အာဆီယံအထူးသံအမတ်က အမေစုနဲ့ပါတွေ့မယ်

ဒီနေ့( ဗုဒ္ဓဟူး )မှာ မြန်မာ့အရေးအထူးသံတမန်အဖြစ် ဘရူးနိုင်းဒုတိယနိုင်ငံခြားရေးဝန်ကြီးကို ခန့်အပ်လိုက်ပြီလို့ အာဆီယံ ကအတည်ပြုထုတ်ပြန်လိုက်ပါပြီ။ ဆိုလိုတာက ဒီအထူးသံခန့်အပ်ခွင့်အာဏာက အာဆီယံဆိုတဲ့အသင်းကြီးလက်ထဲမှာပဲ ရှိတယ်ဆိုတာ ရှင်းလင်းသွားတဲ့သဘောပါ။

စကစကိုလာတွေ့ပြီး သဘောထားတောင်းတယ်ဆိုတာက ပရိုတိုကောအရ initiative လုပ်တဲ့သဘောပါ။ အဲ့ဒါကို ဒီဘက်ကမာန်တက်ပြီး ငါတို့စိတ်ကြိုက်လူပဲခန့်ပေးသွားလုပ်တော့ အခု ကွဲပါလေရော။ ဒီအထူးသံက ဘက်အကုန်လုံးနဲ့တွေမယ်လို့ အင်ဒိုနိုင်ငံခြားရေးဝန်ကြီးရဲ့ သီးခြားထုတ်ပြန်ချက်မှာ ဖော်ပြထားတယ်။

” He will access full parties ” ဆိုတာက ဘက်အကုန်လုံးနဲ့တွေ့မှာ။ အမေစု( ဒေါ်အောင်ဆန်းစုကြည် )နဲ့ပါ တွေ့မယ်လို့ ပြည်ပသတင်းတွေက သေချာအောင်ထပ်ဖြည့်ရေး
ထားတယ်။ ဆိုလိုတာက ဒီသံကစကစရဲ့ ပေးထားချက် context အတွင်းမှာပဲ အလုပ်လုပ်ပြီးပြန်သွားမှာမဟုတ်ဘူး
ဆိုတာပဲ။

အဲ့ဒီတွေ့ဆုံမှုအကုန် စက်တင်ဘာမတိုင်ခင် အပြီးလုပ်ရမှာ။ အာဆီယံရဲ့ report တစ်စောင် UN ကို စက်တင်ဘာ UNGA အမီ ပို့ပေးရမှာမို့လို့ပဲ။ ရင်ခုန် စိတ်လှုပ်ရှားမှုတွေတော့ ဖြစ်ပေါ်နေပါပြီ။

ကိုးကား – အယ်လ်ဂျာဇီးယား၊ နစ်ကီအေးရှ
ပုံ – အာဆီယံအထူးသံတမန် အာဝမ်ယူဆော့ဖ်
Credit

Zawgyi

ဒီေန႔( ဗုဒၶဟူး )မွာ ျမန္မာ့အေရးအထူးသံတမန္အျဖစ္ ဘ႐ူးႏိုင္းဒုတိယႏိုင္ငံျခားေရးဝန္ႀကီးကို ခန႔္အပ္လိုက္ၿပီလို႔ အာဆီယံ ကအတည္ျပဳထုတ္ျပန္လိုက္ပါၿပီ။ ဆိုလိုတာက ဒီအထူးသံခန႔္အပ္ခြင့္အာဏာက အာဆီယံဆိုတဲ့အသင္းႀကီးလက္ထဲမွာပဲ ရွိတယ္ဆိုတာ ရွင္းလင္းသြားတဲ့သေဘာပါ။

စကစကိုလာေတြ႕ၿပီး သေဘာထားေတာင္းတယ္ဆိုတာက ပ႐ိုတိုေကာအရ initiative လုပ္တဲ့သေဘာပါ။ အဲ့ဒါကို ဒီဘက္ကမာန္တက္ၿပီး ငါတို႔စိတ္ႀကိဳက္လူပဲခန႔္ေပးသြားလုပ္ေတာ့ အခု ကြဲပါေလေရာ။ ဒီအထူးသံက ဘက္အကုန္လုံးနဲ႔ေတြမယ္လို႔ အင္ဒိုႏိုင္ငံျခားေရးဝန္ႀကီးရဲ႕ သီးျခားထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားတယ္။

” He will access full parties ” ဆိုတာက ဘက္အကုန္လုံးနဲ႔ေတြ႕မွာ။ အေမစု( ေဒၚေအာင္ဆန္းစုၾကည္ )နဲ႔ပါ ေတြ႕မယ္လို႔ ျပည္ပသတင္းေတြက ေသခ်ာေအာင္ထပ္ျဖည့္ေရး
ထားတယ္။ ဆိုလိုတာက ဒီသံကစကစရဲ႕ ေပးထားခ်က္ context အတြင္းမွာပဲ အလုပ္လုပ္ၿပီးျပန္သြားမွာမဟုတ္ဘူး
ဆိုတာပဲ။

အဲ့ဒီေတြ႕ဆုံမႈအကုန္ စက္တင္ဘာမတိုင္ခင္ အၿပီးလုပ္ရမွာ။ အာဆီယံရဲ႕ report တစ္ေစာင္ UN ကို စက္တင္ဘာ UNGA အမီ ပို႔ေပးရမွာမို႔လို႔ပဲ။ ရင္ခုန္ စိတ္လႈပ္ရွားမႈေတြေတာ့ ျဖစ္ေပၚေနပါၿပီ။

ကိုးကား – အယ္လ္ဂ်ာဇီးယား၊ နစ္ကီေအးရွ
ပုံ – အာဆီယံအထူးသံတမန္ အာဝမ္ယူေဆာ့ဖ္
Credit