အာဇာနည်​နေ့အခမ်းအနားကို ရန်ကုန်အာဇာနည်ဗိမ္မာန်မှာ ကျင်းပပြုလုပ်ခဲ့ပြီး မင်းအောင်လှိုင်နဲ့စိုးဝင်းတို့ တက်​ရောက်ခဲ့ခြင်းမရှိ

ယ​နေ့ဇူလှိုင် ၁၉ ရက် ၊ (၇၄)နှစ်​မြောက်အာဇာနည်​နေ့ အခမ်းအနားကို ​ရွှေတိဂုံရင်ပြင်​​မြောက်ဖက်မုခ် အာဇာနည်ဗိမ္မာန်တွင် စစ်​ကောင်စီခန့်သာသနာ​ရေးဝန်ကြီးဌာနနှင့် ပြည်​​ထောင်စုဝန်ကြီးတဦးဖြစ်သူဦးကိုကိုက ကြီးမှူးကျင်းပခဲ့ခြင်း ဖြစ်သည်လို့ကြားသိရပါသည်။ ပထမဆုံးအ​လေးပြုခြင်းအခမ်းအနားကို ဦးကိုကိုနှင့်အတူ စီမံ​ရေးဝန်ကြီးဦးလှမျိုးတို့မှ တက်​ရောက်ဖွင့်လှစ်ခဲ့သည်။

အာဇာနည်​ခေါင်း​ဆောင်(၉)ဦး၏ မိသားစုဝင်များကိုယ်စား လွမ်းသူပန်း​ခွေချ၍ ဂါဝရအ​လေးပြုသူများက​တော့ ဗိုလ်ချုပ်​အောင်ဆန်းမိသားစုကိုယ်စား စစ်​ကောင်စီခန့်
ပြည့်သူ့ဆက်ဆံ​ရေးနှင့် ဘဏ္ဍာ​ရေးဝန်ကြီး ​ဒေါက်တာတိုး​အောင် က တက်ရောက်ဂါဝရပြုခဲ့ပါသည်။

အာဇာနည်​ခေါင်း​ဆောင်သခင်မြကိုယ်စား လွမ်းသူ​ပန်း​​ခွေ အခမ်းအနား အစီအစဥ်​ရေးဆွဲ​ရေးအဖွဲ့မှ လွမ်းသူပန်း​​ခွေချခဲ့ပြီး အာဇာနည်ဦးဘချို၏​မြေး အာဇာနည်မန်းဘခိုင်၏မြေးအာဇာနည်​ခေါင်း​ဆောင် မိုင်းခွန်​စော်ဘွားကြီးစပ်စ်စံထွန်း မိသားစုစသည်ဖြင့် တက်​ရောက်ဂါဝရပြုခဲ့​ကြောင်းသိရသည်။ အစီအစဥ်တွင်မတက်​ရောက်ခဲ့သူ မိသားစုဝင်များကိုယ်စားအဖြစ် အခမ်းအနားအစီအစဥ်ကျင်းပ​ရေးအဖွဲ့ကသာ လွမ်းသူပန်း​ခွေချ​ပေးခဲ့​ကြောင်း စစ်​ကောင်စီရုပ်သံ MWD သတင်းဌာနနှင့် MRTV သတင်းဌာနတို့၏ တိုက်ရိုက် LIVE ထုတ်လွင့်မှုအရ သိရှိရပါသည်။

ယနေ့အခမ်းအနားကို စစ်ကောင်စီ​ခေါင်​ဆောင်များ တက်​ရောက်ခဲ့ခြင်းမရှိသည်ကိုလည်းတွေ့ရှိခဲ့ရပါသည်။

Zawgyi

ယ​ေန႔ဇူလႈိင္ ၁၉ ရက္ ၊ (၇၄)ႏွစ္​ေျမာက္အာဇာနည္​ေန႔ အခမ္းအနားကို ​ေ႐ႊတိဂုံရင္ျပင္​​ေျမာက္ဖက္မုခ္ အာဇာနည္ဗိမၼာန္တြင္ စစ္​ေကာင္စီခန္႔သာသနာ​ေရးဝန္ႀကီးဌာနႏွင့္ ျပည္​​ေထာင္စုဝန္ႀကီးတဦးျဖစ္သူဦးကိုကိုက ႀကီးမႉးက်င္းပခဲ့ျခင္း ျဖစ္သည္လို႔ၾကားသိရပါသည္။ ပထမဆုံးအ​ေလးျပဳျခင္းအခမ္းအနားကို ဦးကိုကိုႏွင့္အတူ စီမံ​ေရးဝန္ႀကီးဦးလွမ်ိဳးတို႔မွ တက္​ေရာက္ဖြင့္လွစ္ခဲ့သည္။

အာဇာနည္​ေခါင္း​ေဆာင္(၉)ဦး၏ မိသားစုဝင္မ်ားကိုယ္စား လြမ္းသူပန္း​ေခြခ်၍ ဂါဝရအ​ေလးျပဳသူမ်ားက​ေတာ့ ဗိုလ္ခ်ဳပ္​ေအာင္ဆန္းမိသားစုကိုယ္စား စစ္​ေကာင္စီခန္႔
ျပည့္သူ႔ဆက္ဆံ​ေရးႏွင့္ ဘ႑ာ​ေရးဝန္ႀကီး ​ေဒါက္တာတိုး​ေအာင္ က တက္ေရာက္ဂါဝရျပဳခဲ့ပါသည္။

အာဇာနည္​ေခါင္း​ေဆာင္သခင္ျမကိုယ္စား လြမ္းသူ​ပန္း​​ေခြ အခမ္းအနား အစီအစဥ္​ေရးဆြဲ​ေရးအဖြဲ႕မွ လြမ္းသူပန္း​​ေခြခ်ခဲ့ၿပီး အာဇာနည္ဦးဘခ်ိဳ၏​ေျမး အာဇာနည္မန္းဘခိုင္၏ေျမးအာဇာနည္​ေခါင္း​ေဆာင္ မိုင္းခြန္​ေစာ္ဘြားႀကီးစပ္စ္စံထြန္း မိသားစုစသည္ျဖင့္ တက္​ေရာက္ဂါဝရျပဳခဲ့​ေၾကာင္းသိရသည္။ အစီအစဥ္တြင္မတက္​ေရာက္ခဲ့သူ မိသားစုဝင္မ်ားကိုယ္စားအျဖစ္ အခမ္းအနားအစီအစဥ္က်င္းပ​ေရးအဖြဲ႕ကသာ လြမ္းသူပန္း​ေခြခ်​ေပးခဲ့​ေၾကာင္း စစ္​ေကာင္စီ႐ုပ္သံ MWD သတင္းဌာနႏွင့္ MRTV သတင္းဌာနတို႔၏ တိုက္႐ိုက္ LIVE ထုတ္လြင့္မႈအရ သိရွိရပါသည္။

ယေန႔အခမ္းအနားကို စစ္ေကာင္စီ​ေခါင္​ေဆာင္မ်ား တက္​ေရာက္ခဲ့ျခင္းမရွိသည္ကိုလည္းေတြ႕ရွိခဲ့ရပါသည္။