အားလုံးထင်ထားသလိုကျောက်စိမ်းတောင်မဟုတ်ဘဲ အန္တရာယ်များလွန်းတဲ့တောင်ကြီးဖြစ်နေ

ဒီနေ့ကျောက်စိမ်းတောင်ကို သွားရတဲ့အကြောင်းရင်းက သတင်းမှန်နဲ့ ထူးခြားတဲ့ အကြောင်းကိစ္စနဲ့ရောက်ဖြစ်သွားခြင်းပါ။ ကျောက်စိမ်းထွက်တဲ့ တောင်က ကျောက်မီးတောင်လို့ခေါ်ပါတယ်။

မိုးကောင်းမြို့နယ်၊ အင်ကြင်းကုန်းကျေးရွာ၊ ချောင်းဝ(အင်းတော်ကြီး) အနောက်ဘက်ဘက်သွားတဲ့လမ်းကနေ ၆မိုင် ခရီးကို တောင်တက်၊ တောင်ဆင်း ခပ်ကြမ်းကြမ်း ဆိုင်ကယ်စီးရပါမယ်။ တစ်ချို့နေရာ အဆင်းဇောက်သလို အတက်မတ်ပါတယ်။

၎င်းကျောက်သည် ကညင်မြိုင်ကျေးရွာမှာမဟုတ်ပါ။ ကညင်မြိုင်မှတောင်ဘက်သို့ ပြည်ထောင်စုလမ်းမအတိုင်းသွားရပါတယ်။ ပြီးမှ ပင်ဘောအနီးက အင်းကြင်းကျေးရွာမဟုတ်ပါ။ ကညင်မြိုင်မှ တောင်ဘက်လမ်းကနေသွားရခြင်းဖြစ်ပါတယ်။

အင်ကြင်းကုန်းရွာမှ ၆မိုင်လောက် ခရီးနှင့်ပြီးမှ ဇလွန်ကွင်းရောက်ရင် လမ်းဘယ်ဘက်မှအခင်းတဲများတွေ့ရင် ဦးအောင်ခိုင်+မခင်ချိုဦး တဲကိုမေးပြီးခရီးဆက်နိုင်ပါတယ်။ တောင်တက်ဖို့တစ်နာရီနီးပါး အချိန်ပေးရပါလိုက်ပါတယ်။ ပို့ဆောင်ပေးသော ဦးစိန်အောင် အင်းကြင်းကုန် ကျေးရွာဦးစိုးစိုး အုပ်ချုပ်ရေးမှူး အင်းကြင်းကုန် ကျေးရွာတို့အားကျေးဇူးတင်ပါတယ်။

crd

Zawgyi





crd