အသက် ၁၂ နှစ်အရွယ်နဲ့ ကိုယ်ပိုင်ကျောင်း တည်ထောင်ထားတဲ့ ကလေးလေး

အသက် ၁၂ နှစ်အရွယ်ဆိုတာ ဆော့လို့ကောင်းတဲ့အရွယ်ပါပဲ။ အာဂျင်တီးနားနိုင်ငံက Nickanor Quinteros ဆိုတဲ့ ၁၂ နှစ်အရွယ်ကောင်လေးက သူ့ရဲ့အဘွား Ramona နဲ့ အတူနေပါတယ်။ သူကသာမန်ကလေးတွေကို ကျောင်းသွားပြီး နွားနို့နဲ့ကွတ်ကီးစားရတာကို သဘောကျပါတယ်။

တခြားကလေးတွေနဲ့ မတူတဲ့အချက်ကတော့ Nicanor မှာ ကိုယ်ပိုင်ကျောင်းတစ်ကျောင်းရှိတာပါ။ အဲဒီကိုယ်ပိုင်ကျောင်းကို ကလေးတွေစာသင်နိုင်အောင်လို့ သူတည်ထောင်ခဲ့တာ ၄ နှစ် ရှိသွားပါပြီ။

Nicanor အသက် ၉ နှစ်ရောက်တဲ့အခါ သူတို့အိမ်ဘေးမှာ ကျောင်းတစ်ကျောင်းဆောက်ချင်ကြောင်း သူ့အဘွားကိုပြောပြပါတယ်။ ဘာလို့လဲဆိုတော့ သူတို့အနီးအနားဝန်းကျင်က ကလေးတွေက ကျောင်းသွားဖို့ လမ်းစရိတ်မရှိသလို ဖိနပ်လည်း မရှိကြပါဘူး။ တချို့ကလေးတွေဆိုရင် အိမ်တောင်မရှိကြပါဘူး။ Nicanor ရဲ့ အဘွားကလည်း သူ့အကြံကို ဝမ်းပန်းတသာသဘောတူပြီး ကျောင်းဖြစ်လာအောင် စတင်လုပ်ဆောင် ကြပါတယ်။

သူ့ရဲ့အိမ်ကတော့ အာဂျင်တီးနားနိုင်ံ၊ Las Piedritas မှာတည်ရှိတာပါ။ သူ့အိမ်ရဲ့နောက်မှာ Patria y Unidad လို့ခေါ်တဲ့ ကျောင်းလေးကို Nicanor နဲ့ သူ့အဘွားက အတူဆောက်လုပ်ကြပါတယ်။ ပတ္တူစနဲ့သစ်သားချောင်းလေးတွေ သုံးပြီး စာသင်ခန်းတွေကိုကန့်ပါတယ်။ သစ်သီးထည့်တဲ့ သေတ္တာလေးတွေကို ထိုင်ခုံအဖြစ်သုံးပြီး ပြန်အသုံးပြုနိုင်တဲ့ စာရွက်တွေနဲ့ ကလေးတွေကို စာရေးခိုင်းပါတယ်။

လေးနှစ်ကြာပြီးတဲ့အခါ အိမ်နီးနားချင်းတွေနဲ့ ကြင်နာတတ်သူတွေရဲ့အကူအညီနဲ့ Nicanor က နောက်ထပ်စာသင်ခန်းနှစ်ခန်း၊ ဗီရိုတွေ၊ သင်ပုန်းတစ်ချပ်၊ စာကြည့်တိုက်တစ်ခန်း၊ ကျောင်းတက်ခေါင်းလောင်းတို့ ရရှိသွားပါတယ်။ Nicanor မှာလည်း ကိုယ်ပိုင်ကျောင်းအုပ်ကြီး ရုံးခန်းတစ်ခန်း ရသွားပါတယ်။

Las Piedritas မှာရှိတဲ့ ကလေးတွေကစာသင်ဖို့ အရမ်းကို တက်ကြွကြပါတယ်။ ကျောင်းရောက်ပြီဆိုရင် Nicanor ရဲ့တံခါးကို အမြဲလာခေါက်ပြီး စာသင်ပေးဖို့ လာပြောကြပါတယ်။ ကျောင်းမှာကျောင်းသူကျောင်းသား ၃၆ ယောက်ရှိပါတယ်။ Nicanor က ကျောင်းသူကျောင်းသားတွေကို သေသေချာချာ သင်ပေးပါတယ်။

” ကျောင်းတက်ရလို့ အခုဆိုရင် ၃ တန်းရောက်သွားပြီ” လို့ Niconor ရဲ့ ကျောင်းသားတစ်ယောက်က ပြောပြပါတယ်။ ဒါပေမယ့် Nicanor ကိုယ်တိုင်လည်း ကျောင်းတက်ပါသေးတယ်။ ၄ ကီလိုမီတာ ဝေးတဲ့ကျောင်းကို စက်ဘီးနဲ့သွားပြီး တက်ပါတယ်။

သူသင်ထားတဲ့စာတွေနဲ့ ရွာပြန်ရောက်ရင် ကလေးတွေကို သင်ပေးပါတယ်။ ပုံမှန်စာသင်ချိန်တွေ မတက်နိုင်တဲ့ ကလေးတွေဆိုရင် Nicanor က ညဘက်မှာသင်ပေးပါတယ်။ ပြီးတော့ Nicanor က သူရတဲ့မုန့်ဖိုးလေးတွေကိုစုပြီး စာလာသင်တဲ့ကလေးတွေကို ကော်ဖီတွေ၊ ကွတ်ကီးတွေ ဝယ်ကျွေးပါသေးတယ်။

” Pocito ပြည်နယ်မှာ ဒီလိုသူရဲကောင်းတစ်ယောက် ရှိတာ ယုံတောင် မယုံနိုင်ပါဘူး” လို့ ပြည်နယ်အုပ်ချုပ်ရေးမှူး San Juan က Nicanor ကို လာတွေ့တုန်းက မှတ်ချက်ပေးသွားပါတယ်။ ပညာကိုအပတ်တကုတ် လိုချင်သူတွေအတွက် မဖြစ်နိုင်တာမရှိကြောင်း Nicanor က လှုံ့ဆော်ပေးလိုက်တာပါပဲ။

Zawgyi

အသက္ ၁၂ ႏွစ္အ႐ြယ္ဆိုတာ ေဆာ့လို႔ေကာင္းတဲ့အ႐ြယ္ပါပဲ။ အာဂ်င္တီးနားႏိုင္ငံက Nickanor Quinteros ဆိုတဲ့ ၁၂ ႏွစ္အ႐ြယ္ေကာင္ေလးက သူ႔ရဲ႕အဘြား Ramona နဲ႔ အတူေနပါတယ္။ သူကသာမန္ကေလးေတြကို ေက်ာင္းသြားၿပီး ႏြားႏို႔နဲ႔ကြတ္ကီးစားရတာကို သေဘာက်ပါတယ္။

တျခားကေလးေတြနဲ႔ မတူတဲ့အခ်က္ကေတာ့ Nicanor မွာ ကိုယ္ပိုင္ေက်ာင္းတစ္ေက်ာင္းရွိတာပါ။ အဲဒီကိုယ္ပိုင္ေက်ာင္းကို ကေလးေတြစာသင္ႏိုင္ေအာင္လို႔ သူတည္ေထာင္ခဲ့တာ ၄ ႏွစ္ ရွိသြားပါၿပီ။

Nicanor အသက္ ၉ ႏွစ္ေရာက္တဲ့အခါ သူတို႔အိမ္ေဘးမွာ ေက်ာင္းတစ္ေက်ာင္းေဆာက္ခ်င္ေၾကာင္း သူ႔အဘြားကိုေျပာျပပါတယ္။ ဘာလို႔လဲဆိုေတာ့ သူတို႔အနီးအနားဝန္းက်င္က ကေလးေတြက ေက်ာင္းသြားဖို႔ လမ္းစရိတ္မရွိသလို ဖိနပ္လည္း မရွိၾကပါဘူး။ တခ်ိဳ႕ကေလးေတြဆိုရင္ အိမ္ေတာင္မရွိၾကပါဘူး။ Nicanor ရဲ႕ အဘြားကလည္း သူ႔အႀကံကို ဝမ္းပန္းတသာသေဘာတူၿပီး ေက်ာင္းျဖစ္လာေအာင္ စတင္လုပ္ေဆာင္ ၾကပါတယ္။

သူ႔ရဲ႕အိမ္ကေတာ့ အာဂ်င္တီးနားႏိုင္ံ၊ Las Piedritas မွာတည္ရွိတာပါ။ သူ႔အိမ္ရဲ႕ေနာက္မွာ Patria y Unidad လို႔ေခၚတဲ့ ေက်ာင္းေလးကို Nicanor နဲ႔ သူ႔အဘြားက အတူေဆာက္လုပ္ၾကပါတယ္။ ပတၱဴစနဲ႔သစ္သားေခ်ာင္းေလးေတြ သုံးၿပီး စာသင္ခန္းေတြကိုကန႔္ပါတယ္။ သစ္သီးထည့္တဲ့ ေသတၱာေလးေတြကို ထိုင္ခုံအျဖစ္သုံးၿပီး ျပန္အသုံးျပဳႏိုင္တဲ့ စာ႐ြက္ေတြနဲ႔ ကေလးေတြကို စာေရးခိုင္းပါတယ္။

ေလးႏွစ္ၾကာၿပီးတဲ့အခါ အိမ္နီးနားခ်င္းေတြနဲ႔ ၾကင္နာတတ္သူေတြရဲ႕အကူအညီနဲ႔ Nicanor က ေနာက္ထပ္စာသင္ခန္းႏွစ္ခန္း၊ ဗီ႐ိုေတြ၊ သင္ပုန္းတစ္ခ်ပ္၊ စာၾကည့္တိုက္တစ္ခန္း၊ ေက်ာင္းတက္ေခါင္းေလာင္းတို႔ ရရွိသြားပါတယ္။ Nicanor မွာလည္း ကိုယ္ပိုင္ေက်ာင္းအုပ္ႀကီး ႐ုံးခန္းတစ္ခန္း ရသြားပါတယ္။

Las Piedritas မွာရွိတဲ့ ကေလးေတြကစာသင္ဖို႔ အရမ္းကို တက္ႂကြၾကပါတယ္။ ေက်ာင္းေရာက္ၿပီဆိုရင္ Nicanor ရဲ႕တံခါးကို အၿမဲလာေခါက္ၿပီး စာသင္ေပးဖို႔ လာေျပာၾကပါတယ္။ ေက်ာင္းမွာေက်ာင္းသူေက်ာင္းသား ၃၆ ေယာက္ရွိပါတယ္။ Nicanor က ေက်ာင္းသူေက်ာင္းသားေတြကို ေသေသခ်ာခ်ာ သင္ေပးပါတယ္။

” ေက်ာင္းတက္ရလို႔ အခုဆိုရင္ ၃ တန္းေရာက္သြားၿပီ” လို႔ Niconor ရဲ႕ ေက်ာင္းသားတစ္ေယာက္က ေျပာျပပါတယ္။ ဒါေပမယ့္ Nicanor ကိုယ္တိုင္လည္း ေက်ာင္းတက္ပါေသးတယ္။ ၄ ကီလိုမီတာ ေဝးတဲ့ေက်ာင္းကို စက္ဘီးနဲ႔သြားၿပီး တက္ပါတယ္။

သူသင္ထားတဲ့စာေတြနဲ႔ ႐ြာျပန္ေရာက္ရင္ ကေလးေတြကို သင္ေပးပါတယ္။ ပုံမွန္စာသင္ခ်ိန္ေတြ မတက္ႏိုင္တဲ့ ကေလးေတြဆိုရင္ Nicanor က ညဘက္မွာသင္ေပးပါတယ္။ ၿပီးေတာ့ Nicanor က သူရတဲ့မုန႔္ဖိုးေလးေတြကိုစုၿပီး စာလာသင္တဲ့ကေလးေတြကို ေကာ္ဖီေတြ၊ ကြတ္ကီးေတြ ဝယ္ေကြၽးပါေသးတယ္။

” Pocito ျပည္နယ္မွာ ဒီလိုသူရဲေကာင္းတစ္ေယာက္ ရွိတာ ယုံေတာင္ မယုံႏိုင္ပါဘူး” လို႔ ျပည္နယ္အုပ္ခ်ဳပ္ေရးမႉး San Juan က Nicanor ကို လာေတြ႕တုန္းက မွတ္ခ်က္ေပးသြားပါတယ္။ ပညာကိုအပတ္တကုတ္ လိုခ်င္သူေတြအတြက္ မျဖစ္ႏိုင္တာမရွိေၾကာင္း Nicanor က လႈံ႕ေဆာ္ေပးလိုက္တာပါပဲ။