အာဏာသိမ်းတာဟာ အစဉ်အလာလိုဖြစ်နေတဲ့ ကမ္ဘာကြီးမှာ မနေနိူင်တဲ့အတွက်ကုလကနေ ပြတ်ပြတ်သားသားသတင်းစကားပါးနိူင်မယ်လို့ မျော်လင့်

“စစ်တပ်အာဏာသိမ်းတာဟာ လုံးဝလက်ခံနိုင်စရာမရှိသလို အာဏာသိမ်းတာဟာ အစဉ်အလာလိုဖြစ်နေတဲ့ကမ္ဘာကြီးမှာ ကျနော်တို့မနေနိုင်တဲ့အတွက် ဒါကို ကုလသမဂ္ဂအထွေထွေညီလာခံကနေ ပြတ်ပြတ်သားသားသတင်းစကားပါးနိုင်မယ်လို့ ” မျှော်လင့်ကြောင်းပြောသွားတာပါ။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းခဲ့တဲ့ ဖေဖေါ်ဝါရီလ ၁ ရက်နေ့ကနေအခုအချိန်အထိ စစ်ကောင်စီတပ်တွေကြောင့် သေဆုံးရသူ ၈၆၀ ကျော်နေပြီလို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ကသတင်းထုတ်ပြန်ထားတာဖြစ်ပြီး စစ်ကောင်စီကတော့ သေဆုံးသူအရေအတွက် ၃၀၀ ဝန်းကျင်ပဲရှိတယ်လို့ပြောဆိုထားတာပါ။

မြန်မာစစ်တပ်ကို လက်နက်မရောင်းချဖို့၊ ၂၀၂၀ နိုဝင်ဘာရွေးကောက်ပွဲရလဒ်ကိုလေးစားဖို့နဲ့ မြန်မာ့ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကိုလွှတ်ပေးဖို့ ကုလသမဂ္ဂအထွေထွေညီလာခံက သောကြာနေ့အစည်းဝေးကနေ တောင်းဆိုဖို့စီစဉ်ထားတယ်လို့ သံတမန်တွေရဲ့ပြောကြားချက်ကို ရိုက်တာသတင်းမှာဖေါ်ပြထားပါတယ်။

ဒီတောင်းဆိုချက်ပါဝင်တဲ့ ဆုံးဖြတ်ချက်မူကြမ်းကို ကုလသမဂ္ဂအထွေထွေညီလာခံမှာ မဲခွဲမဆုံးဖြတ်ခင်မှာပဲအတွင်းရေးမှုးချုပ် Guterres ကတော့ အထွေထွေ ညီလာခံကနေ ပြတ်သားတဲ့သတင်းစကားပါးနိုင်မယ်လို့ မျှော်လင့်ထားကြောင်းပြောကြားခဲ့တာပါ။

ကုလသမဂ္ဂအထွေထွေညီလာခံကချမှတ်တဲ့ အဆိုပြုဆုံးဖြတ်ချက်တွေဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီကချမှတ်တဲ့ ဆုံးဖြတ်ချက်တွေနဲ့မတူပဲ လိုက်နာဖို့မလိုအပ်ပေမယ့် နိုင်ငံတကာရဲ့နိုင်ငံရေးအရ ဖိအားပေးမှုတွေရှိလာနိုင်ပါတယ်။

ဒီတောင်းဆိုချက်ပါဝင်တဲ့ ဆုံးဖြတ်ချက်မူကြမ်းကို ကုလသမဂ္ဂအထွေထွေညီလာခံမှာ မဲခွဲမဆုံးဖြတ်ခင်မှာပဲအတွင်းရေးမှုးချုပ် Guterres ကတော့ အထွေထွေ ညီလာခံကနေ ပြတ်သားတဲ့သတင်းစကား ပါးနိုင်မယ်လို့မျှော်လင့်ထားကြောင်း ပြောကြားခဲ့တာပါ။

Zawgyi

“စစ္တပ္အာဏာသိမ္းတာဟာ လုံးဝလက္ခံႏိုင္စရာမရွိသလို အာဏာသိမ္းတာဟာ အစဥ္အလာလိုျဖစ္ေနတဲ့ကမာၻႀကီးမွာ က်ေနာ္တို႔မေနႏိုင္တဲ့အတြက္ ဒါကို ကုလသမဂၢအေထြေထြညီလာခံကေန ျပတ္ျပတ္သားသားသတင္းစကားပါးႏိုင္မယ္လို႔ ” ေမွ်ာ္လင့္ေၾကာင္းေျပာသြားတာပါ။

ျမန္မာႏိုင္ငံမွာ စစ္တပ္အာဏာသိမ္းခဲ့တဲ့ ေဖေဖၚဝါရီလ ၁ ရက္ေန႔ကေနအခုအခ်ိန္အထိ စစ္ေကာင္စီတပ္ေတြေၾကာင့္ ေသဆုံးရသူ ၈၆၀ ေက်ာ္ေနၿပီလို႔ ႏိုင္ငံေရး အက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း AAPP ကသတင္းထုတ္ျပန္ထားတာျဖစ္ၿပီး စစ္ေကာင္စီကေတာ့ ေသဆုံးသူအေရအတြက္ ၃၀၀ ဝန္းက်င္ပဲရွိတယ္လို႔ေျပာဆိုထားတာပါ။

ျမန္မာစစ္တပ္ကို လက္နက္မေရာင္းခ်ဖို႔၊ ၂၀၂၀ ႏိုဝင္ဘာေ႐ြးေကာက္ပြဲရလဒ္ကိုေလးစားဖို႔နဲ႔ ျမန္မာ့ေခါင္းေဆာင္ေဒၚေအာင္ဆန္းစုၾကည္အပါအဝင္ ဖမ္းဆီးထားတဲ့ ႏိုင္ငံေရးအက်ဥ္းသားေတြကိုလႊတ္ေပးဖို႔ ကုလသမဂၢအေထြေထြညီလာခံက ေသာၾကာေန႔အစည္းေဝးကေန ေတာင္းဆိုဖို႔စီစဥ္ထားတယ္လို႔ သံတမန္ေတြရဲ႕ေျပာၾကားခ်က္ကို ႐ိုက္တာသတင္းမွာေဖၚျပထားပါတယ္။

ဒီေတာင္းဆိုခ်က္ပါဝင္တဲ့ ဆုံးျဖတ္ခ်က္မူၾကမ္းကို ကုလသမဂၢအေထြေထြညီလာခံမွာ မဲခြဲမဆုံးျဖတ္ခင္မွာပဲအတြင္းေရးမႈးခ်ဳပ္ Guterres ကေတာ့ အေထြေထြ ညီလာခံကေန ျပတ္သားတဲ့သတင္းစကားပါးႏိုင္မယ္လို႔ ေမွ်ာ္လင့္ထားေၾကာင္းေျပာၾကားခဲ့တာပါ။

ကုလသမဂၢအေထြေထြညီလာခံကခ်မွတ္တဲ့ အဆိုျပဳဆုံးျဖတ္ခ်က္ေတြဟာ ကုလသမဂၢလုံၿခဳံေရးေကာင္စီကခ်မွတ္တဲ့ ဆုံးျဖတ္ခ်က္ေတြနဲ႔မတူပဲ လိုက္နာဖို႔မလိုအပ္ေပမယ့္ ႏိုင္ငံတကာရဲ႕ႏိုင္ငံေရးအရ ဖိအားေပးမႈေတြရွိလာႏိုင္ပါတယ္။

ဒီေတာင္းဆိုခ်က္ပါဝင္တဲ့ ဆုံးျဖတ္ခ်က္မူၾကမ္းကို ကုလသမဂၢအေထြေထြညီလာခံမွာ မဲခြဲမဆုံးျဖတ္ခင္မွာပဲအတြင္းေရးမႈးခ်ဳပ္ Guterres ကေတာ့ အေထြေထြ ညီလာခံကေန ျပတ္သားတဲ့သတင္းစကား ပါးႏိုင္မယ္လို႔ေမွ်ာ္လင့္ထားေၾကာင္း ေျပာၾကားခဲ့တာပါ။