အာမခံရဖို့တောင် ခက်ခဲနေတဲ့ပိုင်တံခွန်ရဲ့ အမှုအခြေအနေကို ရှင်းပြလာတဲ့ ပိုင်တံခွန်ရဲ့ရှေ့နေ

စစ်ကောင်စီက ပုဒ်မ ၅၀၅(က) နဲ့ ဖမ်းဆီးတရားစွဲထားတဲ့ သရုပ်ဆောင်မော်ဒယ်ပိုင်တံခွန်အမှုကို ဇွန်လ (၉) ရက် ရုံးချိန်းခေါ်ခဲ့ပြီး တရားလိုမြောက်ဒဂုံမြို့မရဲစခန်းမှူး ဒုရဲမှူးဇော်မင်းအောင်ကို အင်းစိန်ထောင်တွင်း တရားရုံးမှာစတင်စစ်ဆေးခဲ့ပါတယ်။

အမှုကိုပြန်ချေပနိုင်ဖို့ တရားလိုရဲ့စွပ်စွဲချက်တွေ ခိုင်မာမှုရှိမရှိ ပိုင်တံခွန်ရဲ့ဥပဒေအကြံပေးက သုံးသပ်နေပြီး တရားလိုပြသက်သေတွေရဲ့စွဲချက်တွေကို နောက်ရုံးချိန်းမှာ စောင့်ကြည့်ရဦးမယ်လို့ ပိုင်တံခွန်ရဲ့ဥပဒေအကြံပေး တရားလွှတ်တော် ရှေ့နေဦးခင်မောင်မြင့်ကပြောပါတယ်။

သရုပ်ဆောင်ပိုင်တံခွန်ကို အင်းစိန်ထောင်တွင်းသီးသန့်ဆောင်မှာ ထိန်းသိမ်းထားတာဖြစ်ပြီး အခုရုံးချိန်းမှာ ကျန်းမာရေးကောင်းမွန်တာတွေ့ရတယ်လို့ ရှေ့နေကပြောပါတယ်။ ပိုင်တံခွန်ကို စကစကစွဲချက်တင်ရာမှာ Facebook လူမှုကွန်ရက်ပေါ်က အထောက်အထားတွေနဲ့ စွပ်စွဲတာဖြစ်ပါတယ်။

သရုပ်ဆောင်ပိုင်တံခွန်ကို ဧပြီ (၈) ရက်နေ့က မြောက်ဒဂုံကသူ့ရဲ့နေအိမ်မှာ ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ပိုင်တံခွန်အမှုအတွက် နောက်ရုံးချိန်းကို ဇွန်လ (၂၃) ရက်နေ့မှာပြန်ခေါ်ထားပြီး တရားလိုပြသက်သေတွေကို ဆက်စစ်မှာဖြစ်ပါတယ်။

အင်းစိန်ထောင်ထဲရောက်ပြီး ပုဒ်မ (၅၀၅) နဲ့အစွဲခံထားရသူတွေကို အာမခံပေးလေ့မရှိတဲ့အတွက် ပိုင်တံခွန်အတွက် အာမခံလျှောက်ထားဖို့ကလည်း ခက်ခဲနေတယ်လို့ သူ့ရဲ့ဥပဒေအကြံပေးက ပြောပါတယ်။

crd

Zawgyi

စစ္ေကာင္စီက ပုဒ္မ ၅၀၅(က) နဲ႔ ဖမ္းဆီးတရားစြဲထားတဲ့ သ႐ုပ္ေဆာင္ေမာ္ဒယ္ပိုင္တံခြန္အမႈကို ဇြန္လ (၉) ရက္ ႐ုံးခ်ိန္းေခၚခဲ့ၿပီး တရားလိုေျမာက္ဒဂုံၿမိဳ႕မရဲစခန္းမႉး ဒုရဲမႉးေဇာ္မင္းေအာင္ကို အင္းစိန္ေထာင္တြင္း တရား႐ုံးမွာစတင္စစ္ေဆးခဲ့ပါတယ္။

အမႈကိုျပန္ေခ်ပႏိုင္ဖို႔ တရားလိုရဲ႕စြပ္စြဲခ်က္ေတြ ခိုင္မာမႈရွိမရွိ ပိုင္တံခြန္ရဲ႕ဥပေဒအႀကံေပးက သုံးသပ္ေနၿပီး တရားလိုျပသက္ေသေတြရဲ႕စြဲခ်က္ေတြကို ေနာက္႐ုံးခ်ိန္းမွာ ေစာင့္ၾကည့္ရဦးမယ္လို႔ ပိုင္တံခြန္ရဲ႕ဥပေဒအႀကံေပး တရားလႊတ္ေတာ္ ေရွ႕ေနဦးခင္ေမာင္ျမင့္ကေျပာပါတယ္။

သ႐ုပ္ေဆာင္ပိုင္တံခြန္ကို အင္းစိန္ေထာင္တြင္းသီးသန႔္ေဆာင္မွာ ထိန္းသိမ္းထားတာျဖစ္ၿပီး အခု႐ုံးခ်ိန္းမွာ က်န္းမာေရးေကာင္းမြန္တာေတြ႕ရတယ္လို႔ ေရွ႕ေနကေျပာပါတယ္။ ပိုင္တံခြန္ကို စကစကစြဲခ်က္တင္ရာမွာ Facebook လူမႈကြန္ရက္ေပၚက အေထာက္အထားေတြနဲ႔ စြပ္စြဲတာျဖစ္ပါတယ္။

သ႐ုပ္ေဆာင္ပိုင္တံခြန္ကို ဧၿပီ (၈) ရက္ေန႔က ေျမာက္ဒဂုံကသူ႔ရဲ႕ေနအိမ္မွာ ဝင္ေရာက္ဖမ္းဆီးခဲ့တာျဖစ္ပါတယ္။ ပိုင္တံခြန္အမႈအတြက္ ေနာက္႐ုံးခ်ိန္းကို ဇြန္လ (၂၃) ရက္ေန႔မွာျပန္ေခၚထားၿပီး တရားလိုျပသက္ေသေတြကို ဆက္စစ္မွာျဖစ္ပါတယ္။

အင္းစိန္ေထာင္ထဲေရာက္ၿပီး ပုဒ္မ (၅၀၅) နဲ႔အစြဲခံထားရသူေတြကို အာမခံေပးေလ့မရွိတဲ့အတြက္ ပိုင္တံခြန္အတြက္ အာမခံေလွ်ာက္ထားဖို႔ကလည္း ခက္ခဲေနတယ္လို႔ သူ႔ရဲ႕ဥပေဒအႀကံေပးက ေျပာပါတယ္။

crd