“အာဏာသိမ်းပြီဟု သတင်းမှားလွှင့်သူကို အမှုဖွင့်ထားသော်လည်း သတိလစ်သလိုလိုဖြစ်နေသဖြင့် ဖမ်းခွင့်မရသေး”

အာဏာသိမ်းပြီဟုပြောသူ ဒေါ်တင်တင်စိုးသွေးလှူထားသဖြင့် ခေါင်းမူး၍ ကျန်းမာရေးချို့ယွင်းနေသဖြင့် လတ်တလော ဖမ်းဆီးခြင်းမရှိသေးဟုဒလရဲစခန်းမှူးမှပြောကြားဖေ့စ်ဘုတ်ပေါ်တွင်တပ်မတော်မှ ၁.၁.၂၀၂၁ ည ၁၂ နာရီတွင် အာဏာသိမ်းလိုက်ပြီဟု ရုပ်သံလွှင့်ကာ သတင်းအမှားဖြန့်ဝေသူ အဆိုပါအမျိုးသမီးမှာ ဒလမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်း၏ ကိုယ်စားလှယ် ဒေါ်တင်တင်စိုးဖြစ်ကြောင်း သိရသည်။

“အစိမ်းကို ချစ်သောအားဖြင့် ဒီည ၁၂ နာရီမှာ တပ်မတော်က အာဏာသိမ်းလိုက်ပြီ။ ဟေ့ရှင်းလား ပျော်လားဟေ့၊ မတရားသဖြင့် လုပ်တာမဟုတ်ဘူး ခြေ/ဥနဲ့လုပ်သွားတာ၊ ပျော်သလားဟေ့မောင်တို့ရေ” ဒန်တန့်တန့် ပေါက်တယ်နော် ဟုအစရှိသည့် စကားချပ်များကို ဇန်နဝါရီ ၁ ရက်နေ့ live ထုတ်လွှင့်ချိန်တွင် ဒေါ်တင်တင်စိုးက ပြောဆိုခဲ့သည်။

ယနေ့ နေ့လည်ပိုင်းတွင် ဒေါ်တင်တင်စိုးမှ ဇီဝိတဒါန သွေးလှူပွဲတွင် ဝင်ရောက်သွေးလှူအပြီး ခေါင်းမူးသည်ဟုဆိုကာ သတိလစ်သလိုလို ဖြစ်နေသဖြင့် ကျန်းမာရေးချို့ယွင်းနေသည့် လူနာအနေအထားဖြစ်သဖြင့် ဒလရဲစခန်းမှ ဖမ်းဆီးအကျဉ်းချခွင့်မရှိသေးပါဟု ဒလရဲစခန်းမှူးမှ ပြောကြားလိုက်ကြောင်းသိရသည်။

ယခင်သတင်း

လူမှုကွန်ယက်တွင် နိုင်ငံတော်အာဏာကိုတပ်မတော်က သိမ်းယူလိုက်ပြီဖြစ်ကြောင်း ဗီဒီယိုဖိုင့်လွှင်တင်ခဲ့သည့် ဒလမြို့နယ် ပြည်ထောင်စု ကြံခိုင်ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ်လောင်း၏ ကိုယ်စားလှယ်ကို ဒလမြို့မရဲစခန်းတွင် ယနေ့ ဇန်နဝါရီ ၃ ရက် ညနေပိုင်းတွင် အမှုဖွင့်ခဲ့သည်။

” ဒလမြို့ ကျန်စစ်သားရပ်ကွက်က အမျိုးသားတစ်ဦးက လူမှုကွန်ရက်က ဒီဗီဒီယိုဖိုင်ကိုတွေ့ရှိပြီး ကျွန်တော်တို့ကို အကြောင်းကြားခဲ့တယ်။ ဥပဒေပြု အထောက်အကူပြုအဖွဲ့နဲ့ဆွေးနွေးကြည့်တဲ့အခါမှာ ဆက်သွယ်ရေးဥပဒေနဲ့ ငြိစွန်းနေတာကြောင့် ဒီအမျိုးသမီးကို ရဲစခန်းမှာအမှုဖွင့်အရေးယူခဲ့တာပါဟု ” ဒလမြို့နယ် ပြည်သူလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာစိန်မြအေးကပြောသည်။

အဆိုပါအမျိုးသမီးမှာ ဒလမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်း၏ ကိုယ်စားလှယ် ဒေါ်တင်တင်စိုးဖြစ်ကြောင်း သိရသည်။ “အစိမ်းကို ချစ်သောအားဖြင့် ဒီည ၁၂ နာရီမှာ တပ်မတော်က အာဏာသိမ်းလိုက်ပြီ။ ဟေ့ရှင်းလား ပျော်လားဟေ့၊ မတရားသဖြင့် လုပ်တာမဟုတ်ဘူး ခြေ/ဥနဲ့လုပ်သွားတာ၊ ပျော်သလားဟေ့မောင်တို့ရေ”အစရှိသည့် စကားချပ်များကို ဇန်နဝါရီ ၁ ရက်နေ့ live ထုတ်လွှင့်ချိန်တွင် ဒေါ်တင်တင်စိုးက ပြောဆိုခဲ့သည်။

“တပ်မတော်အပေါ် အထင်အမြင်လွဲမှားစေသလို့ အစိုးရရဲ့ ပုံရိပ်ကို ထိခိုက်စေတာကြောင့် ဥပဒေပြုအထောက်အကူအဖွဲ့နဲ့ တိုင်ပင်ကြည့်တော့ ဒီလို့မျိုး လွှင့်တဲ့ဟာက ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၈ -က နဲ့ ငြိနေတာတွေ့ရတယ်။ ဒီလိုမျိုးမှ မဟုတ်ရင် မဖြစ်သင့် မဖြစ်ထိုက်တာတွေဖြစ်လာမှာစိုးတဲ့အတွက်ကြောင့် ဒီနေ့ညနေ ၃ နာရီမှာ အမှုဖွင့်လိုက်တယ်။ တည်ငြိမ်နေတဲ့နိုင်ငံရေးအခင်းအကျင်းကို ပြည်သူတွေအထင်မြင် မှားအောင်ဖြစ်အောင် မလုပ်ဆောင်သင့်ဘူး၊ သူပြောဆိုခဲ့တဲ့ ဗီဒီယိုဖိုင်တွေ အသုံးအနှုန်းတွေကို သက်သေခံအဖြစ် ဒီနေ့တင်သွင်းတယ်” ဟု အမှတ် ၁ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းရင်က ပြောသည်။
Source: Myanmar Time