အသက် (၇၀) ကျော် အမေကြီး ကိုဘေးမှာ ထားပီး ကောင်လေး နဲ့ မဖွယ်မရာလုပ်နေတဲ့အိမ်ဖော်

ကျမ ဒီပို့စ် ကို ကျမလို အိမ် အကူ မရှိမဖြစ် ခေါ်ထား ရသူများ အတွက်ရည်ရွယ်ပြီး တင်ပေးလိုက် ရခြင်းဖြစ်ပါတယ် …။ အိမ်မှာ ကျမနဲ့ အသက် ၇၀ ကျော် လေဖြတ်နေတဲ့ အမေ ၂ ယောက်ပဲ ရှိပါတယ် …။ ကျမက (-)ရုံးက ဦးစီးမှူး တစ်ယောက်ပါ…။အစကတော့ ကျမမောင်လေး မိသားစုကကျမရုံးသွားချိန် အလှည့်ကျ လာနေပေးကြပါတယ်…။

ဖြစ်ချင်တော့ သူတို့က တာဝန်နဲ့ နယ်ကိုပြောင်းသွားတော့…ကျမ ရုံးကခွင့်ရက်ရှည်ယူရတယ်…။ အဲဒီအချိန်မှာ လက်ပံတန်း နယ်ဘက်က ကျမညီမ တစ်ယောက်က အသက် ၁၅ နှစ်လောက်ကောင်မလေး တစ်ယောက် ခေါ်လာတယ် သာရဝေါနယ်ကတဲ့ ။မိဘတွေက ကျဘမ်းလုပ်တယ်…။ လစာကိုတော့ ကျမ ညီမကတဆင့် ပေးပါတဲ့…။အဆက်အသွယ် လုံးဝ မလုပ်ပါဘူးတဲ့…။

အသားမဲမဲ…မျက်လုံးပြူးပြူးနဲ့ ကလေးမလေးက ခပ်သွက် သွက်လေး ပါပဲ…။ ရောက်တာနဲ့ မေမေ့လက်ကလေးကို တရင်းတနှီးနဲ့ ပြေးကိုင်…မေမေ့ကုတင်ဘေးက စာပွဲပေါ်က အမှိုက်တွေသိမ်း …။ မေမေ့ကို ဂရုစိုက်တန်ကောင်းပါရဲ့…တွေးပြီး…သဘောကျခဲ့တယ်…။ကျမရုံးကပြန် လာရင်လည်း သူက မေမေ့ကို ပြုစုဂရုစိုက် အိမ်မှာ သန့်ရှင်းရေးတွေ လုပ်ထားတယ် …။ မေမေ့နားမှာ ပြုစုရင်း ပျင်းမှာဆိုးလို့TV အပေါ်စက်အောက်စက်ကို မေမေ့ အခန်းထဲမှာ ထားပေးတယ်။ အစပိုင်းတော့ တော်တော်အဆင်ပြေပါတယ်…။

ကျမတိုက်ခန်းက ၃ ထပ်အမြင့်ဆိုတော့… သူက အဝယ်တော်ပေါ့…။ တိုလီမိုလီလေးက အစ သူပဲ တက်လိုက်ဆင်းလိုက်နဲ့…ကျမနေထိုင်ရာ ပတ်ဝန်းကျင်မှာ တော်တော် သွားတတ်နေပြီပေါ့ …။ ဒီလို အဆင်ပြေပြေနဲ့ တစ်နှစ်ကျော်လာပြီးမှသူ့ရဲ့ဟန်ဆောင်မှုတွေ သိရဖို့ ပေါ် လာတယ်…။ အစရက်တွေကို ကျမ သတိမထားခဲ့မိဘူး…။ ကျမကလည်း ရုံးကပြန်ရောက်တာနဲ့ မေမေ့ကို အရင်ဝင်ပြီးတွေ့တယ်…။ သူက မေမေ့နားမွာ ခြေဆုပ်လက်နယ် အမြဲရွိနေတယ်…။

မေမေ မျက်နှာမကောင်းဘူးနေကောင်းလားမေးတော့ ခေါင်းငြိမ့်ပြပြီး သူ့ကိုကြည့်နေတယ်။မေမေက လေဖြတ်ထားတော့ စကားမပြောနိုင်ဘူး …။ ခြေ ၂ ဖက်စလုံး မလှုပ်နိုင်ဘူး။လက်တစ်ဖက်ကတော့ မြှောက်နိုင်တယ်…။ သူကတော့ မမေေ့ကို ပွုံးပွုံးရှှငျရှှငျနဲ့ ပုံမှနျအတိုငျး စ နောက်နေတောပါပဲ။ အဲဒီတော့ ကျွန်မလည်း မရိပ်မိခဲ့ဘူး။တစ်ရက်မှာတော့ အခန်းထဲမှာ ကျွန်မနျဲ့မမေ ၂ ယောက်ထဲ ရှိနေတုန်းမေမေက အခန်းပေါက်ဝကိုကြည့်လိုက်လက်ကိုထောင်ပြလိုက်နဲ့ ဝူးဝါးဝူးဝါးနဲ့ စကားတွေပြောနေတယ်…။

မေမေ ဘာပြောချင်တာလဲ ကျမက မေးနေတုန်း…သူက အခန်းထဲဝင်လာတော့ မေမေက သူ့ကို လက်နဲ့ထိုးထိုးပြပြီးဘာတွေမှန်းမသိ အော်ဟစ်ပြောနေတော့တာပါပဲ…။ သူက မေမေ့ကို ပြေးဖက်ပြီး မေမေကြီး ဘာလဲ ဘာလဲနဲ့ မေးတာကိုမေမေက သူ့ကို လက်နဲ့အတင်းတွန်းထုတ်တာတွေ့ရတယ်…။ သူ့ကို ကျမ အဲဒီကစ မသင်္ကာဖြစ်လာခဲ့တယ်…။ ကျမ မိတ်ဆွေတွေနဲ့တိုင်ပင်ပြီး ကျမရုံးပိတ်တစ်ရက်မှာ …သူ့ကို ဆွေမျိုးတွေနဲ့ တစ်နေကုန် ဘုရားဖူး လွှတ်လိုက်ပြီး…တစ်အိမ္လုံးကို CCTV တပ္လိုက္တယ်…။သူတို့လည်း မသင်္ကာတဲ့ပုံစံ မဟုတ်ပဲ ပုံမှန်နေခဲ့တယ် …။

တစ်နေ့မှာတော့ CCTV က အခြေနေကို ကြည့်ပြီး ကျမ အရမ်းလန့်သွားတယ် …။ ကြောက်ဖို့ကောင်းလိုက်တာ…။သူက မေမေ့အခန်းထဲမှာ ရှိတာထက်အိမ်ပြင်ကို ကျမ ဘာမှ ခိုင်း မထားပဲ ထွက်သွားတယ် …။ (သူ့ကိုလည်း ယုံကြည်သွားတော့… အရေးအကြောင်းဆို လူမမာမေမေနဲ့ထွက်ပေါက်မရှိမှာစိုးလို့ အိမ်သော့ တစ်ချောင်းကို ဧည့်ခန်းထဲမှာ ချိတ်ထားခဲ့တယ်)ကျမ မရှိရင် အပြင်လုံးဝ မထွက်ရဘူးလို့ မှာထားပြီးသား…။

ခုတော့ သူက မေမေတစ်ယောက်ထဲ ထားခဲ့ပြီး အပြင်ထွက်သွားတယ်…။ ပြန်လာတော့ ဆံပင်နီကြောင်ကြောင် နဲ့ မည်းမည်းပိန်ပိန်အသက် ၃၀ ရွယ် လူတစ်ယောက် ကိုခေါ်လာတယ်…။ နောက်ပြီး ထမင်းစားခန်းထဲမှာ နှစ်ယောက်သား ထမင်းတွေစားကြတယ်…။ အဲဒီကောင်က ရေခဲသေတ္တာထဲက ရေဘူးကိုလည်း သူ့အိမ်အတိုင်း ဖွင့်သောက်နေတာ…။ ဒီထကျဆိုး တာကတော့ သူတို့နှဈယောကျ ထမငျးစားခနျး ထဲမှာ…မဖှယျမရာတှေ လုပျနကွေတော့တာပါပဲ…။

ဒီထက် ပိုဆိုးသွားတာကေတာ့ မေမေ့အိပ်ခန်းထဲကို၂ ေယာက္စလုံး ဝင္သြားၾကေတာ့တာပါပဲ…။ အဲဒီကောင် ဝင်လာတာကို မေမေရယ် ဝူးဝါးဝူးဝါးနဲ့ အော်လိုက်တာ…။သနားလိုက္တာ ေမေမရယ်…။ အဲဒီကောင်က တန်းပေါ်က ပုဝါကိုယူပြီး မေမေ့မကြ်လုံးကို စည်းတော့…မေမေ အတင်းရုန်းကန်နေရွာတာ ။ မေမေ ကြောက်လို့ငြိမ်သွားတော့ မေမေ့စားပွဲပေါ်က အိုဗာတင်း တျွေဖော် မုန့်တွေယူစားTV ဖွင့်ကြည့်ကြပြီး မေမေ့နားမွာပဲ မဖွယ်မရာ ပွတ်သပ်လုပ်နေကြတာ…။
ကျမလေ… အရမ်းအံ့သြပြီး အိမ်အကူ ကို အရမ်း စက်ဆုပ် ရွံရှာလိုက်တာ…။

အဲဒီနေ့ ကျမရုံးက တပည့်ညီမနှစ်ယောက်ကကျမအိမ်လိုက်လာပြီး ကျမကို အမှားဖြစ်မှာဆိုးလို့ထိန်းပေးတယ်…။ ဘာမှမပြောပါနဲ့ မသိယောင်ဆောင်နေပါဆိုလို့ကျမ တော်တော် သည်းခံထား ခဲ့ရပါတယ်…။ သူကတော့ အပြုံးမပျက် မေမေ့နားက တဖဝါးမခွာ အရမ်းကို ဂရုစိုက်ပုံ…။ မေမေကတော့ အနီးကပ် သူ့ကို အရမ်းကြောက်ပြီး…သူပြုသမျှ ခံနေရတဲ့ ကျမရဲ့ မေမေ …သနားစရာ ကောင်းလိုက်တာ …။ CCTV သာမကယ်ရင် ကျမ မေမေ ဘယ်အထိများ ခံစားနေရရှာမလဲ…။

လက်ပံတန်းက ညီမရောက်လာတော့မှ သူ့ကို CCTV ဖွင့်ပြလိုက်တယ်…။ သူ အရမ်း လန့်သွားတယ် …။ ရဲစခန်းကိုလဲ မတိုင်ခဲ့ပါဘူး…။အကျယ်အကျယ်တွေလဲမဖြစ်ချင်ဘူး…။ ခုတော့ သူ့မြို့ကို ပြန်ပို့လိုက်ပြီ…အိမ်အကူတွေ နှိပ်စက်ခံရတာကိုပဲ မမြင်ကြ ပါနဲ့ …။ အိမ်အကူတွေ နှိပ်စက်တာ ခံနေရ တဲ့ ကျမတို့လို အိမ်ရှင်တွေလဲ ရှိပါတယ်…။ သက်ကြီးရွယ်အိုမိဘများကို အိမ်အကူနဲ့ စိတ်ချလက်ချ မထားကြပါနဲ့ …။ အခုလိုအချိန်ပေးပြီးဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်းသာယာပျော်ရွှင်သော နေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Kyu Kyu