တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ပြည်သူ့ကာကွယ်ရေး PDF လူငယ်များ စစ်သင်တန်းအပတ်စဥ် ၅ သင်တန်းဆင်းပွဲ

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်တွင် စစ်သင်တန်းများပို့ချလျက်ရှိရာ လက်ရှိတွင်စစ်သင်တန်းအပတ်စဉ် ၅ အထိ အောင်မြင်စွာ ဖွင့်လှစ်နိုင်ပြီဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က စစ်သင်တန်းအပတ်စဉ် ၅ သို့ပေးပို့သော သင်တန်းဆင်းပွဲ သဝဏ်လွှာတွင်ဖော်ပြထားသည်။ ကာကွယ်ရေးဝန်ကြီးဦးရည်မွန်ကပေးပို့သောသဝဏ်လွှာတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်သင်တန်း အပတ်စဉ် (၅) ကို အောင်မြင်စွာစီစဉ်ပြုလုပ်နိုင်ခဲ့သည့်အတွက် ညီနောင်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များမှ တာဝန်ရှိသူများ စစ်တိုင်းဖွဲ့စည်းပေါ်ပေါက်ရေးကော်မတီဝင်များ၊သင်တန်းဆင်းတပ်မတော်သားများအားလုံးကို ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် အထူးကျေးဇူးတင်ရှိကြောင်းဖော်ပြလိုကြောင်း၊ တရားမဝင်အာဏာသိမ်းစစ်အုပ်စု၏ လူမဆန်သော အကြမ်းဖက်ညှင်းပန်းနှိပ်စက်သတ်ဖြတ်မှုများကြောင့် မြန်မာပြည်သူများသည် “မိမိကိုယ်ကိုယ်ခုခံကာကွယ်ပိုင်ခွင့်” ကို ဥပဒေနှင့်အညီကျင့်သုံးလာရကြောင်းဖော်ပြထားသည်။

ထို့ပြင်အမျိုးသားညီညွတ်ရေးအစိုးရသည် မိမိပြည်သူများကို ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိသောတရားဝင်ပြည်သူ့အစိုးရဖြစ်သည့်အားလျော်စွာ နိုင်ငံအနှံ့ပေါ်ပေါက်နေသောလူငယ်အစုအဖွဲ့များ၏ ခုခံစစ်လှုပ်ရှားမှုများကိုစနစ်တကျတစ်စုတစ်စည်းတည်းဖြစ်စေရန်ရည်ရွယ်၍ “ပြည်သူ့ကာကွယ်ရေးတပ်မတော် ” (PDF) ကို ထူထောင်လျက်ရှိကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်အား “ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်” ၏ ရှေ့ပြေးအမြုအတေအဖြစ်ထူထောင်ခြင်းလည်းဖြစ်သည်။

တိုင်းရင်းသားပြည်သူအားလုံး၏ နိုင်ငံရေးဆိုင်ရာမျှော်မှန်းချက်မှာ စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်တိုက်ဖျက်လျက် အနာဂတ်နိုင်ငံတော်ကို စစ်မှန်သောဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအဖြစ် တည်ဆောက်သွားရန်ဖြစ်သကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်သားအားလုံးအနေဖြင့် စစ်ကျွန်ဘဝမှ မြန်မာပြည်သူတစ်ရပ်လုံးကိုလွတ်မြောက်စေလျက် ငြိမ်းချမ်းသာယာဝပြောသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်နိုင်သည်အထိ ညီနောင်တိုင်းရင်းသား တော်လှန်ရေးအင်အားစုများနှင့် အတူလက်တွဲကြိုးပမ်းကြပါစို့ဟု တိုက်တွန်နှိုးဆော်ကြောင်းဖော်ပြထားသည်။

Zawgyi

အမ်ိဳးသားညီၫြတ္ေရးအစိုးရ ကာကြယ္ေရးဝန္ႀကီးဌာန လက္ေအာက္ရွိ ျပည္သူ႔ကာကြယ္ေရးတပ္မေတာ္၊ ေတာင္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္လက္ေအာက္တြင္ စစ္သင္တန္းမ်ားပို႔ခ်လ်က္ရွိရာ လက္ရွိတြင္စစ္သင္တန္းအပတ္စဥ္ ၅ အထိ ေအာင္ျမင္စြာ ဖြင့္လွစ္ႏိုင္ၿပီျဖစ္ေၾကာင္း ကာကြယ္ေရးဝန္ႀကီး ဦးရည္မြန္က စစ္သင္တန္းအပတ္စဥ္ ၅ သို႔ေပးပို႔ေသာ သင္တန္းဆင္းပြဲ သဝဏ္လႊာတြင္ေဖာ္ျပထားသည္။ ကာကြယ္ေရးဝန္ႀကီးဦးရည္မြန္ကေပးပို႔ေသာသဝဏ္လႊာတြင္ ျပည္သူ႔ကာကြယ္ေရးတပ္မေတာ္၊ ေတာင္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ စစ္သင္တန္း အပတ္စဥ္ (၅) ကို ေအာင္ျမင္စြာစီစဥ္ျပဳလုပ္ႏိုင္ခဲ့သည့္အတြက္ ညီေနာင္တိုင္းရင္းသားေတာ္လွန္ေရးအဖြဲ႕မ်ားမွ တာဝန္ရွိသူမ်ား စစ္တိုင္းဖြဲ႕စည္းေပၚေပါက္ေရးေကာ္မတီဝင္မ်ား၊သင္တန္းဆင္းတပ္မေတာ္သားမ်ားအားလုံးကို ကာကြယ္ေရးဝန္ႀကီးဌာနအေနျဖင့္ အထူးေက်းဇူးတင္ရွိေၾကာင္းေဖာ္ျပလိုေၾကာင္း၊ တရားမဝင္အာဏာသိမ္းစစ္အုပ္စု၏ လူမဆန္ေသာ အၾကမ္းဖက္ညႇင္းပန္းႏွိပ္စက္သတ္ျဖတ္မႈမ်ားေၾကာင့္ ျမန္မာျပည္သူမ်ားသည္ “မိမိကိုယ္ကိုယ္ခုခံကာကြယ္ပိုင္ခြင့္” ကို ဥပေဒႏွင့္အညီက်င့္သုံးလာရေၾကာင္းေဖာ္ျပထားသည္။

ထို႔ျပင္အမ်ိဳးသားညီၫြတ္ေရးအစိုးရသည္ မိမိျပည္သူမ်ားကို ကာကြယ္ေစာင့္ေရွာက္ရန္ တာဝန္ရွိေသာတရားဝင္ျပည္သူ႔အစိုးရျဖစ္သည့္အားေလ်ာ္စြာ ႏိုင္ငံအႏွံ႔ေပၚေပါက္ေနေသာလူငယ္အစုအဖြဲ႕မ်ား၏ ခုခံစစ္လႈပ္ရွားမႈမ်ားကိုစနစ္တက်တစ္စုတစ္စည္းတည္းျဖစ္ေစရန္ရည္႐ြယ္၍ “ျပည္သူ႔ကာကြယ္ေရးတပ္မေတာ္ ” (PDF) ကို ထူေထာင္လ်က္ရွိေၾကာင္း၊ ျပည္သူ႔ကာကြယ္ေရးတပ္မေတာ္အား “ဖက္ဒရယ္ျပည္ေထာင္စုတပ္မေတာ္” ၏ ေရွ႕ေျပးအျမဳအေတအျဖစ္ထူေထာင္ျခင္းလည္းျဖစ္သည္။

တိုင္းရင္းသားျပည္သူအားလုံး၏ ႏိုင္ငံေရးဆိုင္ရာေမွ်ာ္မွန္းခ်က္မွာ စစ္အာဏာရွင္စနစ္ကိုဆန႔္က်င္တိုက္ဖ်က္လ်က္ အနာဂတ္ႏိုင္ငံေတာ္ကို စစ္မွန္ေသာဖယ္ဒရယ္ဒီမိုကေရစီျပည္ေထာင္စုအျဖစ္ တည္ေဆာက္သြားရန္ျဖစ္သေၾကာင္း ျပည္သူ႔ကာကြယ္ေရးတပ္မေတာ္သားအားလုံးအေနျဖင့္ စစ္ကြၽန္ဘဝမွ ျမန္မာျပည္သူတစ္ရပ္လုံးကိုလြတ္ေျမာက္ေစလ်က္ ၿငိမ္းခ်မ္းသာယာဝေျပာေသာ ဖက္ဒရယ္ဒီမိုကေရစီျပည္ေထာင္စုကို တည္ေဆာက္ႏိုင္သည္အထိ ညီေနာင္တိုင္းရင္းသား ေတာ္လွန္ေရးအင္အားစုမ်ားႏွင့္ အတူလက္တြဲႀကိဳးပမ္းၾကပါစို႔ဟု တိုက္တြန္ႏႈိးေဆာ္ေၾကာင္းေဖာ္ျပထားသည္။