ ယောက်လုံးသည် အမွေလည်းရပြီးရော မိခင်အိုကြီးကို ပြုစုစောင့်ရှောက်ပေးရမည်ကို ကန့်တွက်နေကြပြီး အိမ်ပေါ်မည်သူကမှ မခေါ်တင်ထားချင်ခဲ့၍ လမ်းမပေါ်ရောက်ခဲ့ရသည်။ မိခင်အိုကြီးသည် နေ့ခင်းဖက်တွေမှာ တောင်းရမ်းပြီး ညဖက်ရောက်သောအခါ သူများအိမ်ခြံဝိုင်းဝတွေမှာ အိပ်စက်ခဲ့ရကာ မြင်တွေ့သူများမှ အိမ်ဌားထားပေးမည်ဟု ကမ်းလှမ်းခဲ့သော်လည်း ဝန်ထုပ်ဝန်ပိုးမဖြစ်စေလို့ ငြင်းဆန်ကာ လမ်းဘေးတွင်သာ ပင်ပန်းဆင်းရဲကြီးစွာ နေထိုင်ခဲ့သည်။

Nyo Nyo (boomnews)

Zawgyi

လူတေယာက္အတြက္ ေနဝင္ခ်ိန္ဟာ အရမ္းအေရးႀကီးပါတယ္။ တသက္လုံး ႀကိဳးစားလာခဲ့ၿပီးမွ ေနဝင္ခ်ိန္မွာ လူတိုင္းလူတိုင္းဟာ ဘဝကိုေအးေဆးစြာ ျဖတ္သန္းခ်င္ၾကမွာပါ။ ဒါေၾကာင့္ သားသမီးေတြဟာ မိဘေတြရဲ႕ေနဝင္ခ်ိန္ကို စိတ္ခ်မ္းသားစြာ ျဖတ္သန္ႏိုင္ဖို႔ အဓိကက်တဲ့သူေတြ ျဖစ္ပါတယ္။ တခ်ိဳ႕သားသမီးေတြ မလိမၼာတဲ့အခါ ေနဝင္ခ်ိန္ေတြကို ပင္ပန္းႀကီးစြာ ျဖတ္သန္းေနရတဲ့ အဖိုးအဖြားေတြအမ်ားႀကီး ရွိပါတယ္။

ဗီယက္နမ္ႏိုင္ငံ Dien Bien Phu လမ္းတြင္ ေနထိုင္ေသာ အသက္ ၈၇ ႏွစ္အ႐ြယ္ အဖြားအိုတစ္ဦးသည္ အ႐ြယ္ေရာက္ၿပီးသား သားသမီး ၉ ေယာက္ရွိရာ အိမ္ေထာင္ကိုယ္စီက်ခ်ိန္တြင္ မိခင္ျဖစ္သူကို အေမြခြဲေပးရန္ ေတာင္းဆိုခဲ့ၾကသည္။ မိခင္ျဖစ္သူလည္း သားသမီး‌ေတြ စိတ္ခ်မ္းသာေစဖို႔အတြက္ အိမ္ႀကီးကို ေရာင္းထုတ္ကာ သားသမီး ၉ ေယာက္လုံးကို တန္းတူအေမြခြဲေဝေပးၿပီး ေနစရာမရွိေတာ့သည့္အတြက္ သားသမီးတစ္ေယာက္ေယာက္ဆီမွာ ခိုကပ္ေနရန္ ဆုံးျဖတ္ခဲ့သည္။

သို႔ေသာ္လည္း သားသမီး ၉ ေယာက္လုံးသည္ အေမြလည္းရၿပီးေရာ မိခင္အိုႀကီးကို ျပဳစုေစာင့္ေရွာက္ေပးရမည္ကို ကန္႔တြက္ေနၾကၿပီး အိမ္ေပၚမည္သူကမွ မေခၚတင္ထားခ်င္ခဲ့၍ လမ္းမေပၚေရာက္ခဲ့ရသည္။ မိခင္အိုႀကီးသည္ ေန႔ခင္းဖက္ေတြမွာ ေတာင္းရမ္းၿပီး ညဖက္ေရာက္ေသာအခါ သူမ်ားအိမ္ၿခံဝိုင္းဝေတြမွာ အိပ္စက္ခဲ့ရကာ ျမင္ေတြ႕သူမ်ားမွ အိမ္ဌားထားေပးမည္ဟု ကမ္းလွမ္းခဲ့ေသာ္လည္း ဝန္ထုပ္ဝန္ပိုးမျဖစ္ေစလို႔ ျငင္းဆန္ကာ လမ္းေဘးတြင္သာ ပင္ပန္းဆင္းရဲႀကီးစြာ ေနထိုင္ခဲ့သည္။

Nyo Nyo (boomnews)