အာဏာသိမ်းစစ်ကောင်စီကို ထိရောက်စွာအရေးယူဖို့ သံအမတ်ကြီး ဦးကျော်မိုးထွန်း တိုက်တွန်

ကုလသမဂ္ဂအထွေထွေညီလာခံက နိုင်ငံ ၁၁၉ နိုင်ငံရဲ့ထောက်ခံမဲနဲ့ ဇွန်လ ၁၈ ရက်ဒီကနေ့အတည်ပြုခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာဆုံးဖြတ်ချက်မှာ စစ်တပ် အာဏာသိမ်းမှုကိုပြစ်တင်ရှုတ်ချလိုက်ပြီး စစ်ကောင်စီကိုချခြင်းမပြုကြဖို့ တောင်းဆိုထားပါတယ်။ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းက အခုဆုံးဖြတ်ချက်ကိုကြိုဆိုပေမယ့် မိမိတို့မျှော်လင့်တာထက် အများကြီးအားနည်းနေတယ်လို့ပြောပါတယ်။ နယူးယောက်မြို့ရှိ ကုလသမဂ္ဂအထွေထွေညီလာခံမှာ သူက ဒီကနေ့အခုလိုပြောကြားခဲ့တာပါ။

သံအမတ်ကြီးဦးကျော်မိုးထွန်းက အာဆီယံအပါအဝင် နိုင်ငံတကာအသိုင်းအဝန်းအနေနဲ့ NUG အစိုးရကိုယ်စားလှယ်တွေနဲ့ မြန်မာနိုင်ငံရှိအဖွဲ့အစည်းတွေ လူမှုအဖွဲ့အစည်းတွေကို ထိတွေ့ဆက်ဆံပြီး မြန်မာပြည်သူတရပ်လုံးရဲ့ ဆန္ဒသဘောထားတွေကို လေးစားစေလိုကြောင်း၊ အခုဆုံးဖြတ်ချက်မှာ ရောင်းချမှုပိတ်ပင်တဲ့အချက် မပါဝင်ကြောင်း၊ မြန်မာစစ်တပ်ဟာ နိုင်ငံခြားကဝယ်ယူတဲ့အမြောက်နဲ့တခြားကိုသုံးပြီး အပြစ်မဲ့ပြည်သူတွေကိုသတ်ဖြတ်နေတာဖြစ်တဲ့အတွက် သူတို့ကိုချပေးခြင်းအားဖြင့် သူတို့ကိုစစ်ရာဇဝတ်မှုတွေ၊ ဆက်လက်ကျူးလွန်နိုင်မှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

နောက်ဆုံးအချက်အဖြစ် စစ်တပ်ရဲ့လူမဆန်ရက်စက်မှုတွေကိုတားဆီးဖို့အတွက် ကုလသမဂ္ဂနဲ့နိုင်ငံတကာအသိုင်းအဝန်းအနေနဲ့ ခိုင်မာပြတ်သားတဲ့ အရေးယူမှုတွေကို ချက်ခြင်းလုပ်ဆောင်ဖို့လိုအပ်နေပြီဖြစ်ပြီး လုံခြုံရေးကောင်စီအနေနဲ့လည်း မြန်မာပြည်ရဲ့လက်ရှိပဋိပက္ခကို အလေးအနက်လေ့လာဆန်းစစ်ကာ အာဏာသိမ်းစစ်ကောင်စီအပေါ် အပြင်းထန်ဆုံးနဲ့ခိုင်မာထိရောက်မှုအရှိဆုံး အရေးယူမှုတွေဆောင်ရွက်ဖို့ တိုက်တွန်းပါတယ်လို့ ကုလဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း က အထွေထွေညီလာခံမှာ ဒီကနေ့ပြောကြားသွားပါတယ်။

Zawgyi

ကုလသမဂၢအေထြေထြညီလာခံက ႏိုင္ငံ ၁၁၉ ႏိုင္ငံရဲ႕ေထာက္ခံမဲနဲ႔ ဇြန္လ ၁၈ ရက္ဒီကေန႔အတည္ျပဳခဲ့တဲ့ ျမန္မာႏိုင္ငံဆိုင္ရာဆုံးျဖတ္ခ်က္မွာ စစ္တပ္ အာဏာသိမ္းမႈကိုျပစ္တင္ရႈတ္ခ်လိုက္ၿပီး စစ္ေကာင္စီကိုခ်ျခင္းမျပဳၾကဖို႔ ေတာင္းဆိုထားပါတယ္။ ကုလသမဂၢဆိုင္ရာ ျမန္မာသံအမတ္ႀကီးဦးေက်ာ္မိုးထြန္းက အခုဆုံးျဖတ္ခ်က္ကိုႀကိဳဆိုေပမယ့္ မိမိတို႔ေမွ်ာ္လင့္တာထက္ အမ်ားႀကီးအားနည္းေနတယ္လို႔ေျပာပါတယ္။ နယူးေယာက္ၿမိဳ႕ရွိ ကုလသမဂၢအေထြေထြညီလာခံမွာ သူက ဒီကေန႔အခုလိုေျပာၾကားခဲ့တာပါ။

သံအမတ္ႀကီးဦးေက်ာ္မိုးထြန္းက အာဆီယံအပါအဝင္ ႏိုင္ငံတကာအသိုင္းအဝန္းအေနနဲ႔ NUG အစိုးရကိုယ္စားလွယ္ေတြနဲ႔ ျမန္မာႏိုင္ငံရွိအဖြဲ႕အစည္းေတြ လူမႈအဖြဲ႕အစည္းေတြကို ထိေတြ႕ဆက္ဆံၿပီး ျမန္မာျပည္သူတရပ္လုံးရဲ႕ ဆႏၵသေဘာထားေတြကို ေလးစားေစလိုေၾကာင္း၊ အခုဆုံးျဖတ္ခ်က္မွာ ေရာင္းခ်မႈပိတ္ပင္တဲ့အခ်က္ မပါဝင္ေၾကာင္း၊ ျမန္မာစစ္တပ္ဟာ ႏိုင္ငံျခားကဝယ္ယူတဲ့အေျမာက္နဲ႔တျခားကိုသုံးၿပီး အျပစ္မဲ့ျပည္သူေတြကိုသတ္ျဖတ္ေနတာျဖစ္တဲ့အတြက္ သူတို႔ကိုခ်ေပးျခင္းအားျဖင့္ သူတို႔ကိုစစ္ရာဇဝတ္မႈေတြ၊ ဆက္လက္က်ဴးလြန္ႏိုင္မွာျဖစ္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

ေနာက္ဆုံးအခ်က္အျဖစ္ စစ္တပ္ရဲ႕လူမဆန္ရက္စက္မႈေတြကိုတားဆီးဖို႔အတြက္ ကုလသမဂၢနဲ႔ႏိုင္ငံတကာအသိုင္းအဝန္းအေနနဲ႔ ခိုင္မာျပတ္သားတဲ့ အေရးယူမႈေတြကို ခ်က္ျခင္းလုပ္ေဆာင္ဖို႔လိုအပ္ေနၿပီျဖစ္ၿပီး လုံၿခဳံေရးေကာင္စီအေနနဲ႔လည္း ျမန္မာျပည္ရဲ႕လက္ရွိပဋိပကၡကို အေလးအနက္ေလ့လာဆန္းစစ္ကာ အာဏာသိမ္းစစ္ေကာင္စီအေပၚ အျပင္းထန္ဆုံးနဲ႔ခိုင္မာထိေရာက္မႈအရွိဆုံး အေရးယူမႈေတြေဆာင္႐ြက္ဖို႔ တိုက္တြန္းပါတယ္လို႔ ကုလဆိုင္ရာျမန္မာသံအမတ္ႀကီး ဦးေက်ာ္မိုးထြန္း က အေထြေထြညီလာခံမွာ ဒီကေန႔ေျပာၾကားသြားပါတယ္။