အာဏာသိမ်း စစ်ကောင်စီလက်ထက်မှာ “လုံးဝအောင်မြင်နေတဲ့ အောင်ဘာလေထီသပိတ်”
ဇွန်လ ၁ရက် ဖွင့်မယ့် ၂၇ ကြိမ်မြောက် အောင်ဘာလေထီ- ကျပ်-၂.၆ ဘီလျံဖိုးပဲ ရောင်းရတယ်။ အာဏာမသိမ်းခင်က ရောင်းရတာနဲ့စာရင် ၉၃% လောက် ကျဆင်းသွားတယ်။ ဒီနှုန်းနဲ့ တွက်ရင် စစ်အာဏာမသိမ်းခင်က အစိုးရအတွက် အခွန်ငွေ တစ်နှစ် ၁၆၃ ဘီလျံလောက် ရတာကနေ အခု ၁၂ ဘီလျံ (မစို့မပို့လေးပဲ ) ရှိတော့မယ်။
ဒါတောင် အခု လက်ရှိ ရောင်းနေရတယ် ဆိုတဲ့ ထီဟာ လွန်ခဲ့တဲ့ လ အတော်ကြာကတည်းက ထီဆိုင် အကြီးစားကြီးတွေက ကြိုတင်မှာယူထားလို့ ရောင်းရတာ၊ နောက်ပိုင်း အဲဒီထက် အများကြီး လျော့နည်းလာဦးမယ်။ နောက်ပိုင်း အခွန် (၀%) အထိ ကျဆင်းသွားနိုင်တယ်။ ဒါကြောင့်လဲ စစ်ကောင်စီဟာ မသင့်မလျော် ဝန်ထမ်းတွေကို ထီရောင်းပေးမယ် ဆိုပြီး ကမ်းလှမ်းနေလေရဲ့။ ပြည်သူတွေရဲ့ အောင်ဘာလေ ထီသပိတ်ဟာ စစ်ကောင်စီလက်ထဲ တစ်နှစ် ကျပ်ငွေ ၁၅၁ ဘီလျံလောက် ရောက်မသွားအောင် တားဆီးနိုင်ခဲ့တဲ့ သဘောပါပဲ။
ပြည်သူတွေရဲ့ ထီသပိတ် လုံးဝ (လုံးဝ) အောင်မြင်နေပါတယ်။ Notes ကျပ် ၅၀၀ တန်ထီ၊ ၂၂ ကြိမ်မြောက်၊ (၁-၁-၂၀၁၉) ကျပ်ငွေ ၂၁ ဘီလျံဖိုး ရောင်းရ၊ အခွန်ငွေ ကျပ် ၈ဒသမ၄ ဘီလျံရခဲ့ပါတယ်။ အစိုးရကနေ ပျမ်းမျှ တစ်နှစ် ကျပ် ဘီလျံ -၁၀၀ အခွန်ရ။ ကျပ် ၁၀၀၀ တန်ထီ၊ ၂၄ ကြိမ်မြောက်၊ (၁-၂-၂၀၂၁) ကျပ်ငွေ ၃၄ ဘီလျံဖိုး ရောင်းရ၊ အခွန်ငွေ ကျပ် ၁၃ဒသမ၆ ဘီလျံရခဲ့ပါတယ်။ အစိုးရကနေ ပျမ်းမျှ တစ်နှစ် ကျပ် ဘီလျံ -၁၆၃ အခွန်ရ။ (NLD အစိုးရ) မေ ၁ ရက်၊ ၂၆ ကြိမ်၊ ကျပ် ၂ ဘီလျံဖိုးပဲ ရောင်းရ၊ အခွန် ကျပ် သန်း ၈၀၀ ပဲ ရတော့တယ်။ ၉၄% ကျဆင်းသွား။ (စစ်ကောင်စီ လက်ထက်) crd-စည်သူအောင်မြင့်။
Zawgyi