အာဖရိကဒေသရှိနိုင်ငံမှာ ဘုန်းတော်ကြီးတွေ၊ ကိုရင်၊ သီလရှင်တွေများပြားလာပြီး ဗုဒ္ဓသာသနာပြန့်ပွားနေပါပြီ

အရှေ့တိုင်းနိုင်ငံများမှာ အထူးသဖြင့် အာရှနိုင်ငံတွေမှာ ဗုဒ္ဓဘာသာဟာ အထွန်းကားဆုံးဖြစ်ပါတယ်နော်။ဘာသာအမျိုးမျိုးကို ယုံကြည်ကိုးကွယ်နိုင်တာဖြစ်တာကြောင့်ဘဲ ယနေ့ခေတ်ကတော့ အရင်ကဗုဒ္ဓဘာသာ မထွန်းကားသော ဥရောပ၊ အမေရိက၊ အာဖရိက ကနိုင်ငံတွေမှာလည်းဘဲ ဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ်သူတွေ တိုးပွားလာခဲ့ပါပြီနော်။

အခုပြောပြပေးမယ့် သတင်းလေးကလည်းဘဲ ဗုဒ္ဓဘာသာဝင်အပေါင်းတို့ကို တကယ့်ကို ဝမ်းသာဂုဏ်ယူစေနိုင်မယ့်သတင်းလေးပါဘဲနော်။အဲတာကတော့ အာဖရိကနိုင်ငံတစ်နိုင်ငံဖြစ်သော ယူဂန္ဓာနိုင်ငံမှာ ဗုဒ္ဓဘာသာ ကိုးကွယ်ဆည်းကပ်သူတွေများပြားလာတဲ့ သတင်းလေးပါပဲနော်။

ယူဂန္ဓာနိုင်ငံဟာ ဦးဇင်းတွေ ကိုရင်တွေသာမကဘဲ မယ်သီလရှင်တွေပါ ရှိလာခဲ့တာဖြစ်ပြီးတော့ တရားကျင့်ကြံ အားထုတ်လာသူတွေလည်း မနည်းမနောများပြားလာပြီဖြစ်ပါတယ်နော်။ အခုဆိုရင်တော့ ဗုဒ္ဓစင်တာတောင် တည်ထောင်ထားပြီ ဖြစ်ပါတယ်တဲ့နော်။ အာဖရိကလို ဒေသမှာ ခုလိုမျိုး ဗုဒ္ဓသာသနာ ထွန်းကားပြန့်ပွားလာတာဟာ တကယ့်ကို ကြည်နူးစရာပါနော်။ ဒီသတင်းလေးကိုတော့ ဗုဒ္ဓဘာသာဝင်အပေါင်းတို့လည်း သိရှိဝမ်းသာနိုင်ဖို့အတွက် မျှဝေပါတယ်။မသိသေးသူတွေလည်း သိအောင် ပြန်လည်မျှဝေနိုင်ပါတယ်ဗျာ။

credit

Zawgyi




credit