အားနာတယ်အဖေ အမေရဲ့နိုးဖိုးကိုပဲ သတိရပြီး အဖေရဲ့ချွေးစက်တွေကို မေ့နေခဲ့လို့

အားနာတယ်အဖေ အမေရဲ့နိုးဖိုးကိုပဲ သတိရပြီး အဖေရဲ့ချွေးစက်တွေကို မေ့နေခဲ့လို့။ အားနာတယ်အဖေ အဖေနဲ့အမေ ဘယ်သူကိုပိုချစ်လဲမေးတိုင်း အမေကို ပိုချစ်တယ်ဆိုပြီး ပြောခဲ့တဲ့အချိန် မရှိပြုံးနဲ့တစ်ဖက်ကို မျက်နာလွဲသွားတဲ့ အဖေကိုဂရုမစိုက်မိလို့။

အားနာတယ်အဖေ ပိုက်ဆံရှိမရှိမသိဖူး လိုချင်တာကိုဝယ်ပေးဖို့ပူဆာတဲ့အခါ မရတဲ့အချိန် အဖေကကိုယ့်သားသမီးကို မချစ်ဖူးဆိုပြီး အပြစ်တင်နေခဲ့မိလို့။ အားနာတယ်အဖေ အလုပ်ပင်ပန်းလို့ အိမ်ပြန်အရက်သောက်လာတဲ့အခါ အဖေက အရက်သမားကြီးဆိုပြီး ပြောခဲ့မိလို့။

အားနာတယ်အဖေ အမေ့ပါးကိုသာ အမြဲအနမ်းပေးပြီး အဖေပါးကိုတစ်ခါမှ မနမ်းခဲ့ဖူးလို့။ အားနာတယ်အဖေ ဖုန်းလို့ဆက်လို့အဖေကိုင်ရင်တောင် အမေရှိလားလို့ မေးခဲ့မိတဲ့အချိန်။ သိပ်အားနာတယ်အဖေ အတုရောင်ပေါတဲ့ လောကြီးမှာ ဟန်ဆောင်ပြီး ပြုံးတတ်လာတော့မှ အဖေရဲ့ခံစားချက်ကို နားလည်လာခဲ့တယ်။ တကယ်လို့ ဟန်ဆောင်ပြုံးခဲ့ရင်တောင် ဒီကမ္ဘာအဖေရဲ့အပြုံးလောက် ဘယ်အရာမှ နွေးထွေးကြင်နာမှု ရှိမှာမဟုတ်ပါဖူး။ အရမ်းချစ်တယ်အဖေ ပြန်လည်မျှဝေသည်။

Nyo Nyo (boomnews)

Zawgyi




Nyo Nyo (boomnews)