အိပ်စက်ခြင်းဝေဒနာကို ခံစားနေရတဲ့ ထယးဆန်းတဲ့ရွာတရွာအကြောင်း

ဖြစ်စဥ်မှာ ကာဇတ်စတန်မြို့ရှိ kalachi ကျေးရွာငယ်လေးသည် ထူးထူးဆန်းဆန်း ထိုရွာဧ။် ရွာသူရွာသားအများစုမှာ အိပ်စက်ခြင်းရောဂါကို ခံစားနေရသည်ဟု သိရသည်။ Kalachi ရွာထဲတွင် လူကြီးလူငယ်မရွေး ရောဂါကိုခံစားနေရကာ အချိန်အခါ နေရာဒေသမရွေး အိပ်ပျော်သွားနိုင်ပြီး နိုးထဖို့အတွက် ခက်ခဲသလို ၂ရက် ၃ရက်ထိပင် အိပ်ပျော်သွားနိုင်သည့်အတွက် နေထိုင်မှုဘဝက အဆင်ပြေမဖြစ်နေကြရသည်။

ထိုထူးဆန်းသည့် ရောဂါဧ။် လက္ခဏာအရင်းမြစ်ကို သိပ္ပံပညာရှင်များအနေနှင့် သုတေသနပြုလုပ်ရာတွင် ၄ နှစ်ကြာမှ အဖြေကိုဖော်ထုတ်နိုင်ခဲ့သည်။ အကြောင်းမှာ ကျေးရွာအနီးရှိ ဆိုဗီယက်ခေတ်က ယူရေနီယမ် သတ္တုတွင်းတွင် အချိန်တော်ကြာစုဆောင်းထားသော ရေဒွန်ဓာတ်ငွေ့များကြောင့် ဖြစ်သည်ဟု သိရသည်။

ထိုသို့ အချိန်အခါမရွေး ထွက်ပေါ်လာတတ်သော ဓာတ်ငွေ့များသည် လူတို့ဧ။် အသက်အန္တရာယ်ကို မစိုးရိမ်ရသော်လည်း ရှုရှိုက်မိသူများအနေနှင့် အိပ်ငွေ့ချသည့်သဘောရှိကာ နေရာတွင်ပဲ အိပ်ပျော်သွားစေခြင်းကြောင့် အခက်တွေ့နေရသည်။

မူရင်းရေးသားသူကို လေးစားစွာ credit ပေးပါသည်။

Zawgyi



